ပြင်သစ်သမ္မတမက်ခရွန်ရဲ့လူကြိုက်များမှု အနိမ့်ဆုံးအဆင့်ကို ကျဆင်း

 173

Pika (NP News) - ဇန်နဝါရီ ၂၇

ပြင်သစ်သမ္မတမက်ခရွန်ရဲ့ လူကြိုက်များမှုဟာ (၂၀၁၇)ခုနှစ် ရွေးကောက်ပွဲအပြီး အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွား တယ်လို့ ဇန်နဝါရီလ(၂၆)ရက်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။ Journal de Dimanche သတင်းစာက ထုတ်ဝေခဲ့တဲ့ Ifop စစ်တမ်းကိုဖြေဆိုသူ(၂၁)ရာခိုင်နှုန်းကသာ မက်ခရွန်နဲ့ပတ်သက်ပြီး စိတ်ကျေနပ် ကြောင်း ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။
စစ်တမ်းအရ မက်ခရွန်ရဲ့ လူကြိုက်များမှုဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလမှာ လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းအတွင်း ရရှိခဲ့တဲ့ (၂၂)ရာခိုင်နှုန်း ရမှတ်ထက် အနည်းငယ်ကျဆင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။ စစ်တမ်းကို ဖြေဆိုသူ(၇၉) ရာခိုင်နှုန်းမှာ (၃၅)ရာခိုင်နှုန်းက မက်ခရွန်ကို မကျေနပ်ကြောင်း ဖြေဆိုခဲ့ကြပြီး (၄၄)ရာခိုင်နှုန်းက အလွန် မကျေနပ်ကြဘူးလို့ ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက လုပ်ဆောင်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုအပြီး စိတ်ဝင်စားစရာကောင်းတဲ့ အဓိကအချက်မှာ မက်ခရွန်ရဲ့လူကြိုက်များမှုဟာ အသက်ကြီးသူတွေနဲ့ပင်စင်ယူထားသူတွေကြားမှာ (၁၀)ရာခိုင်နှုန်း ကျဆင်းသွားခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ(၂၆)ရက်က ထုတ်ပြန်ခဲ့တဲ့စစ်တမ်းဟာ ဇန်နဝါရီလ(၁၅)ရက်ကနေ (၂၃)ရက်အတွင်း အသက်(၁၈)နှစ်အထက် လူပေါင်း(၂၀၀၁)ဦးကို အွန်လိုင်းပေါ်မှာ စစ်တမ်းကောက်ယူခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ျပင္သစ္သမၼတမက္ခ႐ြန္ရဲ႕လူႀကိဳက္မ်ားမႈ အနိမ့္ဆုံးအဆင့္ကို က်ဆင္း
Pika (NP News) - ဇန္နဝါရီ ၂၇

ျပင္သစ္သမၼတမက္ခ႐ြန္ရဲ႕ လူႀကိဳက္မ်ားမႈဟာ (၂၀၁၇)ခုႏွစ္ ေ႐ြးေကာက္ပြဲအၿပီး အနိမ့္ဆုံးအဆင့္ကို က်ဆင္းသြား တယ္လို႔ ဇန္နဝါရီလ(၂၆)ရက္က ထုတ္ျပန္ခဲ့တဲ့ စစ္တမ္းတစ္ခုအရ သိရပါတယ္။ Journal de Dimanche သတင္းစာက ထုတ္ေဝခဲ့တဲ့ Ifop စစ္တမ္းကိုေျဖဆိုသူ(၂၁)ရာခိုင္ႏႈန္းကသာ မက္ခ႐ြန္နဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္ ေၾကာင္း ေျဖဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။
စစ္တမ္းအရ မက္ခ႐ြန္ရဲ႕ လူႀကိဳက္မ်ားမႈဟာ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလမွာ လုပ္ေဆာင္ခဲ့တဲ့ စစ္တမ္းအတြင္း ရရွိခဲ့တဲ့ (၂၂)ရာခိုင္ႏႈန္း ရမွတ္ထက္ အနည္းငယ္က်ဆင္းသြားခဲ့တယ္လို႔လည္း သိရပါတယ္။ စစ္တမ္းကို ေျဖဆိုသူ(၇၉) ရာခိုင္ႏႈန္းမွာ (၃၅)ရာခိုင္ႏႈန္းက မက္ခ႐ြန္ကို မေက်နပ္ေၾကာင္း ေျဖဆိုခဲ့ၾကၿပီး (၄၄)ရာခိုင္ႏႈန္းက အလြန္ မေက်နပ္ၾကဘူးလို႔ ေျဖဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလက လုပ္ေဆာင္ခဲ့တဲ့ စစ္တမ္းေကာက္ယူမႈအၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ အဓိကအခ်က္မွာ မက္ခ႐ြန္ရဲ႕လူႀကိဳက္မ်ားမႈဟာ အသက္ႀကီးသူေတြနဲ႔ပင္စင္ယူထားသူေတြၾကားမွာ (၁၀)ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ တာျဖစ္တယ္လို႔ သိရပါတယ္။ ဇန္နဝါရီလ(၂၆)ရက္က ထုတ္ျပန္ခဲ့တဲ့စစ္တမ္းဟာ ဇန္နဝါရီလ(၁၅)ရက္ကေန (၂၃)ရက္အတြင္း အသက္(၁၈)ႏွစ္အထက္ လူေပါင္း(၂၀၀၁)ဦးကို အြန္လိုင္းေပၚမွာ စစ္တမ္းေကာက္ယူခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.