အစ္စရေးကို ပေါင်(၂၀၀၀)ဗုံးတွေ ပေးပို့ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အတည်ပြု

634

Pika (NP News) - ဇန်နဝါရီ ၂၆
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အစ္စရေးကို အလေးချိန်ပေါင်(၂၀၀၀)ရှိတဲ့ ဗုံးတွေ ပေးပို့ဖို့အတည်ပြုခဲ့ပြီး အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစိုးရက ချမှတ်ထားတဲ့ ဆိုင်းငံ့မှုတွေကို ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်ကို ကိုးကားပြီး Axios နဲ့ ရိုက်တာသတင်းဌာနတို့က ရေးသားဖော်ပြခဲ့ပါတယ်။
Axios သတင်းဌာနက “အမေရိကန်မှာသိုလှောင်ထားတဲ့ MK-84 ဗုံး အလုံးရေ(၁၈၀၀)ကို သင်္ဘောပေါ်ကိုတင်ပြီး လာမယ့်ရက်ပိုင်းအတွင်း အစ္စရေးကို ပေးပို့သွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြား သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ အစ္စရေးတပ်ဖွဲ့ရဲ့ အမျိုးသမီးစစ်သားလေးဦးကို ဟားမက်လက်နက်ကိုင်အဖွဲ့က မလွှတ် ပေးခင်မှာပဲ ယခုလိုဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ တိကျတဲ့ ပဲ့ထိန်း ခဲယမ်းမီးကျည်တွေနဲ့ အဆင့်မြင့်လက်နက်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာအကူအညီတွေကို အစ္စရေးကို ကာလ ရှည်ကြာပံ့ပိုးပေးနေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ပါလက်စတိုင်းပြည်သူအများအပြားရဲ့ ခိုလှုံရာနေရာ တစ်ခုဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းက ရာဖဲလ်မြို့လို လူနေထူထပ်တဲ့နေရာမျိုးအပေါ် ပေါင်(၂၀၀၀)ဗုံး တွေ အသုံးပြုမှုနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကြောင့် အမေရိကန်အစိုးရဟာ (၂၀၂၄)ခုနှစ် မေလမှာ အစ္စရေးကို ပေါင်(၂၀၀၀)ဗုံးတွေ ပေးပို့မှု ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း အစ္စရေးအရာရှိတွေရဲ့စည်းရုံးလှုံ့ဆော်မှုတွေကြောင့် (၂၀၂၄)ခုနှစ် ဇူလိုင်လမှာ အမေရိကန်အစိုးရ ဟာ အစ္စရေးကို ပေါင်(၅၀၀)ဗုံးတွေ ပေးပို့မှုပြန်လည် စတင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အစၥေရးကို ေပါင္(၂၀၀၀)ဗုံးေတြ ေပးပို႔ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ အတည္ျပဳ
Pika (NP News) - ဇန္နဝါရီ ၂၆
အေမရိကန္သမၼတေဒၚနယ္ထရမ့္ဟာ အစၥေရးကို အေလးခ်ိန္ေပါင္(၂၀၀၀)ရွိတဲ့ ဗုံးေတြ ေပးပို႔ဖို႔အတည္ျပဳခဲ့ၿပီး အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္အစိုးရက ခ်မွတ္ထားတဲ့ ဆိုင္းငံ့မႈေတြကို ပယ္ဖ်က္လိုက္ၿပီျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး Axios နဲ႔ ႐ိုက္တာသတင္းဌာနတို႔က ေရးသားေဖာ္ျပခဲ့ပါတယ္။
Axios သတင္းဌာနက “အေမရိကန္မွာသိုေလွာင္ထားတဲ့ MK-84 ဗုံး အလုံးေရ(၁၈၀၀)ကို သေဘၤာေပၚကိုတင္ၿပီး လာမယ့္ရက္ပိုင္းအတြင္း အစၥေရးကို ေပးပို႔သြားမွာျဖစ္တယ္လို႔ သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား သေဘာတူညီထားတဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ တစ္စိတ္တစ္ပိုင္းအေနနဲ႔ အစၥေရးတပ္ဖြဲ႕ရဲ႕ အမ်ိဳးသမီးစစ္သားေလးဦးကို ဟားမက္လက္နက္ကိုင္အဖြဲ႕က မလႊတ္ ေပးခင္မွာပဲ ယခုလိုဆုံးျဖတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံဟာ တိက်တဲ့ ပဲ့ထိန္း ခဲယမ္းမီးက်ည္ေတြနဲ႔ အဆင့္ျမင့္လက္နက္ေတြ အပါအဝင္ စစ္ဘက္ဆိုင္ရာအကူအညီေတြကို အစၥေရးကို ကာလ ရွည္ၾကာပံ့ပိုးေပးေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ပါတယ္။ ပါလက္စတိုင္းျပည္သူအမ်ားအျပားရဲ႕ ခိုလႈံရာေနရာ တစ္ခုျဖစ္တဲ့ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းက ရာဖဲလ္ၿမိဳ႕လို လူေနထူထပ္တဲ့ေနရာမ်ိဳးအေပၚ ေပါင္(၂၀၀၀)ဗုံး ေတြ အသုံးျပဳမႈနဲ႔ပတ္သက္တဲ့စိုးရိမ္မႈေတြေၾကာင့္ အေမရိကန္အစိုးရဟာ (၂၀၂၄)ခုႏွစ္ ေမလမွာ အစၥေရးကို ေပါင္(၂၀၀၀)ဗုံးေတြ ေပးပို႔မႈ ရပ္ဆိုင္းခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္လည္း အစၥေရးအရာရွိေတြရဲ႕စည္း႐ုံးလႈံ႕ေဆာ္မႈေတြေၾကာင့္ (၂၀၂၄)ခုႏွစ္ ဇူလိုင္လမွာ အေမရိကန္အစိုးရ ဟာ အစၥေရးကို ေပါင္(၅၀၀)ဗုံးေတြ ေပးပို႔မႈျပန္လည္ စတင္ခဲ့တယ္လို႔လည္း သိရပါတယ္။