ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သမက်ဟောင်း ဒေါက်တာနေစိုးမောင် ဖမ်းဆီးထိန်းသိမ်းခံရပြီး (၃)လကျော်အကြာတွင် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံရ

2257

(NP News)-ဇန်နဝါရီ ၂၆
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သမက်ဟောင်း ဒေါက်တာနေစိုးမောင်ကို နစကမှ ဖမ်းဆီးအမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်ပြီး (၃)လကျော်အကြာတွင် ထောင်ဒဏ်(၃) နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဒေါက်တာနေစိုးမောင်သည် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ကြောင်း နစကမှထုတ်ပြန်ခဲ့ဖူးသည်။
ထို့ကြောင့် ယင်းနေ့ ညနေ ၆နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့မရဲစခန်းက ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်လှစ်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးသန်းရွှေ၏သားမက်ဟောင်း၊ နေရွှေသွေးအောင်၏ဖခင်ဖြစ်သူ ဒေါက်တာနေစိုးမောင်သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံရပြီး (၃)ကျော်အကြာ ပြီးခဲ့သည့်ရက်ပိုင်းက ပုဒ်မ ၅၀၅(က)ဖြင့် ထောင်တွင်းတရားရုံးက ထောင်ဒဏ်(၃)နှစ် ချမှတ ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ကလည်း ပြန်ကြားရေးဒုတိယဝန်ကြီးဟောင်း အငြိမ်းစားဒုဗိုလ်မှူးကြီးဦးရဲထွဋ်ကိုလည်း ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၂၄(ဃ)တို့ဖြင့် ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခဲ့ဖူးသည်။

ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ(ၿငိမ္း)၏ သမက္ေဟာင္း ေဒါက္တာေနစိုးေမာင္ ဖမ္းဆီးထိန္းသိမ္းခံရၿပီး (၃)လေက်ာ္အၾကာတြင္ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံရ
(NP News)-ဇန္နဝါရီ ၂၆
ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ(ၿငိမ္း)၏ သမက္ေဟာင္း ေဒါက္တာေနစိုးေမာင္ကို နစကမွ ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သတင္းထုတ္ျပန္ၿပီး (၃)လေက်ာ္အၾကာတြင္ ေထာင္ဒဏ္(၃) ႏွစ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ေဒါက္တာေနစိုးေမာင္သည္ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ ၂၀၂၄ခုႏွစ္၊ ေအာက္တိုဘာ ၂၃ ရက္တြင္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစရန္ ရည္႐ြယ္ကာ လႈံ႕ေဆာ္ျခင္း၊ ဝါဒျဖန႔္ျခင္းမ်ားျပဳမူလုပ္ေဆာင္ခဲ့ေၾကာင္း နစကမွထုတ္ျပန္ခဲ့ဖူးသည္။
ထို႔ေၾကာင့္ ယင္းေန႔ ညေန ၆နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းက ပုဒ္မ ၅၀၅(က)ျဖင့္ ဖမ္းဆီးထိန္းသိမ္းကာ အမႈဖြင့္လွစ္အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဦးသန္းေ႐ႊ၏သားမက္ေဟာင္း၊ ေနေ႐ႊေသြးေအာင္၏ဖခင္ျဖစ္သူ ေဒါက္တာေနစိုးေမာင္သည္ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ ေနထိုင္သူျဖစ္ကာ ဖမ္းဆီးထိန္းသိမ္းခံရၿပီး (၃)ေက်ာ္အၾကာ ၿပီးခဲ့သည့္ရက္ပိုင္းက ပုဒ္မ ၅၀၅(က)ျဖင့္ ေထာင္တြင္းတရား႐ုံးက ေထာင္ဒဏ္(၃)ႏွစ္ ခ်မွတ ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အလားတူ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၂၈ ရက္ကလည္း ျပန္ၾကားေရးဒုတိယဝန္ႀကီးေဟာင္း အၿငိမ္းစားဒုဗိုလ္မႉးႀကီးဦးရဲထြဋ္ကိုလည္း ပုဒ္မ ၅၀၅(က)၊ ပုဒ္မ ၁၂၄(ဃ)တို႔ျဖင့္ ဖမ္းဆီးအေရးယူၿပီး ေထာင္ဒဏ္(၁၀)ႏွစ္ ခ်မွတ္ခဲ့ဖူးသည္။