တောင်တရုတ်ပင်လယ်အတွင်း သိပ္ပံဆိုင်ရာစစ်တမ်းကောက်ယူမှုကို ရပ်ဆိုင်းလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရ ကြေညာ

392

Pika (NP News) - ဇန်နဝါရီ ၂၆
တောင်တရုတ်ပင်လယ်အတွင်း သိပ္ပံဆိုင်ရာစစ်တမ်းကောက်ယူမှုကို ရပ်ဆိုင်းလိုက်တယ်လို့ ဖိလစ်ပိုင်အစိုးရက ဇန်နဝါရီလ(၂၅)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတွေဟာ တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ ရေတပ်တို့ရဲ့ရန်လိုတဲ့အပြုအမှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဖိလစ်ပိုင်အစိုးရက ယခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်း ကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ဇန်နဝါရီလ(၂၄)ရက်က ဖိလစ်ပိုင်ငါးဖမ်းသင်္ဘော နှစ်စီးဟာ Sandy Cay ကျွန်းက သဲနမူနာတွေကို စုဆောင်းဖို့ လုပ်ဆောင်နေစဉ်အချိန်အတွင်း တရုတ်ကမ်းခြေ စောင့်သင်္ဘော(၃)စီးရဲ့ရန်လိုတဲ့အပြုအမူတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ ပါတယ်။
တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ဖိလစ်ပိုင်ငါးဖမ်းသင်္ဘောတွေကို နှောင့်ယှက်ဖို့အတွက် လှေငယ်လေးစင်းကို ဖြန့်ကျက်ချထားခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တရုတ်ရေတပ် ရဟတ်ယာဉ်တစ်စင်းကလည်း အဲဒီဧရိယာအတွင်း ပျံသန်းနေခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ က “တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့တွေရဲ့ နှောင့်ယှက်မှုတွေကြောင့် တောင်တရုတ်ပင်လယ်အတွင်း သိပ္ပံဆိုင်ရာစစ်တမ်းကောက်ယူမှဒကို ရပ်ဆိုင်းလိုက်ပါပြီ” လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ဖိလစ်ပိုင်မှာရှိတဲ့ တရုတ်သံရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ေတာင္တ႐ုတ္ပင္လယ္အတြင္း သိပၸံဆိုင္ရာစစ္တမ္းေကာက္ယူမႈကို ရပ္ဆိုင္းလိုက္ေၾကာင္း ဖိလစ္ပိုင္အစိုးရ ေၾကညာ
Pika (NP News) - ဇန္နဝါရီ ၂၆
ေတာင္တ႐ုတ္ပင္လယ္အတြင္း သိပၸံဆိုင္ရာစစ္တမ္းေကာက္ယူမႈကို ရပ္ဆိုင္းလိုက္တယ္လို႔ ဖိလစ္ပိုင္အစိုးရက ဇန္နဝါရီလ(၂၅)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဖိလစ္ပိုင္ငါးဖမ္းသေဘၤာေတြဟာ တ႐ုတ္ကမ္းေျခေစာင့္ တပ္ဖြဲ႕နဲ႔ ေရတပ္တို႔ရဲ႕ရန္လိုတဲ့အျပဳအမႈေတြကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ ဖိလစ္ပိုင္အစိုးရက ယခုလိုထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္း ကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။ ဇန္နဝါရီလ(၂၄)ရက္က ဖိလစ္ပိုင္ငါးဖမ္းသေဘၤာ ႏွစ္စီးဟာ Sandy Cay ကြၽန္းက သဲနမူနာေတြကို စုေဆာင္းဖို႔ လုပ္ေဆာင္ေနစဥ္အခ်ိန္အတြင္း တ႐ုတ္ကမ္းေျခ ေစာင့္သေဘၤာ(၃)စီးရဲ႕ရန္လိုတဲ့အျပဳအမူေတြကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ ဖိလစ္ပိုင္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ ပါတယ္။
တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ဖိလစ္ပိုင္ငါးဖမ္းသေဘၤာေတြကို ေႏွာင့္ယွက္ဖို႔အတြက္ ေလွငယ္ေလးစင္းကို ျဖန႔္က်က္ခ်ထားခဲ့တာျဖစ္တယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္ေရတပ္ ရဟတ္ယာဥ္တစ္စင္းကလည္း အဲဒီဧရိယာအတြင္း ပ်ံသန္းေနခဲ့တယ္လို႔ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ဖြဲ႕ က “တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕ေတြရဲ႕ ေႏွာင့္ယွက္မႈေတြေၾကာင့္ ေတာင္တ႐ုတ္ပင္လယ္အတြင္း သိပၸံဆိုင္ရာစစ္တမ္းေကာက္ယူမွဒကို ရပ္ဆိုင္းလိုက္ပါၿပီ” လို႔ ထုတ္ျပန္ခဲ့ပါတယ္။
အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို ဖိလစ္ပိုင္မွာရွိတဲ့ တ႐ုတ္သံ႐ုံးက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။