ယူကရိန်းပဋိပက္ခဟာ သီတင်းပတ်အနည်းငယ်အတွင်း အဆုံးသတ်သွားနိုင်တယ်လို့ ရုရှားသမ္မတ ပြော
908
Pika (NP News) - ဇန်နဝါရီ ၂၉
ရုရှားနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ဖို့ ယူကရိန်းက ရရှိနေတဲ့ ခဲယမ်းမီးကျည်တွေနဲ့ ငွေကြေးတွေအပေါ်မူတည်နေတာကြောင့် ယူကရိန်းပဋိပက္ခက အချိန်(၂)လအတွင်း အဆုံး သတ်သွားနိုင်တယ်လို့ ရုရှားသမ္မတပူတင်က ပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်းပဋိပက္ခကို စေ့စပ်ညှိနှိုင်းရေး အဆုံးသတ်နိုင်ခြေနဲ့ပတ်သက်တဲ့ သတင်း ထောက်တွေရဲ့ မေးခွန်းတွေကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ပူတင်က "အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေမရှိဘဲ ယူကရိန်းက မရပ်တည်နိုင်ပါဘူး။ ငွေကြေးနဲ့ခဲယမ်းမီးကျည်တွေကိုသာ မရရှိတော့ဘူးဆိုရင် ယူကရိန်းက အချိန်(၁)လတောင်ခံမှာမဟုတ်ပါဘူး။ အရာအားလုံးက အချိန်(၁)လကနေ (၁)လခွဲအတွင်း ပြီးဆုံးသွားနိုင်ပါတယ်။ ယူကရိန်းမှာက လက်တွေ့မှာတော့ အချုပ်အခြာအာဏာမရှိပါဘူး”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းရဲ့ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေသာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တယ်ဆိုရင် လုပ်ရမယ့်နည်းလမ်းတွေက အရမ်းကို လွယ်ကူတယ်လို့ ပူတင်က ထပ်မံပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ရုရှားဘက်က ၎င်းတို့ရဲ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြသထားပြီးပြီဖြစ်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ဆွေးနွေးမှုတွေအပေါ် တားမြစ်ပိတ်ပင်ထားတဲ့ အမိန့်ကို ပယ်ဖျက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့အတွက် ဆန္ဒရှိတယ်ဆိုတာကို ယူကရိန်းက အချက်ပြနိုင်တယ်လို့လည်း ပူတင်က ပြောကြားခဲ့ပါတယ်။ အဲဒီလိုမျိုး ခြေလှမ်းတွေ မရှိခဲ့ဘူးဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက တရားဝင်မှာ မဟုတ်ဘူးလို့လည်း ပူတင်က သတိပေးပြောဆိုခဲ့ပါတယ်။
zawgyi version
ယူကရိန္းပဋိပကၡဟာ သီတင္းပတ္အနည္းငယ္အတြင္း အဆုံးသတ္သြားႏိုင္တယ္လို႔ ႐ုရွားသမၼတ ေျပာ
Pika (NP News) - ဇန္နဝါရီ ၂၉
႐ုရွားနဲ႔ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားႏိုင္ဖို႔ ယူကရိန္းက ရရွိေနတဲ့ ခဲယမ္းမီးက်ည္ေတြနဲ႔ ေငြေၾကးေတြအေပၚမူတည္ေနတာေၾကာင့္ ယူကရိန္းပဋိပကၡက အခ်ိန္(၂)လအတြင္း အဆုံး သတ္သြားႏိုင္တယ္လို႔ ႐ုရွားသမၼတပူတင္က ေျပာၾကားခဲ့ပါတယ္။
႐ုရွား-ယူကရိန္းပဋိပကၡကို ေစ့စပ္ညႇိႏႈိင္းေရး အဆုံးသတ္ႏိုင္ေျခနဲ႔ပတ္သက္တဲ့ သတင္း ေထာက္ေတြရဲ႕ ေမးခြန္းေတြကို ပူတင္က ျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ပူတင္က "အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြမရွိဘဲ ယူကရိန္းက မရပ္တည္ႏိုင္ပါဘူး။ ေငြေၾကးနဲ႔ခဲယမ္းမီးက်ည္ေတြကိုသာ မရရွိေတာ့ဘူးဆိုရင္ ယူကရိန္းက အခ်ိန္(၁)လေတာင္ခံမွာမဟုတ္ပါဘူး။ အရာအားလုံးက အခ်ိန္(၁)လကေန (၁)လခြဲအတြင္း ၿပီးဆုံးသြားႏိုင္ပါတယ္။ ယူကရိန္းမွာက လက္ေတြ႕မွာေတာ့ အခ်ဳပ္အျခာအာဏာမရွိပါဘူး”လို႔ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းရဲ႕ အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြသာ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုခ်င္တယ္ဆိုရင္ လုပ္ရမယ့္နည္းလမ္းေတြက အရမ္းကို လြယ္ကူတယ္လို႔ ပူတင္က ထပ္မံေျပာၾကားခဲ့ပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က ၎တို႔ရဲ႕သေဘာထားကို ရွင္းရွင္းလင္းလင္း ျပသထားၿပီးၿပီျဖစ္တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ေဆြးေႏြးမႈေတြအေပၚ တားျမစ္ပိတ္ပင္ထားတဲ့ အမိန႔္ကို ပယ္ဖ်က္ျခင္းအားျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလုပ္ေဆာင္ဖို႔အတြက္ ဆႏၵရွိတယ္ဆိုတာကို ယူကရိန္းက အခ်က္ျပႏိုင္တယ္လို႔လည္း ပူတင္က ေျပာၾကားခဲ့ပါတယ္။ အဲဒီလိုမ်ိဳး ေျခလွမ္းေတြ မရွိခဲ့ဘူးဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြက တရားဝင္မွာ မဟုတ္ဘူးလို႔လည္း ပူတင္က သတိေပးေျပာဆိုခဲ့ပါတယ္။