မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်လုယက်မှုပေါင်း (၂၁) ကြိမ် ကျူးလွန်ခဲ့သည့် တရားခံများကို လုယက်သွားသည့် ဆိုင်ကယ်အချို့နှင့်အတူ ဖမ်းဆီးရမိ
677
နာမူ (NP News) - ဇန်နဝါရီ ၂၆
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်လုယက်မှုပေါင်း (၂၁) ကြိမ် ကျူးလွန်ခဲ့သည့် တရားခံများကို လုယက်သွားသည့် ဆိုင်ကယ်အချို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်ပွားခဲ့သည့် ပြစ်မှုများမှ တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိစေရန် လှည့်ကင်းဆောင်ရွက်ခြင်း၊ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်ရာမှ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်လုယက်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရပ်ကွက်များအတွင်း ဆိုင်ကယ်လုယက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည့် ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာနေ မင်းထက် (၁၆) နှစ်နှင့် ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်နေ ချမ်းမြေ့အောင် (ခ) ငချမ်း (၁၈) နှစ်၊အောင်ရဲငြိမ်း(ခ)ဖိုးငယ် (၁၈)နှစ်၊ သန့်စင်(ခ) အောင်သန်းဦး(ခ) အောင်ကျော် (၂၁) နှစ်တို့ (၄) ဦးကို ဇန်နဝါရီလ ၂၃ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ) ရပ်ကွက်၊ ၁၂၈ လမ်းနှင့် ၁၂၉ လမ်းကြား၊ ၆၀ လမ်းရှိ Blue Moon ဘီယာဆိုင်၌ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့ပြင် ဆက်လက်စုံစမ်းစစ်ဆေးမှုအရ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ အောင်ကိုမင်း (၂၁) နှစ်နှင့် အောင်သူရကျော် (ခ) ကိုချစ် (၁၈) နှစ်တို့ (၂) ဦးကို မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၁၂၉ လမ်းနှင့် ၁၃၀ လမ်းကြား၊ ၅၄ လမ်းရှိ အအေးဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိမှုမှ လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ (၆) ဦးနှင့် ၎င်းတို့ လုယက်ယူဆောင်ခဲ့သည့် CANDA CZI အမျိုးအစား ဆိုင်ကယ် တစ်စီး၊ HONDA Click 2018-125 အမျိုးအစား ဆိုင်ကယ် တစ်စီးနှင့် Cyclone YUNDE – 110 အမျိုးအစား ဆိုင်ကယ်တစ်စီးတို့ကိုလည်း ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတရားခံ (၆) ဦးတို့်သည် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လမ်းသွားလမ်းလာများထံမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဆိုင်ကယ်လုယက်မှု (၂) ကြိမ်၊ စက်တင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု (၄) ကြိမ်၊ အောက်တိုဘာလအတွင်း ဆိုင်ကယ်လုယက်မှု (၆) ကြိမ်၊ နိုဝင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု (၄) ကြိမ်၊ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်လုယက်မှု (၁) ကြိမ်နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီအတွင်း ဆိုင်ကယ်လုယက်မှု (၄) ကြိမ် စုစုပေါင်း (၂၁) ကြိမ်ကို အုပ်စုဖွဲ့၍ ကျူးလွန်ခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ လုယက်မှုကျူးလွန်ရာမှ ရရှိသည့် ဆိုင်ကယ်များကို ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်နေ ဇော်ထက် (ခ) ဝက်စုတ် နှင့် မြစ်ငယ်မြို့နယ်နေ ကုလားကြီး တို့ (၂) ဦးထံ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ချိန်းဆိုခေါ်ယူရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျူးလွန်သူတရားခံများအား ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး၊ လုယက်မှုမှ သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းရမိနိုင်ရေး နှင့် ဖမ်းဆီးရန်ကျန် တရားခံများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မႏၲေလးၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း ဆိုင္ကယ္လုယက္မႈေပါင္း (၂၁) ႀကိမ္ က်ဴးလြန္ခဲ့သည့္ တရားခံမ်ားကို လုယက္သြားသည့္ ဆိုင္ကယ္မ်ားႏွင့္အတူ ဖမ္းဆီးရမိ
နာမူ (NP News) - ဇန္နဝါရီ ၂၆
မႏၲေလးၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း ဆိုင္ကယ္လုယက္မႈေပါင္း (၂၁) ႀကိမ္ က်ဴးလြန္ခဲ့သည့္ တရားခံမ်ားကို လုယက္သြားသည့္ ဆိုင္ကယ္အခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျဖစ္ပြားခဲ့သည့္ ျပစ္မႈမ်ားမွ တရားခံမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိေစရန္ လွည့္ကင္းေဆာင္႐ြက္ျခင္း၊ ပိတ္ဆို႔စစ္ေဆးရွာေဖြျခင္း၊ ေရွာင္တခင္ဧည့္စာရင္း စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ရာမွ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၃ ရက္က မႏၲေလးၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း ဆိုင္ကယ္လုယက္မႈက်ဴးလြန္ခဲ့သူမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ရပ္ကြက္မ်ားအတြင္း ဆိုင္ကယ္လုယက္မႈမ်ား အႀကိမ္ႀကိမ္က်ဴးလြန္ခဲ့သည့္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ႐ြာရွည္ေက်း႐ြာေန မင္းထက္ (၁၆) ႏွစ္ႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ) ရပ္ကြက္ေန ခ်မ္းေျမ့ေအာင္ (ခ) ငခ်မ္း (၁၈) ႏွစ္၊ေအာင္ရဲၿငိမ္း(ခ)ဖိုးငယ္ (၁၈)ႏွစ္၊ သန႔္စင္(ခ) ေအာင္သန္းဦး(ခ) ေအာင္ေက်ာ္ (၂၁) ႏွစ္တို႔ (၄) ဦးကို ဇန္နဝါရီလ ၂၃ ရက္၊ ေန႔လည္ ၁၂ နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ) ရပ္ကြက္၊ ၁၂၈ လမ္းႏွင့္ ၁၂၉ လမ္းၾကား၊ ၆၀ လမ္းရွိ Blue Moon ဘီယာဆိုင္၌ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ဆက္လက္စုံစမ္းစစ္ေဆးမႈအရ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ သင္ပန္းကုန္းရပ္ကြက္ေန ေအာင္ကိုမင္း (၂၁) ႏွစ္ႏွင့္ ေအာင္သူရေက်ာ္ (ခ) ကိုခ်စ္ (၁၈) ႏွစ္တို႔ (၂) ဦးကို မြန္းလြဲ ၂ နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဆ) ရပ္ကြက္၊ ၁၂၉ လမ္းႏွင့္ ၁၃၀ လမ္းၾကား၊ ၅၄ လမ္းရွိ အေအးဆိုင္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါဖမ္းဆီးရမိမႈမွ လုယက္မႈက်ဴးလြန္ခဲ့သည့္ တရားခံ (၆) ဦးႏွင့္ ၎တို႔ လုယက္ယူေဆာင္ခဲ့သည့္ CANDA CZI အမ်ိဳးအစား ဆိုင္ကယ္ တစ္စီး၊ HONDA Click 2018-125 အမ်ိဳးအစား ဆိုင္ကယ္ တစ္စီးႏွင့္ Cyclone YUNDE – 110 အမ်ိဳးအစား ဆိုင္ကယ္တစ္စီးတို႔ကိုလည္း ေဖာ္ထုတ္သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိတရားခံ (၆) ဦးတို႔္သည္ မႏၲေလးၿမိဳ႕ေပၚရွိ ရပ္ကြက္မ်ားအတြင္း လမ္းသြားလမ္းလာမ်ားထံမွ ၂၀၂၄ ခုႏွစ္၊ ဩဂုတ္လအတြင္း ဆိုင္ကယ္လုယက္မႈ (၂) ႀကိမ္၊ စက္တင္ဘာလအတြင္း ဆိုင္ကယ္လုယက္မႈ (၄) ႀကိမ္၊ ေအာက္တိုဘာလအတြင္း ဆိုင္ကယ္လုယက္မႈ (၆) ႀကိမ္၊ ႏိုဝင္ဘာလအတြင္း ဆိုင္ကယ္လုယက္မႈ (၄) ႀကိမ္၊ ဒီဇင္ဘာလအတြင္း ဆိုင္ကယ္လုယက္မႈ (၁) ႀကိမ္ႏွင့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီအတြင္း ဆိုင္ကယ္လုယက္မႈ (၄) ႀကိမ္ စုစုေပါင္း (၂၁) ႀကိမ္ကို အုပ္စုဖြဲ႕၍ က်ဴးလြန္ခဲ့ေၾကာင္း သိရသည္။
ဆက္လက္စစ္ေဆးခ်က္အရ လုယက္မႈက်ဴးလြန္ရာမွ ရရွိသည့္ ဆိုင္ကယ္မ်ားကို ဖမ္းဆီးရန္က်န္ တရားခံမ်ားျဖစ္သည့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေန ေဇာ္ထက္ (ခ) ဝက္စုတ္ ႏွင့္ ျမစ္ငယ္ၿမိဳ႕နယ္ေန ကုလားႀကီး တို႔ (၂) ဦးထံ တယ္လီဖုန္းျဖင့္ ဆက္သြယ္၍ ခ်ိန္းဆိုေခၚယူေရာင္းခ်ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ က်ဴးလြန္သူတရားခံမ်ားအား ဥပေဒႏွင့္အညီ အျပစ္ေပး အေရးယူႏိုင္ေရး၊ လုယက္မႈမွ သက္ေသခံဆိုင္ကယ္မ်ားအား သိမ္းဆည္းရမိႏိုင္ေရး ႏွင့္ ဖမ္းဆီးရန္က်န္ တရားခံမ်ားအား အျမန္ဆုံး ဖမ္းဆီးေဖာ္ထုတ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။