မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ လမ်း၊ တံတားတည်ဆောက်ရေးဆိုင်ရာ ခေတ်မီနည်းပညာများ ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို တရုတ်နှင့် ဆွေးနွေး

 972

ချယ်ရီ (NP News) - ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ လမ်း၊ တံတားတည်ဆောက်ရေးဆိုင်ရာ ခေတ်မီနည်းပညာများ ဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို တရုတ်နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြီးခဲ့သည့် ဇန်နဝါရီ(၂၁)ရက်တွင် ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန်အား တွေ့ဆုံစဥ်အထက်ပါကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဥ် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း အမျိုးသားနယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း မူဘောင်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့ပြနှင့်ကျေးလက်ဒေသများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် Town Plan များ ရေးဆွဲခြင်း၊ စက်မှုဇုန်များအတွက် ပင်မစီမံကိန်းများ ရေးဆွဲပေးခြင်း နှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အလားအလာကောင်းများရှိသော မြန်မာနိုင်ငံ မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ လမ်းနှင့် တံတားတည်ဆောက်ရေး ဆိုင်ရာခေတ်မီနည်းပညာများ ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးလိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ချုံချင့်မြူနီစီပယ်အစိုးရ၊ ဒုတိယမြို့တော်ဝန် မစ္စတာကျန်းတွမ်ထောင်မှ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ချုံချင့်မြူနီစီပယ်အစိုးရ အနေဖြင့် ဆောက်လုပ်ရေးကဏ္ဍ အပါအဝင် နယ်ပယ်အစုံ၌ ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အသိပေးပြောခဲ့သည်။

Zawgyi Version;
ျမန္မာႏိုင္ငံ၏ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးက႑၊ လမ္း၊ တံတားတည္ေဆာက္ေရးဆိုင္ရာ ေခတ္မီနည္းပညာမ်ား ဖလွယ္ျခင္း ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းကို တ႐ုတ္ႏွင့္ ေဆြးေႏြး
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၂၇

ျမန္မာႏိုင္ငံ၏ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးက႑၊ လမ္း၊ တံတားတည္ေဆာက္ေရးဆိုင္ရာ ေခတ္မီနည္းပညာမ်ား ဖလွယ္ျခင္း ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းကို တ႐ုတ္ႏွင့္ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံ၊ ခ်ဳံခ်င့္ၿမိဳ႕သို႔ေရာက္ရွိေနေသာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္က ၿပီးခဲ့သည့္ ဇန္နဝါရီ(၂၁)ရက္တြင္ ခ်ဳံခ်င့္ျမဴနီစီပယ္အစိုးရ ဒုတိယၿမိဳ႕ေတာ္ဝန္အား ေတြ႕ဆုံစဥ္အထက္ပါကဲ့သို႔ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္လည္း အမ်ိဳးသားနယ္ေျမေဒသ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း မူေဘာင္ကို ခ်မွတ္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိရာ ၿမိဳ႕ျပႏွင့္ေက်းလက္ေဒသမ်ား ဟန္ခ်က္ညီညီ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ Town Plan မ်ား ေရးဆြဲျခင္း၊ စက္မႈဇုန္မ်ားအတြက္ ပင္မစီမံကိန္းမ်ား ေရးဆြဲေပးျခင္း ႏွင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းတို႔ကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ အလားအလာေကာင္းမ်ားရွိေသာ ျမန္မာႏိုင္ငံ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးက႑၊ လမ္းႏွင့္ တံတားတည္ေဆာက္ေရး ဆိုင္ရာေခတ္မီနည္းပညာမ်ား ဖလွယ္ျခင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းတို႔ကို ေဆြးေႏြးလိုေၾကာင္းကိုလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ထို႔ေနာက္ ခ်ဳံခ်င့္ျမဴနီစီပယ္အစိုးရ၊ ဒုတိယၿမိဳ႕ေတာ္ဝန္ မစၥတာက်န္းတြမ္ေထာင္မွ ျမန္မာႏိုင္ငံ၏ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုးတက္ေရးတြင္လည္း ခ်ဳံခ်င့္ျမဴနီစီပယ္အစိုးရ အေနျဖင့္ ေဆာက္လုပ္ေရးက႑ အပါအဝင္ နယ္ပယ္အစုံ၌ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆက္လက္ေဆာင္႐ြက္ရန္ ရည္႐ြယ္ထားေၾကာင္း အသိေပးေျပာခဲ့သည္။

Related news

© 2021. All rights reserved.