“မြန်မာ့သနပ်ခါးလိမ်းခြင်းဓလေ့” ကို ယူနက်စကိုဝင်ရေးအတွက် ကြိုးပမ်းချိန် နှစ်လကျော်သာရှိ

 370

စော (NP News) - ဇန်နဝါရီ ၂၇

အလှအပအတွက်သာမက ကျန်းမာရေး ရှုထောင့်အတွက်ပါ ဆေးဖက်ဝင်သော “မြန်မာ့သနပ်ခါး လိမ်းခြင်းဓလေ့” ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ယူနက်စကိုဝင်ရေးအတွက် စာရင်းထပ်မံတင်သွင်းရာတွင် လိုအပ်ချက်များ ပြည့်မီစေရန်ဆောင်ရွက်နေကြောင်း Myanmar Cultural Heritage Trust ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာခင်က ပြောကြားချက်အရ သိရသည်။
(၂၀၂၀)ပြည့်နှစ်က သနပ်ခါးလိမ်းခြင်းဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် နိုင်ရန် တင်သွင်းခဲ့သော်လည်း ပြန်လည်ရေသားတင်သွင်းပါဆိုသောကြောင့် ထပ်မံတင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ “သနပ်ခါးဆိုတာ သနပ်ခါးတုံးတို့ ကျောက်ပျဉ်တို့ကို ပြောတာမဟုတ်ပါဘူး။ သနပ်ခါး နဲ့ကျောက်ပျဉ်နဲ့သွေးပြီး တော့ ရတဲ့အနှစ်ကို ကျွန်မတို့ လိမ်းတဲ့ဓလေ့ပါ” ဟု ဒေါ်စန္ဒာခင်က ဆိုသည်။
“မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တွင် စာရင်းဝင်နိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက (၂၀၂၅)ခုနှစ် မတ်လ (၃၁)ရက်မတိုင်မီ ပြန်လည်တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် Nomination Form (ICH-02) ကို အချိန်မီတင်သွင်းနိုင်ရန်အတွက် “Form ရေးသားပြုစုရေး လုပ်ငန်းအဖွဲ့” က နေပြည်တော်ရှိ အမျိုးသားပြတိုက်အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၅ ရက်) မှ (ဇန်နဝါရီလ ၁၇ ရက်) အထိ ရေးသားဆောင်ရွက်ခဲ့ကြကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက ထုတ်ပြန်ထားသည်။
“သနပ်ခါးနဲ့ပတ်သက်လို့ ပြုစုလိုက်တဲ့အခါမှာ အချက်ကြီး(၆)ချက်ထွက်ပါတယ်။ အဲဒီ အချက် (၆)ချက်ကို ယူနက်စကိုဘက်က လိုလားတဲ့ အချက်(၆)ချက်ကို ဘောင်ဝင်‌အောင် ကျွန်မတို့က ရေးပေးမှာဖြစ်ပါတယ်။ ယူနက်စကိုဘက်က သတ်မှတ်တဲ့ Norm သနပ်ခါးက အလှအပအတွက် ဘယ်လိုအသုံးဝင်သလဲ။ ကျန်းမာရေး အတွက် ဘယ်လောက်ထိဆေးဖက်ဝင်သလဲ။ ကမ္ဘာတစ်လွှားက သုတေသီတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သူများကြားမှာ ဆွေးနွေးပြောစရာအကြောင်းအရာတွေဖြစ်လာစေတယ်ဆိုတာ ရေးရမှာဖြစ်ပါ တယ်” ဟု ၎င်းက ပြောသည်။
ယူနက်စကိုက သတ်မှတ်ထားသောအချက်များတွင် Health Care , Education ,Gender Equality, Inclusive Economic Development, Environmental Sustainable Including Climate Change , Peace and Social Cohesion တို့ကို ထည့်သွင်းထားကြောင်း သိရသည်။
“သနပ်ခါးမှာ ကော်လဂျင်ပါပါတယ်။ UV နေလောင်တဲ့ဒဏ်ကိုကာကွယ်ပေးပါတယ်။ အဲဒီ ဂုဏ်သတ္တိတွေရှိတယ်ဆိုတဲ့အကြောင်း အပူငြိမ်းတယ်ဆိုတာ တကယ်လည်းစမ်းသပ်တွေ့ရှိပါတယ်။ ကိုရီးယား Research တွေ၊ ထိုင်းနိုင်ငံမှာလုပ်တဲ့ Research နဲ့ ကျွန်မတို့မြန်မာနိုင်ငံမှာ ဓာတုဗေဒဌာနနဲ့ Research စင်တာမှာ လုပ်ထားတဲ့ Research တွေအရ သနပ်ခါးဟာဆေးဖက်ဝင်တယ်ဆိုတာ ပေါ်ပေါက်ပါတယ်” ဟု ၎င်းက ပြောသည်။ ပုဂံခေတ်ကပင် သနပ်ခါးလိမ်းခြယ်နေပြီဖြစ်ကြောင်းကို မန္တလေးတိုင်းဒေသကြီး ပုဂံရှိ နဂါး ရုံ(ဂူ)ဘုရားနှင့် မြင်းကပါ (ဂူပြောက်ကြီး) ရှိ နံရံဆေးရေးပန်းချီများ တွင် ဖော်ပြထားကြောင်းနှင့် ပုဂံခေတ်နှောင်းပိုင်း၏ ကျောက်ပျဉ်လက်ရာ အပိုင်းအစကိုတွေ့ရှိထား သဖြင့် ပုဂံခေတ်ထက် နောက်မကျကြောင်း ၎င်းက ဆိုသည်။ သနပ်ခါးသည် သဘာဝပေါက်ပင်ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် သနပ်ခါးပင်(၄)သောင်းခန့်ကို စိုက်ပျိုးထိန်းသိမ်း ထားကြောင်း သိရသည်။

Zawgyi Version:
“ျမန္မာ့သနပ္ခါးလိမ္းျခင္းဓေလ့” ကို ယူနက္စကိုဝင္ေရးအတြက္ ႀကိဳးပမ္းခ်ိန္ ႏွစ္လေက်ာ္သာရွိ
ေစာ (NP News) - ဇန္နဝါရီ ၂၇

အလွအပအတြက္သာမက က်န္းမာေရး ရႈေထာင့္အတြက္ပါ ေဆးဖက္ဝင္ေသာ “ျမန္မာ့သနပ္ခါး လိမ္းျခင္းဓေလ့” ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ ယူနက္စကိုဝင္ေရးအတြက္ စာရင္းထပ္မံတင္သြင္းရာတြင္ လိုအပ္ခ်က္မ်ား ျပည့္မီေစရန္ေဆာင္႐ြက္ေနေၾကာင္း Myanmar Cultural Heritage Trust ၏ ဥကၠ႒ျဖစ္သူ ေဒၚစႏၵာခင္က ေျပာၾကားခ်က္အရ သိရသည္။
(၂၀၂၀)ျပည့္ႏွစ္က သနပ္ခါးလိမ္းျခင္းဓေလ့ကို ကမာၻ႔ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ စာရင္းဝင္ ႏိုင္ရန္ တင္သြင္းခဲ့ေသာ္လည္း ျပန္လည္ေရသားတင္သြင္းပါဆိုေသာေၾကာင့္ ထပ္မံတင္သြင္းျခင္းျဖစ္ေၾကာင္း သိရသည္။ “သနပ္ခါးဆိုတာ သနပ္ခါးတုံးတို႔ ေက်ာက္ပ်ဥ္တို႔ကို ေျပာတာမဟုတ္ပါဘူး။ သနပ္ခါး နဲ႔ေက်ာက္ပ်ဥ္နဲ႔ေသြးၿပီး ေတာ့ ရတဲ့အႏွစ္ကို ကြၽန္မတို႔ လိမ္းတဲ့ဓေလ့ပါ” ဟု ေဒၚစႏၵာခင္က ဆိုသည္။
“ျမန္မာ့သနပ္ခါးယဥ္ေက်းမႈဓေလ့” UNESCO ၏ Representative List of the Intangible Cultural Heritage of Humanity တြင္ စာရင္းဝင္ႏိုင္ရန္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသား ျပတိုက္ ဦးစီးဌာနက (၂၀၂၅)ခုႏွစ္ မတ္လ (၃၁)ရက္မတိုင္မီ ျပန္လည္တင္သြင္းရန္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ Nomination Form (ICH-02) ကို အခ်ိန္မီတင္သြင္းႏိုင္ရန္အတြက္ “Form ေရးသားျပဳစုေရး လုပ္ငန္းအဖြဲ႕” က ေနျပည္ေတာ္ရွိ အမ်ိဳးသားျပတိုက္အစည္းအေဝးခန္းမတြင္ ၿပီးခဲ့သည့္ (ဇန္နဝါရီလ ၁၅ ရက္) မွ (ဇန္နဝါရီလ ၁၇ ရက္) အထိ ေရးသားေဆာင္႐ြက္ခဲ့ၾကေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီး ဌာနက ထုတ္ျပန္ထားသည္။
“သနပ္ခါးနဲ႔ပတ္သက္လို႔ ျပဳစုလိုက္တဲ့အခါမွာ အခ်က္ႀကီး(၆)ခ်က္ထြက္ပါတယ္။ အဲဒီ အခ်က္ (၆)ခ်က္ကို ယူနက္စကိုဘက္က လိုလားတဲ့ အခ်က္(၆)ခ်က္ကို ေဘာင္ဝင္‌ေအာင္ ကြၽန္မတို႔က ေရးေပးမွာျဖစ္ပါတယ္။ ယူနက္စကိုဘက္က သတ္မွတ္တဲ့ Norm သနပ္ခါးက အလွအပအတြက္ ဘယ္လိုအသုံးဝင္သလဲ။ က်န္းမာေရး အတြက္ ဘယ္ေလာက္ထိေဆးဖက္ဝင္သလဲ။ ကမာၻတစ္လႊားက သုေတသီေတြ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္း ေစာင့္ေရွာက္သူမ်ားၾကားမွာ ေဆြးေႏြးေျပာစရာအေၾကာင္းအရာေတြျဖစ္လာေစတယ္ဆိုတာ ေရးရမွာျဖစ္ပါ တယ္” ဟု ၎က ေျပာသည္။
ယူနက္စကိုက သတ္မွတ္ထားေသာအခ်က္မ်ားတြင္ Health Care , Education ,Gender Equality, Inclusive Economic Development, Environmental Sustainable Including Climate Change , Peace and Social Cohesion တို႔ကို ထည့္သြင္းထားေၾကာင္း သိရသည္။
“သနပ္ခါးမွာ ေကာ္လဂ်င္ပါပါတယ္။ UV ေနေလာင္တဲ့ဒဏ္ကိုကာကြယ္ေပးပါတယ္။ အဲဒီ ဂုဏ္သတၱိေတြရွိတယ္ဆိုတဲ့အေၾကာင္း အပူၿငိမ္းတယ္ဆိုတာ တကယ္လည္းစမ္းသပ္ေတြ႕ရွိပါတယ္။ ကိုရီးယား Research ေတြ၊ ထိုင္းႏိုင္ငံမွာလုပ္တဲ့ Research နဲ႔ ကြၽန္မတို႔ျမန္မာႏိုင္ငံမွာ ဓာတုေဗဒဌာနနဲ႔ Research စင္တာမွာ လုပ္ထားတဲ့ Research ေတြအရ သနပ္ခါးဟာေဆးဖက္ဝင္တယ္ဆိုတာ ေပၚေပါက္ပါတယ္” ဟု ၎က ေျပာသည္။ ပုဂံေခတ္ကပင္ သနပ္ခါးလိမ္းျခယ္ေနၿပီျဖစ္ေၾကာင္းကို မႏၲေလးတိုင္းေဒသႀကီး ပုဂံရွိ နဂါး ႐ုံ(ဂူ)ဘုရားႏွင့္ ျမင္းကပါ (ဂူေျပာက္ႀကီး) ရွိ နံရံေဆးေရးပန္းခ်ီမ်ား တြင္ ေဖာ္ျပထားေၾကာင္းႏွင့္ ပုဂံေခတ္ေႏွာင္းပိုင္း၏ ေက်ာက္ပ်ဥ္လက္ရာ အပိုင္းအစကိုေတြ႕ရွိထား သျဖင့္ ပုဂံေခတ္ထက္ ေနာက္မက်ေၾကာင္း ၎က ဆိုသည္။ သနပ္ခါးသည္ သဘာဝေပါက္ပင္ျဖစ္ေသာ္လည္း မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္တြင္ သနပ္ခါးပင္(၄)ေသာင္းခန႔္ကို စိုက္ပ်ိဳးထိန္းသိမ္း ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.