အမေရိကန်နဲ့ ကိုလံဘီယာနိုင်ငံတို့ ကုန်သွယ်ရေးစစ်ပွဲ စတင်မယ်
1449
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၇
အမေရိကန် နိုင်ငံ နဲ့ ကိုလံဘီယာ နိုင်ငံတို့ဟာ ဇန်နဝါရီ ၂၆ ရက်မှာ ကုန်သွယ်ရေးစစ်ပွဲ စတင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အမေရိကန် သမ္မတ အသစ့်ထရမ့်က ကိုလံဘီယာနိုင်ငံကိုပြန်ပို့တဲ့ ရွှေပြောင်းသွားလာသူတွေကို ငြင်းဆန်မယ်ဆိုရင် အမေရိကန်နိုင်ငံကိုတင်ပို့တဲ့ ကိုလံဘီယာကုန်စည်တွေကို အခွန်ကောက်ခံမယ်လို့ သတိပေးခဲ့ ကြောင်း သိရပါတယ်။ ကိုလံဘီယာ အစိုးရဟာ ရွှေပြောင်းလာသွားလာသူ တင်ဆောင်လာတဲ့ အမေရိကန် စစ်လေယာဥ်တွေကို ပြန်နှင်ထုတ်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုတွေရှိနေပါတယ်။ ထရမ့်ဟာ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံချိန်အတွင်း နိုင်ငံအတွင်းရောက်ရှိနေတဲ့ ရွှေပြောင်းသွားလာသူတွေကို ဖြိုခွင်းမယ်လို့ ကတိပြုထား တဲ့အတိုင်း သမ္မတအဖြစ်တာဝန်ယူပြီး ရက်ပိုင်းအကြာမှာပဲ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ဖြိုခွင်းကာ မိခင်နိုင်ငံ ကို ပြန်ပို့ခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ အမေရိကန်အစိုးရက ကိုလံဘီယာနိုင်ငံက တင်သွင်းတဲ့ကုန်စည်တွေကို အခွန် ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ် လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ကိုလံဘီယာအစိုးရကလည်း အမေရိကန်နိုင်ငံက တင်သွင်းတဲ့ကုန်စည်တွေကို ၂၅ ရာခိုင်နှုန်းကောက်ခံမယ်လို့ တုံ့ပြန်ထားပါတယ်။
ကိုလံဘီယာနိုင်ငံဟာ လက်တင်အမေရိက နိုင်ငံတွေထဲမှာ အမေရိကန်က ပြန်ပို့တဲ့ရွှေပြောင်းသွားလာသူတွေ သယ်ဆောင်လာတဲ့လေယာဥ်ကို ငြင်းဆန်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ထရမ့်က ငြင်းဆန်မှုများ အတွက် ကိုလံဘီယာက တင်သွင်းတဲ့ကုန်စည်တွေကို အခွန် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံအစီစဥ်တွေကို ရက်ပိုင်းအတွင်း စတင်ဖွယ်ရှိနေပါတယ်။
Zawgyi Version:
အေမရိကန္နဲ႔ ကိုလံဘီယာႏိုင္ငံတို႔ ကုန္သြယ္ေရးစစ္ပြဲ စတင္မယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၇
အေမရိကန္ ႏိုင္ငံ နဲ႔ ကိုလံဘီယာ ႏိုင္ငံတို႔ဟာ ဇန္နဝါရီ ၂၆ရက္ေန႔မွာ ကုန္သြယ္ေရးစစ္ပြဲ စတင္လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္ သမၼတ အသစ့္ထရမ့္က ကိုလံဘီယာႏိုင္ငံကိုျပန္ပို႔တဲ့ ေ႐ႊေျပာင္းသြားလာသူေတြကို ျငင္းဆန္မယ္ဆိုရင္ အေမရိကန္ႏိုင္ငံကိုတင္ပို႔တဲ့ ကိုလံဘီယာကုန္စည္ေတြကို အခြန္ေကာက္ခံမယ္လို႔ သတိေပးခဲ့ ေၾကာင္း သိရပါတယ္။ ကိုလံဘီယာ အစိုးရဟာ ေ႐ႊေျပာင္းလာသြားလာသူ တင္ေဆာင္လာတဲ့ အေမရိကန္ စစ္ေလယာဥ္ေတြကို ျပန္ႏွင္ထုတ္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြရွိေနပါတယ္။ ထရမ့္ဟာ သမၼတ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံခ်ိန္အတြင္း ႏိုင္ငံအတြင္းေရာက္ရွိေနတဲ့ ေ႐ႊေျပာင္းသြားလာသူေတြကို ၿဖိဳခြင္းမယ္လို႔ ကတိျပဳထား တဲ့အတိုင္း သမၼတအျဖစ္တာဝန္ယူၿပီး ရက္ပိုင္းအၾကာမွာပဲ ေ႐ႊ႕ေျပာင္းဝင္ေရာက္သူေတြကို ၿဖိဳခြင္းကာ မိခင္ႏိုင္ငံ ကို ျပန္ပို႔ခဲ့ပါတယ္။
ကိုလံဘီယာႏိုင္ငံဟာ လက္တင္အေမရိကႏိုင္ငံေတြထဲမွာ တတိယအႀကီးဆုံး ကုန္သြယ္ဖက္ႏိုင္ငံျဖစ္ပါတယ္။ အေမရိကန္အစိုးရက ကိုလံဘီယာႏိုင္ငံက တင္သြင္းတဲ့ကုန္စည္ေတြကို အခြန္ ၅၀ ရာခိုင္ႏႈန္းအထိ ေကာက္ခံမယ္ လို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။ ကိုလံဘီယာအစိုးရကလည္း အေမရိကန္ႏိုင္ငံက တင္သြင္းတဲ့ကုန္စည္ေတြကို ၂၅ ရာခိုင္ႏႈန္းေကာက္ခံမယ္လို႔ တုံ႔ျပန္ထားပါတယ္။
ကိုလံဘီယာႏိုင္ငံဟာ လက္တင္အေမရိက ႏိုင္ငံေတြထဲမွာ အေမရိကန္က ျပန္ပို႔တဲ့ေ႐ႊေျပာင္းသြားလာသူေတြ သယ္ေဆာင္လာတဲ့ေလယာဥ္ကို ျငင္းဆန္တဲ့ ဒုတိယေျမာက္ႏိုင္ငံ ျဖစ္လာခဲ့ပါတယ္။ ထရမ့္က ျငင္းဆန္မႈမ်ား အတြက္ ကိုလံဘီယာက တင္သြင္းတဲ့ကုန္စည္ေတြကို အခြန္ ၂၅ ရာခိုင္ႏႈန္းကေန ၅၀ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ ေကာက္ခံအစီစဥ္ေတြကို ရက္ပိုင္းအတြင္း စတင္ဖြယ္ရွိေနပါတယ္။