အမေရိကန်က ယူကရိန်းကို အကူညီပေးမယ့်အစီအစဉ်အားလုံးကို ရပ်ဆိုင်း

4969

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၇
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ် မာကို ရူဘီယိုက ယူကရိန်းနိုင်ငံကို အကူအညီပေးမယ့် အစီအစဉ်အားလုံး နီးပါးကို ရက်ပေါင်း ၉၀ ကြာဆိုင်းငံ့လိုက်တယ်လို့ ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတအသစ်ဟာ ဇန်နဝါရီလ ၂၀ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် နိုင်ငံခြားတိုင်းပြည်တွေကို ကူညီထောက်ပံ့ ပေးနေတဲ့အကူအညီအားလုံးကို ရပ်ဆိုင်းမယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအသစ်ဟာ နိုင်ငံခြားကိုကူညီထောက်ပံ့ပေးမယ့်အကူအညီ အားလုံးနဲ့ပတ်သက်ပြီး လုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ သံတမန်တွေ၊ ကောင်စစ်ဝန်ရုံးတွေကို ညွှန်ကြားထား တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတအသစ်ရဲ့အမိန့်ဟာ ယူကရိန်းနိုင်ငံကို ပေးပို့ကူညီနေတဲ့ အမေရိကန် အစိုးရရဲ့စစ်ရေးအကူညီပေးမှု အစီအစဉ်တွေလည်းပါဝင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်အစိုးရနဲ့နီးစပ်တဲ့သံတမန်တွေက "အမေရိကန်အစိုးရက ခွင့်ပြုထားတဲ့ ကူညီထောက်ပံ့ပေးရေး အစီအစဉ်အားလုံးကို ရပ်ဆိုင်းထားဖို့ လမ်းညွှန်မှုပေးထားတယ်။ အဲဒီလမ်းညွှန်ချက်တွေထဲမှာ စစ်ရေး အကူအညီ ပေးမှုအစီအစဉ်တွေလည်း ရပ်ဆိုင်းဖို့ ပါဝင်တယ်။ အမေရိကန်အခြေစိုက် ဗွီအိုအေသတင်းဌာနက အမေရိကန် အစိုးရအသစ်ရဲ့အမိန့်ဟာ ယူကရိန်းကိုပေးတဲ့လုံခြုံရေးအကူအညီကို သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ဖူး ပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ စစ်ရးအကူညီခွင်ပြုပေးထားတဲ့နိုင်ငံတွေထဲမှာ အစ္စရေးနဲ့ အီဂျစ် နိုင်ငံတို့သာ ပါဝင်ကြောင်း ပြောပါတယ်။
အမေရိကန်ဂျာနယ်လစ်တစ်ဦးက အမေရိကန် (USAID)နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ နိုင်ငံခြားကူညီထောက်ပံ့ပေးမှုအစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ ဆိုင်းငံ့ထားပြီး အခြား နိုင်ငံခြားအကူအညီ ပေးမှုတွေကို ဆိုင်းငံ့ထားတယ်လို့ ပြောပါတယ်။ယူကရိန်းကို အကူအညီပေးမှုတွေ ဆိုင်းငံ့လိုက်တာဟာ ရုရှားနဲ့ စစ်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းအစိုးရအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်သမ္မတ အသစ်ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်ပွဲကာလတုန်းကလည်း ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုအစီအစဉ်တွေကို ဝေဖန်ပြစ်တင်ခဲ့ဖူးသူဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္က ယူကရိန္းကို အကူညီေပးမယ့္အစီအစဥ္အားလုံးကို ရပ္ဆိုင္း
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၇
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ မာကို ႐ူဘီယိုက ယူကရိန္းႏိုင္ငံကို အကူအညီေပးမယ့္ အစီအစဥ္အားလုံး နီးပါးကို ရက္ေပါင္း ၉၀ ၾကာဆိုင္းငံ့လိုက္တယ္လို႔ ထုတ္ေဖာ္ျပာဆိုလိုက္ပါတယ္။ အေမရိကန္သမၼတအသစ္ဟာ ဇန္နဝါရီလ ၂၀ ရက္က သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးေနာက္ ႏိုင္ငံျခားတိုင္းျပည္ေတြကို ကူညီေထာက္ပံ့ ေပးေနတဲ့အကူအညီအားလုံးကို ရပ္ဆိုင္းမယ္လို႔သတင္းထုတ္ျပန္ခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအသစ္ဟာ ႏိုင္ငံျခားကိုကူညီေထာက္ပံ့ေပးမယ့္အကူအညီ အားလုံးနဲ႔ပတ္သက္ၿပီး လုပ္ငန္းေတြကို ရပ္ဆိုင္းထားဖို႔ သံတမန္ေတြ၊ ေကာင္စစ္ဝန္႐ုံးေတြကို ၫႊန္ၾကားထား တယ္လို႔ သိရပါတယ္။ အေမရိကန္သမၼတအသစ္ရဲ႕အမိန႔္ဟာ ယူကရိန္းႏိုင္ငံကို ေပးပို႔ကူညီေနတဲ့ အေမရိကန္ အစိုးရရဲ႕စစ္ေရးအကူညီေပးမႈ အစီအစဥ္ေတြလည္းပါဝင္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အေမရိကန္အစိုးရနဲ႔နီးစပ္တဲ့သံတမန္ေတြက "အေမရိကန္အစိုးရက ခြင့္ျပဳထားတဲ့ ကူညီေထာက္ပံ့ေပးေရး အစီအစဥ္အားလုံးကို ရပ္ဆိုင္းထားဖို႔ လမ္းၫႊန္မႈေပးထားတယ္။ အဲဒီလမ္းၫႊန္ခ်က္ေတြထဲမွာ စစ္ေရး အကူအညီ ေပးမႈအစီအစဥ္ေတြလည္း ရပ္ဆိုင္းဖို႔ ပါဝင္တယ္။ အေမရိကန္အေျခစိုက္ ဗြီအိုေအသတင္းဌာနက အေမရိကန္ အစိုးရအသစ္ရဲ႕အမိန႔္ဟာ ယူကရိန္းကိုေပးတဲ့လုံၿခဳံေရးအကူအညီကို သက္ေရာက္မႈရွိမွာ မဟုတ္ဘူးလို႔ ေဖာ္ျပခဲ့ဖူး ေပမယ့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ စစ္ရးအကူညီခြင္ျပဳေပးထားတဲ့ႏိုင္ငံေတြထဲမွာ အစၥေရးနဲ႔ အီဂ်စ္ ႏိုင္ငံတို႔သာ ပါဝင္ေၾကာင္း ေျပာပါတယ္။
အေမရိကန္ဂ်ာနယ္လစ္တစ္ဦးက အေမရိကန္ (USAID)နဲ႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခြင့္ျပဳထားတဲ့ ႏိုင္ငံျခားကူညီေထာက္ပံ့ေပးမႈအစီအစဥ္ေတြကို ျပန္လည္သုံးသပ္ဖို႔ ဆိုင္းငံ့ထားၿပီး အျခား ႏိုင္ငံျခားအကူအညီ ေပးမႈေတြကို ဆိုင္းငံ့ထားတယ္လို႔ ေျပာပါတယ္။ယူကရိန္းကို အကူအညီေပးမႈေတြ ဆိုင္းငံ့လိုက္တာဟာ ႐ုရွားနဲ႔ စစ္ပြဲျဖစ္ပြားေနတဲ့ ယူကရိန္းအစိုးရအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာဖြယ္ရွိေနပါတယ္။ အေမရိကန္သမၼတ အသစ္ေဒၚနယ္ထရမ့္ဟာ မဲဆြယ္ပြဲကာလတုန္းကလည္း ယူကရိန္းကို ကူညီေထာက္ပံ့ေပးမႈအစီအစဥ္ေတြကို ေဝဖန္ျပစ္တင္ခဲ့ဖူးသူျဖစ္ပါတယ္။