အင်းစိန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာမှ လူနေအိမ် (၇)လုံးခန့် ပျက်စီးဆုံးရှုံး
673
စော(NP News)-ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာမှ လူနေအိမ် (၇)လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သင်္ခါရလူမှုကူညီရေးအသင်း(အင်းစိန်)ထံမှ သိရသည်။
ယနေ့ (ဇန်နဝါရီ ၂ ရက်)၊ နံနက် (၆)နာရီခန့်အချိန်က အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ နယ်မြေ(၁၆)၊ ကန်ပတ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိရသလောက်တော့ အိမ် (၇)လုံးလောင်ကျွမ်းတယ်။ မီးငြိမ်သတ်မှုကတော့ Level 1အဆင့်ပါ။ ဘာကြောင့်လောင်လဲဆိုတော့ မီးသတ်ကပဲ သိမှာ။ ကျွန်တော်တို့က မသိနိုင်ဘူး။ လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး”ဟု သင်္ခါရလူမှုကူညီရေးအသင်း(အင်းစိန်)မှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါမီးလောင်မှုကို Level 1အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် (၆)နာရီခွဲဝန်းကျင်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
“မီးသုံးတာလေးတွေကို သတိထားသုံးဖို့၊ မီးကြွင်းမီးကျန်တွေကို ဂရုစိုက်ဖို့ အဲဒါတွေက အဓိကပေါ့။ အခုကပူပြင်းလာတဲ့အချိန်ရောက်လာပြီဆိုတော့ မီးကတော့ သတိထားတာမမှားဘူး”ဟု၎င်းကအကြံပြု ပြောကြားသည်။
အလားတူ နံနက် (၁၀)နာရီ (၁၇)မိနစ်အချိန်က အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ ဖော့ကန်ဈေးရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အသက် (၄၀)ဝန်းကျင်အရွယ်ရှိ အမျိုးသမီးတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုလည်းအုတ်ကားနဲ့ ကုန်ကားနဲ့တိုက်တယ်။ တိုက်တော့ အမျိုးသမီးတစ်ယောက်ညပ်လို့ ထုတ်ပြီးတော့ အင်းစိန် ဆေးရုံပို့လိုက်ပါတယ်။ ဖြစ်တာကတော့ အုတ်ကားက တိုက်ပြီးတော့ ထွက်ပြေးလာတယ်လို့တော့ပြောတယ်။ ထွက်ပြေးလာပြီးတော့ တစ်ဖက်လမ်းကြောက ကုန်ကားကို ထပ်တိုက်မိတယ်လို့ သိရပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အုတ်ကားပေါ်တွင် လိုက်ပါသည့် အမျိုးသမီးတစ်ဦး ညာဘက်ခြေထောက်ကျိုးသွားပြီး အနီရောင်အဆင့်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံ သို့ပိုဆောင်ထားကြောင်း သိရသည်။
အင္းစိန္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာမွ လူေနအိမ္ (၇)လုံးခန႔္ ပ်က္စီးဆုံးရႈံး
ေစာ(NP News)-ဇန္နဝါရီ ၂
ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာမွ လူေနအိမ္ (၇)လုံးခန႔္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း သခၤါရလူမႈကူညီေရးအသင္း(အင္းစိန္)ထံမွ သိရသည္။
ယေန႔ (ဇန္နဝါရီ ၂ ရက္)၊ နံနက္ (၆)နာရီခန႔္အခ်ိန္က အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမအေနာက္ရပ္ကြက္၊ နယ္ေျမ(၁၆)၊ ကန္ပတ္လမ္းတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သိရသေလာက္ေတာ့ အိမ္ (၇)လုံးေလာင္ကြၽမ္းတယ္။ မီးၿငိမ္သတ္မႈကေတာ့ Level 1အဆင့္ပါ။ ဘာေၾကာင့္ေလာင္လဲဆိုေတာ့ မီးသတ္ကပဲ သိမွာ။ ကြၽန္ေတာ္တို႔က မသိႏိုင္ဘူး။ လူထိခိုက္ဒဏ္ရာရတာေတာ့ မရွိပါဘူး”ဟု သခၤါရလူမႈကူညီေရးအသင္း(အင္းစိန္)မွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါမီးေလာင္မႈကို Level 1အဆင့္ျဖင့္ မီးျငႇိမ္းသတ္ခဲ့ရၿပီး နံနက္ (၆)နာရီခြဲဝန္းက်င္အခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
“မီးသုံးတာေလးေတြကို သတိထားသုံးဖို႔၊ မီးႂကြင္းမီးက်န္ေတြကို ဂ႐ုစိုက္ဖို႔ အဲဒါေတြက အဓိကေပါ့။ အခုကပူျပင္းလာတဲ့အခ်ိန္ေရာက္လာၿပီဆိုေတာ့ မီးကေတာ့ သတိထားတာမမွားဘူး”ဟု၎ကအႀကံျပဳ ေျပာၾကားသည္။
အလားတူ နံနက္ (၁၀)နာရီ (၁၇)မိနစ္အခ်ိန္က အင္းစိန္ၿမိဳ႕နယ္၊ ေဖာ့ကန္ရပ္ကြက္၊ ေအာက္မဂၤလာဒုံလမ္း၊ ေဖာ့ကန္ေဈးေရွ႕တြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အသက္ (၄၀)ဝန္းက်င္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦး စိုးရိမ္ရဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
“အခုလည္းအုတ္ကားနဲ႔ ကုန္ကားနဲ႔တိုက္တယ္။ တိုက္ေတာ့ အမ်ိဳးသမီးတစ္ေယာက္ညပ္လို႔ ထုတ္ၿပီးေတာ့ အင္းစိန္ ေဆး႐ုံပို႔လိုက္ပါတယ္။ ျဖစ္တာကေတာ့ အုတ္ကားက တိုက္ၿပီးေတာ့ ထြက္ေျပးလာတယ္လို႔ေတာ့ေျပာတယ္။ ထြက္ေျပးလာၿပီးေတာ့ တစ္ဖက္လမ္းေၾကာက ကုန္ကားကို ထပ္တိုက္မိတယ္လို႔ သိရပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ အုတ္ကားေပၚတြင္ လိုက္ပါသည့္ အမ်ိဳးသမီးတစ္ဦး ညာဘက္ေျခေထာက္က်ိဳးသြားၿပီး အနီေရာင္အဆင့္ျဖင့္ အင္းစိန္ျပည္သူ႔ေဆး႐ုံ သို႔ပိုေဆာင္ထားေၾကာင္း သိရသည္။