အမေရိကန်က ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို အစ္စရေးကနေတစ်ဆင့် ယူကရိန်းကိုပေးပို့ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတစ်ခုထွက်လာ
315
Pika (NP News) - ဇန်နဝါရီ ၃ဝ
အမေရိကန်နိုင်ငံဟာ ယခုသီတင်းပတ်အတွင်း ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်(၉၀)ခုကို အစ္စရေး နိုင်ငံကနေတစ်ဆင့် ပိုလန်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပြီးနောက် ယူကရိန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းရင်းမြစ် သုံးခုရဲ့ပြောကြားချက်ကို ကိုးကားပြီး Axios သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီအစီရင်ခံစာကို အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည်တုံ့ပြန်ဖြေကြားမှု တွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ယူကရိန်းကို စစ်လက်နက်ပစ္စည်းပေးပို့တဲ့အစီရင်ခံစာတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော် တို့မှာ ထောက်ပံ့ပေးစရာ စစ်လက်နက်ပစ္စည်း ဘာမှမရှိပါဘူး” လို့ တုံ့ပြန်ခဲ့ပါတယ်။
ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခုကို အမေရိကန်ကို ပြန်လည်ပေးအပ်ခဲ့တယ်ဆိုတဲ့အချက် ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုရုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Axios သတင်းဌာနကို အတည်ပြု ပြောကြား ခဲ့တယ်လို့လည်း သိရပါတယ်။ နေတန်ရာဟုရုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ယူကရိန်းကို ပေးပို့ခဲ့တာမျိုး ရှိ/မရှိ ဆိုတာ ကျွန်တော်တို့ လုံးဝမသိရှိရပါဘူး” လို့ ပြောခဲ့ပါ တယ်။
ဒါ့ပြင်အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ စကားပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ဇန်နဝါရီလ(၂၉)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့အရှေ့အလယ်ပိုင်းဒေသအရေး၊ အပြန်အလှန်ဆက်ဆံရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဇီလန်စကီးရဲ့ပြောဆိုချက်တွေမှာ အမေရိကန်က ယူကရိန်းကို ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်တာမျိုးမရှိခဲ့ဘူးလို့တော့ သိရပါတယ်။
Zawgyi Version: