ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမယ်သစ်ထုတ်ကုန်များကို ‌ဖော်ထုတ်ပြီးဈေးကွက်ရှာဖွေတင်ပို့ရန် လိုအပ်ဟုဆို

 391

ယွန်း(NP News)- ဇန်နဝါရီ ၂၉

ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမယ်သစ်ထုတ်ကုန်များကို ဖော်ထုတ်ပြီးဈေးကွက်ရှာဖွေတင်ပို့ရန် လိုအပ်ကြောင်း အစိုးရ- ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌက အသိပေးပြောကြားသည်။

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဇန်နဝါရီ(၂၈)ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုမပြုနိုင်ရေးတားဆီးဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမယ်သစ်ထုတ်ကုန်များကို ဖော်ထုတ်ပြီးဈေးကွက်ရှာဖွေတင်ပို့နိုင်ရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ထို့ပြင် ကုန်သွယ်မှုဆိုင်ရာတွင် ပို့ကုန်နှင့်သွင်းကုန်လုပ်ငန်းနှစ်ရပ်လုံးပါဝင်ပြီး နိုင်ငံ၏ကုန်သွယ်မှုပမာဏ တိုးတက်ရန်အတွက် ပို့ကုန်အား တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်သကဲ့သို့ ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသည့် သွင်းအားစုများ တင်သွင်းခြင်းဖြင့် ကုန်သွယ်မှုအားမျှခြေဖြစ်ရန်လည်း လိုကြောင်း သိရသည်။

ယခု (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ လျာထားချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များကပူးပေါင်းပြီး တွန်းအားပေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။

zawgyi version
ပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ အမယ္သစ္ထုတ္ကုန္မ်ားကို ‌ေဖာ္ထုတ္ၿပီးေဈးကြက္ရွာေဖြတင္ပို႔ရန္ လိုအပ္ဟုဆို
ယြန္း(NP News)- ဇန္နဝါရီ ၂၉

ပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ အမယ္သစ္ထုတ္ကုန္မ်ားကို ေဖာ္ထုတ္ၿပီးေဈးကြက္ရွာေဖြတင္ပို႔ရန္ လိုအပ္ေၾကာင္း အစိုးရ- ပုဂၢလိက ကုန္သြယ္မႈျမႇင့္တင္ေရးေကာင္စီ ဥကၠ႒က အသိေပးေျပာၾကားသည္။

အစိုးရ-ပုဂၢလိက ကုန္သြယ္မႈျမႇင့္တင္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးက ဇန္နဝါရီ(၂၈)ရက္တြင္ ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၌ ျပဳလုပ္ခဲ့သည့္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအေပၚသက္ဆိုင္ရာဌာနမ်ားႏွင့္ အသင္းအဖြဲ႕မ်ားက အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ တရားမဝင္လမ္းေၾကာင္းမ်ားမွ ကုန္သြယ္မႈမျပဳႏိုင္ေရးတားဆီးေဆာင္႐ြက္ရန္ အေရးႀကီးသကဲ့သို႔ ပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ အမယ္သစ္ထုတ္ကုန္မ်ားကို ေဖာ္ထုတ္ၿပီးေဈးကြက္ရွာေဖြတင္ပို႔ႏိုင္ေရးကို ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။ ထို႔ျပင္ ကုန္သြယ္မႈဆိုင္ရာတြင္ ပို႔ကုန္ႏွင့္သြင္းကုန္လုပ္ငန္းႏွစ္ရပ္လုံးပါဝင္ၿပီး ႏိုင္ငံ၏ကုန္သြယ္မႈပမာဏ တိုးတက္ရန္အတြက္ ပို႔ကုန္အား တိုးျမႇင့္လုပ္ေဆာင္သြားရန္ လိုအပ္သကဲ့သို႔ ပို႔ကုန္ျမႇင့္တင္ေရးလုပ္ငန္းမ်ားကို အေထာက္အကူျဖစ္ေစသည့္ သြင္းအားစုမ်ား တင္သြင္းျခင္းျဖင့္ ကုန္သြယ္မႈအားမွ်ေျချဖစ္ရန္လည္း လိုေၾကာင္း သိရသည္။

ယခု (၂၀၂၄ - ၂၀၂၅) ဘ႑ာႏွစ္အတြက္ ကုန္သြယ္မႈပမာဏ လ်ာထားခ်က္ကို ျပည့္မီေအာင္ေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံေတာ္က ခ်မွတ္ထားသည့္ မူဝါဒမ်ားႏွင့္အညီ သက္ဆိုင္ရာဌာနမ်ားႏွင့္ ပုဂၢလိကအသင္းအဖြဲ႕မ်ားကပူးေပါင္းၿပီး တြန္းအားေပးေဆာင္႐ြက္ရန္ အထူးလိုအပ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းထားသည္။

Related news

© 2021. All rights reserved.