စေတုတ္တရာတွင် အုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်သည့်ဖြစ်စဉ်ဖြစ်ပွား

 458

နာမူ (NP News) - ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် အမျိုးသားတစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်သတ်ဖြတ်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်၊ မနက် ၉ နာရီအချိန်က စေတုတ္တရာမြို့နယ်၊ မြောင်းဦးကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် (၅၂) နှစ်အရွယ် ဦးကျော်လွင် နှင့် တစ်ရွာတည်းနေ အသက် (၅၀)နှစ်အရွယ် ဦးအောင်မျိုးဝင်းတို့ နှစ်ဦးသည် ၎င်းတို့နေအိမ်များတွင် အသီးသီးရှိနေစဉ် PDF အဖွဲ့ဝင်များမှ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်းသိရသည်။
သေနတ်ဖြင့် ပစ်ခတ်သွားမှုကြောင့် ဦးကျော်လွင်နှင့် ဦးအောင်မျိုးဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ေစတုတၱရာတြင္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေနအိမ္အတြင္း ဝင္ေရာက္သတ္ျဖတ္သည့္ျဖစ္စဥ္ျဖစ္ပြား
နာမူ (NP News) - ေဖေဖာ္ဝါရီ ၃
မေကြးတိုင္းေဒသႀကီး၊ ေစတုတၱရာၿမိဳ႕နယ္တြင္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေနအိမ္အတြင္းဝင္ေရာက္သတ္ျဖတ္သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၃၁ ရက္၊ မနက္ ၉ နာရီအခ်ိန္က ေစတုတၱရာၿမိဳ႕နယ္၊ ေျမာင္းဦးေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာေန ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သည့္ အသက္ (၅၂) ႏွစ္အ႐ြယ္ ဦးေက်ာ္လြင္ ႏွင့္ တစ္႐ြာတည္းေန အသက္ (၅၀)ႏွစ္အ႐ြယ္ ဦးေအာင္မ်ိဳးဝင္းတို႔ ႏွစ္ဦးသည္ ၎တို႔ေနအိမ္မ်ားတြင္ အသီးသီးရွိေနစဥ္ PDF အဖြဲ႕ဝင္မ်ားမွ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္းသိရသည္။
ေသနတ္ျဖင့္ ပစ္ခတ္သြားမႈေၾကာင့္ ဦးေက်ာ္လြင္ႏွင့္ ဦးေအာင္မ်ိဳးဝင္းတို႔တြင္ က်ည္ထိမွန္ဒဏ္ရာမ်ား ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ျပစ္မႈက်ဴးလြန္ခဲ့သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးႏွင့္ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.