PNLA က စွပ်စွဲသော တပ်မတော်ဘက်က ပစ်သည့် အဆိပ်ထွက်ပေါက်ပါ ဓာတုကျည် ဆိုသည်မှာ တင့်ဖျက်ကျည် ဗုံးသီး အမျိုးအစားသာဖြစ်
4018
သုတကျော် (NP News) - ဇန်နဝါရီ ၃ဝ
PNLA က စွပ်စွဲသော တပ်မတော်ဘက်က ပစ်သည့် အဆိပ်ထွက်ပေါက်ပါ ဓာတုကျည် ဆိုသည်မှာ တင့်ဖျက်ကျည် ဗုံးသီး အမျိုးအစားသာဖြစ်ကြောင်း လက်နက်ကျွမ်းကျင်သူ NP News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြည်ပရောက်သတင်းဌာန တစ်ခုဖြစ်သော ခေတ်သစ် ၏ သတင်းအတွင်း ဇန်နဝါရီလ ၂၄ ရက်က မပေါက်ကွဲသေး သည့် ဓာတုအဆိပ်ပါဝင်သော လက်နက်ကြီးကျည်တစ်ခုကို သိမ်းဆည်းရရှိခဲ့ရာ အဆိုပါလက်နက်ကြီးကျည်မှာ အဆိပ်ထွက်ပေါက်များ ပါဝင်ကြောင်း PNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူ ခွန်းယိမ်းယံ က ဖြေကြားထားခြင်းဖြစ်သည်။
သတင်းအတွင်း ဖြေကြားရာ၌ အဆိုပါလက်နက်ကြီးကျည်မှာ အဆိပ်ထွက်ပေါက် ပါဝင်ကြောင်းပါ ပြောကြားထား သည်။
“ကျွန်တော်တို့ စစ်ဆေးကြည့်တဲ့အခါမှာ အဲဒါက တပ်မတော်သုံး MA – 14 နောက်ပွင့် ရိုင်ဖယ် ရဲ တင့်ဖျက်ကျည် အမျိုးအစားပါ။ ဒါက သေချာပါတယ်။ အဲဒီမှာ အဆိပ်ကို ထည့်မယ်ဆိုတာ ဘယ်လိုထည့်မလဲဆိုတာ စဉ်းစားလို့ မရဘူး။ သူပြောတဲ့ အဆိပ်ထွက်ပေါက်ဆိုတာလည်း တကယ်တော့ အရပ်စကားအလွယ်ပြောရရင် ဒုံးတွန်းကန် အားနဲ့ ကျည်က ထွက်တာပေါ့။ ဒါကြောင့် အဲဒီအပေါက်ဆိုတာ တကယ်တော့ ဒုံးပျံတွေလိုမျိုး မီးထုတ် တွန်းကန်တဲ့ အပေါက်ကလေးတွေပါ” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
၎င်းတို့ပြောသည့် အဆိပ်ထွက်ပေါက်ဟု ဆိုသော နေရာပုံကို ကြည့်ရှုခြင်းဖြင့် တွန်းကန်အပေါက်များဖြစ်ကြောင်း ကို အလွယ်တကူ တွေ့မြင်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
“သူဘာသူ ထုံးစံအတိုင်း ပစ်ခတ်ခံရရင် Shock ကြောင့် ဖြစ်ကြတယ်မဟုတ်လား။ ယမ်းနံ့ ရှုတာက အစ ကိုယ့်ဟာ ကိုယ် ကယောင်ကတမ်းတွေဖြစ်ပြီး ဟိုဟာ ရှူတယ်၊ ဒီဟာ ရှူမိတယ် ဖြစ်ကြတာပါပဲ” ဟု PNLA က စွပ်စွဲသော ဓာတုကျည်သုံးသည်ဆိုသောကိစ္စနှင့်ပတ်သက်၍ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
Zawgyi Version:
PNLA က စြပ္စြဲေသာ တပ္မေတာ္ဘက္က ပစ္သည့္ အဆိပ္ထြက္ေပါက္ပါ ဓာတုက်ည္ ဆိုသည္မွာ တင့္ဖ်က္က်ည္ ဗုံးသီး အမ်ိဳးအစားသာျဖစ္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၃ဝ
PNLA က စြပ္စြဲေသာ တပ္မေတာ္ဘက္က ပစ္သည့္ အဆိပ္ထြက္ေပါက္ပါ ဓာတုက်ည္ ဆိုသည္မွာ တင့္ဖ်က္က်ည္ ဗုံးသီး အမ်ိဳးအစားသာျဖစ္ေၾကာင္း လက္နက္ကြၽမ္းက်င္သူ NP News ၏ သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။
ျပည္ပေရာက္သတင္းဌာန တစ္ခုျဖစ္ေသာ ေခတ္သစ္ ၏ သတင္းအတြင္း ဇန္နဝါရီလ ၂၄ ရက္က မေပါက္ကြဲေသး သည့္ ဓာတုအဆိပ္ပါဝင္ေသာ လက္နက္ႀကီးက်ည္တစ္ခုကို သိမ္းဆည္းရရွိခဲ့ရာ အဆိုပါလက္နက္ႀကီးက်ည္မွာ အဆိပ္ထြက္ေပါက္မ်ား ပါဝင္ေၾကာင္း PNLA ၏ သတင္းႏွင့္ျပန္ၾကားေရးဌာနတာဝန္ရွိသူ ခြန္းယိမ္းယံ က ေျဖၾကားထားျခင္းျဖစ္သည္။
သတင္းအတြင္း ေျဖၾကားရာ၌ အဆိုပါလက္နက္ႀကီးက်ည္မွာ အဆိပ္ထြက္ေပါက္ ပါဝင္ေၾကာင္းပါ ေျပာၾကားထား သည္။
“ကြၽန္ေတာ္တို႔ စစ္ေဆးၾကည့္တဲ့အခါမွာ အဲဒါက တပ္မေတာ္သုံး MA – 14 ေနာက္ပြင့္ ႐ိုင္ဖယ္ ရဲ တင့္ဖ်က္က်ည္ အမ်ိဳးအစားပါ။ ဒါက ေသခ်ာပါတယ္။ အဲဒီမွာ အဆိပ္ကို ထည့္မယ္ဆိုတာ ဘယ္လိုထည့္မလဲဆိုတာ စဥ္းစားလို႔ မရဘူး။ သူေျပာတဲ့ အဆိပ္ထြက္ေပါက္ဆိုတာလည္း တကယ္ေတာ့ အရပ္စကားအလြယ္ေျပာရရင္ ဒုံးတြန္းကန္ အားနဲ႔ က်ည္က ထြက္တာေပါ့။ ဒါေၾကာင့္ အဲဒီအေပါက္ဆိုတာ တကယ္ေတာ့ ဒုံးပ်ံေတြလိုမ်ိဳး မီးထုတ္ တြန္းကန္တဲ့ အေပါက္ကေလးေတြပါ” ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
၎တို႔ေျပာသည့္ အဆိပ္ထြက္ေပါက္ဟု ဆိုေသာ ေနရာပုံကို ၾကည့္ရႈျခင္းျဖင့္ တြန္းကန္အေပါက္မ်ားျဖစ္ေၾကာင္း ကို အလြယ္တကူ ေတြ႕ျမင္ႏိုင္ေၾကာင္းလည္း ၎က ဆိုသည္။
“သူဘာသူ ထုံးစံအတိုင္း ပစ္ခတ္ခံရရင္ Shock ေၾကာင့္ ျဖစ္ၾကတယ္မဟုတ္လား။ ယမ္းနံ႔ ရႈတာက အစ ကိုယ့္ဟာ ကိုယ္ ကေယာင္ကတမ္းေတြျဖစ္ၿပီး ဟိုဟာ ရႉတယ္၊ ဒီဟာ ရႉမိတယ္ ျဖစ္ၾကတာပါပဲ” ဟု PNLA က စြပ္စြဲေသာ ဓာတုက်ည္သုံးသည္ဆိုေသာကိစၥႏွင့္ပတ္သက္၍ ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ေျပာသည္။