ဒေသတွင်း လက်နက်ကိုင်များ ပူးပေါင်းပါဝင်မှသာ ကျားဖျန့်ကို ထိန်းချုပ်နိုင်မည်ဟုဆို
1274
သန့်ဇင် (NP News) - ဇန်နဝါရီ ၂၇
တပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင် တို့ ပူးပေါင်းနှိမ်နင်းပါက ကျားဖျန့်ကို ထိန်းချုပ်နိုင် မည်ဖြစ်ကြောင်း အငြိမ်းစားရဲမှူးကြီး တစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။ လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီ - ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်း ကစားလိမ်လည်မှု အပါအဝင် ဒုစရိုက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ပြီးခဲသည့် ရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
KK Park ကဲ့သို့နေရာများသည် ယခင်ကတည်းက တရားမဝင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက် နေသော နေရာဖြစ်ကာ (၂၀၁၅) ခုနှစ်ခန့်ကပင် စတင်ဖြစ်နေခြင်းဖြစ်ပြီး သတိထားဆောင်ရွက်နေ ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက NP News သို့ဖြေကြားထားခဲ့ဖူးသည်။
“လုပ်ဆောင်တဲ့နေရာမှာတော့ တကယ့်မြေပြင်လုပ်ဆောင်တာမှာ ကန့်သတ်ချက်ရှိတယ်။ အဲဒီနေရာသည် တော်တော်လေးပေါ့နော် အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားအောက်ကလည်း လွတ်နေတဲ့ နေရာအမျိုးအစားမျိုးလည်း ဖြစ်တယ်။ ဒါ့ပြင် ပြောရမယ်ဆိုရင် အဲဒီနေရာမှာအစိုးရရဲ့ အုပ်ချုပ်မှု ယန္တရား အောက်က လွတ်နေတဲ့အပြင် ကျန်တဲ့ အုပ်ချုပ်မှုယန္တရားလည်း ခိုင်ခိုင်မာမာ ရှိလားဆိုတော့ ကျန်တဲ့ အုပ်ချုပ်မှု ယန္တရားအနေနဲ့လည်း ခိုင်ခိုင်မာမာ မရှိတဲ့နေရာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် အသွင်းပြောင်းလက်နက်ကိုင်အဖွဲ့များ၊ လက်နက်ကိုင် အဖွဲ့များ၊ KNU ကဲ့သို့ လက်နက်ကိုင်အဖွဲ့များ ရောယှက်နေသည့်နေရာ ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အဆိုပါ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများသည် လက်နက်ကိုင်အဖွဲ့များရှိသည့် ဒေသများတွင် ကြီးထွားတည်ရှိနေဆဲဖြစ်ပြီး ယင်းလုပ်ငန်းများကို ထိန်းချုပ်ရန် တပ်မတော်နှင့် လက် နက်ကိုင်အဖွဲ့များက ပူးပေါင်းနှိမ်နင်းရန်လိုကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။ “အခု Online လုပ်ငန်းတွေ အများဆုံးရှိတဲ့နေရာက လက်နက်ကိုင်အဖွဲ့တွေပေါ့နော်။ လက်ရှိ အာဏာထိန်းအစိုးရနဲ့ နားလည်မှုရပြီးတော့ ပြေလည်နေတဲ့အဖွဲ့တွေရှိသလို။ တိုက်ခိုက်နေတဲ့အဖွဲ့တွေလည်း ရှိနေတာပေါ့လေ။ အဲဒီဒေသတွေမှာရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်ရှိအစိုးရနဲ့က ရဲတွေကတော့ ဘာမှလုပ်လို့မရဘူးပေါ့လေနော်။ ရဲကတစ်ခုတော့ ရှိတယ်။ ဥပဒေနဲ့အညီလုပ်ဆောင်ဖို့ဆို ရင်တော့ ရဲတော့ပါရမယ်။ ဖမ်းဆီးတာကတော့ရဲလုပ်ရမှာ ပေါ့လေ။ အဲဒီနေရာကို ဆွေးနွေးဖို့ ဝင်ရောက် စီးနင်းဖို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက် ဖို့ကျတော့ ဒေသအာဏာပိုင်တွေနဲ့တပ်က လုပ်ရမယ်ပေါ့လေနော်။ အဲဒီအပိုင်းက အင်မတန်အရေးကြီးပါတယ်။ ရည်ညွှန်း ထားတဲ့နေရာ (သို့မဟုတ်) သတင်းရတဲ့နေရာမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တော့ လိုတယ်။ အဲဒီ အဖွဲ့တွေ မပါရင်တော့ ဘာမှ ဆက်လုပ်လို့ရမှာမဟုတ်ဘူးလေ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယင်းဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအဆက်အသွယ်များကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက်အအုံများနှင့် ရင်းနှီးမြှုပ်နှံမှု အများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်းကို နစကမှ ထုတ်ပြန်ထားခဲ့ဖူးသည်။ “အဲဒီဒေသမှာသုံးနေတဲ့ အင်တာနက်နဲ့ လျှပ်စစ်မီးက မြန်မာပြည်က မဟုတ်ဘူးဆိုတာလေ။ ဒီအွန်လိုင်းလုပ်ဖို့တဲ့ အဓိကက အင်တာနက်လိုင်း လိုတယ်။ လျှပ်စစ်မီးလိုတယ်။ အဲဒီအရင်းအမြစ် Source ကိုဖြတ်တောက်နိုင်ရမယ်။ အဲဒီ Source ဖြတ်တောက်လိုက်ရင် တော်ရုံနဲ့လုပ်လို့မရတော့ဘူး။ သက်ဆိုင်ရာနဲ့ လက်နက်ကိုင်တွေ ပူးပေါင်း ဆောင်ရွက်ဖို့ကလည်း အရေးကြီးတာပေါ့လေ။ နည်းပညာ ဆိုင်ရာတွေ ဖြတ်တောက်ရမယ်။ လျှပ်စစ်မီးတွေ ဖြတ်တောက်ရမယ်။ အင်တာနက်တွေ ဖြတ်တောက်ရမယ်။ Starlink ကလည်း ပိုက်ဆံရှိရင် ဝယ်တပ် လို့ရနေတာ ပဲလေ။ Elon musk ရဲ့ Starlink ကလည်း ကောင်းတဲ့ဘက်ကကြည့်ရင်ကောင်းသလို နဲ့ မကောင်းဘက်ကကြည့်ရင် မကောင်းဘူးဖြစ်နေတာလေ” ဟု အငြိမ်းစားရဲမှူးက ထပ်မံပြောသည်။
အဆိုပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေကြသူများသည် ယင်း လုပ်ငန်းများလောင်းကစားမှုများကို (၂၀၁၅) ခုနှစ်ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် စတင် လုပ်ကိုင်ခဲ့ကြပြီး (၂၀၁၉) ခုနှစ် နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိကာ စတင်လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာပြည်သည်မြေနေရာ အသုံးချခံဖြစ်ပြီး တရားမဝင်လုပ်ငန်းများကြောင့် နိုင်ငံတကာအလယ်တွင် နိုင်ငံတော်၏ပုံရိပ်ကို များစွာထိခိုက်နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ “မြန်မာပြည်မှာ လာလုပ်တာက နိုင်ငံတကာမှာရှိတဲ့လူတွေကလာလုပ်တာပေါ့နော်။ မြန်မာနိုင်ငံရဲ့ပုံရိပ်ကိုတော့ ထိခိုက်တယ်။ နောက်ပြီးတော့ ဒါတွေဦးစီးလုပ်ကိုင်သူတွေက မြန်မာတွေ မဟုတ်ဘူး။ မြန်မာက နေရာအသုံးချခံရတယ်။ နောက်တစ်ခါ မြန်မာနိုင်ငံက သာမန်အားဖြင့် ထမင်း ချက်နဲ့ ည စောင့်နဲ့ အထွေထွေလုပ်သားတွေအဖြစ်သွားရောက် လုပ်ကိုင်နေကြတာတော့ရှိတယ်။ အွန်လိုင်း လုပ်ငန်း ကတော့ နည်းပညာမြင့်မားတဲ့ လူငယ်တွေကို ခေါ်ပြီးလုပ်တာဖြစ်တယ်။ သူတို့ ကတော့ လစာပေးပြီးတော့ ခိုင်းတာပေါ့နော်။ ဒါပေမယ့် နိုင်ငံအပေါ်ကို အခြေခံတယ်။ ဒါက မတရား သဖြင့်လုပ်တဲ့လုပ်ငန်းမျိုးဖြစ်တယ်” ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် လျက်ရှိသည့် ပြည်ပ နိုင်ငံသားများကို စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ် နိမိတ်အတွင်းသို့ ကိုယ်ကျိုး စီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း သိရသည်။
ထိုသို့ တရားမဝင် ဝင်ရောက်နေထိုင်၍ Online လိမ်လည်မှုများ၊ Onlineလောင်းကစားမှုများကျူးလွန်နေကြသည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ခဲ့ရာ နယ်စပ်ဒေသများဖြစ်သည့် လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီမြို့များအပါ အဝင် အခြားနယ်စပ်ဒေသများမှ ဖော်ထုတ်ရရှိသည့် တရားမဝင် ဝင်ရောက်နေသူများကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြန်လည်လွှဲပြောင်းပေးခဲ့ရာ (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၅) ရက်မှ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်အထိ နိုင်ငံပေါင်း (၃၁)နိုင်မှ လူဦးရေ စုစုပေါင်း(၅၅၇၁၁)ဦးကို သက်ဆိုင်ရာ နိုင်ငံမျာသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
Zawgyi Version: ေ
ေဒသတြင္း လက္နက္ကိုင္မ်ား ပူးေပါင္းပါဝင္မွသာ က်ားဖ်န႔္ကို ထိန္းခ်ဳပ္ႏိုင္မည္ဟုဆို
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၇
တပ္မေတာ္ႏွင့္ ေဒသတြင္းလက္နက္ကိုင္ တို႔ ပူးေပါင္းႏွိမ္နင္းပါက က်ားဖ်န႔္ကို ထိန္းခ်ဳပ္ႏိုင္ မည္ျဖစ္ေၾကာင္း အၿငိမ္းစားရဲမႉးႀကီး တစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။ လက္ရွိတြင္ ကရင္ျပည္နယ္၊ ျမဝတီ - ေ႐ႊကုကၠိဳလ္ႏွင့္ KK Park နယ္ေျမအတြင္း တရားမဝင္ အြန္လိုင္းေလာင္း ကစားလိမ္လည္မႈ အပါအဝင္ ဒုစ႐ိုက္မႈမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕က ၿပီးခဲသည့္ ရက္ပိုင္းတြင္ ထုတ္ျပန္ထားသည္။
KK Park ကဲ့သို႔ေနရာမ်ားသည္ ယခင္ကတည္းက တရားမဝင္စီးပြားေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ ေနေသာ ေနရာျဖစ္ကာ (၂၀၁၅) ခုႏွစ္ခန႔္ကပင္ စတင္ျဖစ္ေနျခင္းျဖစ္ၿပီး သတိထားေဆာင္႐ြက္ေန ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ေျပာေရးဆိုခြင့္ရွိသူဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက NP News သို႔ေျဖၾကားထားခဲ့ဖူးသည္။
“လုပ္ေဆာင္တဲ့ေနရာမွာေတာ့ တကယ့္ေျမျပင္လုပ္ေဆာင္တာမွာ ကန႔္သတ္ခ်က္ရွိတယ္။ အဲဒီေနရာသည္ ေတာ္ေတာ္ေလးေပါ့ေနာ္ အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရားေအာက္ကလည္း လြတ္ေနတဲ့ ေနရာအမ်ိဳးအစားမ်ိဳးလည္း ျဖစ္တယ္။ ဒါ့ျပင္ ေျပာရမယ္ဆိုရင္ အဲဒီေနရာမွာအစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရား ေအာက္က လြတ္ေနတဲ့အျပင္ က်န္တဲ့ အုပ္ခ်ဳပ္မႈယႏၲရားလည္း ခိုင္ခိုင္မာမာ ရွိလားဆိုေတာ့ က်န္တဲ့ အုပ္ခ်ဳပ္မႈ ယႏၲရားအေနနဲ႔လည္း ခိုင္ခိုင္မာမာ မရွိတဲ့ေနရာျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
ထို႔ျပင္ အသြင္းေျပာင္းလက္နက္ကိုင္အဖြဲ႕မ်ား၊ လက္နက္ကိုင္ အဖြဲ႕မ်ား၊ KNU ကဲ့သို႔ လက္နက္ကိုင္အဖြဲ႕မ်ား ေရာယွက္ေနသည့္ေနရာ ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
အဆိုပါ တရားမဝင္ အြန္လိုင္းေလာင္းကစားလုပ္ငန္းမ်ားသည္ လက္နက္ကိုင္အဖြဲ႕မ်ားရွိသည့္ ေဒသမ်ားတြင္ ႀကီးထြားတည္ရွိေနဆဲျဖစ္ၿပီး ယင္းလုပ္ငန္းမ်ားကို ထိန္းခ်ဳပ္ရန္ တပ္မေတာ္ႏွင့္ လက္ နက္ကိုင္အဖြဲ႕မ်ားက ပူးေပါင္းႏွိမ္နင္းရန္လိုေၾကာင္း အၿငိမ္းစားရဲမႉးႀကီးတစ္ဦးက သုံးသပ္ေျပာၾကားသည္။ “အခု Online လုပ္ငန္းေတြ အမ်ားဆုံးရွိတဲ့ေနရာက လက္နက္ကိုင္အဖြဲ႕ေတြေပါ့ေနာ္။ လက္ရွိ အာဏာထိန္းအစိုးရနဲ႔ နားလည္မႈရၿပီးေတာ့ ေျပလည္ေနတဲ့အဖြဲ႕ေတြရွိသလို။ တိုက္ခိုက္ေနတဲ့အဖြဲ႕ေတြလည္း ရွိေနတာေပါ့ေလ။ အဲဒီေဒသေတြမွာရွိေနတဲ့ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ လက္ရွိအစိုးရနဲ႔က ရဲေတြကေတာ့ ဘာမွလုပ္လို႔မရဘူးေပါ့ေလေနာ္။ ရဲကတစ္ခုေတာ့ ရွိတယ္။ ဥပေဒနဲ႔အညီလုပ္ေဆာင္ဖို႔ဆို ရင္ေတာ့ ရဲေတာ့ပါရမယ္။ ဖမ္းဆီးတာကေတာ့ရဲလုပ္ရမွာ ေပါ့ေလ။ အဲဒီေနရာကို ေဆြးေႏြးဖို႔ ဝင္ေရာက္ စီးနင္းဖို႔ လက္နက္ကိုင္အဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ ဖို႔က်ေတာ့ ေဒသအာဏာပိုင္ေတြနဲ႔တပ္က လုပ္ရမယ္ေပါ့ေလေနာ္။ အဲဒီအပိုင္းက အင္မတန္အေရးႀကီးပါတယ္။ ရည္ၫႊန္း ထားတဲ့ေနရာ (သို႔မဟုတ္) သတင္းရတဲ့ေနရာမွာရွိတဲ့အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ေတာ့ လိုတယ္။ အဲဒီ အဖြဲ႕ေတြ မပါရင္ေတာ့ ဘာမွ ဆက္လုပ္လို႔ရမွာမဟုတ္ဘူးေလ” ဟု ၎က ေျပာသည္။
ထို႔ျပင္ ယင္းေဒသမ်ား၌ Online လိမ္လည္မႈ၏ အေျခခံလိုအပ္ခ်က္ျဖစ္သည့္ လွ်ပ္စစ္ဓာတ္အားႏွင့္ အင္တာနက္လိုင္းအဆက္အသြယ္မ်ားကို ျမန္မာႏိုင္ငံအတြင္းမွ ရရွိျခင္းမဟုတ္ဘဲ တစ္ဖက္ႏိုင္ငံမွတစ္ဆင့္ ရယူေနျခင္းျဖစ္ေၾကာင္းႏွင့္ အေျခခံအေဆာက္အအုံမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားစုသည္လည္း ျပည္ပအဖြဲ႕အစည္းမ်ားမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္ေၾကာင္းကို နစကမွ ထုတ္ျပန္ထားခဲ့ဖူးသည္။ “အဲဒီေဒသမွာသုံးေနတဲ့ အင္တာနက္နဲ႔ လွ်ပ္စစ္မီးက ျမန္မာျပည္က မဟုတ္ဘူးဆိုတာေလ။ ဒီအြန္လိုင္းလုပ္ဖို႔တဲ့ အဓိကက အင္တာနက္လိုင္း လိုတယ္။ လွ်ပ္စစ္မီးလိုတယ္။ အဲဒီအရင္းအျမစ္ Source ကိုျဖတ္ေတာက္ႏိုင္ရမယ္။ အဲဒီ Source ျဖတ္ေတာက္လိုက္ရင္ ေတာ္႐ုံနဲ႔လုပ္လို႔မရေတာ့ဘူး။ သက္ဆိုင္ရာနဲ႔ လက္နက္ကိုင္ေတြ ပူးေပါင္း ေဆာင္႐ြက္ဖို႔ကလည္း အေရးႀကီးတာေပါ့ေလ။ နည္းပညာ ဆိုင္ရာေတြ ျဖတ္ေတာက္ရမယ္။ လွ်ပ္စစ္မီးေတြ ျဖတ္ေတာက္ရမယ္။ အင္တာနက္ေတြ ျဖတ္ေတာက္ရမယ္။ Starlink ကလည္း ပိုက္ဆံရွိရင္ ဝယ္တပ္ လို႔ရေနတာ ပဲေလ။ Elon musk ရဲ႕ Starlink ကလည္း ေကာင္းတဲ့ဘက္ကၾကည့္ရင္ေကာင္းသလို နဲ႔ မေကာင္းဘက္ကၾကည့္ရင္ မေကာင္းဘူးျဖစ္ေနတာေလ” ဟု အၿငိမ္းစားရဲမႉးက ထပ္မံေျပာသည္။
အဆိုပါ Online လိမ္လည္မႈမ်ား၊ Online ေလာင္းကစားမႈမ်ား လုပ္ေဆာင္ေနၾကသူမ်ားသည္ ယင္း လုပ္ငန္းမ်ားေလာင္းကစားမႈမ်ားကို (၂၀၁၅) ခုႏွစ္ခန႔္မွစ၍ ဖိလစ္ပိုင္ႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံတို႔တြင္ စတင္ လုပ္ကိုင္ခဲ့ၾကၿပီး (၂၀၁၉) ခုႏွစ္ ေနာက္ပိုင္း၌ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိကာ စတင္လုပ္ကိုင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာျပည္သည္ေျမေနရာ အသုံးခ်ခံျဖစ္ၿပီး တရားမဝင္လုပ္ငန္းမ်ားေၾကာင့္ ႏိုင္ငံတကာအလယ္တြင္ ႏိုင္ငံေတာ္၏ပုံရိပ္ကို မ်ားစြာထိခိုက္ႏိုင္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ “ျမန္မာျပည္မွာ လာလုပ္တာက ႏိုင္ငံတကာမွာရွိတဲ့လူေတြကလာလုပ္တာေပါ့ေနာ္။ ျမန္မာႏိုင္ငံရဲ႕ပုံရိပ္ကိုေတာ့ ထိခိုက္တယ္။ ေနာက္ၿပီးေတာ့ ဒါေတြဦးစီးလုပ္ကိုင္သူေတြက ျမန္မာေတြ မဟုတ္ဘူး။ ျမန္မာက ေနရာအသုံးခ်ခံရတယ္။ ေနာက္တစ္ခါ ျမန္မာႏိုင္ငံက သာမန္အားျဖင့္ ထမင္း ခ်က္နဲ႔ ည ေစာင့္နဲ႔ အေထြေထြလုပ္သားေတြအျဖစ္သြားေရာက္ လုပ္ကိုင္ေနၾကတာေတာ့ရွိတယ္။ အြန္လိုင္း လုပ္ငန္း ကေတာ့ နည္းပညာျမင့္မားတဲ့ လူငယ္ေတြကို ေခၚၿပီးလုပ္တာျဖစ္တယ္။ သူတို႔ ကေတာ့ လစာေပးၿပီးေတာ့ ခိုင္းတာေပါ့ေနာ္။ ဒါေပမယ့္ ႏိုင္ငံအေပၚကို အေျခခံတယ္။ ဒါက မတရား သျဖင့္လုပ္တဲ့လုပ္ငန္းမ်ိဳးျဖစ္တယ္” ဟု ၎ကဆိုသည္။ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ လ်က္ရွိသည့္ ျပည္ပ ႏိုင္ငံသားမ်ားကို စိစစ္ေဖာ္ထုတ္မႈမ်ားေဆာင္႐ြက္ခဲ့ရာ အမ်ားစုသည္ ထိုင္းႏိုင္ငံ အပါအဝင္ အိမ္နီးခ်င္း ႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ျမန္မာႏိုင္ငံနယ္ နိမိတ္အတြင္းသို႔ ကိုယ္က်ိဳး စီးပြားအတြက္ အလုပ္လုပ္ကိုင္ရန္ တရားမဝင္ ဝင္ေရာက္လာၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္၍ Online လိမ္လည္မႈမ်ား၊ Onlineေလာင္းကစားမႈမ်ားက်ဴးလြန္ေနၾကသည့္ ျပည္ပႏိုင္ငံသားမ်ားကို စိစစ္ေဖာ္ထုတ္ခဲ့ရာ နယ္စပ္ေဒသမ်ားျဖစ္သည့္ ေလာက္ကိုင္၊ မူဆယ္၊ တာခ်ီလိတ္၊ ျမဝတီၿမိဳ႕မ်ားအပါ အဝင္ အျခားနယ္စပ္ေဒသမ်ားမွ ေဖာ္ထုတ္ရရွိသည့္ တရားမဝင္ ဝင္ေရာက္ေနသူမ်ားကို သက္ဆိုင္ရာ ႏိုင္ငံအလိုက္ ျပန္လည္လႊဲေျပာင္းေပးခဲ့ရာ (၂၀၂၃) ခုႏွစ္၊ ေအာက္တိုဘာလ (၅) ရက္မွ (၂၀၂၅) ခုႏွစ္၊ ဇန္နဝါရီလ (၁၃) ရက္အထိ ႏိုင္ငံေပါင္း (၃၁)ႏိုင္မွ လူဦးေရ စုစုေပါင္း(၅၅၇၁၁)ဦးကို သက္ဆိုင္ရာ ႏိုင္ငံမ်ာသို႔ ျပန္လည္လႊဲေျပာင္းေပးႏိုင္ခဲ့ေၾကာင္း သိရသည္။