ကိုရမ်ကျမ်းကို စော်ကားမှုအတွက် လူ(၄)ဦးကို ပါကစ္စတန်တရားရုံးက သေဒဏ်ချမှတ်

1864

Pika (NP News) - ဇန်နဝါရီ ၂၇
အစ္စလာမ်ဘာသာရေးပုဂ္ဂိုလ်တွေနဲ့ ကိုရမ်ကျမ်းတို့ကို ဆိုရှယ်မီဒီယာပေါ်မှာ စော်ကားမှုတို့အတွက် လူလေးဦးကို ပါကစ္စတန်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အယူခံဝင်ဖို့ အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ၎င်းတို့ရဲ့ရှေ့နေက ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဘာသာရေးပုဂ္ဂိုလ်တွေကို စော်ကားမှုမှာ အပြစ်ရှိကြောင်းတွေ့ရှိခဲ့မယ်ဆိုရင် သေဒဏ် ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။ အဲဒီဥပဒေနဲ့ပတ်သက်ပြီး ဆူပူအုံကြွမှုတွေဖြစ်ပွားနိုင်ပေမယ့်လည်း ပါကစ္စတန်အာဏာပိုင်တွေဟာ လက်ရှိအချိန်အထိတော့ အဲဒီပြစ်ဒဏ်ကို အပြီးသတ်လုပ်ဆောင်တာမျိုး မရှိသေး ဘူးလို့လည်း သိရပါတယ်။
ဒါ့ပြင် Rawalpindi မြို့ရှိ တရားသူကြီး Tariq Ayub က စော်ကားမှု၊ သန့်ရှင်းသော ရုပ်တုများကို မလေးစားခြင်းနဲ့ ကိုရမ်ကျမ်းကို ရှုံ့ချခြင်းဟာ ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတွေဖြစ်ပြီး သက်ညှာမှုထားပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါ တယ်။ အဲဒီ သေဒဏ်ချမှတ်မှုတွေနဲ့အတူ တရားသူကြီး Tariq Ayub ဟာ စုပေါင်းဒဏ်ငွေ (၄ ဒသမ ၆) သန်းကို ချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အထက်တရားရုံးက ၎င်းတို့ရဲ့သေဒဏ်တွေကို ပယ်ဖျက်ပစ်ပေးခဲ့မယ်ဆိုရင် ၎င်းတို့ လေးဦးစလုံး ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ၎င်းတို့လေးဦးရဲ့ရှေ့နေ မန်ဇူရာမနီဟာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး အာဏာပိုင်တွေရဲ့အထောက်အထား မရှိမှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
မန်ဇူရာမနီက “အဲဒီလိုကိစ္စတွေမှာ ပေါ်ပေါက်လာတဲ့ သံသယနဲ့ မသေချာမရေရာမှုတွေကို တရားရုံးတွေက လျစ်လျူရှုထားပါတယ်။ဒီသေဒဏ်နဲ့ပတ်သက်ပြီး အယူခံဝင်ဖို့နဲ့ သက်သေအထောက်အထားမရှိတာကို စုံစမ်း စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
ကိုရမ္က်မ္းကို ေစာ္ကားမႈအတြက္ လူ(၄)ဦးကို ပါကစၥတန္တရား႐ုံးက ေသဒဏ္ခ်မွတ္
Pika (NP News) - ဇန္နဝါရီ ၂၇
အစၥလာမ္ဘာသာေရးပုဂၢိဳလ္ေတြနဲ႔ ကိုရမ္က်မ္းတို႔ကို ဆိုရွယ္မီဒီယာေပၚမွာ ေစာ္ကားမႈတို႔အတြက္ လူေလးဦးကို ပါကစၥတန္တရား႐ုံးက ေသဒဏ္ခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။ အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အယူခံဝင္ဖို႔ အတြက္ ျပင္ဆင္မႈေတြ လုပ္ေဆာင္ေနတယ္လို႔လည္း ၎တို႔ရဲ႕ေရွ႕ေနက ေျပာၾကားခဲ့ပါတယ္။
ပါကစၥတန္ႏိုင္ငံမွာ ဘာသာေရးပုဂၢိဳလ္ေတြကို ေစာ္ကားမႈမွာ အျပစ္ရွိေၾကာင္းေတြ႕ရွိခဲ့မယ္ဆိုရင္ ေသဒဏ္ ခ်မွတ္ႏိုင္တယ္လို႔လည္း သိရပါတယ္။ အဲဒီဥပေဒနဲ႔ပတ္သက္ၿပီး ဆူပူအုံႂကြမႈေတြျဖစ္ပြားႏိုင္ေပမယ့္လည္း ပါကစၥတန္အာဏာပိုင္ေတြဟာ လက္ရွိအခ်ိန္အထိေတာ့ အဲဒီျပစ္ဒဏ္ကို အၿပီးသတ္လုပ္ေဆာင္တာမ်ိဳး မရွိေသး ဘူးလို႔လည္း သိရပါတယ္။
ဒါ့ျပင္ Rawalpindi ၿမိဳ႕ရွိ တရားသူႀကီး Tariq Ayub က ေစာ္ကားမႈ၊ သန႔္ရွင္းေသာ ႐ုပ္တုမ်ားကို မေလးစားျခင္းနဲ႔ ကိုရမ္က်မ္းကို ရႈံ႕ခ်ျခင္းဟာ ခြင့္မလႊတ္ႏိုင္တဲ့ ျပစ္မႈေတြျဖစ္ၿပီး သက္ညႇာမႈထားေပးမွာ မဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါ တယ္။ အဲဒီ ေသဒဏ္ခ်မွတ္မႈေတြနဲ႔အတူ တရားသူႀကီး Tariq Ayub ဟာ စုေပါင္းဒဏ္ေငြ (၄ ဒသမ ၆) သန္းကို ခ်မွတ္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အထက္တရား႐ုံးက ၎တို႔ရဲ႕ေသဒဏ္ေတြကို ပယ္ဖ်က္ပစ္ေပးခဲ့မယ္ဆိုရင္ ၎တို႔ ေလးဦးစလုံး ကို ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း ခ်မွတ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၎တို႔ေလးဦးရဲ႕ေရွ႕ေန မန္ဇူရာမနီဟာ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး အာဏာပိုင္ေတြရဲ႕အေထာက္အထား မရွိမႈေတြကို စုံစမ္းစစ္ေဆးေနတယ္လို႔လည္း သိရပါတယ္။
မန္ဇူရာမနီက “အဲဒီလိုကိစၥေတြမွာ ေပၚေပါက္လာတဲ့ သံသယနဲ႔ မေသခ်ာမေရရာမႈေတြကို တရား႐ုံးေတြက လ်စ္လ်ဴရႈထားပါတယ္။ဒီေသဒဏ္နဲ႔ပတ္သက္ၿပီး အယူခံဝင္ဖို႔နဲ႔ သက္ေသအေထာက္အထားမရွိတာကို စုံစမ္း စစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။