တောင်ကိုရီးယားလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်း မီးလောင်ကျွမ်းမှုဖြစ်ပွား
2752
Pika (NP News) - ဇန်နဝါရီ ၂၉
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဂင်ဟေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇန်နဝါရီလ(၂၈)ရက်က တောင်ကိုရီးယားလေကြောင်းလိုင်း Air Busan 298690.KS ပိုင် Airbus AIR.PA ခရီးသည်တင်လေယာဉ်ဟာ ဟောင်ကောင်ကိုထွက်ခွါဖို့ပြင်ဆင်နေချိန်အတွင်း မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်အဖွဲ့အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အတွင်း လေယာဉ်ပေါ်မှာရှိတဲ့ ခရီးသည်(၁၆၉)ဦးနဲ့ လေယာဉ်အမှုထမ်း(၇)ဦးတို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး လူ(၁)ဦးသာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ မီးသတ်အဖွဲ့အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုဟာ ခရီးသည်တင်လေ ယာဉ်အတွင်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မီးလောင်ကျွမ်းမှုဟာ လေယာဉ်အမြီးပိုင်းကနေ စတင်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လူအသေအပျောက်အများဆုံး ခရီးသည်တင်လေယာဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အချိန်(၁)လအကြာမှာ ယခုလိုဖြစ်ရပ်ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘန်ကောက်မြို့ကနေ တောင်ကိုရီးယားနိုင်ငံ မူအန်းလေဆိပ်ကို ပျံသန်းလာတဲ့ Jeju Air 089590.KS လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ အဆင်းဂီယာချို့ယွင်းမှုနဲ့အတူ ပြေးလမ်းပေါ်ကို ဆင်းသက်ချိန်အတွင်း အရှိန်လွန်ကာ နံရံနဲ့တိုက်မိခဲ့ပြီး ပေါက်ကွဲခဲ့ပြီးနောက် လိုက်ပါလာသူအားလုံးနီးပါး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ ဘတ်ဂျက်လေကြောင်းလိုင်း Air Busan ဟာ တောင်ကိုရီးယားရဲ့ Asiana လေကြောင်းလိုင်း 020560.KS ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အဲဒီခရီးသည်တင်လေယာဉ်ဟာ an Airbus A321 မော်ဒယ်ဖြစ်တယ်လို့ FlightRadar24 ခြေရာခံဒေတာအချက်အလက်တွေအရ သိရပါတယ်။
zawgyi version
ေတာင္ကိုရီးယားေလေၾကာင္းလိုင္းပိုင္ ခရီးသည္တင္ေလယာဥ္တစ္စင္း မီးေလာင္ကြၽမ္းမႈျဖစ္ပြား
Pika (NP News) - ဇန္နဝါရီ ၂၉
ေတာင္ကိုရီးယားႏိုင္ငံ ေတာင္ပိုင္းမွာရွိတဲ့ ဂင္ေဟးအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဇန္နဝါရီလ(၂၈)ရက္က ေတာင္ကိုရီးယားေလေၾကာင္းလိုင္း Air Busan 298690.KS ပိုင္ Airbus AIR.PA ခရီးသည္တင္ေလယာဥ္ဟာ ေဟာင္ေကာင္ကိုထြက္ခြါဖို႔ျပင္ဆင္ေနခ်ိန္အတြင္း မီးေလာင္ကြၽမ္းခဲ့တယ္လို႔ မီးသတ္အဖြဲ႕အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္အတြင္း ေလယာဥ္ေပၚမွာရွိတဲ့ ခရီးသည္(၁၆၉)ဦးနဲ႔ ေလယာဥ္အမႈထမ္း(၇)ဦးတို႔ကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ၿပီး လူ(၁)ဦးသာ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့တယ္လို႔ မီးသတ္အဖြဲ႕အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ မီးေလာင္ကြၽမ္းမႈဟာ ခရီးသည္တင္ေလ ယာဥ္အတြင္းကေန စတင္ေလာင္ကြၽမ္းခဲ့တာျဖစ္တယ္လို႔ မီးသတ္တပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ မီးေလာင္ကြၽမ္းမႈဟာ ေလယာဥ္အၿမီးပိုင္းကေန စတင္ခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံပိုင္ Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံမွာ လူအေသအေပ်ာက္အမ်ားဆုံး ခရီးသည္တင္ေလယာဥ္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အခ်ိန္(၁)လအၾကာမွာ ယခုလိုျဖစ္ရပ္ထပ္မံျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဘန္ေကာက္ၿမိဳ႕ကေန ေတာင္ကိုရီးယားႏိုင္ငံ မူအန္းေလဆိပ္ကို ပ်ံသန္းလာတဲ့ Jeju Air 089590.KS ေလေၾကာင္းလိုင္းပိုင္ ခရီးသည္တင္ေလယာဥ္ဟာ အဆင္းဂီယာခ်ိဳ႕ယြင္းမႈနဲ႔အတူ ေျပးလမ္းေပၚကို ဆင္းသက္ခ်ိန္အတြင္း အရွိန္လြန္ကာ နံရံနဲ႔တိုက္မိခဲ့ၿပီး ေပါက္ကြဲခဲ့ၿပီးေနာက္ လိုက္ပါလာသူအားလုံးနီးပါး ေသဆုံးခဲ့တာလည္းျဖစ္ပါတယ္။ ဘတ္ဂ်က္ေလေၾကာင္းလိုင္း Air Busan ဟာ ေတာင္ကိုရီးယားရဲ႕ Asiana ေလေၾကာင္းလိုင္း 020560.KS ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အဲဒီခရီးသည္တင္ေလယာဥ္ဟာ an Airbus A321 ေမာ္ဒယ္ျဖစ္တယ္လို႔ FlightRadar24 ေျခရာခံေဒတာအခ်က္အလက္ေတြအရ သိရပါတယ္။