အမေရိကန်နိုင်ငံမှာ F-35 တိုက်လေယာဉ်တစ်စင်း ပျက်ကျ
1437
Pika (NP News) - ဇန်နဝါရီ ၂၉
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Fairbanks မြို့အနီးမှာရှိတဲ့ Eielson လေတပ်အခြေ စိုက်စခန်းမှာ ဇန်နဝါရီလ(၂၈)ရက် နေ့လည်(၁)နာရီအချိန်လောက်က F-35 တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အတွင်း F-35 တိုက်လေယာဉ်ဟာ သိသိသာသာထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထပ်မံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ F-35 တိုက်လေယာဉ်ဟာ ကောင်းကင်ပေါ်ကနေ ပြေးလမ်းပေါ်ကို ပြုတ်ကျခဲ့ပြီး လုံးဝပျက်စီးသွားတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း လေယာဉ်မှူးဟာ ထိခိုက်ဒဏ်ရာတွေ မရရှိခဲ့ပေမယ့်လည်း အကဲဖြတ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက် Bassett စစ်ဘက်ဆိုင်ရာဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ F-35 တိုက်လေယာဉ်ပျက်ကျမှုဟာ လေတပ်အခြေစိုက်စခန်းရဲ့ ဧရိယာအတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး လူနာတင်ယာဉ်တွေနဲ့ မီးသတ်ကားတွေအပါအဝင် အရေးပေါ်ဝန်ဆောင်မှုတွေက လျင်မြန်စွာတုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် လေယာဉ်ပျက်ကျခဲ့တဲ့နေရာကို ရှင်းလင်းမှုတွေလုပ်ဆောင်နေပြီး ပျက်ကျရတဲ့အကြောင်းအရင်းတွေကို သိရှိရဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ လေတပ်အခြေစိုက်စခန်းရဲ့ ဝန်ထမ်းတွေက ရိုက်ကူးထားပြီး ပေါက်ကြားလာတယ်လို့ ယူဆရတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ လေယာဉ်မှူးဟာ ထိုင်ခုံနဲ့အတူ အောင်မြင်စွာ ကန်ထွက်နိုင်ခဲ့ပြီး F-35 တိုက်လေယာဉ်ဟာ ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
zawgyi version
အေမရိကန္ႏိုင္ငံမွာ F-35 တိုက္ေလယာဥ္တစ္စင္း ပ်က္က်
Pika (NP News) - ဇန္နဝါရီ ၂၉
အေမရိကန္ႏိုင္ငံ အလက္စကာျပည္နယ္ Fairbanks ၿမိဳ႕အနီးမွာရွိတဲ့ Eielson ေလတပ္အေျခ စိုက္စခန္းမွာ ဇန္နဝါရီလ(၂၈)ရက္ ေန႔လည္(၁)နာရီအခ်ိန္ေလာက္က F-35 တိုက္ေလယာဥ္တစ္စင္းပ်က္က်ခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္အတြင္း F-35 တိုက္ေလယာဥ္ဟာ သိသိသာသာထိခိုက္ပ်က္စီးမႈေတြ ရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက ထပ္မံေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့လည္း အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ F-35 တိုက္ေလယာဥ္ဟာ ေကာင္းကင္ေပၚကေန ေျပးလမ္းေပၚကို ျပဳတ္က်ခဲ့ၿပီး လုံးဝပ်က္စီးသြားတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ေလယာဥ္မႉးဟာ ထိခိုက္ဒဏ္ရာေတြ မရရွိခဲ့ေပမယ့္လည္း အကဲျဖတ္စစ္ေဆးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ Bassett စစ္ဘက္ဆိုင္ရာေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ F-35 တိုက္ေလယာဥ္ပ်က္က်မႈဟာ ေလတပ္အေျခစိုက္စခန္းရဲ႕ ဧရိယာအတြင္းျဖစ္ပြားခဲ့တာျဖစ္ၿပီး လူနာတင္ယာဥ္ေတြနဲ႔ မီးသတ္ကားေတြအပါအဝင္ အေရးေပၚဝန္ေဆာင္မႈေတြက လ်င္ျမန္စြာတုံ႔ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ေလယာဥ္ပ်က္က်ခဲ့တဲ့ေနရာကို ရွင္းလင္းမႈေတြလုပ္ေဆာင္ေနၿပီး ပ်က္က်ရတဲ့အေၾကာင္းအရင္းေတြကို သိရွိရဖို႔အတြက္ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ေလတပ္အေျခစိုက္စခန္းရဲ႕ ဝန္ထမ္းေတြက ႐ိုက္ကူးထားၿပီး ေပါက္ၾကားလာတယ္လို႔ ယူဆရတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ ေလယာဥ္မႉးဟာ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာ ကန္ထြက္ႏိုင္ခဲ့ၿပီး F-35 တိုက္ေလယာဥ္ဟာ ေကာင္းကင္ေပၚကေန ျပဳတ္က်လာတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။