နီကိုဘာကျွန်းစု မြောက်ဖျား၌ စစ်ဘက်အခြေခံအဆောက်အအုံများကို အိန္ဒိယတည်ဆောက်နေ

850

Htay Oung (NP News) - ဇန်နဝါရီ ၂၉
အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ရေငုပ်သင်္ဘောများ ချင်းနင်းဝင်ရောက်လာမှုကိုစောင့်ကြည့်ဖို့အ တွက် နယူးဒေလီက နီကိုဘာကျွန်းစုမြောက်ပိုင်းမှာ စစ်ဘက်အခြေခံအဆောက်အအုံများတည်ဆောက် နေတယ်လို့ “ယူရေးရှားတိုင်းမ်” (၁၈ ဇန်နဝါရီ ၂၀၂၅)ကရေးသားပါတယ်။
နီကိုဘာကျွန်းဟာ အီကွေတာရဲ့မြောက်ဘက် လတ္တီကျု(၉) ဒီဂရီခန့်တွင်တည်ရှိပြီး အလျား (၉)မိုင် အနံ(၇)မိုင်ခန့်နဲ့ လေးထောင့်စပ်စပ်ပုံသဏ္ဌာန် ရှိပါတယ်။ အိန္ဒိယနဲ့ပစိဖိတ်သမုဒ္ဒရာတို့ ဆုံရာမှာတည် ရှိတဲ့ အက်ဒမန်နဲ့နီကိုဘာကျွန်းတွေဟာ ကမ္ဘာ့ဗျူဟာ အမြောက်ဆုံးကျွန်းစုတွေအနက် တစ်ခုဖြစ်တယ်လို့ ပြောစမှတ်ရှိပါတယ်။
အက်ဒမန်နဲ့နီကိုဘာကျွန်းစုများမှာ ကျွန်းစုစု ပေါင်း (၅၇၂)ကျွန်းပါဝင်ပြီး (၃၈)ကျွန်းမှာသာ လူနေ ထိုင်မှုရှိပါတယ်။ မြန်မာနိုင်ငံ ရခိုင်ရိုးမတောင်တန်းရဲ့ သမုဒ္ဒရာအောက် ငုပ်လျှိုးသွားတဲ့ ရေပေါ်အစိတ်အ ပိုင်းတွေဖြစ်ပြီး မြောက်ပိုင်းကို အက်ဒမန်(ကပ္ပလီ)ကျွန်းစု၊ တောင်ပိုင်းကို နီကိုဘာကျွန်းစုတွေလို့ ခေါ် ဆိုကြပါတယ်။ ယခု အိန္ဒိယက အခြေခံအဆောက် အအုံတွေတည်ဆောက်နေတယ်ဆိုတဲ့ “ကားနီကိုဘာ ကျွန်း”ဟာ အဲဒီကျွန်းစုကြီးနှစ်ခုအကြား လတ္တီကျု (၁၀)ဒီဂရီမျဉ်းပြိုင်ဖြတ်သန်းရာ နာမည်ကျော် ရေ လက်ကြားအနီးမှာ ဖြစ်ပါတယ်။
ဂျပန်-တောင်ကိုရီးယား-တရုတ်-ဖိလစ်ပိုင်-ဗီ ယက်နမ်-ကမ္ဘောဒီးယား-ထိုင်း နဲ့ မလေးရှားနိုင်ငံတို့ မှ ဥရောပနဲ့အရှေ့အလယ်ပိုင်းကိုသွားရောက်လိုတဲ့ ရေယာဉ်တွေဟာ မလက္ကာရေလက်ကြား အင်ဒိုနီးရှား စူမားတြားကျွန်းမြောက်ပိုင်းမှ သီရိလင်္ကာကျွန်း တောင်ပိုင်းကို ပထမဆုံး ဦးတည်ခုတ်မောင်းရပါတယ်။ လူသိများတဲ့ အဲဒီရေလမ်းကြောင်းကို “ (၆) ဒီဂရီ ရေလမ်းကြောင်း” လို့ခေါ်ဆိုပြီး ယခု ကားနီကိုဘာ လေတပ်အခြေစိုက်စခန်းဟာ အဲဒီရေပြင်ကို အပေါ် စီးမှလှမ်းမျှော်ကြည့်သလို တည်ရှိနေပါတယ်။
ဥရောပမှာ ဒုတိယကမ္ဘာစစ် ပြင်းထန်စွာဖြစ်ပွား နေချိန် (၁၉၄၁) ခုနှစ်မှာ ဂျပန်နိုင်ငံဟာ ပစိဖိတ် သ မုဒ္ဒရာအတွင်းရှိ အမေရိကန်နဲ့ဗြိတိသျှစစ်အခြေစိုက် စခန်းများကို အလစ်အငိုက်တိုက်ခိုက်ပြီး စစ်ပွဲအတွင်း ဝင်ရောက်လာခဲ့ပါတယ်။ တရုတ်ပြည်မကြီးအတွင်း နေရာအတော်များများကိုသိမ်းပိုက်ထားတဲ့ ဂျပန်စစ် တပ်ဟာ လေကြောင်းစိုးမိုးမှုမှာ ပြိုင်ဘက်ကင်းဖြစ်လာ ပြီး ဖိလစ်ပိုင်၊ ဂူအမ်ကျွန်း၊ မလေးရှားကျွန်းစုတွေနဲ့ စင်ကာပူအထိ အချိန်တိုအတွင်း တိုက်ခိုက်သိမ်းယူခဲ့ ပါတယ်။ ထိုင်းနိုင်ငံအတွင်းရောက်ရှိလာတဲ့ ဂျပန် ကြည်းတပ်မတော်ဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည် နယ်ကြားဧရိယာကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် တနင်္သာရီကမ်းရိုးတန်းကို ဗြိတိသျှ မြန်မာနိုင်ငံမှ စတင်ဖြတ်တောက်လိုက်ပစ်လိုက်ပါတယ်။ နောက် ပိုင်း မြန်မာနိုင်ငံတစ်ခုလုံးနီးပါးကို ဂျပန်တို့သိမ်းယူ လိုက်တဲ့အတွက် ဗြိတိသျှစစ်တပ်ဟာ အိန္ဒိယနဲ့သီရိ လင်္ကာတို့မှာ ပြောင်းရွှေ့ခြေကုပ်ယူရတဲ့အခြေအနေ ရောက်သွားရပါတယ်။ သီရိလင်္ကာ “ထရင်ကွန်မလီ” ရေတပ်အခြေစိုက်စခန်းမှ ဗြိတိသျှနဲ့ မဟာမိတ်စစ် သင်္ဘော ရေငုပ်သင်္ဘောတို့အတွက် မြန်မာနိုင်ငံ တနင်္သာရီကမ်းရိုးတန်းနဲ့ ကျွန်းစုတွေထံ အချိန်တိုအ တွင်း အရောက်သွားဖို့အတွက် အဲဒီနေရာက “ (၁၀) ဒီဂရီ ရေလက်ကြား”ဟာ အလွန်အသုံးဝင်ခဲ့ပါတယ်။
တကယ်တော့ အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ် ရေငုပ်သင်္ဘောတွေရောက်ရှိနေတာကို နယူးဒေလီက စတင်သတိပြုမိတာ (၂၀၁၄) ခုနှစ်ကတည်းကဖြစ်ပြီး “ ဆွန် အတန်းအစား ” ဒီဇယ်-လျှပ်စစ်သုံး တရုတ် ရေငုပ်သင်္ဘောက သီရိလင်္ကာနိုင်ငံမှာ ဆိုက်ကပ်ခဲ့လို့ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဘင်္ဂလားပင်လယ်အော် နဲ့ကပ္ပလီပင်လယ်အတွင်း တရုတ်ရဲ့ အဏ္ဏဝါသုတေ သနအမည်ခံ အချက်အလက်ထောက်လှမ်းရေး သင်္ဘောတွေကို ခပ်စိတ်စိတ် တွေ့မြင်လာရပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံအနီးတစ်ဝိုက်မှာ ခြေပုန်းခုတ်နေ တဲ့တရုတ်ရေငုပ်သင်္ဘောအရေအတွက်တိုးပွားလာ ကြောင်းသိသာပါတယ်။ အဲဒါကြောင့် မလက္ကာရေ လက်ကြားအဝင်အထွက်မှာတည်ရှိပြီး ဘင်္ဂလားပင်လယ်အော်နဲ့ကပ္ပလီပင်လယ်တို့အကြားက ကားနီကို ဘာကျွန်းမှာ အိန္ဒိယက ယခုလို စစ်ဘက်အခြေခံယူနစ် တွေကို တည်ဆောက်လာတာဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အက်ဒမန်နဲ့နီကိုဘာ ကျွန်းစုတွေကိုသိမ်းယူခဲ့တဲ့ ဂျပန်စစ်ဘက်က (၁၉၄၂ -၁၉၄၅) ခုနှစ်အထိ ကားနီကိုဘာကျွန်းပေါ်မှာ ပေ (၃၀ဝဝ)အရှည် ကတ္တရာခင်း လေယာဉ်ပြေးလမ်းကို တည်ဆောက်အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်း ဗြိတိ သျှတော်ဝင်လေတပ်မတော်ရဲ့ သီရိလင်္ကာနဲ့စင်ကာပူ အကြား ဆီဖြည့်စခန်းဖြစ်သွားခဲ့ပါတယ်။ လွတ်လပ် ရေးရရှိပြီးနောက် အိန္ဒိယလေတပ်မတော်က ပိုမို ကောင်းမွန်တဲ့ လေယာဉ်ပြေးလမ်းကို ပေ (၉၀ဝဝ) နီးပါးဖြစ်အောင် (၁၉၆၇)ခုနှစ်မှာတိုးချဲ့ခဲ့ပြီး မိုင် (၁၇၀)ခန့်ဝေးကွာတဲ့ ပို့ဘလဲယားမြို့အတွက် စစ် ဘက်လေယာဉ်ကွင်း ဖြစ်ခဲ့ပါတယ်။
(၂၀ဝ၄) ခုနှစ် အိန္ဒိယသမုဒ္ဒရာ ဆူနာမီရေဘေး မတိုင်မီ ကားနီကိုဘာလေယာဉ်ကွင်း တည်ဆောက် ရေးကို ရုရှားစစ်ဘက်ကအကူအညီပေးခဲ့ပြီး An-32 စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့ ရဟတ် ယာဉ်တွေဆင်းသက်နိုင်မယ့် သီးခြားကွင်းလည်းဖြစ် ပေါ်လာပါတယ်။ (၂၀၁၂) ခုနှစ်မှာ ကားနီကိုဘာကျွန်း မှာ အိန္ဒိယရေတပ်မတော်က “အိုင်အင်န်အက်ဖ် ဘားဇ်” လေတပ်အခြေစိုက်စခန်းကို စတင်ဖွင့်လှစ် ခဲ့ပါတယ်။
နောက်ဆုံးရိုက်ကူးရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံများ အရ ဗျူဟာမြောက်ကားနီကိုဘာကျွန်း လေတပ်အ ခြေစိုက်စခန်းမှာ သိသာထင်ရှားတဲ့ စွမ်းရည်မြှင့်တင် မှုကိုတွေ့မြင်ရပါတယ်။ (၁၀)နှစ်ကြာ အချိန်ယူခဲ့ရတဲ့ တည်ဆောက်မှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး အိန္ဒိယလေ တပ်မတော်ရဲ့ “ဂျက်ဂွာရေကြောင်းသုံး တိုက်ခိုက်ရေး ဂျက်တိုက်လေယာဉ်” ရုရှားလုပ် ဆူခွိုင်း Su-30 တိုက်လေယာဉ်တွေကို အမြဲတမ်း တပ်ချထား နိုင်လာပါတယ်။ ပြေးလမ်းအရှည်ကို ဆက်လက်တိုး မြှင့်နေပြီး အိန္ဒိယလေတပ်မတော်ရဲ့ C-130J Super Hercules အကြီးစား စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတွေဆင်းသက်နိုင်ဖို့ ဆောင်ရွက်နေပါ တယ်။ ကားနီကိုဘာနဲ့ပို့ဘလဲယားအကြား လေယာဉ် ပျံသန်းမှုအပြင် ကူးတို့သင်္ဘောနဲ့လည်း တစ်ပတ်နှစ် ကြိမ်သွားလာနိုင်ပါတယ်။
အခုအခါ အိန္ဒိယအနေနဲ့ အဲ့ဒီကျွန်းစုတွေပေါ်မှာ လေယာဉ်ပြေးလမ်း (၄)ခုအထိရှိနေပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်နိုင်တဲ့အပြင် အနီးအနားဒေသအားလုံးအတွင်း လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်နိုင်ပါတယ်။ ကားနီကိုဘာဟာ ကျွန်းစုအသီးသီးရှိ ကျန်လေတပ် အခြေစိုက်စခန်း (၃)ခုတို့နဲ့လည်း ပူးပေါင်းလုပ် ဆောင်နိုင်ပါတယ်။ အထူးသဖြင့် အိန္ဒိယရေတပ် မတော်ရဲ့ P-81 ရေငုပ်သင်္ဘောထောက်လှမ်းရေး ဘက်စုံသုံးလေယာဉ်တွေဟာ ကားနီကိုဘာ လေတပ် အခြေစိုက်စခန်းကို အများဆုံးအသုံးပြုပါတယ်။ တစ် နည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်း P-81 ထောက် လှမ်းရေးလေယာဉ်အများအပြားနဲ့ကင်းလှည့်နေရာ မှာ အမေရိကန်ပြီးရင် အိန္ဒိယက ဒုတိယမြောက် အရေအတွက်အများဆုံးဖြစ်လာပါတယ်။
(၂၀၁၉) ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ အက်ဒမန်ကျွန်းမြောက်ဖျား ကိုကိုးကျွန်းမှာ လေတပ်စခန်း တစ်ခုတည်ဆောက်ခဲ့ပါတယ်။ အဲဒီစခန်းဟာ တရုတ် ထောက်လှမ်းရေးနယ်ခြားစခန်းဖြစ်လိမ့်မယ်လို့ သံသ ယရှိတာကြောင့် အိန္ဒိယရေတပ်မတော်ကလည်း ကို ကိုးကျွန်းအနီး အက်ဒမန်ကျွန်းမြောက်ပိုင်းမှာ “ကို ဟက်ဆာလေတပ်စခန်း” ကိုတည်ဆောက်ခဲ့ပါတယ်။ P-81 လေယာဉ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ပြေးလမ်းမျိုးဖြစ်အောင်လည်း တိုးချဲ့ခဲ့ပါတယ်။
နယူးဒေလီဟာ ကျွန်းတွေမှာ စစ်သင်္ဘောတွေနဲ့ သင်္ဘောဖျက်ဒုံးကျည်တွေကို ရွှေ့ပြောင်းနေရာချထား တာအပြင် အိန္ဒိယတပ်မတော်ရဲ့ နာမည်ကျော် “ဘ ရာမို့စ်” သင်္ဘောဖျက်ဒုံးကျည်တွေကို စမ်းသပ်ပစ် ခတ်ခဲ့ရာ နောက်ဆုံးပစ်လွှတ်ခြင်းဟာ မကြာသေးခင် (၂၀၂၅) ခုနှစ် ဇန်နဝါရီလ (၁၅) ရက်မှာဖြစ်ပါတယ်။
ကျွန်းပေါင်း (၅၇၂) ကျွန်းရဲ့ မြောက်ဘက်စွန်း ဟာ မြန်မာနိုင်ငံမှ ရေမိုင် (၂၂) မိုင်သာကွာဝေးပြီး တောင်ဘက်စွန်းဟာ အင်ဒိုနီးရှားမှ ရေမိုင် (၉၀)မျှ သာကွာဝေးပါတယ်။ အက်ဒမန်နဲ့နီကိုဘာကျွန်းတွေ ဟာ ဘင်္ဂလားပင်လယ်အော်၊ (၆) ဒီဂရီနဲ့ (၁၀) ဒီဂရီ ရေလမ်းကြောင်းတွေကိုထိန်းချုပ်ထားပြီး ကုန်သွယ် ရေကြောင်းသင်္ဘော (၆၀ယဝဝဝ) ကျော် ခုတ်မောင်းသွားလာရာရေပြင်ရဲ့ အချက်အချာနေရာမှာ တည်ရှိ တယ်လို့ဆိုနိုင်ပါတယ်။
နိုင်ငံတကာ ပါဝါပြိုင်ဆိုင်မှုမှာ အိန္ဒိယသမုဒ္ဒရာ ဒေသလည်း အကျုံးဝင်လာပါတယ်။ ပထဝီဝင် မဟာ ဗျူဟာအကြောင်းပြချက်တွေကြောင့် ဒေသတွင်းဟာ နိုင်ငံတကာ ပါဝါပြိုင်ဆိုင်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာ နေကြောင်း အဓိက ကုန်သွယ်မှုလမ်းကြောင်းမှာ ရေ တပ်အင်အား အခိုင်အမာတည်ရှိနေရေးဟာ ကန် ဒေါ်လာ (၉) ဘီလျံကျခံသုံးစွဲတဲ့အထိ နိုင်ငံရဲ့ အကြီး မားဆုံး ဦးစားပေးအစီအစဉ်ဖြစ်ကြောင်း အိန္ဒိယကာ ကွယ်ရေးဝန်ကြီး ရာ့ဂျ်နသ်ဆင်းကပြောပါတယ်။
အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ လက်ဝါးကြီး အုပ်မှုကျယ်ပြန့်လာခြင်းကို ချိန်ခွင်လျှာချိန်ညှိဖို့အ တွက် (၅၇၂)ကျွန်းပါဝင်တဲ့ ကျွန်းတန်းရှည်ဟာ အိန္ဒိ ယရဲ့ ကာကွယ်ရေးမဟာဗျူဟာမှာ မရှိမဖြစ် အစိတ် အပိုင်းတစ်ခုဖြစ်လာနေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း အိန္ဒိယသမုဒ္ဒရာမှာ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် စစ်သင်္ဘောတွေနဲ့ ရေငုပ် သင်္ဘောတွေရဲ့ ဥဒဟိုဝင်ထွက်မှုဟာ နေရာအနှံ့ ဖြစ် လာခဲ့ပါတယ်။ ဒါဟာ တရုတ်ရေငုပ်သင်္ဘောတစ်စင်း ကို အိန္ဒိယသမုဒ္ဒရာမှာ တွေ့မြင်ခဲ့ရပြီးနောက် ကျွန်း တွေပေါ်မှာ တရုတ်သင်္ဘောသား (၁၅၀)ကို နယူး ဒေလီကထိန်းသိမ်းခဲ့ရတဲ့ (၁၉၆၂) ခုနှစ် တရုတ်-အိန္ဒိယ ပထမစစ်ပွဲကာလကို ပြန်လည်အမှတ်ရဖို့ဖြစ် နေပါတယ်။
အိန္ဒိယပြည်မကြီးမှ (၇၅၀) မိုင်ကျော်အကွာမှာ တည်ရှိတဲ့ ကျွန်းတန်းရှည်ရဲ့ အကြီးမားဆုံး အားသာ ချက်မှာ ကမ္ဘာ့ကူးသန်းသွားလာမှုအများဆုံး သင်္ဘော လမ်းကြောင်းများအနက်တစ်ခုဖြစ်တဲ့ မလက္ကာရေ လက်ကြားမျိုးတို့လို အရေးကြီးရေလမ်းကြောင်းတွေ ကိုစိုးမိုးနိုင်တဲ့အကွာအဝေးမှာ တည်ရှိနေတာပဲဖြစ်ပါ တယ်။ ဒါကြောင့်လည်း အိန္ဒိယဟာ ကျွန်းစုတွေမှာ တပ်စွဲနိုင်မှုကိုခိုင်မာစေခြင်းအားဖြင့် အင်ဒို-ပစိ ဖိတ်ဒေသ ပါဝါတည်ငြိမ်ရေးကို ချိန်ဆနေပါတယ်။
အိန္ဒိယသမုဒ္ဒရာအနှံ့အပြားမှာ တရုတ်လွတ် မြောက်ရေးတပ်မတော်ရဲ့ စစ်သင်္ဘောများ၊ ရေငုပ် သင်္ဘောတွေနဲ့ သုတေသန၊ အချက်အလက်စုဆောင်း ထောက်လှမ်းရေးသင်္ဘောတွေက မကြာခဏဆိုသ လို ဖြတ်သန်းခုတ်မောင်းလျက်ရှိကြောင်း၊ အနာဂတ် ကာလ အဲဒီရေပြင်မှာ နျူကလီယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေအပါအဝင် ရေရှည်အခြေချလာဖို့ တရုတ်ရေတပ်ရဲ့ရည်မှန်းချက်ကို ဖော်ပြနေကြောင်း၊ ဒီအတွက် အိန္ဒိယက အက်ဒမန်နဲ့ နီကိုဘာကျွန်းများ မှာ စစ်ဘက်အခြေခံအဆောက်အအုံတွေကို ဖြန့် ကြက်တည်ဆောက်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ အိန္ဒိယရေတပ်ဦးစီးချုပ်ဟောင်း ရေကြောင်း ဗိုလ်ချုပ် ကြီး အာရမ်ပရာကက်ရှ်က ပြောပါတယ်။
(Euroasia., 18 January 2025,” Chinese Submarines In A ‘Chokehodl’: India Beesf Up Infra In Carnicobar To Chalenge China’s Forays In IOR” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

zawgyi version
နီကိုဘာကြၽန္းစု ေျမာက္ဖ်ား၌ စစ္ဘက္အေျခခံအေဆာက္အအုံမ်ားကို အိႏၵိယတည္ေဆာက္ေန
Htay Oung (NP News) - ဇန္နဝါရီ ၂၉
အိႏၵိယသမုဒၵရာအတြင္း တ႐ုတ္ေရငုပ္သေဘၤာမ်ား ခ်င္းနင္းဝင္ေရာက္လာမႈကိုေစာင့္ၾကည့္ဖို႔အ တြက္ နယူးေဒလီက နီကိုဘာကြၽန္းစုေျမာက္ပိုင္းမွာ စစ္ဘက္အေျခခံအေဆာက္အအုံမ်ားတည္ေဆာက္ ေနတယ္လို႔ “ယူေရးရွားတိုင္းမ္” (၁၈ ဇန္နဝါရီ ၂၀၂၅)ကေရးသားပါတယ္။
နီကိုဘာကြၽန္းဟာ အီေကြတာရဲ႕ေျမာက္ဘက္ လတၱီက်ဳ(၉) ဒီဂရီခန႔္တြင္တည္ရွိၿပီး အလ်ား (၉)မိုင္ အနံ(၇)မိုင္ခန႔္နဲ႔ ေလးေထာင့္စပ္စပ္ပုံသဏၭာန္ ရွိပါတယ္။ အိႏၵိယနဲ႔ပစိဖိတ္သမုဒၵရာတို႔ ဆုံရာမွာတည္ ရွိတဲ့ အက္ဒမန္နဲ႔နီကိုဘာကြၽန္းေတြဟာ ကမာၻ႔ဗ်ဴဟာ အေျမာက္ဆုံးကြၽန္းစုေတြအနက္ တစ္ခုျဖစ္တယ္လို႔ ေျပာစမွတ္ရွိပါတယ္။
အက္ဒမန္နဲ႔နီကိုဘာကြၽန္းစုမ်ားမွာ ကြၽန္းစုစု ေပါင္း (၅၇၂)ကြၽန္းပါဝင္ၿပီး (၃၈)ကြၽန္းမွာသာ လူေန ထိုင္မႈရွိပါတယ္။ ျမန္မာႏိုင္ငံ ရခိုင္႐ိုးမေတာင္တန္းရဲ႕ သမုဒၵရာေအာက္ ငုပ္လွ်ိဳးသြားတဲ့ ေရေပၚအစိတ္အ ပိုင္းေတြျဖစ္ၿပီး ေျမာက္ပိုင္းကို အက္ဒမန္(ကပၸလီ)ကြၽန္းစု၊ ေတာင္ပိုင္းကို နီကိုဘာကြၽန္းစုေတြလို႔ ေခၚ ဆိုၾကပါတယ္။ ယခု အိႏၵိယက အေျခခံအေဆာက္ အအုံေတြတည္ေဆာက္ေနတယ္ဆိုတဲ့ “ကားနီကိုဘာ ကြၽန္း”ဟာ အဲဒီကြၽန္းစုႀကီးႏွစ္ခုအၾကား လတၱီက်ဳ (၁၀)ဒီဂရီမ်ဥ္းၿပိဳင္ျဖတ္သန္းရာ နာမည္ေက်ာ္ ေရ လက္ၾကားအနီးမွာ ျဖစ္ပါတယ္။
ဂ်ပန္-ေတာင္ကိုရီးယား-တ႐ုတ္-ဖိလစ္ပိုင္-ဗီ ယက္နမ္-ကေမာၻဒီးယား-ထိုင္း နဲ႔ မေလးရွားႏိုင္ငံတို႔ မွ ဥေရာပနဲ႔အေရွ႕အလယ္ပိုင္းကိုသြားေရာက္လိုတဲ့ ေရယာဥ္ေတြဟာ မလကၠာေရလက္ၾကား အင္ဒိုနီးရွား စူမားၾတားကြၽန္းေျမာက္ပိုင္းမွ သီရိလကၤာကြၽန္း ေတာင္ပိုင္းကို ပထမဆုံး ဦးတည္ခုတ္ေမာင္းရပါတယ္။ လူသိမ်ားတဲ့ အဲဒီေရလမ္းေၾကာင္းကို “ (၆) ဒီဂရီ ေရလမ္းေၾကာင္း” လို႔ေခၚဆိုၿပီး ယခု ကားနီကိုဘာ ေလတပ္အေျခစိုက္စခန္းဟာ အဲဒီေရျပင္ကို အေပၚ စီးမွလွမ္းေမွ်ာ္ၾကည့္သလို တည္ရွိေနပါတယ္။
ဥေရာပမွာ ဒုတိယကမာၻစစ္ ျပင္းထန္စြာျဖစ္ပြား ေနခ်ိန္ (၁၉၄၁) ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံဟာ ပစိဖိတ္ သ မုဒၵရာအတြင္းရွိ အေမရိကန္နဲ႔ၿဗိတိသွ်စစ္အေျခစိုက္ စခန္းမ်ားကို အလစ္အငိုက္တိုက္ခိုက္ၿပီး စစ္ပြဲအတြင္း ဝင္ေရာက္လာခဲ့ပါတယ္။ တ႐ုတ္ျပည္မႀကီးအတြင္း ေနရာအေတာ္မ်ားမ်ားကိုသိမ္းပိုက္ထားတဲ့ ဂ်ပန္စစ္ တပ္ဟာ ေလေၾကာင္းစိုးမိုးမႈမွာ ၿပိဳင္ဘက္ကင္းျဖစ္လာ ၿပီး ဖိလစ္ပိုင္၊ ဂူအမ္ကြၽန္း၊ မေလးရွားကြၽန္းစုေတြနဲ႔ စင္ကာပူအထိ အခ်ိန္တိုအတြင္း တိုက္ခိုက္သိမ္းယူခဲ့ ပါတယ္။ ထိုင္းႏိုင္ငံအတြင္းေရာက္ရွိလာတဲ့ ဂ်ပန္ ၾကည္းတပ္မေတာ္ဟာ ကရင္ျပည္နယ္နဲ႔ မြန္ျပည္ နယ္ၾကားဧရိယာကို တိုက္ခိုက္သိမ္းပိုက္ျခင္းျဖင့္ တနသၤာရီကမ္း႐ိုးတန္းကို ၿဗိတိသွ် ျမန္မာႏိုင္ငံမွ စတင္ျဖတ္ေတာက္လိုက္ပစ္လိုက္ပါတယ္။ ေနာက္ ပိုင္း ျမန္မာႏိုင္ငံတစ္ခုလုံးနီးပါးကို ဂ်ပန္တို႔သိမ္းယူ လိုက္တဲ့အတြက္ ၿဗိတိသွ်စစ္တပ္ဟာ အိႏၵိယနဲ႔သီရိ လကၤာတို႔မွာ ေျပာင္းေ႐ႊ႕ေျခကုပ္ယူရတဲ့အေျခအေန ေရာက္သြားရပါတယ္။ သီရိလကၤာ “ထရင္ကြန္မလီ” ေရတပ္အေျခစိုက္စခန္းမွ ၿဗိတိသွ်နဲ႔ မဟာမိတ္စစ္ သေဘၤာ ေရငုပ္သေဘၤာတို႔အတြက္ ျမန္မာႏိုင္ငံ တနသၤာရီကမ္း႐ိုးတန္းနဲ႔ ကြၽန္းစုေတြထံ အခ်ိန္တိုအ တြင္း အေရာက္သြားဖို႔အတြက္ အဲဒီေနရာက “ (၁၀) ဒီဂရီ ေရလက္ၾကား”ဟာ အလြန္အသုံးဝင္ခဲ့ပါတယ္။
တကယ္ေတာ့ အိႏၵိယသမုဒၵရာအတြင္း တ႐ုတ္ ေရငုပ္သေဘၤာေတြေရာက္ရွိေနတာကို နယူးေဒလီက စတင္သတိျပဳမိတာ (၂၀၁၄) ခုႏွစ္ကတည္းကျဖစ္ၿပီး “ ဆြန္ အတန္းအစား ” ဒီဇယ္-လွ်ပ္စစ္သုံး တ႐ုတ္ ေရငုပ္သေဘၤာက သီရိလကၤာႏိုင္ငံမွာ ဆိုက္ကပ္ခဲ့လို႔ ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း ဘဂၤလားပင္လယ္ေအာ္ နဲ႔ကပၸလီပင္လယ္အတြင္း တ႐ုတ္ရဲ႕ အဏၰဝါသုေတ သနအမည္ခံ အခ်က္အလက္ေထာက္လွမ္းေရး သေဘၤာေတြကို ခပ္စိတ္စိတ္ ေတြ႕ျမင္လာရပါတယ္။ ဒါဟာ အိႏၵိယႏိုင္ငံအနီးတစ္ဝိုက္မွာ ေျခပုန္းခုတ္ေန တဲ့တ႐ုတ္ေရငုပ္သေဘၤာအေရအတြက္တိုးပြားလာ ေၾကာင္းသိသာပါတယ္။ အဲဒါေၾကာင့္ မလကၠာေရ လက္ၾကားအဝင္အထြက္မွာတည္ရွိၿပီး ဘဂၤလားပင္လယ္ေအာ္နဲ႔ကပၸလီပင္လယ္တို႔အၾကားက ကားနီကို ဘာကြၽန္းမွာ အိႏၵိယက ယခုလို စစ္ဘက္အေျခခံယူနစ္ ေတြကို တည္ေဆာက္လာတာျဖစ္ပါတယ္။
ဒုတိယကမာၻစစ္အတြင္း အက္ဒမန္နဲ႔နီကိုဘာ ကြၽန္းစုေတြကိုသိမ္းယူခဲ့တဲ့ ဂ်ပန္စစ္ဘက္က (၁၉၄၂ -၁၉၄၅) ခုႏွစ္အထိ ကားနီကိုဘာကြၽန္းေပၚမွာ ေပ (၃၀ဝဝ)အရွည္ ကတၱရာခင္း ေလယာဥ္ေျပးလမ္းကို တည္ေဆာက္အသုံးျပဳခဲ့ပါတယ္။ ေနာက္ပိုင္း ၿဗိတိ သွ်ေတာ္ဝင္ေလတပ္မေတာ္ရဲ႕ သီရိလကၤာနဲ႔စင္ကာပူ အၾကား ဆီျဖည့္စခန္းျဖစ္သြားခဲ့ပါတယ္။ လြတ္လပ္ ေရးရရွိၿပီးေနာက္ အိႏၵိယေလတပ္မေတာ္က ပိုမို ေကာင္းမြန္တဲ့ ေလယာဥ္ေျပးလမ္းကို ေပ (၉၀ဝဝ) နီးပါးျဖစ္ေအာင္ (၁၉၆၇)ခုႏွစ္မွာတိုးခ်ဲ႕ခဲ့ၿပီး မိုင္ (၁၇၀)ခန႔္ေဝးကြာတဲ့ ပို႔ဘလဲယားၿမိဳ႕အတြက္ စစ္ ဘက္ေလယာဥ္ကြင္း ျဖစ္ခဲ့ပါတယ္။
(၂၀ဝ၄) ခုႏွစ္ အိႏၵိယသမုဒၵရာ ဆူနာမီေရေဘး မတိုင္မီ ကားနီကိုဘာေလယာဥ္ကြင္း တည္ေဆာက္ ေရးကို ႐ုရွားစစ္ဘက္ကအကူအညီေပးခဲ့ၿပီး An-32 စစ္သုံးသယ္ယူပို႔ေဆာင္ေရးေလယာဥ္ေတြနဲ႔ ရဟတ္ ယာဥ္ေတြဆင္းသက္ႏိုင္မယ့္ သီးျခားကြင္းလည္းျဖစ္ ေပၚလာပါတယ္။ (၂၀၁၂) ခုႏွစ္မွာ ကားနီကိုဘာကြၽန္း မွာ အိႏၵိယေရတပ္မေတာ္က “အိုင္အင္န္အက္ဖ္ ဘားဇ္” ေလတပ္အေျခစိုက္စခန္းကို စတင္ဖြင့္လွစ္ ခဲ့ပါတယ္။
ေနာက္ဆုံး႐ိုက္ကူးရရွိတဲ့ ၿဂိဳဟ္တုဓာတ္ပုံမ်ား အရ ဗ်ဴဟာေျမာက္ကားနီကိုဘာကြၽန္း ေလတပ္အ ေျခစိုက္စခန္းမွာ သိသာထင္ရွားတဲ့ စြမ္းရည္ျမႇင့္တင္ မႈကိုေတြ႕ျမင္ရပါတယ္။ (၁၀)ႏွစ္ၾကာ အခ်ိန္ယူခဲ့ရတဲ့ တည္ေဆာက္မႈတစ္စိတ္တစ္ပိုင္းျဖစ္ၿပီး အိႏၵိယေလ တပ္မေတာ္ရဲ႕ “ဂ်က္ဂြာေရေၾကာင္းသုံး တိုက္ခိုက္ေရး ဂ်က္တိုက္ေလယာဥ္” ႐ုရွားလုပ္ ဆူခြိဳင္း Su-30 တိုက္ေလယာဥ္ေတြကို အၿမဲတမ္း တပ္ခ်ထား ႏိုင္လာပါတယ္။ ေျပးလမ္းအရွည္ကို ဆက္လက္တိုး ျမႇင့္ေနၿပီး အိႏၵိယေလတပ္မေတာ္ရဲ႕ C-130J Super Hercules အႀကီးစား စစ္ဘက္သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ႀကီးေတြဆင္းသက္ႏိုင္ဖို႔ ေဆာင္႐ြက္ေနပါ တယ္။ ကားနီကိုဘာနဲ႔ပို႔ဘလဲယားအၾကား ေလယာဥ္ ပ်ံသန္းမႈအျပင္ ကူးတို႔သေဘၤာနဲ႔လည္း တစ္ပတ္ႏွစ္ ႀကိမ္သြားလာႏိုင္ပါတယ္။
အခုအခါ အိႏၵိယအေနနဲ႔ အဲ့ဒီကြၽန္းစုေတြေပၚမွာ ေလယာဥ္ေျပးလမ္း (၄)ခုအထိရွိေနၿပီး တစ္ခုနဲ႔တစ္ခု ခ်ိတ္ဆက္ႏိုင္တဲ့အျပင္ အနီးအနားေဒသအားလုံးအတြင္း လြတ္လပ္စြာလႈပ္ရွားေဆာင္႐ြက္ႏိုင္ပါတယ္။ ကားနီကိုဘာဟာ ကြၽန္းစုအသီးသီးရွိ က်န္ေလတပ္ အေျခစိုက္စခန္း (၃)ခုတို႔နဲ႔လည္း ပူးေပါင္းလုပ္ ေဆာင္ႏိုင္ပါတယ္။ အထူးသျဖင့္ အိႏၵိယေရတပ္ မေတာ္ရဲ႕ P-81 ေရငုပ္သေဘၤာေထာက္လွမ္းေရး ဘက္စုံသုံးေလယာဥ္ေတြဟာ ကားနီကိုဘာ ေလတပ္ အေျခစိုက္စခန္းကို အမ်ားဆုံးအသုံးျပဳပါတယ္။ တစ္ နည္းအားျဖင့္ အိႏၵိယသမုဒၵရာအတြင္း P-81 ေထာက္ လွမ္းေရးေလယာဥ္အမ်ားအျပားနဲ႔ကင္းလွည့္ေနရာ မွာ အေမရိကန္ၿပီးရင္ အိႏၵိယက ဒုတိယေျမာက္ အေရအတြက္အမ်ားဆုံးျဖစ္လာပါတယ္။
(၂၀၁၉) ခုႏွစ္တုန္းက ျမန္မာႏိုင္ငံဟာ အက္ဒမန္ကြၽန္းေျမာက္ဖ်ား ကိုကိုးကြၽန္းမွာ ေလတပ္စခန္း တစ္ခုတည္ေဆာက္ခဲ့ပါတယ္။ အဲဒီစခန္းဟာ တ႐ုတ္ ေထာက္လွမ္းေရးနယ္ျခားစခန္းျဖစ္လိမ့္မယ္လို႔ သံသ ယရွိတာေၾကာင့္ အိႏၵိယေရတပ္မေတာ္ကလည္း ကို ကိုးကြၽန္းအနီး အက္ဒမန္ကြၽန္းေျမာက္ပိုင္းမွာ “ကို ဟက္ဆာေလတပ္စခန္း” ကိုတည္ေဆာက္ခဲ့ပါတယ္။ P-81 ေလယာဥ္ေတြနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ ေျပးလမ္းမ်ိဳးျဖစ္ေအာင္လည္း တိုးခ်ဲ႕ခဲ့ပါတယ္။
နယူးေဒလီဟာ ကြၽန္းေတြမွာ စစ္သေဘၤာေတြနဲ႔ သေဘၤာဖ်က္ဒုံးက်ည္ေတြကို ေ႐ႊ႕ေျပာင္းေနရာခ်ထား တာအျပင္ အိႏၵိယတပ္မေတာ္ရဲ႕ နာမည္ေက်ာ္ “ဘ ရာမို႔စ္” သေဘၤာဖ်က္ဒုံးက်ည္ေတြကို စမ္းသပ္ပစ္ ခတ္ခဲ့ရာ ေနာက္ဆုံးပစ္လႊတ္ျခင္းဟာ မၾကာေသးခင္ (၂၀၂၅) ခုႏွစ္ ဇန္နဝါရီလ (၁၅) ရက္မွာျဖစ္ပါတယ္။
ကြၽန္းေပါင္း (၅၇၂) ကြၽန္းရဲ႕ ေျမာက္ဘက္စြန္း ဟာ ျမန္မာႏိုင္ငံမွ ေရမိုင္ (၂၂) မိုင္သာကြာေဝးၿပီး ေတာင္ဘက္စြန္းဟာ အင္ဒိုနီးရွားမွ ေရမိုင္ (၉၀)မွ် သာကြာေဝးပါတယ္။ အက္ဒမန္နဲ႔နီကိုဘာကြၽန္းေတြ ဟာ ဘဂၤလားပင္လယ္ေအာ္၊ (၆) ဒီဂရီနဲ႔ (၁၀) ဒီဂရီ ေရလမ္းေၾကာင္းေတြကိုထိန္းခ်ဳပ္ထားၿပီး ကုန္သြယ္ ေရေၾကာင္းသေဘၤာ (၆၀ယဝဝဝ) ေက်ာ္ ခုတ္ေမာင္းသြားလာရာေရျပင္ရဲ႕ အခ်က္အခ်ာေနရာမွာ တည္ရွိ တယ္လို႔ဆိုႏိုင္ပါတယ္။
ႏိုင္ငံတကာ ပါဝါၿပိဳင္ဆိုင္မႈမွာ အိႏၵိယသမုဒၵရာ ေဒသလည္း အက်ဳံးဝင္လာပါတယ္။ ပထဝီဝင္ မဟာ ဗ်ဴဟာအေၾကာင္းျပခ်က္ေတြေၾကာင့္ ေဒသတြင္းဟာ ႏိုင္ငံတကာ ပါဝါၿပိဳင္ဆိုင္မႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္လာ ေနေၾကာင္း အဓိက ကုန္သြယ္မႈလမ္းေၾကာင္းမွာ ေရ တပ္အင္အား အခိုင္အမာတည္ရွိေနေရးဟာ ကန္ ေဒၚလာ (၉) ဘီလ်ံက်ခံသုံးစြဲတဲ့အထိ ႏိုင္ငံရဲ႕ အႀကီး မားဆုံး ဦးစားေပးအစီအစဥ္ျဖစ္ေၾကာင္း အိႏၵိယကာ ကြယ္ေရးဝန္ႀကီး ရာ့ဂ်္နသ္ဆင္းကေျပာပါတယ္။
အင္ဒို-ပစိဖိတ္ေဒသမွာ တ႐ုတ္ရဲ႕ လက္ဝါးႀကီး အုပ္မႈက်ယ္ျပန႔္လာျခင္းကို ခ်ိန္ခြင္လွ်ာခ်ိန္ညႇိဖို႔အ တြက္ (၅၇၂)ကြၽန္းပါဝင္တဲ့ ကြၽန္းတန္းရွည္ဟာ အိႏၵိ ယရဲ႕ ကာကြယ္ေရးမဟာဗ်ဴဟာမွာ မရွိမျဖစ္ အစိတ္ အပိုင္းတစ္ခုျဖစ္လာေနပါတယ္။ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ အတြင္း အိႏၵိယသမုဒၵရာမွာ တ႐ုတ္ျပည္သူ႔လြတ္ ေျမာက္ေရးတပ္မေတာ္ စစ္သေဘၤာေတြနဲ႔ ေရငုပ္ သေဘၤာေတြရဲ႕ ဥဒဟိုဝင္ထြက္မႈဟာ ေနရာအႏွံ႔ ျဖစ္ လာခဲ့ပါတယ္။ ဒါဟာ တ႐ုတ္ေရငုပ္သေဘၤာတစ္စင္း ကို အိႏၵိယသမုဒၵရာမွာ ေတြ႕ျမင္ခဲ့ရၿပီးေနာက္ ကြၽန္း ေတြေပၚမွာ တ႐ုတ္သေဘၤာသား (၁၅၀)ကို နယူး ေဒလီကထိန္းသိမ္းခဲ့ရတဲ့ (၁၉၆၂) ခုႏွစ္ တ႐ုတ္-အိႏၵိယ ပထမစစ္ပြဲကာလကို ျပန္လည္အမွတ္ရဖို႔ျဖစ္ ေနပါတယ္။
အိႏၵိယျပည္မႀကီးမွ (၇၅၀) မိုင္ေက်ာ္အကြာမွာ တည္ရွိတဲ့ ကြၽန္းတန္းရွည္ရဲ႕ အႀကီးမားဆုံး အားသာ ခ်က္မွာ ကမာၻ႔ကူးသန္းသြားလာမႈအမ်ားဆုံး သေဘၤာ လမ္းေၾကာင္းမ်ားအနက္တစ္ခုျဖစ္တဲ့ မလကၠာေရ လက္ၾကားမ်ိဳးတို႔လို အေရးႀကီးေရလမ္းေၾကာင္းေတြ ကိုစိုးမိုးႏိုင္တဲ့အကြာအေဝးမွာ တည္ရွိေနတာပဲျဖစ္ပါ တယ္။ ဒါေၾကာင့္လည္း အိႏၵိယဟာ ကြၽန္းစုေတြမွာ တပ္စြဲႏိုင္မႈကိုခိုင္မာေစျခင္းအားျဖင့္ အင္ဒို-ပစိ ဖိတ္ေဒသ ပါဝါတည္ၿငိမ္ေရးကို ခ်ိန္ဆေနပါတယ္။
အိႏၵိယသမုဒၵရာအႏွံ႔အျပားမွာ တ႐ုတ္လြတ္ ေျမာက္ေရးတပ္မေတာ္ရဲ႕ စစ္သေဘၤာမ်ား၊ ေရငုပ္ သေဘၤာေတြနဲ႔ သုေတသန၊ အခ်က္အလက္စုေဆာင္း ေထာက္လွမ္းေရးသေဘၤာေတြက မၾကာခဏဆိုသ လို ျဖတ္သန္းခုတ္ေမာင္းလ်က္ရွိေၾကာင္း၊ အနာဂတ္ ကာလ အဲဒီေရျပင္မွာ န်ဴကလီယားတိုက္ခိုက္ေရး ေရငုပ္သေဘၤာေတြအပါအဝင္ ေရရွည္အေျခခ်လာဖို႔ တ႐ုတ္ေရတပ္ရဲ႕ရည္မွန္းခ်က္ကို ေဖာ္ျပေနေၾကာင္း၊ ဒီအတြက္ အိႏၵိယက အက္ဒမန္နဲ႔ နီကိုဘာကြၽန္းမ်ား မွာ စစ္ဘက္အေျခခံအေဆာက္အအုံေတြကို ျဖန႔္ ၾကက္တည္ေဆာက္ဖို႔ မျဖစ္မေနလိုအပ္တယ္လို႔ အိႏၵိယေရတပ္ဦးစီးခ်ဳပ္ေဟာင္း ေရေၾကာင္း ဗိုလ္ခ်ဳပ္ ႀကီး အာရမ္ပရာကက္ရွ္က ေျပာပါတယ္။
(Euroasia., 18 January 2025,” Chinese Submarines In A ‘Chokehodl’: India Beesf Up Infra In Carnicobar To Chalenge China’s Forays In IOR” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္)