“ ပြည်သူ့ စစ်မှုထမ်း” နဲ့ ပြည်သူတွေဘက်က ဘာလိုချင်သလဲ

 1090

ယွန်း ၊ သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၄

IBEC ဆရာတော်
(စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင်)
စစ်မှုထမ်းဥပဒေကတော့ စစ်မှုမထမ်းမနေရဆိုတာ နိုင်ငံတကာမှာလည်းရှိပါတယ်။ နည်းဥပဒေ လည်း ဘုန်းဘုန်း ဖတ်ထားပါတယ်။ ဥပဒေအတိုင်း လုပ်တယ် အာဏာတည်တယ်ဆိုရင်တော့ ကောင်း တာပေါ့။ ဥပဒေကိုကျော်လွန်လုပ်ရင်တော့ ဘယ်အဖွဲ့အစည်းမှမကောင်းဘူး။ စစ်တပ်ပဲဖြစ်ဖြစ်၊ အဖွဲ့အ စည်းပဲဖြစ်ဖြစ်။ ဆိုးတာကတော့ ဥပဒေကိုအကြောင်းပြပြီးတော့ လာဘ်ပေးလာဘ်ယူမှုတွေများနေတဲ့ ကိစ္စကိုတော့ မကြိုက်ဘူး။ စစ်မှုထမ်းဥပဒေကိုအကြောင်းပြ ပိုက်ဆံတွေတောင်း လူတွေကမှ ဒုက္ခ ရောက်ပါတယ်ဆို အဲဒါကတော့ ဘုန်းဘုန်းမကြိုက်ဘူး။ ကျန်တာကတော့ စစ်အာဏာကိုဆုပ်ကိုင်ထား တဲ့လူတွေက သူတို့မှာ လုပ်ပိုင်ခွင့်ရှိလို့လုပ်ကြတဲ့ကိစ္စဆိုတော့ ဘာမှတော့ ထူးထူးထွေထွေ ပြောစရာ တော့ မရှိပါဘူး။ ဥပဒေတိုင်း၊ နည်းဥပဒေတိုင်းမှာ အားနည်းချက်၊ အားသာချက်ရှိတယ်။ အဓိကက ပြည်သူလူထုလက်ခံလာအောင်၊ နားလည်လာအောင်ရှင်းပြပြီးတော့ ဥပဒေကို အကောင်အထည်ဖော် ရင်တော့ တိုင်းပြည်အတွက် ကောင်းတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ အမိန့်အာဏာကို အလွဲသုံးစားလုပ်တဲ့ သူတွေများရင်တော့ အဲဒီဥပဒေက ကြောက်စရာကြီးဖြစ်တာပေါ့။ ပြည်သူလူထုကတော့ လက်နက်ကိုင် တဲ့သူတွေအကုန်လုံးကို ရွံကြောက်ကြီးကြောက်နေကြတာ။ လူတွေအကုန်လုံးက ကျီးလန့်စာ စားဘဝ ဖြစ်နေတဲ့အတွက် ပြည်သူ့မျက်နှာကိုကြည့်ရှုတယ်ဆိုရင်တော့ လူထုကို ဥပဒေကို အရင်ဆုံးနားလည် အောင်၊ လက်ခံလာအောင် ရှင်းပြပြီးတော့ အကောင်အထည်ဖော်တယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းပါ မယ်။ အဲဒီလိုမဟုတ်ရင်တော့ အာဏာနဲ့တည်ဆောက်တဲ့ဟာတွေက ရေရှည်မှာ အာဏာသည် အနောက် က ယုံကြည်မှုမပါရင် အနှစ်သာရမရှိဘူး။ ပြည်သူတွေကတော့ ကျီးလန့်စာစားအကုန်လုံးဖြစ်နေကြပါပြီ။ ပြည်သူတွေက လက်နက်ကိုင်အားလုံးကို ကြောက်နေကြပါတယ်”

ဦးတင့်ဆွေ
(ဒုတိယဥက္ကဋ္ဌ-ဒီမိုကရက်တစ်ပါတီ)
ဥပဒေကတော့ အရင်ထွက်လာပြီလေ။ နည်းဥပဒေက (၂၃)ရက်မှထွက်လာတာ။ ဥပဒေ တစ်ခုက ပြဋ္ဌာန်းလိုက်ပြီ အတည်ပြုလိုက်ပြီဆိုရင် နိုင်ငံသားတိုင်း လိုက်နာရမယ့်အလုပ်လေ။ ဘယ်ဥပဒေမဆို ဥပဒေ တစ်ခုပြဋ္ဌာန်းရင် ချို့ယွင်းချက်တစ်ခုပါတယ်။ ဥပဒေတိုင်းမှာ ချို့ယွင်းချက်ပါတယ်။ ဒီဥပ‌ဒေက လိုအပ်သင့်တယ်။ ဘာလို့လဲဆို‌တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကိုက ပုဒ်မ (၃၈၆)မှာ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတာက အရင်တည်းက ပါပြီးသား။ လက်ရှိအနေအထားကလည်း လိုအပ်လို့ ပြဋ္ဌာန်း တာပဲ။ ဒီဥပဒေတစ်ခုက မလိုက်နာဘူးဆိုရင် စကားလုံးတွေလှလှရေးပြီး စာရွက်ပေါ်မှာပြဋ္ဌာန်းတဲ့ ဥပဒေ ဖြစ်သွားမှာပေါ့။ ဥပဒေက တရားဥပဒေစိုးမိုးရေးရှိရမယ်။ တရားဥပဒေစိုးမိုးဖို့ဆိုတာက ဥပဒေကို အကောင်အထည်ဖော်ရမယ်။ အုပ်ချုပ်ရေးအရ အကောင်အထည်ဖော်ရတာလေ။ အဲဒါ ဒီဥပဒေကို တရား မမျှတပါဘူး၊ ဥပဒေက မကောင်းပါဘူးလို့ သွားပြောလို့မရဘူး။ ခြုံပြီးပြောမယ်ဆိုရင် ဒီဥပဒေက လိုအပ်လို့လုပ်တာလို့ပဲ မြင်တယ်။ လက်ရှိ တိုင်းပြည်ရဲ့ နိုင်ငံတော်အစိုးရရဲ့ နိုင်ငံတော်ကြီး မကျဆုံး အောင်လုပ်တဲ့အလုပ်မို့ ဒီဥပဒေက ရှိသင့်တယ်၊ လိုအပ်တယ်လို့ပဲပြောချင်ပါတယ်။ ပြည်သူလူထု ကတော့ ဒီအချိန်မှာ ကြောက်နေကြတာ။ ဘာလို့ကြောက်နေလဲဆိုတော့ လက်ရှိအနေအထားက တပ်မတော်က တိုက်ပွဲတွေမှာ ဟိုးတုန်းကဆိုရင် ကြူကုတ်တို့၊ ပန်ဆိုင်းတို့မှာ အကြီးအကျယ်တိုက်တဲ့ အခါကျတော့ လူတွေကအရမ်းအားရကြတယ်။ အခုက ပွင့်ပွင့်လင်းလင်းပြောမယ်ဆို စစ်ဌာနချုပ်ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးလည်းကျသွားတယ်၊ ရခိုင်မှာလည်း အတူတူပဲဆိုတော့ လူတွေက အရမ်း ကြောက်တယ်။ နောက်တစ်ခု လူတွေကဘာပြောလဲဆိုတော့ ကျွန်တော်တို့က ပြည်ပရန် ဆိုရင်တိုက်ချင် တာပေါ့တဲ့။ တချို့က အဲဒီလိုပြောတယ်။ ပြည်တွင်းမှာ ဒီလိုအချင်းချင်းမညီညွတ်တဲ့ဟာကျ မတိုက်ချင် ဘူး ပြောတယ်။ အဲဒီလိုမဟုတ်ဘူးလေ။ (၄၈) ခုနှစ် လွတ်လပ်ရေးရပြီး (၄၉)မှာ ရန်ကုန်အစိုးရဖြစ်တဲ့ အချိန်ကျတော့ ပြည်တွင်းသောင်းကျန်းမှုပဲလေ။ ပြည်ပက လာတာမဟုတ်ဘူးလေ။ အဲဒီတော့ ပြည် ထောင်စုအစိုးရမပြိုကွဲအောင် ပြည်သူတွေရော၊ တပ်မတော်အရန်တပ်ရင်း တို့ရော အကုန်လုံး တိုက်ကြ တာပဲ။ အခုလည်း အဲဒီအနေအထားဖြစ်နေတာပေါ့။ ဘဘအနေနဲ့ကတော့ လိုအပ်တယ်လို့ မြင်တယ်။ ပြည်သူက ပြည်ပရန်ဆိုရင်တော့တိုက်ချင်တာပေါ့၊ နောက်ပြီးတော့ တပ်မတော်ကလည်း အနိုင်တိုက် တယ်ဆိုတဲ့ဟာတွေမပါဘူး။ ခေတ်မီပါတယ်ဆိုတဲ့သူတို့မှာ Drone တွေရှိတယ်၊ အမြောက်တွေရှိတယ် မသုံးတဲ့အခါကျတော့ လူတွေက ကြောက်နေတာပေါ့ လက်ရှိအနေအထားက။ ဒါတွေကလည်း အစိုးရ ဘက်က နည်းနည်းလိုအပ်တယ်လို့မြင်တယ်။

ဦးသိန်းထွန်းဦး
(အမှုဆောင်ဒါရိုက်တာ - သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့)
အဓိကက ဥပဒေက စထုတ်တုန်းက သာမန်ဥပဒေစထွက်လိုက်တာ။ ဒါပေမဲ့ နောက်ပိုင်း ပြောတဲ့ အတိုင်း နည်းဥပဒေထွက်တယ်ပေါ့။ နည်း ဥပဒေတစ်ခုအနေနဲ့ကတော့ ပြောစရာမရှိပါဘူး။ အဓိက အရေးကြီးတာက မြန်မာနိုင်ငံမှာဖြစ်ပျက်သွားတဲ့ပြဿနာတွေက ဥပဒေ၊ နည်းဥပဒေထွက်ပြီးတဲ့အချိန် မှာ အဲဒီနည်းဥပဒေ၊ ဥပဒေအတိုင်းပေါ့။ ဘယ်လောက်အထိ ဥပဒေနဲ့အညီအလုပ်လုပ်နိုင်လည်းပေါ့။ ဒါကအ‌ရေးကြီးတာ။ အဲဒီဥပဒေပါ အချက်အလက်တွေက ဘာမှပြောစရာမလိုဘူး။ ဘာလိုတယ် ဘာမလို ဘူးဆိုတာက သူတို့ပဲအချိန် ယူပြီးဆွဲထားတဲ့ ကိစ္စဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူး သုံးသပ်စရာမရှိဘူး။ အခုနပြောသလိုပဲ ဥပဒေနဲ့အညီ မြေပြင်မှာအလုပ်လုပ်နိုင်လား မလုပ်နိုင်လား အဲဒီ အချက်က အရေးကြီးတဲ့အချက်ဖြစ်လိမ့်မယ်။ အကောင်အထည်ဖော်တဲ့အပိုင်းမှာ မူတည်ပြီးတော့ ဥပဒေ၊ နည်းဥပဒေအပေါ်မှာ ပြန်ပြီးတော့ သက်ရောက်မှုတွေဖြစ်လာလိမ့်မယ်။ အခုလောလော ဆယ် ဆယ်မှာတော့ ဒီဥပဒေနဲ့ပတ်သက်ပြီး ပြည်သူလူထုကို နည်းနည်းတော့ အသိပညာပေးရှင်းလင်းနိုင် ဖို့တော့ လိုအပ်လိမ့်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီကောင်နဲ့ပတ်သက်ပြီးတော့ အချို့လည်း စိုးရိမ်တာတွေရှိတယ်။ အထူးသဖြင့် နိုင်ငံခြားသွားမယ့်ကလေးတွေ ဘာညာပေါ့။ ဒါတွေကလည်းဖြစ် တတ်ကြတာ။ အဲဒါကို မြေပြင်ကလူတွေနဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတဲ့ အရာ။ အဲဒီအရာက ဥပဒေ စထုတ်ပြီးတည်းက နည်းဥပဒေဆွဲပြီးပြီလေ။ ဘယ်တော့ အကောင်အထည်ဖော်မလဲ။ အားလုံးကို တစ်သမတ်တည်းပေါ့။ အဓိကက ဥပဒေရဲ့အရေးကြီးဆုံးအချက်က Consistent ပေါ့။ ဘယ်သူပဲဖြစ်ဖြစ် တစ်သမတ်တည်း ဥပဒေရဲ့အကျိုးသက်ရောက်မှုကို ခံစားရမှာ။ အဲဒီအချက်ကို မူတည်ပြီးလုပ်မယ် ဆိုရင် တော့ ဘာမှထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ ဥပဒေ၊ နည်းဥပဒေ ဘယ်လိုပဲ ထုတ်သည်ဖြစ်စေ မြန်မာနိုင်ငံရဲ့ ပြဿနာက ဥပဒေကို တိတိကျကျ ဒီဥပဒေဘောင်နဲ့အညီ သေချာလုပ်နိုင်ဖို့လိုအပ်တယ်။ တစ်ခါတစ်ရံမှာ ဥပဒေနဲ့မညီညွတ်တဲ့အပိုင်းတွေ ဖြစ်သွားတဲ့အခါမှာ ဒီဥပဒေ လိုက်နာရမယ့်လူတိုင်းဟာ ဥပဒေနဲ့ပတ်သက်ပြီး လေးစားမှုသိပ်မရှိတော့ဘူး။ ဥပဒေကိုလေးစားမှု မရှိလို့ ဥပဒေက အားနည်းယုတ် လျော့သွားပြီဆိုရင် အကောင်အထည်ဖော်ဖို့ အားနည်းတယ်။ အဲဒီကျရင် ဥပဒေ မစိုးမိုးဘူးဆိုရင် လူမှု အဖွဲ့အစည်းတစ်ခုလုံးက ပြဿနာတက်လာမယ်။ အဲဒီကိစ္စကိုရှောင်နိုင်မယ်ဆိုရင်ပဲ အဆင်ပြေသွားပါ လိမ့်မယ်။ ဝေဖန်မှုမြင့်တက်နေတာကတော့ စစ်မှုထမ်းချင်တဲ့လူနဲ့မထမ်းချင်နဲ့လူနဲ့ သို့တည်းမဟုတ် စစ်မှုထမ်းရင် ဘာဖြစ်မလဲဆိုပြီး ကြောက်ကြလန့်ကြတာ။ ဒါကတော့ ဖြစ်ကြမယ့်သဘောပါပဲ။ ဒါပေမဲ့ စောစောကပြောသလိုပေါ့။ စစ်မှုထမ်းဥပဒေရဲ့ ဘယ်လိုဖွင့်ဆိုချက်တွေရှိလဲ။ တကယ် ဘယ်လိုလုပ်မလဲ။ မြေပြင်မှာဘယ်လိုလုပ်မလဲ။ အဲဒါကို ပထမပိုင်းဖြေထားတဲ့အထဲမှာလည်းပါတယ်။ ပြည်သူလူထုကို အသိပညာပေးအပိုင်းတွေမှာ ဒီထက်ပိုပြီးတော့ အဆင့်မြင့်မြင့်လေးဖြည့်စွက်ပေးနိုင်ရင် အကုန် အဆင် ပြေသွားပါလိမ့်မယ်။

ဒေါက်တာအေးမောင်
(ဥက္ကဋ္ဌ - ရခိုင့်ဦးဆောင်ပါတီ)
“ဒီဥပဒေက မှတ်မိသလောက် နယက လက်ထက်ရေးဆွဲပြီးတော့ အခု(၂၀ဝ၈)ဖွဲ့စည်းပုံ အရ ပထမအကြိမ် အခြေခံဥပဒေပါ အတိုင်းပေါ့ဗျာ။ ပြောင်းလဲအစိုးရကာလအတွင်းမှ အကောင်အထည် ဖော်ခဲ့ခြင်းလို့မြင်ပါတယ်။ တစ်နည်းအားဖြင့် အဲဒီကာလတည်းက အာဏာသက်ရောက်တဲ့နေ့ကို အဲဒီ ကာလတည်းက ကြေညာခဲ့သင့်တယ်လို့မြင်တာပေါ့။ ဘာလို့ဆို တည်ငြိမ်အေးချမ်းနေတယ်။ အခုလို နိုင်ငံရေးနဲ့ဆိုင်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဇာတ်ရှိန်က မမြင့်သေးဘူး။ ပထမအကြိမ် သက်တမ်း သမ္မတကြီး ဦးသိန်းစိန်က မတ်လ (၃၁)ရက်ပေါ့ဗျာ။ (၂၀၁၆)မှာ လက်မှတ်ထိုးခဲ့သင့်တဲ့ ဥပဒေပေါ့ဗျာ။ အဲဒီလိုမြင်တယ်။ လက်မှတ်ထိုးပြီးရင်တော့ နည်းဥပဒေအတိုင်းကတော့ ကာကွယ်ရေးဝန်ကြီးဌာန ဘက်က အခုလိုမျိုး ထုတ်ပြန်ပေးရမှာပေါ့။ အဲဒါကြောင့် ထုတ်ပြန်ချိန်။ အာဏာသက်ဝင်ကြောင်း ကြေညာချိန် နောက်ကျတယ်။ ပဋိပက္ခမရှိတဲ့အခါမှာ ထုတ်ပြန်ခဲ့သင့်တယ်။ အဲဒါတစ်ခုပေါ့။ ဒုတိယ တစ်ချက်က အဲဒီဥပဒေနဲ့ပတ်သက်လို့ စစ်မှုထမ်းခြင်းဆိုတာကတော့ အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတိုင်းက သူ့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်လို့ လိုအပ်ချက် ရှိတိုင်းမှာ ပြဋ္ဌာန်းတယ်။ အဲဒီဥပဒေအတိုင်းလိုက်နာ အောင် သူရဲ့အစိုးရအဖွဲ့အဆင့်ဆင့်အတိုင်းဆောင်ရွက်တယ် ဆိုတာက လုပ်ထုံးလုပ်နည်းပဲ။ ကမ္ဘာအနှံ့ လုပ်နေကြတဲ့လုပ်ငန်းစဉ်လို့ပဲ သဘောပေါက်တယ်။ နည်း ဥပဒေမှာတော့ အချက်ဘယ်နှချက်ရှိတယ်။ စစ်မှုထမ်းစာရင်းအသက်သွင်းခြင်းဆိုတာရှိတယ်။ စာရင်း စစ် အပိုင်းရှိတယ်။ နောက် စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အပိုင်းရှိတယ်လို့ မှတ်သားရတယ်။ အဲဒီတော့ နည်း ဥပဒေအပိုင်းကတော့ တကယ်လို့ ဦးသိန်းစိန်လက်ထက်မှာသာရေးခဲ့ရင် ဒီလောက်ထိဖြစ်မှာ မဟုတ်ဘူး။ အခုက ပြည်တွင်းအရှိန်ကမြင့်နေတဲ့အခါကျတော့ တော်တော်လေး ပြည့်ပြည့်စုံစုံနဲ့ အယိုအပေါက် မရှိအောင်ရေးထားတယ်လို့ပဲ အများပြောအတိုင်းသိရတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ သက်ဝင် ကြောင်းလက်မှတ်ထိုးပြီးတဲ့နောက်မှာ ပြည်ထောင်စုနေ့နောက်တစ်ရက်မှာ နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံရေးပါတီတွေတွေ့ကြတာရှိတယ်။ အဲဒီကာလမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တာရှိတယ်။ ဘုရင့် နောင်ရိပ်သာမှာထင်တယ်။ အဓိကက ပြည်တွင်းမှာစစ်ပွဲအရှိန်က မြင့်နေတယ်။ နိုင်ငံရေးပဋိပက္ခကို မပြေ လည်နိုင်သမျှ ဒီဆိုးကျိုးသံသရာက ဆက်ရှိနေမှာဖြစ်တယ်ဆိုတာ တစ်ပိုင်းပေါ့ဗျာ။ ဒီဆိုးကျိုးသံသရာကို ရပ်စေချင်ပြီ။ လူထုကလည်း ရပ်စေချင်နေကြပြီ။ ဒီဆိုးကျိုးသံသရာက သေကြ၊ သတ်ကြပေါ့ဗျာ။ အသက်အိုးအိမ်စည်း စိမ်ပျက်စီးဆုံးရှုံးကြ။ အကုန်လုံး အာဃာတတွေနဲ့ ဒီလိုမျိုး သံသရာလည်နေတဲ့ဥစ္စာကရပ်စေရန် ဆောင်ရွက်ပေးဖို့အတွက် အကြံပြုတိုက်တွန်းလိုပါတယ်။ အဲဒါ ကြောင့် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ် ကို အရှိန်မြှင့် ပေးပါ။ အန်ကယ်ဆိုလိုတာက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းတာနဲ့ တစ်ပြိုင်တည်းမှာ ပြည် တွင်းငြိမ်းချမ်းမှုဖြစ်စဉ်ကို အဖြေထွက်အောင် အရှိန်မြှင့်ပေးပါ။ အဲဒါမှ ညီမျှနေမှပဲ ပြည်သူလူထုက စိတ်တူကိုယ်တူနဲ့ လိုက်ပါလာနိုင်တယ်။ ပြည်ပရန်ကာကွယ်ဖို့ ရည်ရွယ်ချက်ရောက်နိုင်တယ်။ နိုင်ငံရဲ့ လူငယ်လူရွယ်အားလုံးက နိုင်ငံတော်ကာကွယ် တဲ့ဘက်ကိုရောက်သွားအောင် တွန်းပို့ပေးပါ။ ပြည်တွင်း ပဋိပက္ခကိုချုပ်ငြိမ်းအောင်လုပ်ဆောင်ပေးပါဆိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့တာရှိတယ်။ အဲဒီ သဘောထားအတိုင်းပဲ အခုလည်း ရပ်တည်ရန်လိုအပ်နေသေးတယ်လို့ပဲ သုံးသပ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာဆိုတာက နိုင်ငံတော်အစိုးရဆိုတာက နိုင်ငံတော်အတွက် ရေရှည်လိုအပ်တဲ့ ဥပဒေ နည်းဥပဒေတွေကို ထုတ်ပြန်ခဲ့ကြတာပဲ။ ထုတ်ပြန်သင့်လို့ထုတ်ပြန်ခဲ့တာပေါ့။

zawgyi version
“ ျပည္သူ႔ စစ္မႈထမ္း” နဲ႔ ျပည္သူေတြဘက္က ဘာလိုခ်င္သလဲ
ယြန္း ၊ သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၄

IBEC ဆရာေတာ္
(စေတာ့ဟုမ္း ၿငိမ္းခ်မ္းေရးဆုရွင္)
စစ္မႈထမ္းဥပေဒကေတာ့ စစ္မႈမထမ္းမေနရဆိုတာ ႏိုင္ငံတကာမွာလည္းရွိပါတယ္။ နည္းဥပေဒ လည္း ဘုန္းဘုန္း ဖတ္ထားပါတယ္။ ဥပေဒအတိုင္း လုပ္တယ္ အာဏာတည္တယ္ဆိုရင္ေတာ့ ေကာင္း တာေပါ့။ ဥပေဒကိုေက်ာ္လြန္လုပ္ရင္ေတာ့ ဘယ္အဖြဲ႕အစည္းမွမေကာင္းဘူး။ စစ္တပ္ပဲျဖစ္ျဖစ္၊ အဖြဲ႕အ စည္းပဲျဖစ္ျဖစ္။ ဆိုးတာကေတာ့ ဥပေဒကိုအေၾကာင္းျပၿပီးေတာ့ လာဘ္ေပးလာဘ္ယူမႈေတြမ်ားေနတဲ့ ကိစၥကိုေတာ့ မႀကိဳက္ဘူး။ စစ္မႈထမ္းဥပေဒကိုအေၾကာင္းျပ ပိုက္ဆံေတြေတာင္း လူေတြကမွ ဒုကၡ ေရာက္ပါတယ္ဆို အဲဒါကေတာ့ ဘုန္းဘုန္းမႀကိဳက္ဘူး။ က်န္တာကေတာ့ စစ္အာဏာကိုဆုပ္ကိုင္ထား တဲ့လူေတြက သူတို႔မွာ လုပ္ပိုင္ခြင့္ရွိလို႔လုပ္ၾကတဲ့ကိစၥဆိုေတာ့ ဘာမွေတာ့ ထူးထူးေထြေထြ ေျပာစရာ ေတာ့ မရွိပါဘူး။ ဥပေဒတိုင္း၊ နည္းဥပေဒတိုင္းမွာ အားနည္းခ်က္၊ အားသာခ်က္ရွိတယ္။ အဓိကက ျပည္သူလူထုလက္ခံလာေအာင္၊ နားလည္လာေအာင္ရွင္းျပၿပီးေတာ့ ဥပေဒကို အေကာင္အထည္ေဖာ္ ရင္ေတာ့ တိုင္းျပည္အတြက္ ေကာင္းတာေပါ့။ အဲဒီလိုမဟုတ္ဘဲနဲ႔ အမိန႔္အာဏာကို အလြဲသုံးစားလုပ္တဲ့ သူေတြမ်ားရင္ေတာ့ အဲဒီဥပေဒက ေၾကာက္စရာႀကီးျဖစ္တာေပါ့။ ျပည္သူလူထုကေတာ့ လက္နက္ကိုင္ တဲ့သူေတြအကုန္လုံးကို ႐ြံေၾကာက္ႀကီးေၾကာက္ေနၾကတာ။ လူေတြအကုန္လုံးက က်ီးလန႔္စာ စားဘဝ ျဖစ္ေနတဲ့အတြက္ ျပည္သူ႔မ်က္ႏွာကိုၾကည့္ရႈတယ္ဆိုရင္ေတာ့ လူထုကို ဥပေဒကို အရင္ဆုံးနားလည္ ေအာင္၊ လက္ခံလာေအာင္ ရွင္းျပၿပီးေတာ့ အေကာင္အထည္ေဖာ္တယ္ဆိုရင္ေတာ့ ပိုၿပီးေတာ့ေကာင္းပါ မယ္။ အဲဒီလိုမဟုတ္ရင္ေတာ့ အာဏာနဲ႔တည္ေဆာက္တဲ့ဟာေတြက ေရရွည္မွာ အာဏာသည္ အေနာက္ က ယုံၾကည္မႈမပါရင္ အႏွစ္သာရမရွိဘူး။ ျပည္သူေတြကေတာ့ က်ီးလန႔္စာစားအကုန္လုံးျဖစ္ေနၾကပါၿပီ။ ျပည္သူေတြက လက္နက္ကိုင္အားလုံးကို ေၾကာက္ေနၾကပါတယ္”

ဦးတင့္ေဆြ
(ဒုတိယဥကၠ႒-ဒီမိုကရက္တစ္ပါတီ)
ဥပေဒကေတာ့ အရင္ထြက္လာၿပီေလ။ နည္းဥပေဒက (၂၃)ရက္မွထြက္လာတာ။ ဥပေဒ တစ္ခုက ျပ႒ာန္းလိုက္ၿပီ အတည္ျပဳလိုက္ၿပီဆိုရင္ ႏိုင္ငံသားတိုင္း လိုက္နာရမယ့္အလုပ္ေလ။ ဘယ္ဥပေဒမဆို ဥပေဒ တစ္ခုျပ႒ာန္းရင္ ခ်ိဳ႕ယြင္းခ်က္တစ္ခုပါတယ္။ ဥပေဒတိုင္းမွာ ခ်ိဳ႕ယြင္းခ်က္ပါတယ္။ ဒီဥပ‌ေဒက လိုအပ္သင့္တယ္။ ဘာလို႔လဲဆို‌ေတာ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာကိုက ပုဒ္မ (၃၈၆)မွာ ႏိုင္ငံသားတိုင္း စစ္မႈမထမ္းမေနရဆိုတာက အရင္တည္းက ပါၿပီးသား။ လက္ရွိအေနအထားကလည္း လိုအပ္လို႔ ျပ႒ာန္း တာပဲ။ ဒီဥပေဒတစ္ခုက မလိုက္နာဘူးဆိုရင္ စကားလုံးေတြလွလွေရးၿပီး စာ႐ြက္ေပၚမွာျပ႒ာန္းတဲ့ ဥပေဒ ျဖစ္သြားမွာေပါ့။ ဥပေဒက တရားဥပေဒစိုးမိုးေရးရွိရမယ္။ တရားဥပေဒစိုးမိုးဖို႔ဆိုတာက ဥပေဒကို အေကာင္အထည္ေဖာ္ရမယ္။ အုပ္ခ်ဳပ္ေရးအရ အေကာင္အထည္ေဖာ္ရတာေလ။ အဲဒါ ဒီဥပေဒကို တရား မမွ်တပါဘူး၊ ဥပေဒက မေကာင္းပါဘူးလို႔ သြားေျပာလို႔မရဘူး။ ၿခဳံၿပီးေျပာမယ္ဆိုရင္ ဒီဥပေဒက လိုအပ္လို႔လုပ္တာလို႔ပဲ ျမင္တယ္။ လက္ရွိ တိုင္းျပည္ရဲ႕ ႏိုင္ငံေတာ္အစိုးရရဲ႕ ႏိုင္ငံေတာ္ႀကီး မက်ဆုံး ေအာင္လုပ္တဲ့အလုပ္မို႔ ဒီဥပေဒက ရွိသင့္တယ္၊ လိုအပ္တယ္လို႔ပဲေျပာခ်င္ပါတယ္။ ျပည္သူလူထု ကေတာ့ ဒီအခ်ိန္မွာ ေၾကာက္ေနၾကတာ။ ဘာလို႔ေၾကာက္ေနလဲဆိုေတာ့ လက္ရွိအေနအထားက တပ္မေတာ္က တိုက္ပြဲေတြမွာ ဟိုးတုန္းကဆိုရင္ ၾကဴကုတ္တို႔၊ ပန္ဆိုင္းတို႔မွာ အႀကီးအက်ယ္တိုက္တဲ့ အခါက်ေတာ့ လူေတြကအရမ္းအားရၾကတယ္။ အခုက ပြင့္ပြင့္လင္းလင္းေျပာမယ္ဆို စစ္ဌာနခ်ဳပ္ျဖစ္တဲ့ ရွမ္းျပည္ေျမာက္ပိုင္းက လားရႈိးလည္းက်သြားတယ္၊ ရခိုင္မွာလည္း အတူတူပဲဆိုေတာ့ လူေတြက အရမ္း ေၾကာက္တယ္။ ေနာက္တစ္ခု လူေတြကဘာေျပာလဲဆိုေတာ့ ကြၽန္ေတာ္တို႔က ျပည္ပရန္ ဆိုရင္တိုက္ခ်င္ တာေပါ့တဲ့။ တခ်ိဳ႕က အဲဒီလိုေျပာတယ္။ ျပည္တြင္းမွာ ဒီလိုအခ်င္းခ်င္းမညီၫြတ္တဲ့ဟာက် မတိုက္ခ်င္ ဘူး ေျပာတယ္။ အဲဒီလိုမဟုတ္ဘူးေလ။ (၄၈) ခုႏွစ္ လြတ္လပ္ေရးရၿပီး (၄၉)မွာ ရန္ကုန္အစိုးရျဖစ္တဲ့ အခ်ိန္က်ေတာ့ ျပည္တြင္းေသာင္းက်န္းမႈပဲေလ။ ျပည္ပက လာတာမဟုတ္ဘူးေလ။ အဲဒီေတာ့ ျပည္ ေထာင္စုအစိုးရမၿပိဳကြဲေအာင္ ျပည္သူေတြေရာ၊ တပ္မေတာ္အရန္တပ္ရင္း တို႔ေရာ အကုန္လုံး တိုက္ၾက တာပဲ။ အခုလည္း အဲဒီအေနအထားျဖစ္ေနတာေပါ့။ ဘဘအေနနဲ႔ကေတာ့ လိုအပ္တယ္လို႔ ျမင္တယ္။ ျပည္သူက ျပည္ပရန္ဆိုရင္ေတာ့တိုက္ခ်င္တာေပါ့၊ ေနာက္ၿပီးေတာ့ တပ္မေတာ္ကလည္း အႏိုင္တိုက္ တယ္ဆိုတဲ့ဟာေတြမပါဘူး။ ေခတ္မီပါတယ္ဆိုတဲ့သူတို႔မွာ Drone ေတြရွိတယ္၊ အေျမာက္ေတြရွိတယ္ မသုံးတဲ့အခါက်ေတာ့ လူေတြက ေၾကာက္ေနတာေပါ့ လက္ရွိအေနအထားက။ ဒါေတြကလည္း အစိုးရ ဘက္က နည္းနည္းလိုအပ္တယ္လို႔ျမင္တယ္။

ဦးသိန္းထြန္းဦး
(အမႈေဆာင္ဒါ႐ိုက္တာ - ေသနဂၤမဟာဗ်ဴဟာ
ေလ့လာေရးအဖြဲ႕)
အဓိကက ဥပေဒက စထုတ္တုန္းက သာမန္ဥပေဒစထြက္လိုက္တာ။ ဒါေပမဲ့ ေနာက္ပိုင္း ေျပာတဲ့ အတိုင္း နည္းဥပေဒထြက္တယ္ေပါ့။ နည္း ဥပေဒတစ္ခုအေနနဲ႔ကေတာ့ ေျပာစရာမရွိပါဘူး။ အဓိက အေရးႀကီးတာက ျမန္မာႏိုင္ငံမွာျဖစ္ပ်က္သြားတဲ့ျပႆနာေတြက ဥပေဒ၊ နည္းဥပေဒထြက္ၿပီးတဲ့အခ်ိန္ မွာ အဲဒီနည္းဥပေဒ၊ ဥပေဒအတိုင္းေပါ့။ ဘယ္ေလာက္အထိ ဥပေဒနဲ႔အညီအလုပ္လုပ္ႏိုင္လည္းေပါ့။ ဒါကအ‌ေရးႀကီးတာ။ အဲဒီဥပေဒပါ အခ်က္အလက္ေတြက ဘာမွေျပာစရာမလိုဘူး။ ဘာလိုတယ္ ဘာမလို ဘူးဆိုတာက သူတို႔ပဲအခ်ိန္ ယူၿပီးဆြဲထားတဲ့ ကိစၥျဖစ္တဲ့အတြက္ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ေထြေထြထူးထူး သုံးသပ္စရာမရွိဘူး။ အခုနေျပာသလိုပဲ ဥပေဒနဲ႔အညီ ေျမျပင္မွာအလုပ္လုပ္ႏိုင္လား မလုပ္ႏိုင္လား အဲဒီ အခ်က္က အေရးႀကီးတဲ့အခ်က္ျဖစ္လိမ့္မယ္။ အေကာင္အထည္ေဖာ္တဲ့အပိုင္းမွာ မူတည္ၿပီးေတာ့ ဥပေဒ၊ နည္းဥပေဒအေပၚမွာ ျပန္ၿပီးေတာ့ သက္ေရာက္မႈေတြျဖစ္လာလိမ့္မယ္။ အခုေလာေလာ ဆယ္ ဆယ္မွာေတာ့ ဒီဥပေဒနဲ႔ပတ္သက္ၿပီး ျပည္သူလူထုကို နည္းနည္းေတာ့ အသိပညာေပးရွင္းလင္းႏိုင္ ဖို႔ေတာ့ လိုအပ္လိမ့္မယ္လို႔ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေကာင္နဲ႔ပတ္သက္ၿပီးေတာ့ အခ်ိဳ႕လည္း စိုးရိမ္တာေတြရွိတယ္။ အထူးသျဖင့္ ႏိုင္ငံျခားသြားမယ့္ကေလးေတြ ဘာညာေပါ့။ ဒါေတြကလည္းျဖစ္ တတ္ၾကတာ။ အဲဒါကို ေျမျပင္ကလူေတြနဲ႔ ဘယ္လိုညႇိႏႈိင္းေဆာင္႐ြက္မလဲဆိုတဲ့ အရာ။ အဲဒီအရာက ဥပေဒ စထုတ္ၿပီးတည္းက နည္းဥပေဒဆြဲၿပီးၿပီေလ။ ဘယ္ေတာ့ အေကာင္အထည္ေဖာ္မလဲ။ အားလုံးကို တစ္သမတ္တည္းေပါ့။ အဓိကက ဥပေဒရဲ႕အေရးႀကီးဆုံးအခ်က္က Consistent ေပါ့။ ဘယ္သူပဲျဖစ္ျဖစ္ တစ္သမတ္တည္း ဥပေဒရဲ႕အက်ိဳးသက္ေရာက္မႈကို ခံစားရမွာ။ အဲဒီအခ်က္ကို မူတည္ၿပီးလုပ္မယ္ ဆိုရင္ ေတာ့ ဘာမွေထြေထြထူးထူးေျပာေနစရာမလိုပါဘူး။ ဥပေဒ၊ နည္းဥပေဒ ဘယ္လိုပဲ ထုတ္သည္ျဖစ္ေစ ျမန္မာႏိုင္ငံရဲ႕ ျပႆနာက ဥပေဒကို တိတိက်က် ဒီဥပေဒေဘာင္နဲ႔အညီ ေသခ်ာလုပ္ႏိုင္ဖို႔လိုအပ္တယ္။ တစ္ခါတစ္ရံမွာ ဥပေဒနဲ႔မညီၫြတ္တဲ့အပိုင္းေတြ ျဖစ္သြားတဲ့အခါမွာ ဒီဥပေဒ လိုက္နာရမယ့္လူတိုင္းဟာ ဥပေဒနဲ႔ပတ္သက္ၿပီး ေလးစားမႈသိပ္မရွိေတာ့ဘူး။ ဥပေဒကိုေလးစားမႈ မရွိလို႔ ဥပေဒက အားနည္းယုတ္ ေလ်ာ့သြားၿပီဆိုရင္ အေကာင္အထည္ေဖာ္ဖို႔ အားနည္းတယ္။ အဲဒီက်ရင္ ဥပေဒ မစိုးမိုးဘူးဆိုရင္ လူမႈ အဖြဲ႕အစည္းတစ္ခုလုံးက ျပႆနာတက္လာမယ္။ အဲဒီကိစၥကိုေရွာင္ႏိုင္မယ္ဆိုရင္ပဲ အဆင္ေျပသြားပါ လိမ့္မယ္။ ေဝဖန္မႈျမင့္တက္ေနတာကေတာ့ စစ္မႈထမ္းခ်င္တဲ့လူနဲ႔မထမ္းခ်င္နဲ႔လူနဲ႔ သို႔တည္းမဟုတ္ စစ္မႈထမ္းရင္ ဘာျဖစ္မလဲဆိုၿပီး ေၾကာက္ၾကလန႔္ၾကတာ။ ဒါကေတာ့ ျဖစ္ၾကမယ့္သေဘာပါပဲ။ ဒါေပမဲ့ ေစာေစာကေျပာသလိုေပါ့။ စစ္မႈထမ္းဥပေဒရဲ႕ ဘယ္လိုဖြင့္ဆိုခ်က္ေတြရွိလဲ။ တကယ္ ဘယ္လိုလုပ္မလဲ။ ေျမျပင္မွာဘယ္လိုလုပ္မလဲ။ အဲဒါကို ပထမပိုင္းေျဖထားတဲ့အထဲမွာလည္းပါတယ္။ ျပည္သူလူထုကို အသိပညာေပးအပိုင္းေတြမွာ ဒီထက္ပိုၿပီးေတာ့ အဆင့္ျမင့္ျမင့္ေလးျဖည့္စြက္ေပးႏိုင္ရင္ အကုန္ အဆင္ ေျပသြားပါလိမ့္မယ္။

ေဒါက္တာေအးေမာင္
(ဥကၠ႒ - ရခိုင့္ဦးေဆာင္ပါတီ)
“ဒီဥပေဒက မွတ္မိသေလာက္ နယက လက္ထက္ေရးဆြဲၿပီးေတာ့ အခု(၂၀ဝ၈)ဖြဲ႕စည္းပုံ အရ ပထမအႀကိမ္ အေျခခံဥပေဒပါ အတိုင္းေပါ့ဗ်ာ။ ေျပာင္းလဲအစိုးရကာလအတြင္းမွ အေကာင္အထည္ ေဖာ္ခဲ့ျခင္းလို႔ျမင္ပါတယ္။ တစ္နည္းအားျဖင့္ အဲဒီကာလတည္းက အာဏာသက္ေရာက္တဲ့ေန႔ကို အဲဒီ ကာလတည္းက ေၾကညာခဲ့သင့္တယ္လို႔ျမင္တာေပါ့။ ဘာလို႔ဆို တည္ၿငိမ္ေအးခ်မ္းေနတယ္။ အခုလို ႏိုင္ငံေရးနဲ႔ဆိုင္တဲ့ လက္နက္ကိုင္ပဋိပကၡေတြ ဇာတ္ရွိန္က မျမင့္ေသးဘူး။ ပထမအႀကိမ္ သက္တမ္း သမၼတႀကီး ဦးသိန္းစိန္က မတ္လ (၃၁)ရက္ေပါ့ဗ်ာ။ (၂၀၁၆)မွာ လက္မွတ္ထိုးခဲ့သင့္တဲ့ ဥပေဒေပါ့ဗ်ာ။ အဲဒီလိုျမင္တယ္။ လက္မွတ္ထိုးၿပီးရင္ေတာ့ နည္းဥပေဒအတိုင္းကေတာ့ ကာကြယ္ေရးဝန္ႀကီးဌာန ဘက္က အခုလိုမ်ိဳး ထုတ္ျပန္ေပးရမွာေပါ့။ အဲဒါေၾကာင့္ ထုတ္ျပန္ခ်ိန္။ အာဏာသက္ဝင္ေၾကာင္း ေၾကညာခ်ိန္ ေနာက္က်တယ္။ ပဋိပကၡမရွိတဲ့အခါမွာ ထုတ္ျပန္ခဲ့သင့္တယ္။ အဲဒါတစ္ခုေပါ့။ ဒုတိယ တစ္ခ်က္က အဲဒီဥပေဒနဲ႔ပတ္သက္လို႔ စစ္မႈထမ္းျခင္းဆိုတာကေတာ့ အခ်ဳပ္အျခာ အာဏာပိုင္တဲ့ ႏိုင္ငံတိုင္းက သူ႔ႏိုင္ငံရဲ႕ ပထဝီႏိုင္ငံေရး ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ပတ္သက္လို႔ လိုအပ္ခ်က္ ရွိတိုင္းမွာ ျပ႒ာန္းတယ္။ အဲဒီဥပေဒအတိုင္းလိုက္နာ ေအာင္ သူရဲ႕အစိုးရအဖြဲ႕အဆင့္ဆင့္အတိုင္းေဆာင္႐ြက္တယ္ ဆိုတာက လုပ္ထုံးလုပ္နည္းပဲ။ ကမာၻအႏွံ႔ လုပ္ေနၾကတဲ့လုပ္ငန္းစဥ္လို႔ပဲ သေဘာေပါက္တယ္။ နည္း ဥပေဒမွာေတာ့ အခ်က္ဘယ္ႏွခ်က္ရွိတယ္။ စစ္မႈထမ္းစာရင္းအသက္သြင္းျခင္းဆိုတာရွိတယ္။ စာရင္း စစ္ အပိုင္းရွိတယ္။ ေနာက္ စစ္မႈထမ္းဖို႔ဆင့္ေခၚတဲ့အပိုင္းရွိတယ္လို႔ မွတ္သားရတယ္။ အဲဒီေတာ့ နည္း ဥပေဒအပိုင္းကေတာ့ တကယ္လို႔ ဦးသိန္းစိန္လက္ထက္မွာသာေရးခဲ့ရင္ ဒီေလာက္ထိျဖစ္မွာ မဟုတ္ဘူး။ အခုက ျပည္တြင္းအရွိန္ကျမင့္ေနတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလး ျပည့္ျပည့္စုံစုံနဲ႔ အယိုအေပါက္ မရွိေအာင္ေရးထားတယ္လို႔ပဲ အမ်ားေျပာအတိုင္းသိရတယ္။ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာ သက္ဝင္ ေၾကာင္းလက္မွတ္ထိုးၿပီးတဲ့ေနာက္မွာ ျပည္ေထာင္စုေန႔ေနာက္တစ္ရက္မွာ ႏိုင္ငံေတာ္အႀကီးအကဲနဲ႔ ႏိုင္ငံေရးပါတီေတြေတြ႕ၾကတာရွိတယ္။ အဲဒီကာလမွာ ကြၽန္ေတာ္တို႔ ေဆြးေႏြးခဲ့တာရွိတယ္။ ဘုရင့္ ေနာင္ရိပ္သာမွာထင္တယ္။ အဓိကက ျပည္တြင္းမွာစစ္ပြဲအရွိန္က ျမင့္ေနတယ္။ ႏိုင္ငံေရးပဋိပကၡကို မေျပ လည္ႏိုင္သမွ် ဒီဆိုးက်ိဳးသံသရာက ဆက္ရွိေနမွာျဖစ္တယ္ဆိုတာ တစ္ပိုင္းေပါ့ဗ်ာ။ ဒီဆိုးက်ိဳးသံသရာကို ရပ္ေစခ်င္ၿပီ။ လူထုကလည္း ရပ္ေစခ်င္ေနၾကၿပီ။ ဒီဆိုးက်ိဳးသံသရာက ေသၾက၊ သတ္ၾကေပါ့ဗ်ာ။ အသက္အိုးအိမ္စည္း စိမ္ပ်က္စီးဆုံးရႈံးၾက။ အကုန္လုံး အာဃာတေတြနဲ႔ ဒီလိုမ်ိဳး သံသရာလည္ေနတဲ့ဥစၥာကရပ္ေစရန္ ေဆာင္႐ြက္ေပးဖို႔အတြက္ အႀကံျပဳတိုက္တြန္းလိုပါတယ္။ အဲဒါ ေၾကာင့္ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ လုပ္ငန္းစဥ္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈလုပ္ငန္းစဥ္ ကို အရွိန္ျမႇင့္ ေပးပါ။ အန္ကယ္ဆိုလိုတာက ျပည္သူ႔စစ္မႈထမ္းဥပေဒကို အသက္သြင္းတာနဲ႔ တစ္ၿပိဳင္တည္းမွာ ျပည္ တြင္းၿငိမ္းခ်မ္းမႈျဖစ္စဥ္ကို အေျဖထြက္ေအာင္ အရွိန္ျမႇင့္ေပးပါ။ အဲဒါမွ ညီမွ်ေနမွပဲ ျပည္သူလူထုက စိတ္တူကိုယ္တူနဲ႔ လိုက္ပါလာႏိုင္တယ္။ ျပည္ပရန္ကာကြယ္ဖို႔ ရည္႐ြယ္ခ်က္ေရာက္ႏိုင္တယ္။ ႏိုင္ငံရဲ႕ လူငယ္လူ႐ြယ္အားလုံးက ႏိုင္ငံေတာ္ကာကြယ္ တဲ့ဘက္ကိုေရာက္သြားေအာင္ တြန္းပို႔ေပးပါ။ ျပည္တြင္း ပဋိပကၡကိုခ်ဳပ္ၿငိမ္းေအာင္လုပ္ေဆာင္ေပးပါဆိုတဲ့သေဘာနဲ႔ ေဆြးေႏြးခဲ့တာရွိတယ္။ အဲဒီ သေဘာထားအတိုင္းပဲ အခုလည္း ရပ္တည္ရန္လိုအပ္ေနေသးတယ္လို႔ပဲ သုံးသပ္ပါတယ္။ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အခ်ာ အာဏာဆိုတာက ႏိုင္ငံေတာ္အစိုးရဆိုတာက ႏိုင္ငံေတာ္အတြက္ ေရရွည္လိုအပ္တဲ့ ဥပေဒ နည္းဥပေဒေတြကို ထုတ္ျပန္ခဲ့ၾကတာပဲ။ ထုတ္ျပန္သင့္လို႔ထုတ္ျပန္ခဲ့တာေပါ့။

Related news

© 2021. All rights reserved.