မလေးရှားနိုင်ငံတွင် အရပ်ဝတ်အသွင်ယူကာ အော်ပရာဇီဖမ်းဆီးခြင်းများရှိလာသောကြောင့် မြန်မာများ ပိုမိုသတိထားနေရ
271
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၃ဝ
မလေးရှားနိုင်ငံတွင် အရပ်ဝတ်အသွင်ယူကာ အော်ပရာဇီဖမ်းဆီးခြင်းများရှိလာသောကြောင့် မြန်မာများ ပိုမို သတိထားနေရကြောင်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတစ်ဦးက NP News သို့ ပြောသည်။
မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ၆ လပိုင်းမှစတင်၍ နေရာတိုင်းလိုလိုတွင် တရားမဝင်နေထိုင်သူအားလုံးကို ပိုမို အဖမ်းအဆီးများလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးမှုများကို မလေးရှားနိုင်ငံ၏ မြို့တော်ကွာလာလမ်ပူ အပါအဝင် မလေးရှားနိုင်ငံ၏ ပြည်နယ်အတော် များများတွင် ပြုလုပ်နေခြင်းဖြစ်ရာ တရားမဝင်လုပ်သားများအတွက် အခက်အခဲဆုံးကာလတစ်ခုကို ရင်ဆိုင်နေရ ခြင်းဖြစ်သည်။
“အရင်တုန်းကဆိုရင် ယူနီဖောင်းနဲ့ အခုနောက်ပိုင်းဆို ယူနီဖောင်းတောင်မပါတော့ဘူး။ တော်တော်များများက အရပ်ဝတ်တွေနဲ့ဖမ်းလာတယ်။ အဲဒီတော့ အရပ်ဝတ်တွေနဲ့ဖမ်းလာတဲ့နေရာမှာ တစ်ချို့တွေက ဒီမြန်မာနိုင်ငံသား တွေပဲဖြစ်ဖြစ်၊ အခြားနိုင်ငံသားတွေပဲဖြစ်ဖြစ် မနက်အစောပိုင်း အလုပ်သွားတဲ့အခါမှာ ရဲ မဟုတ်ဘဲနဲ့ (တရားမဝင်ဖမ်းဆီးရေး) ၆ လ တာဝန်ယူတဲ့ နိုင်ငံသားတွေလည်း ပေါ်ပေါက်လာတွေလည်း အရမ်းများတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ယခုကဲ့သို့ အရပ်ဝတ်ဖြင့်အဖမ်းအဆီးများကြောင့် ဝေးလံသောနေရာများကို မသွား ကြဘဲ မိမိနေအိမ်တွင် နေကြခြင်းနှင့် မိမိအလုပ်ရုံတွင်သာ နေထိုင်ကြသော်လည်း အလုပ်နှင့်နေအိမ်ဝေးနေသူများ သည် လမ်းတစ်ဝက်တွင် အဖမ်းခံရခြင်းများရှိကြောင်း သိရသည်။
“ကိုယ်အလုပ်လုပ်တဲ့နေရာမှာ အရပ်ဝတ်နဲ့လာပြီး ဘယ်သူက ရဲမှန်းမသိ၊ ဘယ်သူက လဝက မှန်းမသိ အဲဒီလိုမျိုး ဖမ်းတဲ့အခါကျတော့ လူအများစုက အဖမ်းခံရတယ်။ တချို့ဆို စားသောက်ဆိုင်ဝန်ထမ်းတွေဆိုရင်လည်း စားသောက်ဆိုင်ကို ဝင်ချလာတယ်။ ဝင်ချလာပြီး သူက ရိုးရိုးထမင်းစားမယ့်လူအောက်မေ့ပြီးသွားမှာ၊ လက်ကို ဖမ်းကိုင်ပြီး သူတို့ရဲ့ ဒီ လဝက တံဆိပ်တွေ၊ Identity ကတ်တွေပြပြီး အဲဒီတော့ ကောက်စစ်ပြီးဖမ်းတာတွေ အဲဒီလို ဆိုတော့ တော်တာ်များများကတော့ အဖမ်းခံရတာ တော်တော်ဆိုးပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ကားပေါ်တွင် တက်ဖမ်းခြင်းများ၊ လမ်းပေါ်တွင် ဘလောက်တုံးများချ၍ ဖမ်းခြင်းများရှိလာသည့် အတွက် တရားမဝင်နေထိုင်သူများအနေဖြင့် သတိထားနေထိုင်နေကြကြောင်း သိရသည်။
“ဘဝပေးအခြေအနေအရ တရားမဝင်အလုပ်သမားအနေနဲ့ သူများနိုင်ငံမှာ လာအလုပ်လုပ်ရတာပါ။ အခုကတော့ ပိုပြီးတော့ သတိထားနေကြရပါတယ်။ တကယ်လို့သူတို့ဖမ်းမိသွားပြီဆိုရင် ဒီကိုလာဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့ရတာ တွေ အကုန်လုံးက အလကားဖြစ်ကုန်တာလေ” ဟု မလေးရှားနိုင်ငံရောက် တရားမဝင်အလုပ်သမားတစ်ဦးက ဆိုသည်။
Zawgyi Version:
မေလးရွားႏိုင္ငံတြင္ အရပ္ဝတ္အသြင္ယူကာ ေအာ္ပရာဇီဖမ္းဆီးျခင္းမ်ားရွိလာေသာေၾကာင့္ ျမန္မာမ်ား ပိုမိုသတိထားေနရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၃ဝ
မေလးရွားႏိုင္ငံတြင္ အရပ္ဝတ္အသြင္ယူကာ ေအာ္ပရာဇီဖမ္းဆီးျခင္းမ်ားရွိလာေသာေၾကာင့္ ျမန္မာမ်ား ပိုမို သတိထားေနရေၾကာင္း ျမန္မာလုပ္သားအေရးကူညီေဆာင္႐ြက္ေနသူတစ္ဦးက NP News သို႔ ေျပာသည္။
မေလးရွားႏိုင္ငံတြင္ ၂၀၂၄ ခုႏွစ္၊ ၆ လပိုင္းမွစတင္၍ ေနရာတိုင္းလိုလိုတြင္ တရားမဝင္ေနထိုင္သူအားလုံးကို ပိုမို အဖမ္းအဆီးမ်ားလာျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ဖမ္းဆီးမႈမ်ားကို မေလးရွားႏိုင္ငံ၏ ၿမိဳ႕ေတာ္ကြာလာလမ္ပူ အပါအဝင္ မေလးရွားႏိုင္ငံ၏ ျပည္နယ္အေတာ္ မ်ားမ်ားတြင္ ျပဳလုပ္ေနျခင္းျဖစ္ရာ တရားမဝင္လုပ္သားမ်ားအတြက္ အခက္အခဲဆုံးကာလတစ္ခုကို ရင္ဆိုင္ေနရ ျခင္းျဖစ္သည္။
“အရင္တုန္းကဆိုရင္ ယူနီေဖာင္းနဲ႔ အခုေနာက္ပိုင္းဆို ယူနီေဖာင္းေတာင္မပါေတာ့ဘူး။ ေတာ္ေတာ္မ်ားမ်ားက အရပ္ဝတ္ေတြနဲ႔ဖမ္းလာတယ္။ အဲဒီေတာ့ အရပ္ဝတ္ေတြနဲ႔ဖမ္းလာတဲ့ေနရာမွာ တစ္ခ်ိဳ႕ေတြက ဒီျမန္မာႏိုင္ငံသား ေတြပဲျဖစ္ျဖစ္၊ အျခားႏိုင္ငံသားေတြပဲျဖစ္ျဖစ္ မနက္အေစာပိုင္း အလုပ္သြားတဲ့အခါမွာ ရဲ မဟုတ္ဘဲနဲ႔ (တရားမဝင္ဖမ္းဆီးေရး) ၆ လ တာဝန္ယူတဲ့ ႏိုင္ငံသားေတြလည္း ေပၚေပါက္လာေတြလည္း အရမ္းမ်ားတယ္” ဟု ၎က ေျပာသည္။
ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ယခုကဲ့သို႔ အရပ္ဝတ္ျဖင့္အဖမ္းအဆီးမ်ားေၾကာင့္ ေဝးလံေသာေနရာမ်ားကို မသြား ၾကဘဲ မိမိေနအိမ္တြင္ ေနၾကျခင္းႏွင့္ မိမိအလုပ္႐ုံတြင္သာ ေနထိုင္ၾကေသာ္လည္း အလုပ္ႏွင့္ေနအိမ္ေဝးေနသူမ်ား သည္ လမ္းတစ္ဝက္တြင္ အဖမ္းခံရျခင္းမ်ားရွိေၾကာင္း သိရသည္။
“ကိုယ္အလုပ္လုပ္တဲ့ေနရာမွာ အရပ္ဝတ္နဲ႔လာၿပီး ဘယ္သူက ရဲမွန္းမသိ၊ ဘယ္သူက လဝက မွန္းမသိ အဲဒီလိုမ်ိဳး ဖမ္းတဲ့အခါက်ေတာ့ လူအမ်ားစုက အဖမ္းခံရတယ္။ တခ်ိဳ႕ဆို စားေသာက္ဆိုင္ဝန္ထမ္းေတြဆိုရင္လည္း စားေသာက္ဆိုင္ကို ဝင္ခ်လာတယ္။ ဝင္ခ်လာၿပီး သူက ႐ိုး႐ိုးထမင္းစားမယ့္လူေအာက္ေမ့ၿပီးသြားမွာ၊ လက္ကို ဖမ္းကိုင္ၿပီး သူတို႔ရဲ႕ ဒီ လဝက တံဆိပ္ေတြ၊ Identity ကတ္ေတြျပၿပီး အဲဒီေတာ့ ေကာက္စစ္ၿပီးဖမ္းတာေတြ အဲဒီလို ဆိုေတာ့ ေတာ္တာ္မ်ားမ်ားကေတာ့ အဖမ္းခံရတာ ေတာ္ေတာ္ဆိုးပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ ကားေပၚတြင္ တက္ဖမ္းျခင္းမ်ား၊ လမ္းေပၚတြင္ ဘေလာက္တုံးမ်ားခ်၍ ဖမ္းျခင္းမ်ားရွိလာသည့္ အတြက္ တရားမဝင္ေနထိုင္သူမ်ားအေနျဖင့္ သတိထားေနထိုင္ေနၾကေၾကာင္း သိရသည္။
“ဘဝေပးအေျခအေနအရ တရားမဝင္အလုပ္သမားအေနနဲ႔ သူမ်ားႏိုင္ငံမွာ လာအလုပ္လုပ္ရတာပါ။ အခုကေတာ့ ပိုၿပီးေတာ့ သတိထားေနၾကရပါတယ္။ တကယ္လို႔သူတို႔ဖမ္းမိသြားၿပီဆိုရင္ ဒီကိုလာဖို႔အတြက္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ရတာ ေတြ အကုန္လုံးက အလကားျဖစ္ကုန္တာေလ” ဟု မေလးရွားႏိုင္ငံေရာက္ တရားမဝင္အလုပ္သမားတစ္ဦးက ဆိုသည္။