အမေရိကန်နိုင်ငံ၊ တောင်ကာရိုလိုင်းနားရှိ သုတေသနဌာနက လွတ်မြောက်သွားခဲ့တဲ့ မျောက်တွေအားလုံး ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရ

 453

ရောင်နီ (NP News) - ဇန်နဝါရီ ၂၇

ပြီးခဲ့တဲ့ နှစ်လကျော်က အမေရိကန်နိုင်ငံ၊ တောင်ကာရိုလိုင်းနား၊ Yemassee ရှိ Alpha Genesis Primate Research Center သုတေသန အဆောက်အအုံတစ်ခုမှ ထွက်ပြေး လွတ်မြောက်သွားခဲ့တဲ့ မျောက်အုပ်စုကို ဘေးကင်းစွာနဲ့ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီ ဖြစ်တယ်လို့ Yemassee ရဲဌာနက သောကြာနေ့ (ဇန်နဝါရီ ၂၄ ရက်) က ကြေညာခဲ့ပါတယ်။
အစောင့်တစ်ဦးက တံခါးကို လုံခြုံအောင် မပိတ်ခဲ့ခြင်းကြောင့် စမ်းသပ်ခန်းထဲက မျောက်ဝံ ၄၃ ကောင် ထွက်ပြေးလွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်း နောက်ဆုံးကျန်တဲ့ မျောက်ဝံ ၄ ကောင်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ Alpha Genesis အမှုဆောင်အရာရှိချုပ် ဂရက်ဝစ်စတာဂတ် က ပြောကြားခဲ့ပါတယ်။ Alpha Genesis စမ်းသပ်ရုံဟာ ဇီဝဆေးပညာသုတေသနအတွက် လူမဟုတ်တဲ့ primate သဘာဝကို သုတေသန အထူးပြုလုပ်ဖို့ မြေဧက ၁၀၀ ကျော်နဲ့ အထူးဒီဇိုင်းထုတ်ထားတဲ့ အကြီးဆုံး primate အဆောက်အဦတွေထဲက တစ်ခုဖြစ်ပါဆယ်။
အမှုဆောင်အရာရှိချုပ် ဂရက်ဝစ်စတာဂတ်က ပျောက်ဆုံးသွားတဲ့ မျောက်တွေကို ရှာဖွေရာမှာ ကူညီပေးကြ သူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ပျောက်သွားတဲ့ မျောက်ဝံတွေဟာ အလေးချိန် ၆ ပေါင်မှ ၇ ပေါင် ကြားတဲ့ မျောက်ဝံ အမတွေ ဖြစ်ပြီး စမ်းသပ်မှု တကြိမ်တစ်ခါမှ မပြုလုပ်ရသေးတဲ့အကောင်တွေဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ေတာင္ကာ႐ိုလိုင္းနားရွိ သုေတသနဌာနက လြတ္ေျမာက္သြားခဲ့တဲ့ ေမ်ာက္ေတြအားလုံး ျပန္လည္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၇

ၿပီးခဲ့တဲ့ ႏွစ္လေက်ာ္က အေမရိကန္ႏိုင္ငံ၊ ေတာင္ကာ႐ိုလိုင္းနား၊ Yemassee ရွိ Alpha Genesis Primate Research Center သုေတသန အေဆာက္အအုံတစ္ခုမွ ထြက္ေျပး လြတ္ေျမာက္သြားခဲ့တဲ့ ေမ်ာက္အုပ္စုကို ေဘးကင္းစြာနဲ႔ ျပန္လည္သိမ္းဆည္းႏိုင္ခဲ့ၿပီ ျဖစ္တယ္လို႔ Yemassee ရဲဌာနက ေသာၾကာေန႔ (ဇန္နဝါရီ ၂၄ ရက္) က ေၾကညာခဲ့ပါတယ္။
အေစာင့္တစ္ဦးက တံခါးကို လုံၿခဳံေအာင္ မပိတ္ခဲ့ျခင္းေၾကာင့္ စမ္းသပ္ခန္းထဲက ေမ်ာက္ဝံ ၄၃ ေကာင္ ထြက္ေျပးလြတ္ေျမာက္ခဲ့တာ ျဖစ္ပါတယ္။ ယခုသီတင္းပတ္အတြင္း ေနာက္ဆုံးက်န္တဲ့ ေမ်ာက္ဝံ ၄ ေကာင္ကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔ Alpha Genesis အမႈေဆာင္အရာရွိခ်ဳပ္ ဂရက္ဝစ္စတာဂတ္ က ေျပာၾကားခဲ့ပါတယ္။ Alpha Genesis စမ္းသပ္႐ုံဟာ ဇီဝေဆးပညာသုေတသနအတြက္ လူမဟုတ္တဲ့ primate သဘာဝကို သုေတသန အထူးျပဳလုပ္ဖို႔ ေျမဧက ၁၀၀ ေက်ာ္နဲ႔ အထူးဒီဇိုင္းထုတ္ထားတဲ့ အႀကီးဆုံး primate အေဆာက္အဦေတြထဲက တစ္ခုျဖစ္ပါဆယ္။
အမႈေဆာင္အရာရွိခ်ဳပ္ ဂရက္ဝစ္စတာဂတ္က ေပ်ာက္ဆုံးသြားတဲ့ ေမ်ာက္ေတြကို ရွာေဖြရာမွာ ကူညီေပးၾက သူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ ေပ်ာက္သြားတဲ့ ေမ်ာက္ဝံေတြဟာ အေလးခ်ိန္ ၆ ေပါင္မွ ၇ ေပါင္ ၾကားတဲ့ ေမ်ာက္ဝံ အမေတြ ျဖစ္ၿပီး စမ္းသပ္မႈ တႀကိမ္တစ္ခါမွ မျပဳလုပ္ရေသးတဲ့အေကာင္ေတြျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.