နေ့စဉ် အိတ်(၄)သိန်း လိုအပ်ချက်နှင့် ပြတ်လပ်ခြင်းရောဂါစွဲကပ်လာပြီဖြစ်သော ‘ဘိလပ်မြေပြဿနာ’

 1415

အေဝိုင်အီး (NP News) - ဇန်နဝါရီ ၂၇

ဈေးကွက်အတွင်း၌ ဘိလပ်မြေပြတ်လပ် လုနီးပါးဖြစ်သွားသည်။ သေချာပေါက်ဖြစ်ရမည့် ကိစ္စဖြစ်ပြီး ထို့အတွက် လွန်ခဲ့သောနှစ်နှစ်နီးပါးက တည်းက မီးစိမ်းပြထားခဲ့ပြီးလည်း ဖြစ်၏။ ကြိုတင် တွက်ဆထား ကြသူများ အတွက်မူ ဘိလပ်မြေပြတ် လပ်လုနီးပါး အခြေအနေမှတစ်ဆင့် ဝင်ငွေရလမ်းကြောင်း ခပ်ကြမ်းကြမ်း ဖြောင့်သွား နိုင်သည်။ ကြိုတင်စုဆောင်းထားခြင်းမပြုလုပ်ဟု မဆိုနိုင်ပေ။ ‘‘ကုန်ကြမ်းမရဘူး။ မီးအရမ်းပျက်တယ်။ ဘိလပ်မြေ စက်ရုံအတွက် Spare Part တွေ ဝယ်ရခက်နေတယ်။ စက်ရုံတွေတော်တော်များများ ရပ်ကုန်ပြီ။ လမ်းတွေက မလုံခြုံ ဘူး။ ဈေးကွက်ထဲမှာ ဈေးတက်လာတာထက် လိုသလောက်ဝယ်မရတော့တာက အဓိက ပြဿနာဖြစ်နေတယ်” ဟု ဘိလပ်မြေလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်တစ်ဦးက ဖွင့်ဟသည်။
(၂၀၂၄) ခုနှစ် ပထမခြောက်လအတွင်း၌ ဘိလပ်မြေတစ်အိတ်၏အမြင့်ဆုံးဈေးသည် ကျပ်(၁၅၀ဝဝ)ခန့်သာ ရှိသော်လည်း နောက်ထပ်(၆)လကြာချိန် (၂၀၂၅) ခုနှစ် ဇန်နဝါရီ၌ ကျပ် (၃၀ဝဝဝ)ကျော် ဖြစ်လာသည်။ သို့သော် ဝယ်၍မရခြင်းက အဓိကပြဿနာဖြစ်၏။ လုံလုံလောက်လောက် ဝယ်၍မရခြင်းသည် ဈေးကွက်မတည်ငြိမ်မှုနှင့် အဆမတန်မြင့်တက်မှုများကိုသာဖြစ်စေပြီး ရွှေဈေးကွက်၊ ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်ခြင်းမျိုးထက်ပို၍ အတွင်းကြိတ်ပြဿနာများ ရှိလာနိုင်သည်။ ကမ္ဘာ့ဘိလပ်မြေဈေးကွက် လေ့လာရေးဝက်ဘ်ဆိုက်များ၏ ခန့်မှန်းတွက် ချက်မှုများ၌ မြန်မာနိုင်ငံတွင် (၂၀၂၃) ခုနှစ်ထက် (၂၀၂၄) ခုနှစ်က (၃ ဒသမ ၂) ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟု ဆိုသည်။ ဈေးကွက် လည်ပတ်ငွေအဖြစ် ဒေါ်လာ (၁ ဒသမ ၆၅) ဘီလျံအထိ ရှိနိုင်သည်ဟု ဖော်ပြထားသည်။ (၂၀၂၃) ခုနှစ် တွင် ဒေါ်လာ (၁ ဒသမ ၆) ဘီလျံသာရှိသော်လည်း (၂၀၂၈) ခုနှစ်တွင် ဒေါ်လာ (၁ ဒသမ ၈၃)ဘီလျံ ကျော်အထိ တိုးတက်လာဦးမည်ဟု တွက်ဆထားသည်။ သို့သော်လည်း မြန်မာဈေးကွက်ကို လေ့လာတွက်ချက်သူများ စတင်မှား ယွင်းလာပြီဖြစ်၏။
မြန်မာနိုင်ငံ၏ နှစ်စဉ်ဘိလပ်မြေလိုအပ် ချက်သည် တန်(၁၀)သန်းကျော်ရှိထားပြီး ပြည်တွင်း ထုတ်လုပ်မှုသည် တန်(၈)သန်းအောက်တွင်သာ ရှိသည်ဟုဆိုနိုင်သည်။ သက်ဆိုင်ရာစက်မှုဝန်ကြီးဌာန၏ (၂၀၂၄) ခုနှစ် ပထမခြောက်လ အတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘိလပ်မြေ စက်ရုံ(၁၆)ရုံ ရှိထားပြီး အားလုံးအပြည့်အဝလည် ပတ်နိုင်ပါက တန်(၁၆)သန်းအထိ ရှိနေမည်ဟု သိရသည်။ သို့သော် မြေပြင်၌ ထိုကိန်းဂဏန်းက အပြည့် အဝ မှန်ကန်ပုံမရဘဲ စာရင်းအဖြစ်သာ ပြသကောင်းရုံ ထုတ်ပြန်ခြင်းမျိုး ဖြစ်နိုင်၏။ ဘိလပ်မြေလောက အတွင်း၌ စုံစမ်း လေ့လာမှုအရ အမှန်တကယ်လိုအပ်ချက်သည် နှစ်စဉ် တန်(၁၀)သန်းကျော်ဖြစ်ပြီး အမှန်တကယ်ထွက်ရှိနေမှုသည် တန်(၄)သန်းခန့်သာ ရှိ နေသည်ဟုဆိုသည်။ စက်မှုဝန်ကြီးဌာန လက် အောက်ရှိ ကြံခင်း၊ သရက်၊ ကျောက်ဆည် အစရှိ သည့်ဘိလပ်မြေစက်ရုံများ၏ အမှန်တကယ်လည် ပတ်နေမှုကို ရှောင်တခင်စစ်ဆေးဖော်ထုတ်ကြည့်ပါက စာရင်းဇယား နှင့် ကွာဟမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်အကြီးအကဲများကို စာရင်းနှင့် လုပ်ကွက်အချို့ လိမ်လည်တင်ပြခြင်း မပြုလုပ်ဟု မဆိုနိုင်ခြင်းပင်။ ပို၍ဆိုးသည်မှာ လက်ရှိ ခေတ်ကာလအခြေအနေများအရ ပုဂ္ဂလိက ဘိလပ် မြေစက်ရုံအများစု ရပ်ဆိုင်းသွားကြခြင်းဖြစ်သည်။
လွန်ခဲ့သောတစ်နှစ်ကျော် တိတိပပအား ဖြင့် (၂၀၂၃) ခုနှစ် ဒုတိယခြောက်လမှစ၍ ဘိလပ်မြေ ပြတ်လပ်စေမည့် ရောဂါပိုးစတင်ဝင်လာခဲ့ပြီးနောက် (၂၀၂၄) နှစ်ကုန်ပိုင်းမှစ၍ ရောဂါလက္ခဏာက ပြင်းထန်လာခဲ့ပြီး လက်ရှိကာလ၌ ကုသရန်ခက်ခဲလာသည် အထိ ဖြစ်ပေါ်နေပြီဖြစ်သည်။ “သိရသလောက် တစ်ရက်ကို ဘိလပ်မြေအိတ် (၄)သိန်းကျော် လိုအပ်နေတာ။ ဥပမာ မတ္တရာစက်ရုံတို့၊ နောင်ချို Crown စက်ရုံတို့ဆိုရင် တစ်ရက်ကို တန်ချိန်(၈၀ဝဝ)၊ အိတ် ရေနဲ့ဆိုရင် (၁၆၀ဝဝဝ)ကျော် လျော့သွားတဲ့သဘောပေါ့။ မော်လမြိုင်က စက်ရုံတို့ တခြားနေရာက စက်ရုံ တွေပါပေါင်းရင် လိုအပ်ချက်က တော်တော်များတယ်” ဟု ဘိလပ်မြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် နာမည်ကျော် ဘိလပ်မြေစက်ရုံများအဖြစ် ထိုင်း SCG, Alpha Cement, Max Cement, KBZ, Apachi, Blue Diamond, Crown, ကိုရီးယား YoJin ၊ AAA ကြံ့နှစ်ကောင်၊ ကြံ့နီ၊ ဆင်မင်း အစရှိသော နာမည်တံဆိပ်မျိုးစုံရှိသည်။ ထိုအထဲတွင် ထိုင်း SCG က မြန်မာမှ Capital Diamond Star အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်ရာမှ နှစ်ဖက်လမ်းခွဲခဲ့ရမှုဖြစ်ခဲ့သည်။ မွန်ပြည်နယ် ကျိုက် မရောမြို့နယ် ချောင်းနှစ်ခွရွာအနီးတွင် တည်ရှိသော အဆိုပါစက်ရုံလုပ်ငန်းအတွက် ဒေါက်တာကိုကိုကြီး ဦးဆောင်သော Capital တို့အကြား အကျိုးအမြတ် ရှယ်ယာခွဲဝေမှု၌ ပြဿနာဖြစ်ခဲ့ကြသည်။ မြန်မာဘက်ခြမ်း ကုမ္ပဏီက ထုံးကျောက်တောင်များကို ပိုင်ဆိုင် ထားခြင်းကြောင့် ထုံးကျောက်ကိုအဓိကထား၍ ထုတ် လုပ်ရသော ဘိလပ်မြေလုပ်ငန်းအတွက် ထိုင်း SCG တို့ စိတ်ပျက်ခဲ့ရသည်။
ပို၍ဆိုးသည်မှာ (၂၀၂၄) ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ချောင်းနှစ်ခွရွာတိုက်ပွဲအတွင်း၌ လက်နက်ကိုင်ပုန်ကန်သူ အယ်စေးဝါး ဦးဆောင်သော သူပုန်အဖွဲ့၏ ဝင်ရောက်ဖျက်ဆီးမွှေနှောက်ခြင်းကို ထိုင်းဘုရင့်လုပ်ငန်းစုတို့ ရင်ဆိုင်လိုက် ရသည်။ အယ် စေးဝါး ဦးဆောင်သောအဖွဲ့က SCG စက်ရုံဝင်းအတွင်းသို့ လက်နက်များကိုင်ဆောင်ဝင်ရောက်၍ စက် ရုံသုံးပစ္စည်းမျိုးစုံနှင့် ကားများကို ယူဆောင်သွားခဲ့ကြပြီး လက်ရှိအချိန်အထိ ထိုင်းဘက်သို့ တရားဝင် ရှင်းလင်းချက် ပေးနိုင်ခြင်းမရှိတော့ပေ။ ထိုင်းဘက် ကလည်း စိတ်ပျက်လက်ပျက်ဖြင့် အဆိုပါစီမံကိန်းကို ရပ်ဆိုင်းထားသည်။ ထိုစက်ရုံမှ နေ့စဉ် ဘိလပ်မြေ တန်(၅၀ဝဝ)ထက်မနည်း ထွက်ရှိမည်ဖြစ်၏။
တရုတ်နှင့်ဖက်စပ်လုပ်ကိုင်နေသော Alpha ဘိလပ်မြေစက်ရုံသည်လည်း မတ္တရာနှင့် သပိတ်ကျင်းဒေသ လက်နက်ကိုင်တိုက်ပွဲများကြောင့် လုံးဝရပ်ဆိုင်းထားလိုက်ရပြီဖြစ်သည်။ မန္တလေး အခြေစိုက် လက်နက်ကိုင် PDF ခေါင်းဆောင်အချို့က မတ္တရာမြို့နယ်အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံအတွင်း၌ ဝင်ရောက်တပ်စွဲနေထိုင်ကာ တပ်မ တော်စစ်ကြောင်းများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည်။ ထိုစက်ရုံသည်လည်း တန်ချိန်(၅၀ဝဝ)ထက် နည်း မည်မထင်။ နောင်ချိုမြို့နယ်ရှိ Crown သည်လည်း ရပ်တန့်ထားရသကဲ့သို့ ရွှေတောင်လုပ်ငန်းစု ဦးအိုက်ထွန်း၏ အပါချီဘိလပ်မြေ စက်ရုံ(ပြင်ညောင်)သည်လည်း လှုပ်လီလှုပ်လှဲဖြစ်နေပုံရသည်။ ဘိလပ်မြေ ထုတ်လုပ်မှုဈေးကွက်အတွင်း၌ (၅)ရုံထက် မပိုသော စက်ရုံများသာလည်ပတ်နိုင်သဖြင့် လိုအပ်ချက်က မြင့်မားလာခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် (၁၀၂၇) ကျူးကျော်စစ်၏ ဂယက်က ဘိလပ်မြေစက်ရုံ များကိုပါ ရိုက်ခတ်လာခဲ့ပြီး အဓိကအချက်(၄)ချက်ကြောင့် စက်ရုံအများစု ပိတ်သိမ်းလိုက်ရခြင်းများ ဖြစ်လာသည်။ ‘စက်တွေက တစ်နှစ် တစ်ခါ လောက် လဲပေးရတာရှိတယ်။ Maintenance လုပ်ရတာ။ မီးခံအုပ်ဆိုရင် တစ်နှစ် တစ်ခါ လဲပေးရတယ်။ အဲဒီလို Spare Part တွေက တင်သွင်းခွင့်မရဘူး။ လျှပ်စစ်မီးကလည်း မမှန်ဘူး။ မီးမမှန်လို့ လောင်စာဆီသိုလှောင်ခွင့်ကလည်း မရဘူး။ ဂေါ်ဒန်ကျောက်နဲ့ ကျောက်မီးသွေးကုန်ကြမ်း ပစ္စည်းကလည်း သယ်ယူပို့ဆောင်ရေးအတွက် လမ်းမလုံခြုံမှုတွေ ဖြစ်နေ တယ်။ ယမ်းသုံးစွဲမှုမှာ လည်း လုံလုံလောက်လောက် သုံးလို့မရဘူး” ဟု ဘိလပ်မြေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဘိလပ်မြေထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေးလောကမှ လုပ်ငန်းရှင်(၅)ဦးထက်မနည်းထံ ဆက်သွယ်မေးမြန်း ထားချက်အရ ဈေးကွက်အတွင်း၌ ကမောက်ကမဖြစ်စဉ်များ စတင်ဖြစ်ပေါ်လာနေပြီး ဘိလပ်မြေကြိုတင်စုဆောင်းထား နိုင်သူများအတွက် ဝင်ငွေရလမ်းကြီးဖြစ်နေပြီဟုဆိုသည်။ ဘိလပ်မြေ လုပ်ငန်း၏ လည်ပတ်ပုံသည် ဤသို့ဖြစ်၏။ ဘိလပ် မြေစက်ရုံတည်ဆောက်မည့်လုပ်ငန်းရှင်က ထုံးကျောက်အများဆုံးထွက်ရှိသောဒေသကို သေချာ ပေါက်ရွေးချယ်ရသည်။ ထိုနေရာသည် လမ်းပန်းဆက်သွယ်ရေးအတွက်လည်း ခက်ခဲသောဒေသ ဖြစ်၍မရပေ။ ထုံးကျောက်တောင်များသည် မြန်မာနိုင်ငံ၏ တိုင်းနယ်ပြည်နယ်အသီးသီးတွင် ပေါပေါ များများရှိထားသော်လည်း ကျောက်မီးသွေးသည်ကား နေရာတိုင်းတွင်မရှိ။ စက်ရုံတည်ပြီးသည်နှင့် ထုံး ကျောက်၊ သံကျောက်၊ သဲကျောက်နှင့် ရွှံ့ဈေးတို့ကို ကျောက်မီးသွေးဖြင့် မီးရှို့ရသည်။ ထိုမှသာ Pro-One ဟု ခေါ်သော ဘိလပ်မြေဖြစ်လုနီးပါး အခဲတုံးများ ရရှိလာသည်။ ထို့နောက် ဂေါ်ဒန် ကျောက်ဖြင့်ရော ကျိတ်၍ဘိလပ်မြေအဖြစ် အသွင်ပြောင်းရခြင်းမျိုးဖြစ်သည်။
ဘိလပ်မြေဖြစ်လာပါကလည်း အိတ်သွတ် သွင်းခြင်းလုပ်ငန်းအတွက် တံဆိပ်ရိုက်နှိပ်ပြီးသား ဘိလပ်မြေ အိတ်များကို မြန်မာထုတ်ထက် ပြည်ပမှ တင်သွင်းလာသော အိတ်များဖြင့်သာ သွပ်သွင်းရခြင်းများ လုပ်လေ့ရှိသည်။ “မြန်မာအိတ်တွေက ကွာလတီညံ့တယ်။ ဈေးက တစ်အိတ်ကို (၁၂၅၀) ကျပ် လောက်တော့ရှိတယ်။ ပြည်ပကနေမှာ တာက (၁၆၀ဝ) ကျပ်လောက်ရှိတယ်။ များသောအားဖြင့် ပြည်ပကနေမှာတယ်။ အိတ်အခွံလည်း ပြတ်လပ်မှု စဖြစ်နေပြီ” ဟု ဘိလပ်မြေလောကသားတစ်ဦးက ပြောသည်။
စိတ်ဝင်စားဖွယ်ကောင်းသောအခြားဖြစ် ရပ်တစ်ခုမှာ ကျောက်မီးသွေးပင်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ ဘက်မှ ကျောက်မီးသွေးမိုင်းတွင်း၌ တွင်းဝဈေးသည် တစ်တန်လျှင် ကျပ် (၇၀ဝဝဝ)ခန့်သာ ရှိသော်လည်း ဘိလပ်မြေ စက်ရုံသို့ ရောက်သည့်အချိန်၌ တစ်တန်လျှင် ကျပ်(၄)သိန်း ကျော်သွားသည်။ အဓိကအားဖြင့် သယ်ယူပို့ဆောင် ရေးစရိတ်က တွင်းဝဈေးထက်ပို၍ ကောင်းနေခြင်း ဖြစ်၏။ တွင်းဝမှ ကားပေါ်သို့ တင်ခြင်း၊ ကားပေါ်မှ ဆိပ်ကမ်းသို့ ပို့ခြင်း၊ ဆိပ်ကမ်းမှ စက်ရုံကားများပေါ်သို့ ထပ်မံပို့ခြင်း အပါအဝင် လမ်းခရီးတစ်လျှောက် PDF များကို ငွေကြေးဆက် သရခြင်းများနှင့် လောင်စာဆီ ဈေးနှုန်းကိစ္စများက (၇၀ဝဝဝ)မှသည် (၄)သိန်းကျော် သည်အထိ ဖြစ်သွားခဲ့ခြင်းပင်။ ကလေးဝမှ မြစ် ကြောင်းအတိုင်း မန္တလေးသို့ သင်္ဘောဖြင့် သယ် ဆောင်စရိတ်သည်ပင် တစ်တန်လျှင် ကျပ် (၁၂၀ဝဝဝ) ပေးချေရ၏။ ဘိလပ်မြေတစ်တန် ထုတ်လုပ်ရန်အတွက် ကျောက်မီးသွေးကို (၂၀-၂၅)ရာခိုင် နှုန်း သုံးစွဲပေးရသည့် အတွက် ကျောက်မီးသွေးသယ် ဆောင်ရေးလုပ်ငန်းစဉ်မှာ အထူးအရေးပါနေသည်။
ထုံးကျောက်အတွက်လည်း အမိုနီယမ်နိုက် ထရိတ် သို့မဟုတ် တပ်မတော်ထုတ် ယမ်းများဖြင့် ဖောက်ခွဲ ပေးရပြန်သည်။ ထို့အတွက် ယမ်းသုံးစွဲမှု သို့မဟုတ် အမိုနီယမ်နိုက်ထရိတ်သုံးစွဲမှုသည် သတိ ကြီးကြီးထားစရာ ဖြစ်လာ ၏။ ခေတ်ကာလ အခြေအနေအရ ပေါက်ကွဲစေနိုင်သောပစ္စည်းများ သုံးစွဲမှုသည် အကန့်အသတ်တွင် ရှိနေသည်။ သို့သော် စိတ်ဝင် စားစရာအဖြစ် ဖားကန့်က စောင့်ကြိုနေသည်။ ဖားကန့်ဒေသသို့ ယမ်းများသယ်ဆောင်မည့်အစား အမို နီယမ်နိုက်ထရိတ်များ သယ်ဆောင်သွားခြင်းက မြေဩဇာခေါင်းစဉ်အောက်မှ အရာဝင်နေပြန်၏။ စုံစမ်းရမိသမျှတွင် အမိုနီယမ်နိုက်ထရိတ် တစ်တန်လျှင် မူရင်းဈေးအဖြစ် ကျပ်သိန်း(၃၀)ခန့်သာ ရှိသော်လည်း ဖားကန့်ဈေးသည် သိန်း (၆၀ဝ)ကျော်ရ၏။ ယမ်းဆိုလျှင်ကား အထူးစစ်ဆေးခံရမည့် ခေါင်းစဉ် အောက်တွင်ရှိသော်လည်း မြေဩဇာခေါင်းစဉ် အောက်တွင်ရှိသည့် အမိုနီယမ်နိုက်ထရိတ်သည် ကား အခွန်အခအတွက်လည်း သက်သာနေပြန် သည်။
ဘိလပ်မြေကိစ္စသို့ ပြန်လှည့်မည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခများကြောင့် ရပ်ဆိုင်းလိုက်ရ သောစက်ရုံ များပြားလာသည်နှင့် ဆောက်လုပ် ရေးလောကအတွက် ဘိလပ်မြေလိုအပ်ချက်သည်လည်း အတွင်းကြိတ် ပြဿနာ ဖြစ်လာနိုင်သည်။ “အစိုးရဆောက်လုပ်ရေးတင်ဒါသမားတွေ ပိုထိမယ်။ သူတို့က သတင်းကြိုရလို့ ဒါမှမဟုတ် ခေတ်ကာလ အခြေအနေနဲ့ တွက်ချက်ထားလို့ ကြိုဝယ်ထားရင်တော့ ပြဿနာမရှိဘူး။ မဟုတ်ရင်တော့ အတင်းလု ဝယ်ကြရလိမ့်မယ်။ မနှစ်က ကတည်းက ဒီပြဿနာက စလာနေတာ။ ဒီနှစ်မထုတ်နိုင်ရင်တော့ ပိုဆိုးဖို့ပဲ ရှိတယ်။ ပြည်ပကနေတင်သွင်းခွင့်ကလည်း နိုင်ငံ ခြားငွေပြဿနာနဲ့ ကန့်သတ်ထားတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဘိလပ်မြေစက်ရုံပိုင်ရှင်များနှင့် ဘိလပ် မြေရောင်းဝယ်ရေးသမားများကြားတွင် ကြီးမားသော ချိတ်ဆက်မှုက ရှိထားသည်။ စက်ရုံပိုင်ရှင်များက စက်ရုံများကို တစ်ရက်တစ်နာရီပင်လျှင် ရပ်တန့် ထား၍မရသော နည်းပညာဆိုင်ရာ ပြဿနာရှိနေ၏။ အကယ်၍ စက်ကို ခေတ္တရပ်ဆိုင်းပါက ဘိလပ်မြေ များက လည်နေသောစက်အတွင်း ခဲသွားမည့်အပြင် အတွင်းပိုင်းစက်ပစ္စည်းများ ပျက်စီးသွားနိုင်သည့်အနေအထားတွင်ရှိသည်။ ထို့အတွက်ကြောင့် နေ့စဉ် နာရီပေါင်းများစွာ ဆက်တိုက်လည်ပတ်နေရပြီး ထွက်ရှိလာသော ဘိလပ်မြေအိတ်များကို Pro-One၊ ဇင်ထက်၊ အောင်မေတ္တာ အစရှိသော ဖြန့်ချိရေးကိုယ်စားလှယ်များထံ ဈေးနှုန်းတစ်ခုသတ်မှတ်၍ ရောင်းချထားပေးရသည်။ အဆိုပါဖြန့်ချိရေး ကိုယ်စား လှယ်ကြီးများ ကလည်း ဘိလပ်မြေ လိုအပ်ချက်ဈေးကွက်တစ်ခု လုံးကို ဝေစုအသီးသီးရယူထားပြီးလည်း ဖြစ်၏။ ဘိလပ်မြေ ပြတ်လပ်မှုရှိမရှိကိုလည်း ကြိုတင်တွက် ချက်ထားနိုင်ပြီဖြစ်သည်။ ၎င်းတို့၏ သိုလှောင်ရုံများကလည်း ထိုအတွက် အသင့်ရှိနေပြန်သည်။ ‘‘တကယ်တမ်းကျတော့ စက်ရုံက ဈေးသတ်မှတ်ပြီးတော့ ရောင်းထားပြီးသားဗျ။ စက်ရုံက အမြတ်ကြီး တင်လို့မရဘူး။ အခုလို ဈေးကွက်လိုအပ်ချက်မြင့် မားလာရင် ဈေးတင်ခွင့်ရှိတာက Wholesale သမားတွေပဲလေ။ သူတို့ဆီမှာ In-Stock ရှိသေးလားက သူတို့ပဲသိမယ်’’ ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံ၏ နေ့စဉ်ဘိလပ် မြေလိုအပ်ချက်သည် အိတ်ရေ(၅)သိန်းအထက်တွင်သာ ရှိ၏။ ဖွံ့ဖြိုးဆဲတိုင်းပြည် တစ်ခုလည်း ဖြစ်သည့်အပြင် မဖြစ်မနေတည်ဆောက်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းခွင် များအတွက် ဘိလပ်မြေက မရှိမဖြစ် အဓိကပစ္စည်းဖြစ်သည်။ စားသောက်ကုန်မဟုတ်သော်လည်း စားသောက်ကုန်ကဲ့သို့ အရေးပါလှသည့် ထုတ်ကုန်တစ်မျိုးပင်။ Pro-One ၊ ဇင်ထက်၊ အောင်မေတ္တာ အစရှိသော ဖြန့်ချိရေးကွန်ရက်ကြီးများတွင် သိုလှောင် ထားသော ဘိလပ်မြေအိတ်ပေါင်း မည်မျှရှိသည်ကို နိုင်ငံတော်တာဝန်ရှိသူများကသာ သိခွင့် သို့မဟုတ် မေးမြန်းစုံစမ်းခွင့် ရှိမည်ထင်သည်။
ပြည်ပမှတင်သွင်းမှုကိုလည်း အကန့်အသတ်ဖြင့်ပြုလုပ်ထားသည့်အတွက် နှစ်စဉ်တန်ချိန်(၁၀)သန်း လိုအပ်ချက်ကို အတားအဆီးလည်း ဖြစ်စေနိုင်သည်။ နိုင်ငံခြားငွေဖြင့်တွက်ချက်မည်ဆိုပါက ဒေါ်လာ တစ်ဘီလျံခွဲကျော် နှစ်စဉ်သုံးစွဲရမည့် ဘိလပ်မြေလုပ်ငန်းအတွင်း၌ ပြတ်လပ်ခြင်းရောဂါပိုး ကူးစက်ခံနေရပြီ ဖြစ်၏။ ဘိလပ်မြေစက်ရုံ (၁၆)ရုံထဲမှ (၁၀)ရုံကျော်က ရပ်ဆိုင်းသွားခဲ့ရပြီး ထိုကွက်လပ်ကို မည်သည့်နည်းဖြင့် အစားပြန်ထိုးမည်ဆိုသည်မှာ တည်ဆဲအာဏာပိုင်အဖွဲ့များအတွက် စိတ်ဝင်စားစရာပင်။ နိုင်ငံတွင်း၌ ပုံမှန်အခြေအနေပင်လျှင် တန်ချိန်(၁၀)သန်းခန့် လိုအပ်ခဲ့ပြီး တိုက်ပွဲများကြောင့် ပျက်စီးသွားခဲ့သောအဆောက် အအုံမျိုးစုံ ပြန်လည်တည်ဆောက်ရေးအတွက် ထည့်သွင်းတွက်ချက်မည်ဆိုလျှင် တန်ချိန်(၁၂)သန်းထက် မနည်း နှစ်စဉ်လိုအပ်လာနိုင်ခြေရှိသည်။ ဖြန့်ချိရေးကွန်ရက် ကြီးများက သိုလှောင်ထားနိုင်သည်ဆိုလျှင်ပင် တစ်နှစ်စာတန်ချိန်(၁၀)သန်းထက်ပို၍ ၎င်းတို့ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။ ‘‘ ဦးပိုင်နဲ့ MEC ရှိတယ်လေ” ဟု လုပ်ငန်းရှင်တစ်ဦးက တစ်စုံတစ်ရာကိုရည်ညွှန်း၍ ပြောသည်။ ဆိုလိုရင်းမှာ ပြည်ပမှတင်သွင်း လာရန်ဖြစ်ပြီး ဈေးနှုန်းအရ ပြည်တွင်းထုတ်လုပ်မှုထက် သက်သာနိုင်ခြေသာရှိသည်ဆို၏။ ပြည်တွင်း ၌ ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၀ဝဝဝ)ကျော်ဖြစ်လာချိန်တွင် ပြည်ပမှတင်သွင်းလာပါက ကျပ် (၃၀ဝဝဝ)အောက် တွင်သာ ရှိနိုင်သည်။ ပြည်တွင်းထုတ်ကပို၍ ဈေးမြင့်တက်နေရခြင်းသည် ပို၍အရည်အသွေးကောင်း သောကြောင့် မဟုတ်ဘဲ လျှပ်စစ်မီးပြဿနာ၊ လောင်စာဆီ၊ ကျောက်မီးသွေးနှင့် ဂေါ်ဒန် ကျောက်သယ်ဆောင်မှု လမ်းပန်းဆက် သွယ်ရေး အခက်အခဲ၊ စက်ရုံသုံးပစ္စည်းများ တင်သွင်းခွင့် အကန့်အသတ်ဖြစ်ခြင်း၊ ဘိလပ်မြေ စက်ရုံ ရှိရာနယ်မြေများ၌ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းတို့သည် ခိုင်လုံသောအကြောင်းပြချက်များ ဖြစ်လာသည်။ လတ်တ လောတွင် ဈေးကွက်အတွင်း၌ ဘိလပ်မြေပြဿနာ စတင်ပြီဖြစ်သည်။ လာမည့်နှစ် အတွက်ကိုမူ မည်သို့ဖြေရှင်း ကြမည်နည်း။

Zawgyi Version:
ေန႔စဥ္ အိတ္(၄)သိန္း လိုအပ္ခ်က္ႏွင့္ ျပတ္လပ္ျခင္းေရာဂါစြဲကပ္လာၿပီျဖစ္ေသာ
‘ဘိလပ္ေျမျပႆနာ’
ေအဝိုင္အီး (NP News) - ဇန္နဝါရီ ၂၇

ေဈးကြက္အတြင္း၌ ဘိလပ္ေျမျပတ္လပ္ လုနီးပါးျဖစ္သြားသည္။ ေသခ်ာေပါက္ျဖစ္ရမည့္ ကိစၥျဖစ္ၿပီး ထို႔အတြက္ လြန္ခဲ့ေသာႏွစ္ႏွစ္နီးပါးက တည္းက မီးစိမ္းျပထားခဲ့ၿပီးလည္း ျဖစ္၏။ ႀကိဳတင္ တြက္ဆထား ၾကသူမ်ား အတြက္မူ ဘိလပ္ေျမျပတ္ လပ္လုနီးပါး အေျခအေနမွတစ္ဆင့္ ဝင္ေငြရလမ္းေၾကာင္း ခပ္ၾကမ္းၾကမ္း ေျဖာင့္သြား ႏိုင္သည္။ ႀကိဳတင္စုေဆာင္းထားျခင္းမျပဳလုပ္ဟု မဆိုႏိုင္ေပ။ ‘‘ကုန္ၾကမ္းမရဘူး။ မီးအရမ္းပ်က္တယ္။ ဘိလပ္ေျမ စက္႐ုံအတြက္ Spare Part ေတြ ဝယ္ရခက္ေနတယ္။ စက္႐ုံေတြေတာ္ေတာ္မ်ားမ်ား ရပ္ကုန္ၿပီ။ လမ္းေတြက မလုံၿခဳံ ဘူး။ ေဈးကြက္ထဲမွာ ေဈးတက္လာတာထက္ လိုသေလာက္ဝယ္မရေတာ့တာက အဓိက ျပႆနာျဖစ္ေနတယ္” ဟု ဘိလပ္ေျမလုပ္ငန္းလုပ္ကိုင္သူ လုပ္ငန္းရွင္တစ္ဦးက ဖြင့္ဟသည္။
(၂၀၂၄) ခုႏွစ္ ပထမေျခာက္လအတြင္း၌ ဘိလပ္ေျမတစ္အိတ္၏အျမင့္ဆုံးေဈးသည္ က်ပ္(၁၅၀ဝဝ)ခန႔္သာ ရွိေသာ္လည္း ေနာက္ထပ္(၆)လၾကာခ်ိန္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီ၌ က်ပ္ (၃၀ဝဝဝ)ေက်ာ္ ျဖစ္လာသည္။ သို႔ေသာ္ ဝယ္၍မရျခင္းက အဓိကျပႆနာျဖစ္၏။ လုံလုံေလာက္ေလာက္ ဝယ္၍မရျခင္းသည္ ေဈးကြက္မတည္ၿငိမ္မႈႏွင့္ အဆမတန္ျမင့္တက္မႈမ်ားကိုသာျဖစ္ေစၿပီး ေ႐ႊေဈးကြက္၊ ေဒၚလာေဈးကြက္ ကေမာက္ကမျဖစ္ျခင္းမ်ိဳးထက္ပို၍ အတြင္းႀကိတ္ျပႆနာမ်ား ရွိလာႏိုင္သည္။ ကမာၻ႔ဘိလပ္ေျမေဈးကြက္ ေလ့လာေရးဝက္ဘ္ဆိုက္မ်ား၏ ခန႔္မွန္းတြက္ ခ်က္မႈမ်ား၌ ျမန္မာႏိုင္ငံတြင္ (၂၀၂၃) ခုႏွစ္ထက္ (၂၀၂၄) ခုႏွစ္က (၃ ဒသမ ၂) ရာခိုင္ႏႈန္း တိုးတက္လာႏိုင္သည္ဟု ဆိုသည္။ ေဈးကြက္ လည္ပတ္ေငြအျဖစ္ ေဒၚလာ (၁ ဒသမ ၆၅) ဘီလ်ံအထိ ရွိႏိုင္သည္ဟု ေဖာ္ျပထားသည္။ (၂၀၂၃) ခုႏွစ္ တြင္ ေဒၚလာ (၁ ဒသမ ၆) ဘီလ်ံသာရွိေသာ္လည္း (၂၀၂၈) ခုႏွစ္တြင္ ေဒၚလာ (၁ ဒသမ ၈၃)ဘီလ်ံ ေက်ာ္အထိ တိုးတက္လာဦးမည္ဟု တြက္ဆထားသည္။ သို႔ေသာ္လည္း ျမန္မာေဈးကြက္ကို ေလ့လာတြက္ခ်က္သူမ်ား စတင္မွား ယြင္းလာၿပီျဖစ္၏။
ျမန္မာႏိုင္ငံ၏ ႏွစ္စဥ္ဘိလပ္ေျမလိုအပ္ ခ်က္သည္ တန္(၁၀)သန္းေက်ာ္ရွိထားၿပီး ျပည္တြင္း ထုတ္လုပ္မႈသည္ တန္(၈)သန္းေအာက္တြင္သာ ရွိသည္ဟုဆိုႏိုင္သည္။ သက္ဆိုင္ရာစက္မႈဝန္ႀကီးဌာန၏ (၂၀၂၄) ခုႏွစ္ ပထမေျခာက္လ အတြင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတြင္ ပုဂၢလိကပိုင္ ဘိလပ္ေျမ စက္႐ုံ(၁၆)႐ုံ ရွိထားၿပီး အားလုံးအျပည့္အဝလည္ ပတ္ႏိုင္ပါက တန္(၁၆)သန္းအထိ ရွိေနမည္ဟု သိရသည္။ သို႔ေသာ္ ေျမျပင္၌ ထိုကိန္းဂဏန္းက အျပည့္ အဝ မွန္ကန္ပုံမရဘဲ စာရင္းအျဖစ္သာ ျပသေကာင္း႐ုံ ထုတ္ျပန္ျခင္းမ်ိဳး ျဖစ္ႏိုင္၏။ ဘိလပ္ေျမေလာက အတြင္း၌ စုံစမ္း ေလ့လာမႈအရ အမွန္တကယ္လိုအပ္ခ်က္သည္ ႏွစ္စဥ္ တန္(၁၀)သန္းေက်ာ္ျဖစ္ၿပီး အမွန္တကယ္ထြက္ရွိေနမႈသည္ တန္(၄)သန္းခန႔္သာ ရွိ ေနသည္ဟုဆိုသည္။ စက္မႈဝန္ႀကီးဌာန လက္ ေအာက္ရွိ ႀကံခင္း၊ သရက္၊ ေက်ာက္ဆည္ အစရွိ သည့္ဘိလပ္ေျမစက္႐ုံမ်ား၏ အမွန္တကယ္လည္ ပတ္ေနမႈကို ေရွာင္တခင္စစ္ေဆးေဖာ္ထုတ္ၾကည့္ပါက စာရင္းဇယား ႏွင့္ ကြာဟမႈမ်ား ျဖစ္ေပၚလာႏိုင္ေျခရွိသည္။ တစ္နည္းအားျဖင့္ ႏိုင္ငံေတာ္အႀကီးအကဲမ်ားကို စာရင္းႏွင့္ လုပ္ကြက္အခ်ိဳ႕ လိမ္လည္တင္ျပျခင္း မျပဳလုပ္ဟု မဆိုႏိုင္ျခင္းပင္။ ပို၍ဆိုးသည္မွာ လက္ရွိ ေခတ္ကာလအေျခအေနမ်ားအရ ပုဂၢလိက ဘိလပ္ ေျမစက္႐ုံအမ်ားစု ရပ္ဆိုင္းသြားၾကျခင္းျဖစ္သည္။
လြန္ခဲ့ေသာတစ္ႏွစ္ေက်ာ္ တိတိပပအား ျဖင့္ (၂၀၂၃) ခုႏွစ္ ဒုတိယေျခာက္လမွစ၍ ဘိလပ္ေျမ ျပတ္လပ္ေစမည့္ ေရာဂါပိုးစတင္ဝင္လာခဲ့ၿပီးေနာက္ (၂၀၂၄) ႏွစ္ကုန္ပိုင္းမွစ၍ ေရာဂါလကၡဏာက ျပင္းထန္လာခဲ့ၿပီး လက္ရွိကာလ၌ ကုသရန္ခက္ခဲလာသည္ အထိ ျဖစ္ေပၚေနၿပီျဖစ္သည္။ “သိရသေလာက္ တစ္ရက္ကို ဘိလပ္ေျမအိတ္ (၄)သိန္းေက်ာ္ လိုအပ္ေနတာ။ ဥပမာ မတၱရာစက္႐ုံတို႔၊ ေနာင္ခ်ိဳ Crown စက္႐ုံတို႔ဆိုရင္ တစ္ရက္ကို တန္ခ်ိန္(၈၀ဝဝ)၊ အိတ္ ေရနဲ႔ဆိုရင္ (၁၆၀ဝဝဝ)ေက်ာ္ ေလ်ာ့သြားတဲ့သေဘာေပါ့။ ေမာ္လၿမိဳင္က စက္႐ုံတို႔ တျခားေနရာက စက္႐ုံ ေတြပါေပါင္းရင္ လိုအပ္ခ်က္က ေတာ္ေတာ္မ်ားတယ္” ဟု ဘိလပ္ေျမလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။ ျမန္မာႏိုင္ငံတြင္ နာမည္ေက်ာ္ ဘိလပ္ေျမစက္႐ုံမ်ားအျဖစ္ ထိုင္း SCG, Alpha Cement, Max Cement, KBZ, Apachi, Blue Diamond, Crown, ကိုရီးယား YoJin ၊ AAA ႀကံ့ႏွစ္ေကာင္၊ ႀကံ့နီ၊ ဆင္မင္း အစရွိေသာ နာမည္တံဆိပ္မ်ိဳးစုံရွိသည္။ ထိုအထဲတြင္ ထိုင္း SCG က ျမန္မာမွ Capital Diamond Star အုပ္စုႏွင့္ ပူးေပါင္းလုပ္ေဆာင္ရာမွ ႏွစ္ဖက္လမ္းခြဲခဲ့ရမႈျဖစ္ခဲ့သည္။ မြန္ျပည္နယ္ က်ိဳက္ မေရာၿမိဳ႕နယ္ ေခ်ာင္းႏွစ္ခြ႐ြာအနီးတြင္ တည္ရွိေသာ အဆိုပါစက္႐ုံလုပ္ငန္းအတြက္ ေဒါက္တာကိုကိုႀကီး ဦးေဆာင္ေသာ Capital တို႔အၾကား အက်ိဳးအျမတ္ ရွယ္ယာခြဲေဝမႈ၌ ျပႆနာျဖစ္ခဲ့ၾကသည္။ ျမန္မာဘက္ျခမ္း ကုမၸဏီက ထုံးေက်ာက္ေတာင္မ်ားကို ပိုင္ဆိုင္ ထားျခင္းေၾကာင့္ ထုံးေက်ာက္ကိုအဓိကထား၍ ထုတ္ လုပ္ရေသာ ဘိလပ္ေျမလုပ္ငန္းအတြက္ ထိုင္း SCG တို႔ စိတ္ပ်က္ခဲ့ရသည္။
ပို၍ဆိုးသည္မွာ (၂၀၂၄) ခုႏွစ္အတြင္း ျဖစ္ပြားခဲ့ေသာ ေခ်ာင္းႏွစ္ခြ႐ြာတိုက္ပြဲအတြင္း၌ လက္နက္ကိုင္ပုန္ကန္သူ အယ္ေစးဝါး ဦးေဆာင္ေသာ သူပုန္အဖြဲ႕၏ ဝင္ေရာက္ဖ်က္ဆီးေမႊေႏွာက္ျခင္းကို ထိုင္းဘုရင့္လုပ္ငန္းစုတို႔ ရင္ဆိုင္လိုက္ ရသည္။ အယ္ ေစးဝါး ဦးေဆာင္ေသာအဖြဲ႕က SCG စက္႐ုံဝင္းအတြင္းသို႔ လက္နက္မ်ားကိုင္ေဆာင္ဝင္ေရာက္၍ စက္ ႐ုံသုံးပစၥည္းမ်ိဳးစုံႏွင့္ ကားမ်ားကို ယူေဆာင္သြားခဲ့ၾကၿပီး လက္ရွိအခ်ိန္အထိ ထိုင္းဘက္သို႔ တရားဝင္ ရွင္းလင္းခ်က္ ေပးႏိုင္ျခင္းမရွိေတာ့ေပ။ ထိုင္းဘက္ ကလည္း စိတ္ပ်က္လက္ပ်က္ျဖင့္ အဆိုပါစီမံကိန္းကို ရပ္ဆိုင္းထားသည္။ ထိုစက္႐ုံမွ ေန႔စဥ္ ဘိလပ္ေျမ တန္(၅၀ဝဝ)ထက္မနည္း ထြက္ရွိမည္ျဖစ္၏။
တ႐ုတ္ႏွင့္ဖက္စပ္လုပ္ကိုင္ေနေသာ Alpha ဘိလပ္ေျမစက္႐ုံသည္လည္း မတၱရာႏွင့္ သပိတ္က်င္းေဒသ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ လုံးဝရပ္ဆိုင္းထားလိုက္ရၿပီျဖစ္သည္။ မႏၲေလး အေျခစိုက္ လက္နက္ကိုင္ PDF ေခါင္းေဆာင္အခ်ိဳ႕က မတၱရာၿမိဳ႕နယ္အတြင္းရွိ Alpha ဘိလပ္ေျမစက္႐ုံအတြင္း၌ ဝင္ေရာက္တပ္စြဲေနထိုင္ကာ တပ္မ ေတာ္စစ္ေၾကာင္းမ်ားႏွင့္ ရင္ဆိုင္တိုက္ခိုက္ေနၾကသည္။ ထိုစက္႐ုံသည္လည္း တန္ခ်ိန္(၅၀ဝဝ)ထက္ နည္း မည္မထင္။ ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ Crown သည္လည္း ရပ္တန႔္ထားရသကဲ့သို႔ ေ႐ႊေတာင္လုပ္ငန္းစု ဦးအိုက္ထြန္း၏ အပါခ်ီဘိလပ္ေျမ စက္႐ုံ(ျပင္ေညာင္)သည္လည္း လႈပ္လီလႈပ္လွဲျဖစ္ေနပုံရသည္။ ဘိလပ္ေျမ ထုတ္လုပ္မႈေဈးကြက္အတြင္း၌ (၅)႐ုံထက္ မပိုေသာ စက္႐ုံမ်ားသာလည္ပတ္ႏိုင္သျဖင့္ လိုအပ္ခ်က္က ျမင့္မားလာျခင္းျဖစ္သည္။
တစ္နည္းအားျဖင့္ (၁၀၂၇) က်ဴးေက်ာ္စစ္၏ ဂယက္က ဘိလပ္ေျမစက္႐ုံ မ်ားကိုပါ ႐ိုက္ခတ္လာခဲ့ၿပီး အဓိကအခ်က္(၄)ခ်က္ေၾကာင့္ စက္႐ုံအမ်ားစု ပိတ္သိမ္းလိုက္ရျခင္းမ်ား ျဖစ္လာသည္။ ‘စက္ေတြက တစ္ႏွစ္ တစ္ခါ ေလာက္ လဲေပးရတာရွိတယ္။ Maintenance လုပ္ရတာ။ မီးခံအုပ္ဆိုရင္ တစ္ႏွစ္ တစ္ခါ လဲေပးရတယ္။ အဲဒီလို Spare Part ေတြက တင္သြင္းခြင့္မရဘူး။ လွ်ပ္စစ္မီးကလည္း မမွန္ဘူး။ မီးမမွန္လို႔ ေလာင္စာဆီသိုေလွာင္ခြင့္ကလည္း မရဘူး။ ေဂၚဒန္ေက်ာက္နဲ႔ ေက်ာက္မီးေသြးကုန္ၾကမ္း ပစၥည္းကလည္း သယ္ယူပို႔ေဆာင္ေရးအတြက္ လမ္းမလုံၿခဳံမႈေတြ ျဖစ္ေန တယ္။ ယမ္းသုံးစြဲမႈမွာ လည္း လုံလုံေလာက္ေလာက္ သုံးလို႔မရဘူး” ဟု ဘိလပ္ေျမလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ဘိလပ္ေျမထုတ္လုပ္ေရးႏွင့္ ေဆာက္လုပ္ေရးေလာကမွ လုပ္ငန္းရွင္(၅)ဦးထက္မနည္းထံ ဆက္သြယ္ေမးျမန္း ထားခ်က္အရ ေဈးကြက္အတြင္း၌ ကေမာက္ကမျဖစ္စဥ္မ်ား စတင္ျဖစ္ေပၚလာေနၿပီး ဘိလပ္ေျမႀကိဳတင္စုေဆာင္းထား ႏိုင္သူမ်ားအတြက္ ဝင္ေငြရလမ္းႀကီးျဖစ္ေနၿပီဟုဆိုသည္။ ဘိလပ္ေျမ လုပ္ငန္း၏ လည္ပတ္ပုံသည္ ဤသို႔ျဖစ္၏။ ဘိလပ္ ေျမစက္႐ုံတည္ေဆာက္မည့္လုပ္ငန္းရွင္က ထုံးေက်ာက္အမ်ားဆုံးထြက္ရွိေသာေဒသကို ေသခ်ာ ေပါက္ေ႐ြးခ်ယ္ရသည္။ ထိုေနရာသည္ လမ္းပန္းဆက္သြယ္ေရးအတြက္လည္း ခက္ခဲေသာေဒသ ျဖစ္၍မရေပ။ ထုံးေက်ာက္ေတာင္မ်ားသည္ ျမန္မာႏိုင္ငံ၏ တိုင္းနယ္ျပည္နယ္အသီးသီးတြင္ ေပါေပါ မ်ားမ်ားရွိထားေသာ္လည္း ေက်ာက္မီးေသြးသည္ကား ေနရာတိုင္းတြင္မရွိ။ စက္႐ုံတည္ၿပီးသည္ႏွင့္ ထုံး ေက်ာက္၊ သံေက်ာက္၊ သဲေက်ာက္ႏွင့္ ႐ႊံ႕ေဈးတို႔ကို ေက်ာက္မီးေသြးျဖင့္ မီးရႈိ႕ရသည္။ ထိုမွသာ Pro-One ဟု ေခၚေသာ ဘိလပ္ေျမျဖစ္လုနီးပါး အခဲတုံးမ်ား ရရွိလာသည္။ ထို႔ေနာက္ ေဂၚဒန္ ေက်ာက္ျဖင့္ေရာ က်ိတ္၍ဘိလပ္ေျမအျဖစ္ အသြင္ေျပာင္းရျခင္းမ်ိဳးျဖစ္သည္။
ဘိလပ္ေျမျဖစ္လာပါကလည္း အိတ္သြတ္ သြင္းျခင္းလုပ္ငန္းအတြက္ တံဆိပ္႐ိုက္ႏွိပ္ၿပီးသား ဘိလပ္ေျမ အိတ္မ်ားကို ျမန္မာထုတ္ထက္ ျပည္ပမွ တင္သြင္းလာေသာ အိတ္မ်ားျဖင့္သာ သြပ္သြင္းရျခင္းမ်ား လုပ္ေလ့ရွိသည္။ “ျမန္မာအိတ္ေတြက ကြာလတီညံ့တယ္။ ေဈးက တစ္အိတ္ကို (၁၂၅၀) က်ပ္ ေလာက္ေတာ့ရွိတယ္။ ျပည္ပကေနမွာ တာက (၁၆၀ဝ) က်ပ္ေလာက္ရွိတယ္။ မ်ားေသာအားျဖင့္ ျပည္ပကေနမွာတယ္။ အိတ္အခြံလည္း ျပတ္လပ္မႈ စျဖစ္ေနၿပီ” ဟု ဘိလပ္ေျမေလာကသားတစ္ဦးက ေျပာသည္။
စိတ္ဝင္စားဖြယ္ေကာင္းေသာအျခားျဖစ္ ရပ္တစ္ခုမွာ ေက်ာက္မီးေသြးပင္။ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးဝ ဘက္မွ ေက်ာက္မီးေသြးမိုင္းတြင္း၌ တြင္းဝေဈးသည္ တစ္တန္လွ်င္ က်ပ္ (၇၀ဝဝဝ)ခန႔္သာ ရွိေသာ္လည္း ဘိလပ္ေျမ စက္႐ုံသို႔ ေရာက္သည့္အခ်ိန္၌ တစ္တန္လွ်င္ က်ပ္(၄)သိန္း ေက်ာ္သြားသည္။ အဓိကအားျဖင့္ သယ္ယူပို႔ေဆာင္ ေရးစရိတ္က တြင္းဝေဈးထက္ပို၍ ေကာင္းေနျခင္း ျဖစ္၏။ တြင္းဝမွ ကားေပၚသို႔ တင္ျခင္း၊ ကားေပၚမွ ဆိပ္ကမ္းသို႔ ပို႔ျခင္း၊ ဆိပ္ကမ္းမွ စက္႐ုံကားမ်ားေပၚသို႔ ထပ္မံပို႔ျခင္း အပါအဝင္ လမ္းခရီးတစ္ေလွ်ာက္ PDF မ်ားကို ေငြေၾကးဆက္ သရျခင္းမ်ားႏွင့္ ေလာင္စာဆီ ေဈးႏႈန္းကိစၥမ်ားက (၇၀ဝဝဝ)မွသည္ (၄)သိန္းေက်ာ္ သည္အထိ ျဖစ္သြားခဲ့ျခင္းပင္။ ကေလးဝမွ ျမစ္ ေၾကာင္းအတိုင္း မႏၲေလးသို႔ သေဘၤာျဖင့္ သယ္ ေဆာင္စရိတ္သည္ပင္ တစ္တန္လွ်င္ က်ပ္ (၁၂၀ဝဝဝ) ေပးေခ်ရ၏။ ဘိလပ္ေျမတစ္တန္ ထုတ္လုပ္ရန္အတြက္ ေက်ာက္မီးေသြးကို (၂၀-၂၅)ရာခိုင္ ႏႈန္း သုံးစြဲေပးရသည့္ အတြက္ ေက်ာက္မီးေသြးသယ္ ေဆာင္ေရးလုပ္ငန္းစဥ္မွာ အထူးအေရးပါေနသည္။
ထုံးေက်ာက္အတြက္လည္း အမိုနီယမ္ႏိုက္ ထရိတ္ သို႔မဟုတ္ တပ္မေတာ္ထုတ္ ယမ္းမ်ားျဖင့္ ေဖာက္ခြဲ ေပးရျပန္သည္။ ထို႔အတြက္ ယမ္းသုံးစြဲမႈ သို႔မဟုတ္ အမိုနီယမ္ႏိုက္ထရိတ္သုံးစြဲမႈသည္ သတိ ႀကီးႀကီးထားစရာ ျဖစ္လာ ၏။ ေခတ္ကာလ အေျခအေနအရ ေပါက္ကြဲေစႏိုင္ေသာပစၥည္းမ်ား သုံးစြဲမႈသည္ အကန႔္အသတ္တြင္ ရွိေနသည္။ သို႔ေသာ္ စိတ္ဝင္ စားစရာအျဖစ္ ဖားကန႔္က ေစာင့္ႀကိဳေနသည္။ ဖားကန႔္ေဒသသို႔ ယမ္းမ်ားသယ္ေဆာင္မည့္အစား အမို နီယမ္ႏိုက္ထရိတ္မ်ား သယ္ေဆာင္သြားျခင္းက ေျမဩဇာေခါင္းစဥ္ေအာက္မွ အရာဝင္ေနျပန္၏။ စုံစမ္းရမိသမွ်တြင္ အမိုနီယမ္ႏိုက္ထရိတ္ တစ္တန္လွ်င္ မူရင္းေဈးအျဖစ္ က်ပ္သိန္း(၃၀)ခန႔္သာ ရွိေသာ္လည္း ဖားကန႔္ေဈးသည္ သိန္း (၆၀ဝ)ေက်ာ္ရ၏။ ယမ္းဆိုလွ်င္ကား အထူးစစ္ေဆးခံရမည့္ ေခါင္းစဥ္ ေအာက္တြင္ရွိေသာ္လည္း ေျမဩဇာေခါင္းစဥ္ ေအာက္တြင္ရွိသည့္ အမိုနီယမ္ႏိုက္ထရိတ္သည္ ကား အခြန္အခအတြက္လည္း သက္သာေနျပန္ သည္။
ဘိလပ္ေျမကိစၥသို႔ ျပန္လွည့္မည္ဆိုပါက လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ ရပ္ဆိုင္းလိုက္ရ ေသာစက္႐ုံ မ်ားျပားလာသည္ႏွင့္ ေဆာက္လုပ္ ေရးေလာကအတြက္ ဘိလပ္ေျမလိုအပ္ခ်က္သည္လည္း အတြင္းႀကိတ္ ျပႆနာ ျဖစ္လာႏိုင္သည္။ “အစိုးရေဆာက္လုပ္ေရးတင္ဒါသမားေတြ ပိုထိမယ္။ သူတို႔က သတင္းႀကိဳရလို႔ ဒါမွမဟုတ္ ေခတ္ကာလ အေျခအေနနဲ႔ တြက္ခ်က္ထားလို႔ ႀကိဳဝယ္ထားရင္ေတာ့ ျပႆနာမရွိဘူး။ မဟုတ္ရင္ေတာ့ အတင္းလု ဝယ္ၾကရလိမ့္မယ္။ မႏွစ္က ကတည္းက ဒီျပႆနာက စလာေနတာ။ ဒီႏွစ္မထုတ္ႏိုင္ရင္ေတာ့ ပိုဆိုးဖို႔ပဲ ရွိတယ္။ ျပည္ပကေနတင္သြင္းခြင့္ကလည္း ႏိုင္ငံ ျခားေငြျပႆနာနဲ႔ ကန႔္သတ္ထားတယ္” ဟု လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ဘိလပ္ေျမစက္႐ုံပိုင္ရွင္မ်ားႏွင့္ ဘိလပ္ ေျမေရာင္းဝယ္ေရးသမားမ်ားၾကားတြင္ ႀကီးမားေသာ ခ်ိတ္ဆက္မႈက ရွိထားသည္။ စက္႐ုံပိုင္ရွင္မ်ားက စက္႐ုံမ်ားကို တစ္ရက္တစ္နာရီပင္လွ်င္ ရပ္တန႔္ ထား၍မရေသာ နည္းပညာဆိုင္ရာ ျပႆနာရွိေန၏။ အကယ္၍ စက္ကို ေခတၱရပ္ဆိုင္းပါက ဘိလပ္ေျမ မ်ားက လည္ေနေသာစက္အတြင္း ခဲသြားမည့္အျပင္ အတြင္းပိုင္းစက္ပစၥည္းမ်ား ပ်က္စီးသြားႏိုင္သည့္အေနအထားတြင္ရွိသည္။ ထို႔အတြက္ေၾကာင့္ ေန႔စဥ္ နာရီေပါင္းမ်ားစြာ ဆက္တိုက္လည္ပတ္ေနရၿပီး ထြက္ရွိလာေသာ ဘိလပ္ေျမအိတ္မ်ားကို Pro-One၊ ဇင္ထက္၊ ေအာင္ေမတၱာ အစရွိေသာ ျဖန႔္ခ်ိေရးကိုယ္စားလွယ္မ်ားထံ ေဈးႏႈန္းတစ္ခုသတ္မွတ္၍ ေရာင္းခ်ထားေပးရသည္။ အဆိုပါျဖန႔္ခ်ိေရး ကိုယ္စား လွယ္ႀကီးမ်ား ကလည္း ဘိလပ္ေျမ လိုအပ္ခ်က္ေဈးကြက္တစ္ခု လုံးကို ေဝစုအသီးသီးရယူထားၿပီးလည္း ျဖစ္၏။ ဘိလပ္ေျမ ျပတ္လပ္မႈရွိမရွိကိုလည္း ႀကိဳတင္တြက္ ခ်က္ထားႏိုင္ၿပီျဖစ္သည္။ ၎တို႔၏ သိုေလွာင္႐ုံမ်ားကလည္း ထိုအတြက္ အသင့္ရွိေနျပန္သည္။ ‘‘တကယ္တမ္းက်ေတာ့ စက္႐ုံက ေဈးသတ္မွတ္ၿပီးေတာ့ ေရာင္းထားၿပီးသားဗ်။ စက္႐ုံက အျမတ္ႀကီး တင္လို႔မရဘူး။ အခုလို ေဈးကြက္လိုအပ္ခ်က္ျမင့္ မားလာရင္ ေဈးတင္ခြင့္ရွိတာက Wholesale သမားေတြပဲေလ။ သူတို႔ဆီမွာ In-Stock ရွိေသးလားက သူတို႔ပဲသိမယ္’’ ဟု လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
ျမန္မာႏိုင္ငံ၏ ေန႔စဥ္ဘိလပ္ ေျမလိုအပ္ခ်က္သည္ အိတ္ေရ(၅)သိန္းအထက္တြင္သာ ရွိ၏။ ဖြံ႕ၿဖိဳးဆဲတိုင္းျပည္ တစ္ခုလည္း ျဖစ္သည့္အျပင္ မျဖစ္မေနတည္ေဆာက္ရမည့္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ မ်ားအတြက္ ဘိလပ္ေျမက မရွိမျဖစ္ အဓိကပစၥည္းျဖစ္သည္။ စားေသာက္ကုန္မဟုတ္ေသာ္လည္း စားေသာက္ကုန္ကဲ့သို႔ အေရးပါလွသည့္ ထုတ္ကုန္တစ္မ်ိဳးပင္။ Pro-One ၊ ဇင္ထက္၊ ေအာင္ေမတၱာ အစရွိေသာ ျဖန႔္ခ်ိေရးကြန္ရက္ႀကီးမ်ားတြင္ သိုေလွာင္ ထားေသာ ဘိလပ္ေျမအိတ္ေပါင္း မည္မွ်ရွိသည္ကို ႏိုင္ငံေတာ္တာဝန္ရွိသူမ်ားကသာ သိခြင့္ သို႔မဟုတ္ ေမးျမန္းစုံစမ္းခြင့္ ရွိမည္ထင္သည္။
ျပည္ပမွတင္သြင္းမႈကိုလည္း အကန႔္အသတ္ျဖင့္ျပဳလုပ္ထားသည့္အတြက္ ႏွစ္စဥ္တန္ခ်ိန္(၁၀)သန္း လိုအပ္ခ်က္ကို အတားအဆီးလည္း ျဖစ္ေစႏိုင္သည္။ ႏိုင္ငံျခားေငြျဖင့္တြက္ခ်က္မည္ဆိုပါက ေဒၚလာ တစ္ဘီလ်ံခြဲေက်ာ္ ႏွစ္စဥ္သုံးစြဲရမည့္ ဘိလပ္ေျမလုပ္ငန္းအတြင္း၌ ျပတ္လပ္ျခင္းေရာဂါပိုး ကူးစက္ခံေနရၿပီ ျဖစ္၏။ ဘိလပ္ေျမစက္႐ုံ (၁၆)႐ုံထဲမွ (၁၀)႐ုံေက်ာ္က ရပ္ဆိုင္းသြားခဲ့ရၿပီး ထိုကြက္လပ္ကို မည္သည့္နည္းျဖင့္ အစားျပန္ထိုးမည္ဆိုသည္မွာ တည္ဆဲအာဏာပိုင္အဖြဲ႕မ်ားအတြက္ စိတ္ဝင္စားစရာပင္။ ႏိုင္ငံတြင္း၌ ပုံမွန္အေျခအေနပင္လွ်င္ တန္ခ်ိန္(၁၀)သန္းခန႔္ လိုအပ္ခဲ့ၿပီး တိုက္ပြဲမ်ားေၾကာင့္ ပ်က္စီးသြားခဲ့ေသာအေဆာက္ အအုံမ်ိဳးစုံ ျပန္လည္တည္ေဆာက္ေရးအတြက္ ထည့္သြင္းတြက္ခ်က္မည္ဆိုလွ်င္ တန္ခ်ိန္(၁၂)သန္းထက္ မနည္း ႏွစ္စဥ္လိုအပ္လာႏိုင္ေျခရွိသည္။ ျဖန႔္ခ်ိေရးကြန္ရက္ ႀကီးမ်ားက သိုေလွာင္ထားႏိုင္သည္ဆိုလွ်င္ပင္ တစ္ႏွစ္စာတန္ခ်ိန္(၁၀)သန္းထက္ပို၍ ၎တို႔ စြမ္းေဆာင္ႏိုင္မည္ မဟုတ္ေခ်။ ‘‘ ဦးပိုင္နဲ႔ MEC ရွိတယ္ေလ” ဟု လုပ္ငန္းရွင္တစ္ဦးက တစ္စုံတစ္ရာကိုရည္ၫႊန္း၍ ေျပာသည္။ ဆိုလိုရင္းမွာ ျပည္ပမွတင္သြင္း လာရန္ျဖစ္ၿပီး ေဈးႏႈန္းအရ ျပည္တြင္းထုတ္လုပ္မႈထက္ သက္သာႏိုင္ေျခသာရွိသည္ဆို၏။ ျပည္တြင္း ၌ ဘိလပ္ေျမတစ္အိတ္လွ်င္ က်ပ္(၃၀ဝဝဝ)ေက်ာ္ျဖစ္လာခ်ိန္တြင္ ျပည္ပမွတင္သြင္းလာပါက က်ပ္ (၃၀ဝဝဝ)ေအာက္ တြင္သာ ရွိႏိုင္သည္။ ျပည္တြင္းထုတ္ကပို၍ ေဈးျမင့္တက္ေနရျခင္းသည္ ပို၍အရည္အေသြးေကာင္း ေသာေၾကာင့္ မဟုတ္ဘဲ လွ်ပ္စစ္မီးျပႆနာ၊ ေလာင္စာဆီ၊ ေက်ာက္မီးေသြးႏွင့္ ေဂၚဒန္ ေက်ာက္သယ္ေဆာင္မႈ လမ္းပန္းဆက္ သြယ္ေရး အခက္အခဲ၊ စက္႐ုံသုံးပစၥည္းမ်ား တင္သြင္းခြင့္ အကန႔္အသတ္ျဖစ္ျခင္း၊ ဘိလပ္ေျမ စက္႐ုံ ရွိရာနယ္ေျမမ်ား၌ လက္နက္ကိုင္ပဋိပကၡမ်ား ျပင္းထန္လာျခင္းတို႔သည္ ခိုင္လုံေသာအေၾကာင္းျပခ်က္မ်ား ျဖစ္လာသည္။ လတ္တ ေလာတြင္ ေဈးကြက္အတြင္း၌ ဘိလပ္ေျမျပႆနာ စတင္ၿပီျဖစ္သည္။ လာမည့္ႏွစ္ အတြက္ကိုမူ မည္သို႔ေျဖရွင္း ၾကမည္နည္း။

Related news

© 2021. All rights reserved.