ကုန်း၊ ရေ၊ လေ သုံးဌာန အခမဲ့အထက်တန်း ရာသက်ပန်ခရီးသွားလက်မှတ်(၃)စောင်နှင့် ဘွဲ့တံဆိပ်တော်၊ သာသနာ့အောင်လံတော်၊ ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်က ဆက်ကပ်ခံရသည့် (၁၇) ပါးမြောက် တိပိဋကဓရ၊ တိပိဋ‌ကကောဝိဒ သာသနာ့အာဇာနည် ဆရာ‌တော်တစ်ပါးပေါ်ထွန်း

 2480

စော(NP News)- ဇန်နဝါရီ ၂၆

ကုန်း၊ ရေ၊ လေ သုံးဌာန အခမဲ့အထက်တန်း ရာသက်ပန်ခရီးသွားလက်မှတ်(၃)စောင်နှင့် ဘွဲ့တံဆိပ်တော်၊ သာသနာ့အောင်လံတော်၊ ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်က ဆက်ကပ်ခံရသည့် (၁၇) ပါးမြောက် တိပိဋကဓရ၊ တိပိဋ‌ကကောဝိဒ သာသနာ့အာဇာနည် ဆရာ‌တော်တစ်ပါးပေါ်ထွန်းခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၄ရက်မှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၅ရက်အထိ (၃၃)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစာမေးပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အ‌ရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ် ကျောင်းတိုက်မှ သက်တော် ၄၅ နှစ်၊ သိက္ခာ ၂၃ ဝါရှိ အရှင်သေဋ္ဌ ဉာဏာလင်္ကာရသည် တိပိဋကဓရ၊ တိပိဋကကောဝိဒ (၁၇)ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်အဖြစ် ပေါ်ထွန်းတော်မူခဲ့ကြောင်း နစကမှဆိုသည်။

ယခုအခါ အရှင်သေဋ္ဌဉာဏာလင်္ကာရသည် သင်ရိုးပိဋကသုံးပုံကို အာဂုံပြန်ဆိုနှင့် သဘောရေးဖြေပါ အောင်မြင်တော်မူပြီးဖြစ်သဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်တော် အရိုးဝါကနက္ကဒဏ်ထီးဖြူတော်သုံးလက်တံဆိပ်ပါရှိသော သာသနာ့ အောင်လံတော်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်က ဆက်ကပ်လှူဒါန်းသော ကုန်း၊ ရေ၊ လေ သုံးဌာန အခမဲ့အထက်တန်း ခရီးသွားလက်မှတ် (ရာသက်ပန်) (တပည့်နှစ်ဦးအပါအဝင်)ဆွမ်းဆန်တော်စသည်တို့ကို အလှူခံရရှိတော်မူမည်ဖြစ်ကြောင်း သိရသည်။

တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ်(၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်အထိ (၇၇)ကြိမ်မြောက် ကျင်းပခဲ့ပြီး ပထမအကြိမ်မှ (၇၆)ကြိမ် အထိ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၆ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးတွင် (၁၆)ပါးမြောက် တိပိဋကဓရ တိပိဋက ကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ပြီးနောက် နှစ်မခြားဘဲ ယခုနှစ် (၇၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးတွင် ၁၇ ပါးမြောက်အဖြစ် တိပိဋကဓရ၊ တိပိဋကကောဝိဒဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကြီးတွင် ဝိနယပိဋက ဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်းငါးကျမ်းနှင့် အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်း နှစ်ကျမ်းတို့ကို “တိပိဋကဓရ”ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ"ဘွဲ့အတွက် သဘောရေးဖြေစာမေးပွဲ ဖြေဆိုရကြောင်း သိရသည်။

ထို့ပြင် ဆရာတော်သည် ယခုနှစ် (၇၇)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် အဘိဓမ္မပိဋက အဘိဓမ္မာ(ဒုတိယပိုင်း) နှစ်ကျမ်း သဘောရေးဖြေကို ဖြေဆိုအောင်မြင်တော်မူသောကြောင့် အဘိဓမ္မကောဝိဒဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို လည်း ခံယူရရှိတော်မူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အရှင်သေဋ္ဌဉာဏာလင်္ကာရသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရွာဗုကြီးရွာရှိ ခမည်းတော်ဦးတင်စော နှင့် မယ်တော်ဒေါ်အုံးခ တို့မှ ၁၃၄၀ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်၊ သောကြာနေ့တွင် ဖွားမြင်သောသားရတနာဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။

ကုန္း၊ ေရ၊ ေလ သုံးဌာန အခမဲ့အထက္တန္း ရာသက္ပန္ခရီးသြားလက္မွတ္(၃)ေစာင္ႏွင့္ ဘြဲ႕တံဆိပ္ေတာ္၊ သာသနာ့ေအာင္လံေတာ္၊ ဆြမ္းဆန္ေတာ္တို႔ကို ႏိုင္ငံေတာ္က ဆက္ကပ္ခံရသည့္ (၁၇) ပါးေျမာက္ တိပိဋကဓရ၊ တိပိဋ‌ကေကာဝိဒ သာသနာ့အာဇာနည္ ဆရာ‌ေတာ္တစ္ပါးေပၚထြန္း

ေစာ(NP News)- ဇန္နဝါရီ ၂၆

ကုန္း၊ ေရ၊ ေလ သုံးဌာန အခမဲ့အထက္တန္း ရာသက္ပန္ခရီးသြားလက္မွတ္(၃)ေစာင္ႏွင့္ ဘြဲ႕တံဆိပ္ေတာ္၊ သာသနာ့ေအာင္လံေတာ္၊ ဆြမ္းဆန္ေတာ္တို႔ကို ႏိုင္ငံေတာ္က ဆက္ကပ္ခံရသည့္ (၁၇) ပါးေျမာက္ တိပိဋကဓရ၊ တိပိဋ‌ကေကာဝိဒ သာသနာ့အာဇာနည္ ဆရာ‌ေတာ္တစ္ပါးေပၚထြန္းခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္‌ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

(၇၇)ႀကိမ္ေျမာက္ တိပိဋကဓရ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးစာေမးပြဲႀကီးကို ၂၀၂၄ခုႏွစ္၊ ဒီဇင္ဘာ ၂၄ရက္မွ ၂၀၂၅ခုႏွစ္၊ ဇန္နဝါရီ ၂၅ရက္အထိ (၃၃)ရက္တိုင္တိုင္ ေအာင္ျမင္စြာ က်င္းပေဆာင္႐ြက္ၿပီးစီးခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါစာေမးပြဲႀကီးတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (အ‌ေရွ႕ပိုင္း)ၿမိဳ႕နယ္၊ တိပိဋကမဟာဂႏၴဝင္နိကာယ္ ေက်ာင္းတိုက္မွ သက္ေတာ္ ၄၅ ႏွစ္၊ သိကၡာ ၂၃ ဝါရွိ အရွင္ေသ႒ ဉာဏာလကၤာရသည္ တိပိဋကဓရ၊ တိပိဋကေကာဝိဒ (၁၇)ပါးေျမာက္ သာသနာ့အာဇာနည္ဆရာေတာ္အျဖစ္ ေပၚထြန္းေတာ္မူခဲ့ေၾကာင္း နစကမွဆိုသည္။

ယခုအခါ အရွင္ေသ႒ဉာဏာလကၤာရသည္ သင္႐ိုးပိဋကသုံးပုံကို အာဂုံျပန္ဆိုႏွင့္ သေဘာေရးေျဖပါ ေအာင္ျမင္ေတာ္မူၿပီးျဖစ္သျဖင့္ တိပိဋကဓရ တိပိဋကေကာဝိဒ ဘြဲ႕တံဆိပ္ေတာ္၊ ေအာင္လက္မွတ္ေတာ္ အ႐ိုးဝါကနကၠဒဏ္ထီးျဖဴေတာ္သုံးလက္တံဆိပ္ပါရွိေသာ သာသနာ့ ေအာင္လံေတာ္မ်ားႏွင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္က ဆက္ကပ္လႉဒါန္းေသာ ကုန္း၊ ေရ၊ ေလ သုံးဌာန အခမဲ့အထက္တန္း ခရီးသြားလက္မွတ္ (ရာသက္ပန္) (တပည့္ႏွစ္ဦးအပါအဝင္)ဆြမ္းဆန္ေတာ္စသည္တို႔ကို အလႉခံရရွိေတာ္မူမည္ျဖစ္ေၾကာင္း သိရသည္။

တိပိဋကဓရ၊ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရး စာေမးပြဲႀကီးကို ၁၃၁၀ ျပည့္ႏွစ္(၁၉၄၈ ခုႏွစ္)တြင္ စတင္က်င္းပခဲ့ရာ ယခုအခ်ိန္အထိ (၇၇)ႀကိမ္ေျမာက္ က်င္းပခဲ့ၿပီး ပထမအႀကိမ္မွ (၇၆)ႀကိမ္ အထိ တိပိဋကဓရ တိပိဋကေကာဝိဒ ဆရာေတာ္ ၁၆ ပါး ေပၚထြန္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ (၇၆)ႀကိမ္ေျမာက္ တိပိဋကဓရ တိပိဋကေကာဝိဒေ႐ြးခ်ယ္ေရးစာေမးပြဲႀကီးတြင္ (၁၆)ပါးေျမာက္ တိပိဋကဓရ တိပိဋက ေကာဝိဒဆရာေတာ္ ေပၚထြန္းခဲ့ၿပီးေနာက္ ႏွစ္မျခားဘဲ ယခုႏွစ္ (၇၇)ႀကိမ္ေျမာက္ တိပိဋကဓရ၊ တိပိဋကေကာဝိဒေ႐ြးခ်ယ္ေရး စာေမးပြဲႀကီးတြင္ ၁၇ ပါးေျမာက္အျဖစ္ တိပိဋကဓရ၊ တိပိဋကေကာဝိဒဆရာေတာ္တစ္ပါး ထပ္မံေပၚထြန္းလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစာေမးပြဲႀကီးတြင္ ဝိနယပိဋက ဝိနည္းပထမပိုင္း ႏွစ္က်မ္း၊ ဝိနယပိဋက ဝိနည္းဒုတိယပိုင္းသုံးက်မ္း၊ သုတၱႏၲပိဋက ဒီဃနိကာယ္သုံးက်မ္း၊ အဘိဓမၼပိဋက အဘိဓမၼာပထမပိုင္းငါးက်မ္းႏွင့္ အဘိဓမၼပိဋက အဘိဓမၼာဒုတိယပိုင္း ႏွစ္က်မ္းတို႔ကို “တိပိဋကဓရ”ဘြဲ႕အတြက္ အာဂုံျပန္ဆိုရၿပီး “တိပိဋကေကာဝိဒ"ဘြဲ႕အတြက္ သေဘာေရးေျဖစာေမးပြဲ ေျဖဆိုရေၾကာင္း သိရသည္။

ထို႔ျပင္ ဆရာေတာ္သည္ ယခုႏွစ္ (၇၇)ႀကိမ္ေျမာက္ တိပိဋကဓရ၊ တိပိဋကေကာဝိဒ ေ႐ြးခ်ယ္ေရးစာေမးပြဲႀကီးတြင္ အဘိဓမၼပိဋက အဘိဓမၼာ(ဒုတိယပိုင္း) ႏွစ္က်မ္း သေဘာေရးေျဖကို ေျဖဆိုေအာင္ျမင္ေတာ္မူေသာေၾကာင့္ အဘိဓမၼေကာဝိဒဘြဲ႕တံဆိပ္ေတာ္ႏွင့္ ေအာင္လက္မွတ္တို႔ကို လည္း ခံယူရရွိေတာ္မူမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

အရွင္ေသ႒ဉာဏာလကၤာရသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕နယ္၊ ႐ြာဗုႀကီး႐ြာရွိ ခမည္းေတာ္ဦးတင္ေစာ ႏွင့္ မယ္ေတာ္ေဒၚအုံးခ တို႔မွ ၁၃၄၀ ျပည့္ႏွစ္၊ တေပါင္းလျပည့္ေက်ာ္ ၄ ရက္၊ ေသာၾကာေန႔တြင္ ဖြားျမင္ေသာသားရတနာျဖစ္ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.