ယူကရိန်းက နေတိုးအဖွဲ့မှာ ဘယ်တော့မှ ပါဝင်မှာမဟုတ်ဘူးလို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်ပြော
223
Pika (NP News) - ဇန်နဝါရီ ၂၇
ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့မှာ ဘယ်တော့မှပါဝင်မှာမဟုတ်ကြောင်းနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် ၎င်းရဲ့ကြိုးပမ်းမှုဟာ အောင်မြင်မှာမဟုတ်ဘူးလို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက ပြောကြားခဲ့ပါ တယ်။ ရုရှားနဲ့အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် ခိုင်မာတဲ့လုံခြုံရေးအာမခံချက် လိုအပ်တယ်လို့ ယူကရိန်းအစိုးရကပြောဆိုထားပြီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေးကို အကောင်းဆုံးအာမခံချက်တစ်ခုလို့ ရှုမြင်ထား တာလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရုရှားအစိုးရဘက် က ပြောထားပြီး ယူကရိန်းရဲ့နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လိုနေတဲ့ဆန္ဒဟာ ပဋိပက္ခကိုဖြစ်ပွားစေတဲ့ မူလဇစ်မြစ်တွေထဲက တစ်ခုဖြစ်တယ်လို့လည်း အခိုင်အမာပြောဆိုထားပါတယ်။
ဒါ့ပြင် ဘယ်လိုဖြေရှင်းမှုတွေမှာမဆို ယူကရိန်းကြား နေရေးနဲ့ စစ်မဲ့ရေးတို့ ပါဝင်ရမယ်လို့လည်း ရုရှားဘက် က ပြောကြားခဲ့ပါတယ်။ ရောဘတ်ဖီကိုက “ယူကရိန်းဟာ နေတိုးအဖွဲ့မှာ ဘယ်တော့မှပါဝင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားအချို့ရဲ့ပြောကြားချက်အရတော့ ယူကရိန်းဟာ ဥရောပသမဂ္ဂအဖွဲ့ကိုဝင်ရောက်မှုနဲ့ပတ်သက်ပြီး ကြီးမားတဲ့ပြဿနာရှိနေတယ်လို့လည်း သိရပါတယ်” လို့ ပြောခဲ့ပါတယ်။
ဆလိုဗက်ကီးယားအစိုးရဟာ ယူကရိန်းနဲ့ပတ်သက်တဲ့အနောက်အုပ်စုနိုင်ငံတွေရဲ့မူဝါဒတွေကို ပြင်းပြင်းထန်ထန် ဝေဖန်မှုနဲ့အတူ ဆလိုဗက်ကီးယားနဲ့ ယူကရိန်းကြား သဘောထားကွဲလွဲမှုတွေ ကြီးထွားလာနေချိန်မှာ ရောဘတ်ဖီကိုရဲ့မှတ်ချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
Zawgyi Version;
ယူကရိန္းက ေနတိုးအဖြဲ႕မွာ ဘယ္ေတာ့မွ ပါဝင္မွာမဟုတ္ဘူးလို႔ ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၇
ယူကရိန္းႏိုင္ငံဟာ ေနတိုးအဖြဲ႕မွာ ဘယ္ေတာ့မွပါဝင္မွာမဟုတ္ေၾကာင္းနဲ႔ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံျဖစ္ဖို႔အတြက္ ၎ရဲ႕ႀကိဳးပမ္းမႈဟာ ေအာင္ျမင္မွာမဟုတ္ဘူးလို႔ ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ ေရာဘတ္ဖီကိုက ေျပာၾကားခဲ့ပါ တယ္။ ႐ုရွားနဲ႔အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈအတြက္ ခိုင္မာတဲ့လုံၿခဳံေရးအာမခံခ်က္ လိုအပ္တယ္လို႔ ယူကရိန္းအစိုးရကေျပာဆိုထားၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္ေရးကို အေကာင္းဆုံးအာမခံခ်က္တစ္ခုလို႔ ရႈျမင္ထား တာလည္းျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ စတင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ႐ုရွားအစိုးရဘက္ က ေျပာထားၿပီး ယူကရိန္းရဲ႕ေနတိုးအဖြဲ႕ဝင္ႏိုင္ငံျဖစ္လိုေနတဲ့ဆႏၵဟာ ပဋိပကၡကိုျဖစ္ပြားေစတဲ့ မူလဇစ္ျမစ္ေတြထဲက တစ္ခုျဖစ္တယ္လို႔လည္း အခိုင္အမာေျပာဆိုထားပါတယ္။
ဒါ့ျပင္ ဘယ္လိုေျဖရွင္းမႈေတြမွာမဆို ယူကရိန္းၾကား ေနေရးနဲ႔ စစ္မဲ့ေရးတို႔ ပါဝင္ရမယ္လို႔လည္း ႐ုရွားဘက္ က ေျပာၾကားခဲ့ပါတယ္။ ေရာဘတ္ဖီကိုက “ယူကရိန္းဟာ ေနတိုးအဖြဲ႕မွာ ဘယ္ေတာ့မွပါဝင္မွာ မဟုတ္ပါဘူး။ ႏိုင္ငံေရးသမားအခ်ိဳ႕ရဲ႕ေျပာၾကားခ်က္အရေတာ့ ယူကရိန္းဟာ ဥေရာပသမဂၢအဖြဲ႕ကိုဝင္ေရာက္မႈနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ျပႆနာရွိေနတယ္လို႔လည္း သိရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆလိုဗက္ကီးယားအစိုးရဟာ ယူကရိန္းနဲ႔ပတ္သက္တဲ့အေနာက္အုပ္စုႏိုင္ငံေတြရဲ႕မူဝါဒေတြကို ျပင္းျပင္းထန္ထန္ ေဝဖန္မႈနဲ႔အတူ ဆလိုဗက္ကီးယားနဲ႔ ယူကရိန္းၾကား သေဘာထားကြဲလြဲမႈေတြ ႀကီးထြားလာေနခ်ိန္မွာ ေရာဘတ္ဖီကိုရဲ႕မွတ္ခ်က္ေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။