အမေရိကန်အမျိုးသားတစ်ဦး စိုက်ပျိုးထားသည့် ငရုတ်ကောင်းပင်က ကမ္ဘာ့အရှည်ဆုံးငရုတ်ကောင်းပင်အဖြစ် စံချိန်တင်နိုင်ဖွယ်ရှိနေ
336
Pika (NP News) - ဇန်နဝါရီ ၃ဝ
အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့သည် အမြင့်(၁၆ ဒသမ ၅) ပေ ရှိသော ငရုတ်ကောင်းပင်ကို စိုက်ပျိုးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။ ဒေါင်လိုက်စိုက်ခင်းများအတွက် စံပြအပင်မျိုးစုံကို ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ဝတ်မှုန်ကူးထားသော ငရုတ်ကောင်းပင်များကို အချိန်(၇)နှစ်ကြာအောင် စိုက်ပျိုးခဲ့ရကြောင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖောင်ဒေးရှင်း အတွက် မစ္စစ္စပီဖောင်ဒေးရှင်း၏ ဦးဆောင်စိုက်ပျိုးသူနှင့် အပင်မျိုးရိုးဗီဇပညာရှင် ဟင်နရီပုပ်က ပြောကြားခဲ့သည်။
ဟင်နရီပုပ်က “ကမ္ဘာ့ဂင်းနစ်စံချိန်သစ်တစ်ခုကို ဖန်တီးဖို့ အခွင့်အလမ်းဆိုတာ ဘယ်တုန်းကမှ ပန်းတိုင်တစ်ခု မဟုတ်ခဲ့ပါဘူး။ ကုန်စုံဆိုင်တွေအပေါ် အားကိုးချင်သူတွေနည်းပါးပြီး သဘာဝအတိုင်းစားသုံးနိုင်တဲ့အပင်မျိုးစုံကို ထုတ်လုပ်နိုင်ဖို့က ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။ ကမ္ဘာ့အရှည်ဆုံး ငရုတ်ကောင်းပင် အတွက် လက်ရှိဂင်းနစ်စံချိန်ကို ကိုင်ဆောင်ထားသူမှာ ကယ်လီဖိုးနီးယားပြည်နယ်မှ လော်ရာလင်းဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အမြင့်(၁၆)ပေရှိသော ငရုတ်ကောင်းပင်ကို စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဟင်နရီပုပ်သည် ၎င်း၏ ငရုတ်ကောင်းပင်နှင့်ပတ်သက်သည့် သက်သေအထောက်အထားများကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ ပေးပို့ထားပြီဖြစ်ကြောင်းလည်း သိရသည်။ ဟင်နရီပုပ်၏ ငရုတ်ကောင်းပင်က ကမ္ဘာ့အရှည်ဆုံး ငရုတ်ကောင်းပင်အဖြစ် မှတ်တမ်း ဝင်/မဝင် ကို ဆုံးဖြတ်ရန်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်း အဖွဲ့က သုံးသပ်မှုများ ဆက်လက်လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်းလည်းသိရသည်။
Zawgyi Version;
အေမရိကန္အမ်ိဳးသားတစ္ဦး စိုက္ပ်ိဳးထားသည့္ င႐ုတ္ေကာင္းပင္က ကမာၻ႔အရွည္ဆုံးင႐ုတ္ေကာင္းပင္အျဖစ္ စံခ်ိန္တင္ႏိုင္ဖြယ္ရွိေန
Pika (NP News) - ဇန္နဝါရီ ၃ဝ
အေမရိကန္ႏိုင္ငံ မစၥစၥပီျပည္နယ္ရွိ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕တစ္ဖြဲ႕သည္ အျမင့္(၁၆ ဒသမ ၅) ေပ ရွိေသာ င႐ုတ္ေကာင္းပင္ကို စိုက္ပ်ိဳးႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။ ေဒါင္လိုက္စိုက္ခင္းမ်ားအတြက္ စံျပအပင္မ်ိဳးစုံကို ဖန္တီးရန္ ရည္႐ြယ္ခ်က္ျဖင့္ ဝတ္မႈန္ကူးထားေသာ င႐ုတ္ေကာင္းပင္မ်ားကို အခ်ိန္(၇)ႏွစ္ၾကာေအာင္ စိုက္ပ်ိဳးခဲ့ရေၾကာင္း ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ ေဖာင္ေဒးရွင္း အတြက္ မစၥစၥပီေဖာင္ေဒးရွင္း၏ ဦးေဆာင္စိုက္ပ်ိဳးသူႏွင့္ အပင္မ်ိဳး႐ိုးဗီဇပညာရွင္ ဟင္နရီပုပ္က ေျပာၾကားခဲ့သည္။
ဟင္နရီပုပ္က “ကမာၻ႔ဂင္းနစ္စံခ်ိန္သစ္တစ္ခုကို ဖန္တီးဖို႔ အခြင့္အလမ္းဆိုတာ ဘယ္တုန္းကမွ ပန္းတိုင္တစ္ခု မဟုတ္ခဲ့ပါဘူး။ ကုန္စုံဆိုင္ေတြအေပၚ အားကိုးခ်င္သူေတြနည္းပါးၿပီး သဘာဝအတိုင္းစားသုံးႏိုင္တဲ့အပင္မ်ိဳးစုံကို ထုတ္လုပ္ႏိုင္ဖို႔က ကြၽန္ေတာ္တို႔ရဲ႕ရည္႐ြယ္ခ်က္ပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။ ကမာၻ႔အရွည္ဆုံး င႐ုတ္ေကာင္းပင္ အတြက္ လက္ရွိဂင္းနစ္စံခ်ိန္ကို ကိုင္ေဆာင္ထားသူမွာ ကယ္လီဖိုးနီးယားျပည္နယ္မွ ေလာ္ရာလင္းဆိုသည့္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အျမင့္(၁၆)ေပရွိေသာ င႐ုတ္ေကာင္းပင္ကို စိုက္ပ်ိဳးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ဟင္နရီပုပ္သည္ ၎၏ င႐ုတ္ေကာင္းပင္ႏွင့္ပတ္သက္သည့္ သက္ေသအေထာက္အထားမ်ားကို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ ေပးပို႔ထားၿပီျဖစ္ေၾကာင္းလည္း သိရသည္။ ဟင္နရီပုပ္၏ င႐ုတ္ေကာင္းပင္က ကမာၻ႔အရွည္ဆုံး င႐ုတ္ေကာင္းပင္အျဖစ္ မွတ္တမ္း ဝင္/မဝင္ ကို ဆုံးျဖတ္ရန္အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ မွတ္တမ္း အဖြဲ႕က သုံးသပ္မႈမ်ား ဆက္လက္လုပ္ေဆာင္ရဦးမည္ျဖစ္ေၾကာင္းလည္းသိရသည္။