စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသော တက္ကသိုလ်တစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၌ ဖွင့်လှစ်မည်

 520

Pearl (NP News) - ဖေဖော်ဝါရီ ၄
စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၌ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
နစက ဥက္ကဋ္ဌ က ယမန်နေ့(ဖေဖော်ဝါရီလ ၃ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲလုပ်ငန်း ညှိနှိင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရန်အတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
နိုင်ငံတော်အနေဖြင့် ပညာရေးမြှင့်တင်မှုအဖြစ် Polytechnic University များကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ် ၄ ခု၌ ဖွင့်လှစ်နိုင်ခဲ့ပြီး လာမည့်ပညာသင်နှစ်တွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးပေါင်းစည်းထားသည့် တက္ကသိုလ်တစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၌ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ Polytechnic Institute တစ်ခုကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းမိသားစုသားသမီးများ၏ ပညာရေးကို အဓိကရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
လာမည့်ပညာသင်နှစ်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန် နစကအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး၊ နွေရာသီကျောင်းပိတ်ရက်ကာလကို အကျိုးရှိစွာအသုံးချနိုင်ရေးအတွက်လည်း တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း နစက ဥက္ကဋ္ဌက တိုက်တွန်းထားသည်။

Zawgyi Version:
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးေပါင္းစည္းထားေသာ တကၠသိုလ္တစ္ခုကို ဧရာဝတီတိုင္းေဒသႀကီး၌ ဖြင့္လွစ္မည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၄
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးေပါင္းစည္းထားသည့္ တကၠသိုလ္တစ္ခုကို ဧရာဝတီတိုင္းေဒသႀကီး၌ ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားသည္။
နစက ဥကၠ႒ က ယမန္ေန႔(ေဖေဖာ္ဝါရီလ ၃ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး၌က်င္းပေသာ ျပည္ေထာင္စုအစိုးရအဖြဲလုပ္ငန္း ညႇိႏွိင္းအစည္းအေဝးတြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းမ်ားကို အေျခခံသည့္ စက္မႈလုပ္ငန္းမ်ား ဖြံၿဖိဳးတိုးတက္ရန္အတြက္ ပညာတတ္လူသားအရင္းအျမစ္ေကာင္းမ်ား မျဖစ္မေနလိုအပ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ႏိုင္ငံေတာ္အေနျဖင့္ ပညာေရးျမႇင့္တင္မႈအျဖစ္ Polytechnic University မ်ားကို ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီး ႏွင့္ျပည္နယ္ ၄ ခု၌ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး လာမည့္ပညာသင္ႏွစ္တြင္လည္း စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးေပါင္းစည္းထားသည့္ တကၠသိုလ္တစ္ခုကို ဧရာဝတီတိုင္းေဒသႀကီး၌ ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။
ထို႔ျပင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း၌ Polytechnic Institute တစ္ခုကို တည္ေဆာက္ေပးသြားမည္ျဖစ္ၿပီး ဝန္ထမ္းမိသားစုသားသမီးမ်ား၏ ပညာေရးကို အဓိကရည္႐ြယ္၍ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
လာမည့္ပညာသင္ႏွစ္တြင္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပိတ္ထားရသည့္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္သင္ၾကားႏိုင္ရန္ နစကအေနျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ား စိတ္ေအးခ်မ္းသာစြာျဖင့္ စာေမးပြဲေျဖဆိုႏိုင္ေရး၊ ေႏြရာသီေက်ာင္းပိတ္ရက္ကာလကို အက်ိဳးရွိစြာအသုံးခ်ႏိုင္ေရးအတြက္လည္း တာဝန္ရွိသူမ်ားက စီမံေဆာင္႐ြက္ေပးသြားရန္ လိုအပ္ေၾကာင္း နစက ဥကၠ႒က တိုက္တြန္းထားသည္။

Picture

Pyoe Khinn

04/02/2025 13:49

ဧရာဝတီသားတို့အစွမ်းများဖြင့် မြန်မာပြည်သူပြည်သားများ စား၊ဝတ်၊နေရေး ပြည့်စုံစေရမည်။

Picture

Kohlaingmin Tun

04/02/2025 14:16

ဒီသတင်းမှာ ပါရှိသောအကြောင်းအရာနှင့် မြေပြင်တွင်ဖြစ်သောသတင်းကွာခြားနေခြင်းကြောင့်တိကျသေချာသောသတင်းကို ထုတ်ပြန်စေချင်ပါတယ် ။မြေပြင်မှာ ပြောကြားသတင်းတွေက စိုက်ပျိုးရေးတက္ကသိုလ်၊မွေး/ဆေးတက္ကသိုလ်နှင့်သစ်တောတက္ကသိုလ်တွေကို ဧရာဝတီတိုင်း မအူပင်မြို့သို့ ရွေ့ပြောင်းပြီး DSA&DSTA တို့ လာရောက်ဖွင့်လှစ်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေသောကြောင့် အဆိုပါ​ကျောင်းသားမိဘ တစ်ဦးအနေဖြင့် စိတ်အနှောက်အယှက်ဖြစ်ရပါသည်။မှန်၏ မှား၏ မည်သို့ရှင်းလင်းပေးကြမည်နည်း။

Related news

© 2021. All rights reserved.