ရေးမြို့မ ရဲစခန်းတွင် အချုပ်သားများက သေနတ်လုယူ ပစ်ခတ်၊ ထွက်ပြေးသည့် ဖြစ်စဉ် ဖြစ်ပွား
1491
သုတကျော် (NP News) - ဖေဖော်ဝါရီ ၁
မွန်ပြည်နယ်၊ ရေးမြို့ မရဲစခန်း တွင် ရေးမြို့မ ရဲစခန်းတွင် အချုပ်သားများက သေနတ်လုယူ ပစ်ခတ်၊ ထွက်ပြေးသည့် ဖြစ်စဉ် မှာ ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်း ၉ နာရီကျော် အချိန်ခန့်က အချုပ်သားများထံ ထမင်းပုံးများ ပေးနေစဉ် အချုပ်သားများက ရဲတပ်ဖွဲ့ဝင် ၃ ဦးထံက သေနတ်ကို လုယူပစ်ခတ်သောကြောင့် အထက်ပါ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နေ့လည်ပိုင်း ၁၂ နာရီကျော် အချိန်ခန့်တွင် ရဲစခန်း အတွင်း ခုခံ ပစ်ခတ်နေသော အချုပ်သားများက ပြန်လည် အဖမ်းခံခဲ့ပြီး ထွက်ပြေး လွတ်မြောက်သူ အချို့လည်း ရှိခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။
“ရဲရဲ့ သေနတ်ကို ယူပြီး ပစ်တယ် ပြောတယ်။ အဲဒီကနေ ဇာတ်လမ်းစတာပါ။ သုံးယောက် လွတ်တယ် ကြားတယ်။ တစ်ယောက်ကိုတော့ အသေမိတယ်လို့ ကြားပါတယ်။ အချိန်အားဖြင့် နှစ်နာရီ ကြာ လောက် အထိ သေနတ်သံတွေ ကြားရတယ်” ဟု ရေးမြို့ခံ တစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်တွင် မြို့မ ရဲစခန်းမှူး လည်း ဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သိရှိရပြီး နောက်ဆက်တွဲ ဖြစ်ရပ်များကို သိရှိရန် အတွက် ထပ်မံ စုံစမ်း မေးမြန်းနေဆဲ ဖြစ်သည်။
ေရးၿမိဳ႕မ ရဲစခန္းတြင္ အခ်ဳပ္သားမ်ားက ေသနတ္လုယူ ပစ္ခတ္၊ ထြက္ေျပးသည့္ ျဖစ္စဥ္ ျဖစ္ပြား
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁
မြန္ျပည္နယ္၊ ေရးၿမိဳ႕ မရဲစခန္း တြင္ ေရးၿမိဳ႕မ ရဲစခန္းတြင္ အခ်ဳပ္သားမ်ားက ေသနတ္လုယူ ပစ္ခတ္၊ ထြက္ေျပးသည့္ ျဖစ္စဥ္ မွာ ယေန႔ (ေဖေဖာ္ဝါရီလ ၁ ရက္) နံနက္ပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း ကနဦး သတင္း ရရွိသည္။
ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီလ ၁ ရက္ နံနက္ပိုင္း ၉ နာရီေက်ာ္ အခ်ိန္ခန႔္က အခ်ဳပ္သားမ်ားထံ ထမင္းပုံးမ်ား ေပးေနစဥ္ အခ်ဳပ္သားမ်ားက ရဲတပ္ဖြဲ႕ဝင္ ၃ ဦးထံက ေသနတ္ကို လုယူပစ္ခတ္ေသာေၾကာင့္ အထက္ပါ တပ္ဖြဲ႕ဝင္ ၃ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရာ ေန႔လည္ပိုင္း ၁၂ နာရီေက်ာ္ အခ်ိန္ခန႔္တြင္ ရဲစခန္း အတြင္း ခုခံ ပစ္ခတ္ေနေသာ အခ်ဳပ္သားမ်ားက ျပန္လည္ အဖမ္းခံခဲ့ၿပီး ထြက္ေျပး လြတ္ေျမာက္သူ အခ်ိဳ႕လည္း ရွိခဲ့ေၾကာင္း ကနဦး သတင္း ရရွိသည္။
“ရဲရဲ႕ ေသနတ္ကို ယူၿပီး ပစ္တယ္ ေျပာတယ္။ အဲဒီကေန ဇာတ္လမ္းစတာပါ။ သုံးေယာက္ လြတ္တယ္ ၾကားတယ္။ တစ္ေယာက္ကိုေတာ့ အေသမိတယ္လို႔ ၾကားပါတယ္။ အခ်ိန္အားျဖင့္ ႏွစ္နာရီ ၾကာ ေလာက္ အထိ ေသနတ္သံေတြ ၾကားရတယ္” ဟု ေရးၿမိဳ႕ခံ တစ္ဦးက ဆိုသည္။
အဆိုပါ ျဖစ္စဥ္တြင္ ၿမိဳ႕မ ရဲစခန္းမႉး လည္း ဒဏ္ရာရရွိခဲ့သည္ဟု ကနဦး သိရွိရၿပီး ေနာက္ဆက္တြဲ ျဖစ္ရပ္မ်ားကို သိရွိရန္ အတြက္ ထပ္မံ စုံစမ္း ေမးျမန္းေနဆဲ ျဖစ္သည္။