ဧရာဝတီမြစ်အတွင်းရေဆင်းချိုးစဉ် ပျောက်ဆုံးသွားသော ကလေးနှစ်ဦးအနက် တစ်ဦး၏အလောင်းကို ပြန်တွေ့ပြီး ကျန်တစ်ဦးကို ဆက်ရှာနေ
674
စော(NP News)-ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဧရာဝတီမြစ်အတွင်းရေဆင်းချိုးစဉ် ပျောက်ဆုံးသွားသော ကလေးနှစ်ဦးအနက် တစ်ဦး၏ရုပ်အလောင်းကို ပြန်ရှာတွေ့ပြီး ကျန်တစ်ဦးကို ဆက်လက်ရှာနေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ထံမှ သိရသည်။
ယနေ့ (ဇန်နဝါရီလ ၃၁ရက်)၊ မွန်းလွဲ (၁)နာရီအချိန်ခန့်က ပြည်မြို့၊ ကမ်းနားလမ်း ပန်းခြံအနီးရှိ ဧရာဝတီမြစ်အတွင်း အသက် (၁၀)နှစ်မှ (၁၂)နှစ်ကြား ယောကျ်ားလေး (၃)ဦး ရေဆင်းချိုးခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သုံးယောက်တစ်တွဲလုံးနစ်တာ၊ နစ်လည်းနစ်ကော အနီးအနားမှာ နှစ်ယောက်တစ်ဖွဲ့ရှိတယ်။ ကောင်လေးတွေက အဖွဲ့မတူဘူး။ အဲဒီအချိန်မှာ သုံးယောက်တစ်တွဲနစ်နေတဲ့ကောင်လေးသုံးယောက်ထဲက တစ်ယောက်ကို ဒီဘက်က နှစ်ယောက်ကနေပြီးတော့ လာပြီးတော့ ဂုတ်ကနေ လာဆွဲပြီးတော့ ကုန်းပေါ်တင်ပေးထားတာ။ အဲဒီကောင်လေးက အသက်ရှင်တယ်။ နှစ်ယောက်က ရေနစ်သွားတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါကလေးငယ်(၃)ဦးအနက် တစ်ဦးသေဆုံးလျက် မွန်းလွဲ (၂)နာရီခွဲ ဝန်းကျင်အချိန်တွင် ပြန်လည်ရှာတွေ့ခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“သုံးယောက်လုံးမှာ တစ်ယောက်က အသက်ရှင်တယ်။ တစ်ယောက်က (၂)နာရီကျော်ကျော်လောက်က အလောင်းပြန်ရှာတွေ့တယ်။ တစ်ယောက်ကတော့ ရှာမတွေ့သေးဘူး။ ရှာနေတုန်းပဲ။ ကလေးတွေက (၁၁)နှစ်၊ (၁၂)နှစ်၊ (၁၀)နှစ်အဲဒီလောက်ပဲ ရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ကျန်တစ်ဦးအား ဆက်လက်ရှာဖွေနေလျက်ရှိပြီး ၎င်းကလေးငယ်သည် ပြည်မြို့၊ စကားတောင်ရပ်ကွက်တွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။
ဧရာဝတီျမစ္အတြင္းေရဆင္းခ်ိဳးစဥ္ ေပ်ာက္ဆုံးသြားေသာ ကေလးႏွစ္ဦးအနက္ တစ္ဦး၏အေလာင္းကို ျပန္ေတြ႕ၿပီး က်န္တစ္ဦးကို ဆက္ရွာေန
ေစာ(NP News)-ဇန္နဝါရီ ၃၁
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ ဧရာဝတီျမစ္အတြင္းေရဆင္းခ်ိဳးစဥ္ ေပ်ာက္ဆုံးသြားေသာ ကေလးႏွစ္ဦးအနက္ တစ္ဦး၏႐ုပ္အေလာင္းကို ျပန္ရွာေတြ႕ၿပီး က်န္တစ္ဦးကို ဆက္လက္ရွာေနေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ထံမွ သိရသည္။
ယေန႔ (ဇန္နဝါရီလ ၃၁ရက္)၊ မြန္းလြဲ (၁)နာရီအခ်ိန္ခန႔္က ျပည္ၿမိဳ႕၊ ကမ္းနားလမ္း ပန္းၿခံအနီးရွိ ဧရာဝတီျမစ္အတြင္း အသက္ (၁၀)ႏွစ္မွ (၁၂)ႏွစ္ၾကား ေယာက်္ားေလး (၃)ဦး ေရဆင္းခ်ိဳးခဲ့ရာမွ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သုံးေယာက္တစ္တြဲလုံးနစ္တာ၊ နစ္လည္းနစ္ေကာ အနီးအနားမွာ ႏွစ္ေယာက္တစ္ဖြဲ႕ရွိတယ္။ ေကာင္ေလးေတြက အဖြဲ႕မတူဘူး။ အဲဒီအခ်ိန္မွာ သုံးေယာက္တစ္တြဲနစ္ေနတဲ့ေကာင္ေလးသုံးေယာက္ထဲက တစ္ေယာက္ကို ဒီဘက္က ႏွစ္ေယာက္ကေနၿပီးေတာ့ လာၿပီးေတာ့ ဂုတ္ကေန လာဆြဲၿပီးေတာ့ ကုန္းေပၚတင္ေပးထားတာ။ အဲဒီေကာင္ေလးက အသက္ရွင္တယ္။ ႏွစ္ေယာက္က ေရနစ္သြားတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)မွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါကေလးငယ္(၃)ဦးအနက္ တစ္ဦးေသဆုံးလ်က္ မြန္းလြဲ (၂)နာရီခြဲ ဝန္းက်င္အခ်ိန္တြင္ ျပန္လည္ရွာေတြ႕ခဲ့ၿပီး ၎၏႐ုပ္အေလာင္းကို ျပည္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
“သုံးေယာက္လုံးမွာ တစ္ေယာက္က အသက္ရွင္တယ္။ တစ္ေယာက္က (၂)နာရီေက်ာ္ေက်ာ္ေလာက္က အေလာင္းျပန္ရွာေတြ႕တယ္။ တစ္ေယာက္ကေတာ့ ရွာမေတြ႕ေသးဘူး။ ရွာေနတုန္းပဲ။ ကေလးေတြက (၁၁)ႏွစ္၊ (၁၂)ႏွစ္၊ (၁၀)ႏွစ္အဲဒီေလာက္ပဲ ရွိတယ္”ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ က်န္တစ္ဦးအား ဆက္လက္ရွာေဖြေနလ်က္ရွိၿပီး ၎ကေလးငယ္သည္ ျပည္ၿမိဳ႕၊ စကားေတာင္ရပ္ကြက္တြင္ ေနထိုင္ၾကသူမ်ားျဖစ္ေၾကာင္း သိရသည္။