နျူကလီးယားအစီအစဉ်တွေကို အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း ကတိပြု

 146

Pika (NP News) - ဇန်နဝါရီ ၃ဝ

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်တွေကို အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကတိပြုပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းကို သံတမန်ရေးရာ ကမ်းလှမ်းမှုအသစ်တွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပြီး နောက် ကင်ဂျုံအန်းရဲ့ကတိပြုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားပစ္စည်းထုတ်လုပ်ရေးစက်ရုံကို မကြာသေးခင်က သွားရောက် လည်ပတ်ခဲ့တယ်လို့ မြောက်ကိုရီးယားပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ရန်လိုနေ တဲ့နိုင်ငံတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကင်ဂျုံအန်းက သတိပေးပြောဆိုခဲ့ပြီး (၂၀၂၅) ခုနှစ်ဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားတပ်ဖွဲ့တွေ ပိုမိုအားကောင်းလာစေဖို့အတွက် အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကင်ဂျုံအန်းက “ဒါဟာ ကျွန်တော်တို့ရဲ့ခိုင်မာတဲ့ နိုင်ငံရေးနဲ့ စစ်ရေး ရပ်တည်ချက်ဖြစ်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားတန်ပြန်ရေးအနေအထားကို အကန့်အသတ်မရှိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့က ကျွန်တော် တို့ရဲ့တာဝန်ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ ပင်လယ်မှမြေပြင်ပစ် မဟာဗျူဟာမြောက်ပဲ့ထိန်းခရုဇ်ဒုံးကျည်တွေကို စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် ကင်ဂျုံအန်းရဲ့နျူကလီးယားပစ္စည်းထုတ်လုပ်ရေးစက်ရုံကို သွားရောက်လည်ပတ်မှုနဲ့ ပတ်သက်တဲ့အစီရင်ခံစာတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီစမ်းသပ်ပစ်လွှတ်မှုဟာ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ ပထမဆုံးစစ်လက်နက် ပစ္စည်း စမ်းသပ်မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
န်ဴကလီးယားအစီအစဥ္ေတြကို အကန႔္အသတ္မရွိ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း ကတိျပဳ
Pika (NP News) - ဇန္နဝါရီ ၃ဝ

ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ န်ဴကလီးယားအစီအစဥ္ေတြကို အကန႔္အသတ္မရွိ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ကတိျပဳေျပာၾကားခဲ့ပါတယ္။ ကင္ဂ်ဳံအန္းကို သံတမန္ေရးရာ ကမ္းလွမ္းမႈအသစ္ေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ၿပီး ေနာက္ ကင္ဂ်ဳံအန္းရဲ႕ကတိျပဳမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ကင္ဂ်ဳံအန္းဟာ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားပစၥည္းထုတ္လုပ္ေရးစက္႐ုံကို မၾကာေသးခင္က သြားေရာက္ လည္ပတ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ရန္လိုေန တဲ့ႏိုင္ငံေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္မႈေတြ လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ကင္ဂ်ဳံအန္းက သတိေပးေျပာဆိုခဲ့ၿပီး (၂၀၂၅) ခုႏွစ္ဟာ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားတပ္ဖြဲ႕ေတြ ပိုမိုအားေကာင္းလာေစဖို႔အတြက္ အေရးႀကီးတဲ့ ႏွစ္တစ္ႏွစ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ကင္ဂ်ဳံအန္းက “ဒါဟာ ကြၽန္ေတာ္တို႔ရဲ႕ခိုင္မာတဲ့ ႏိုင္ငံေရးနဲ႔ စစ္ေရး ရပ္တည္ခ်က္ျဖစ္ၿပီး ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားတန္ျပန္ေရးအေနအထားကို အကန႔္အသတ္မရွိ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ဖို႔က ကြၽန္ေတာ္ တို႔ရဲ႕တာဝန္ပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ေျမာက္ကိုရီးယားအစိုးရဟာ ပင္လယ္မွေျမျပင္ပစ္ မဟာဗ်ဴဟာေျမာက္ပဲ့ထိန္းခ႐ုဇ္ဒုံးက်ည္ေတြကို စမ္းသပ္ ပစ္လႊတ္ခဲ့ၿပီးေနာက္ ကင္ဂ်ဳံအန္းရဲ႕န်ဴကလီးယားပစၥည္းထုတ္လုပ္ေရးစက္႐ုံကို သြားေရာက္လည္ပတ္မႈနဲ႔ ပတ္သက္တဲ့အစီရင္ခံစာေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အဲဒီစမ္းသပ္ပစ္လႊတ္မႈဟာ ေဒၚနယ္ထရမ့္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း ေျမာက္ကိုရီးယားရဲ႕ ပထမဆုံးစစ္လက္နက္ ပစၥည္း စမ္းသပ္မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.