၂၀၂၄ ခုနှစ်ဟာ ဂျပန်နိုင်ငံမှာ ကျောင်းသားတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု အများဆုံး စံချိန်တင်တဲ့နှစ်ဖြစ်

 149

ရောင်နီ (NP News) - ဇန်နဝါရီ ၃ဝ

ဂျပန်နိုင်ငံအတွက် ၂၀၂၄ ခုနှစ်ဟာ ကျောင်းသားတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု အများဆုံး စံချိန်တင်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်တယ်လို့ ဇန်နဝါရီလ ၂၉ ရက်က ဖော်ပြခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။
နောက်ဆုံးရ အချက်အလက်တွေအရ မူလတန်းမှ အထက်တန်းကျောင်းသားအရွယ်အထိ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနှုန်းဟာ ၂၀၂၃ ခုနှစ်က အမှုပေါင်း ၅၁၃ မှ ၂၀၂၄ ခုနှစ်မှာ ၅၂၇ မှု အထိရောက်ရှိသွားခဲ့တယ်လို့ ၀န်ကြီး ဌာနက ပြောကြားခဲ့ပါတယ်။ အသက်အရွယ်အားလုံးရဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေမှု စုစုပေါင်း အရေအတွက် ကတော့ ၂၀၀၃ ခုနှစ်က ၃၄,၄၂၇ မှု မှ ၇.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၂၀၂၆၈ ထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသားတွေ အပါအဝင် အသက် ၂၀ နှစ်အောက် လူငယ်တွေကြား ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အရေအတွက်ကတော့ ၂၀၂၃ ခုနှစ်က ရှိတဲ့အရေအတွက် ၈၁၀ မှ ၂၀၂၄ ခုနှစ်မှာ ၈၀၀ ထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီကိန်းဂဏာန်းနဲ့ပတ်သက်ပြီး လက်ထောက်အစိုးရအဖွဲ့အတွင်းဝန် ကိုင်ချီရိုတာချီဘာနာ က "ကျွန်တော်တို့ ဒါကို အရမ်းအလေးထားပါတယ်" "ကလေးငယ်တွေရဲ့ အသက်ကို ကာကွယ်ဖို့နဲ့ ဘယ်သူကမှ ကိုယ့်အသက်ကို သတ်ဖို့ ဖိအားပေးခံရမယ့် လူ့အဖွဲ့အစည်းကို အကောင်အထည်ဖော်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။ ဂျပန်နိုင်ငံဟာ နွေရာသီအားလပ်ရက်တိုင်း သြဂုတ်လနှောင်းပိုင်းမှ စက်တင်ဘာလအစောပိုင်းမှာ ဆယ်ကျော်သက် တွေ သတ်သေမှုအရေအတွက်မြင့်တက်လာတာကိုတွေ့မြင်လာရပြီး ဆယ်ကျော်သက်တွေကို အကူအညီပေးဖို့ အစိုးရအပေါ် လူထုရဲ့တောင်းဆိုမှုတွေ မြင့်တက်လာစေပါတယ်။ အခုချိန်ထိတော့ ကျောင်းသား အများစုရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အကြောင်းရင်း အတိအကျကို မသိရသေးပါဘူး။
လေ့လာမှုတွေအရ အနိုင်ကျင့်မှု၊ ဆက်ဆံရေး၊ အသက်မွေးဝမ်းကျောင်းရွေးချယ်မှုနဲ့ကျန်းမာရေးပြဿနာတွေဟာ ဆယ်ကျော်သက်တွေအတွက် ဖိအားဖြစ်စေတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

Zawgyi Version:
၂၀၂၄ ခုႏွစ္ဟာ ဂ်ပန္ႏိုင္ငံမွာ ေက်ာင္းသားေတြ ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈ အမ်ားဆုံး စံခ်ိန္တင္တဲ့ႏွစ္ျဖစ္
ေရာင္နီ (NP News) - ဇန္နဝါရီ ၃ဝ

ဂ်ပန္ႏိုင္ငံအတြက္ ၂၀၂၄ ခုႏွစ္ဟာ ေက်ာင္းသားေတြ ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈ အမ်ားဆုံး စံခ်ိန္တင္ခဲ့တဲ့ ႏွစ္တစ္ႏွစ္ျဖစ္တယ္လို႔ ဇန္နဝါရီလ ၂၉ ရက္က ေဖာ္ျပခဲ့တဲ့ က်န္းမာေရးဝန္ႀကီးဌာန အခ်က္အလက္ေတြအရ သိရပါတယ္။
ေနာက္ဆုံးရ အခ်က္အလက္ေတြအရ မူလတန္းမွ အထက္တန္းေက်ာင္းသားအ႐ြယ္အထိ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈႏႈန္းဟာ ၂၀၂၃ ခုႏွစ္က အမႈေပါင္း ၅၁၃ မွ ၂၀၂၄ ခုႏွစ္မွာ ၅၂၇ မႈ အထိေရာက္ရွိသြားခဲ့တယ္လို႔ ၀န္ႀကီး ဌာနက ေျပာၾကားခဲ့ပါတယ္။ အသက္အ႐ြယ္အားလုံးရဲ႕ ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈ စုစုေပါင္း အေရအတြက္ ကေတာ့ ၂၀၀၃ ခုႏွစ္က ၃၄,၄၂၇ မႈ မွ ၇.၂ ရာခိုင္ႏႈန္း က်ဆင္းသြားခဲ့ၿပီး ၂၀၂၆၈ ထိ ရွိခဲ့တယ္လို႔ သိရပါတယ္။
ေက်ာင္းသားေတြ အပါအဝင္ အသက္ ၂၀ ႏွစ္ေအာက္ လူငယ္ေတြၾကား ကိုယ့္ကိုယ္ကိုယ္ သတ္ေသမႈ အေရအတြက္ကေတာ့ ၂၀၂၃ ခုႏွစ္က ရွိတဲ့အေရအတြက္ ၈၁၀ မွ ၂၀၂၄ ခုႏွစ္မွာ ၈၀၀ ထိ က်ဆင္းသြားခဲ့ပါတယ္။ ဒီကိန္းဂဏာန္းနဲ႔ပတ္သက္ၿပီး လက္ေထာက္အစိုးရအဖြဲ႕အတြင္းဝန္ ကိုင္ခ်ီ႐ိုတာခ်ီဘာနာ က "ကြၽန္ေတာ္တို႔ ဒါကို အရမ္းအေလးထားပါတယ္" "ကေလးငယ္ေတြရဲ႕ အသက္ကို ကာကြယ္ဖို႔နဲ႔ ဘယ္သူကမွ ကိုယ့္အသက္ကို သတ္ဖို႔ ဖိအားေပးခံရမယ့္ လူ႔အဖြဲ႕အစည္းကို အေကာင္အထည္ေဖာ္ဖို႔ အစြမ္းကုန္ ႀကိဳးစားသြားမွာပါ” လို႔ ေျပာပါတယ္။ ဂ်ပန္ႏိုင္ငံဟာ ေႏြရာသီအားလပ္ရက္တိုင္း ၾသဂုတ္လေႏွာင္းပိုင္းမွ စက္တင္ဘာလအေစာပိုင္းမွာ ဆယ္ေက်ာ္သက္ ေတြ သတ္ေသမႈအေရအတြက္ျမင့္တက္လာတာကိုေတြ႕ျမင္လာရၿပီး ဆယ္ေက်ာ္သက္ေတြကို အကူအညီေပးဖို႔ အစိုးရအေပၚ လူထုရဲ႕ေတာင္းဆိုမႈေတြ ျမင့္တက္လာေစပါတယ္။ အခုခ်ိန္ထိေတာ့ ေက်ာင္းသား အမ်ားစုရဲ႕ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတဲ့အေၾကာင္းရင္း အတိအက်ကို မသိရေသးပါဘူး။
ေလ့လာမႈေတြအရ အႏိုင္က်င့္မႈ၊ ဆက္ဆံေရး၊ အသက္ေမြးဝမ္းေက်ာင္းေ႐ြးခ်ယ္မႈနဲ႔က်န္းမာေရးျပႆနာေတြဟာ ဆယ္ေက်ာ္သက္ေတြအတြက္ ဖိအားျဖစ္ေစတဲ့ အေၾကာင္းအရင္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.