အမေရိကန်က ဒေါ်လာ (၁၇၇)ဘီလျံ ကူညီပေးထားခြင်းမရှိဘဲ ဒေါ်လာ (၇ဝ)ကျော်သာ ထောက်ပံ့ထားဟု ယူကရိန်းသမ္မတ ပြော
378
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၅
ယူကရိန်းသမ္မတဇီလန်စကီးက အမေရိကန်နိုင်ငံသည် ယူကရိန်းကို အမေရိကန်ဒေါ်လာ (၁၇၇) ဘီလျံထောက်ပံ့ထားသည်ဆိုသော သတင်းမျးကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ အမေရိကန်သည် ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ (၇၀)ဘီလျံသာ ကူညီထောက်ပံ့ပေးထားကြောင်း၊ အခြား အမေရိကန်ဒေါ်လာ (၁၀၀)ဘီလျံ လက်ခံရရှိခြင်းမျိုးမရှိသေးကြောင်း ယူကရိန်းသမ္မတက ပြောသည်။
ယူကရိန်းသမ္မတက "အမေရိကန်နိုင်ငံက ယူကရိန်းကို အမေရိကန်ဒေါ်လာဘီလျံနဲ့ချီပြီး ကူညီထောက်ပံ့ပေးတယ်လို့ ကြားနေရတယ်။ အမေရိကန်ဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာ (၁၇၇)ဘီလျံ ကူညီထောက်ပံ့ပေးတယ်လို့ ဆိုကြတယ်။ စစ်ပွဲကာလအတွင်း ကျွန်တော် သမ္မတအဖြစ် တာဝန်ယူချိန်မှာ အမေရိကန်ဒေါ်လာ (၇၅)ဘီလျံကျော်သာ လက်ခံရရှိထားတယ်။ သတင်းတွေထွက်နေတဲ့ ဒေါ်လာ (၁၇၇)ဘီလျံ ထဲကနေ ဒေါ်လာ ဘီလျံ (၁၀၀) မရသေးဘူး" ဟုပြောသည်။
ယူကရိန်းသည် အမေရိကန်နိုင်ငံမှအမေရိကန်ဒေါ်လာ (၇၀)ဘီလျံကျော်တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ၊ လေ့ကျင့်ရေးအစီအစဉ်တွေ၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီတွေ လက်ခံရရှိထားကြောင်း သိရသည်။ ယူကရိန်းသမ္မတက "အတိအကျ ပြောရမယ်ဆိုရင် ယူကရိန်းဟာ အမေရိကန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၇၀ ဘီလျံကျော်သာလက်ခံရရှိထားတယ်။ ဒေါ်လာ ၂၀၀ ဘီလျံအထိ လက်ခံရရှိထားတာမျိုးမရှိသေးဘူး"ဟုပြောသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပြီး ယူကရိန်းကို စစ်ရေးအကူညီများပေးခဲ့ကြောင်း သိရသည်။ လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ယူကရိန်းကို စစ်ရေးအကူညီပေးရန်လိုလားခြင်းမရှိသလို ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသောစစ်ပွဲအဆုံးသတ်ရန် တွန်းအားပေးနေကြောင်းသိရသည်။
zawgyi version
အေမရိကန္က ေဒၚလာ (၁၇၇)ဘီလ်ံ ကူညီေပးထားျခင္းမရွိဘဲ ေဒၚလာ (၇ဝ)ေက်ာ္သာ ေထာက္ပံ့ထားဟု ယူကရိန္းသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၅
ယူကရိန္းသမၼတဇီလန္စကီးက အေမရိကန္ႏိုင္ငံသည္ ယူကရိန္းကို အေမရိကန္ေဒၚလာ (၁၇၇) ဘီလ်ံေထာက္ပံ့ထားသည္ဆိုေသာ သတင္းမ်းကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။ အေမရိကန္သည္ ယူကရိန္းႏိုင္ငံကို အေမရိကန္ေဒၚလာ (၇၀)ဘီလ်ံသာ ကူညီေထာက္ပံ့ေပးထားေၾကာင္း၊ အျခား အေမရိကန္ေဒၚလာ (၁၀၀)ဘီလ်ံ လက္ခံရရွိျခင္းမ်ိဳးမရွိေသးေၾကာင္း ယူကရိန္းသမၼတက ေျပာသည္။
ယူကရိန္းသမၼတက "အေမရိကန္ႏိုင္ငံက ယူကရိန္းကို အေမရိကန္ေဒၚလာဘီလ်ံနဲ႔ခ်ီၿပီး ကူညီေထာက္ပံ့ေပးတယ္လို႔ ၾကားေနရတယ္။ အေမရိကန္ဟာ ယူကရိန္းကို အေမရိကန္ေဒၚလာ (၁၇၇)ဘီလ်ံ ကူညီေထာက္ပံ့ေပးတယ္လို႔ ဆိုၾကတယ္။ စစ္ပြဲကာလအတြင္း ကြၽန္ေတာ္ သမၼတအျဖစ္ တာဝန္ယူခ်ိန္မွာ အေမရိကန္ေဒၚလာ (၇၅)ဘီလ်ံေက်ာ္သာ လက္ခံရရွိထားတယ္။ သတင္းေတြထြက္ေနတဲ့ ေဒၚလာ (၁၇၇)ဘီလ်ံ ထဲကေန ေဒၚလာ ဘီလ်ံ (၁၀၀) မရေသးဘူး" ဟုေျပာသည္။
ယူကရိန္းသည္ အေမရိကန္ႏိုင္ငံမွအေမရိကန္ေဒၚလာ (၇၀)ဘီလ်ံေက်ာ္တန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြ၊ ေလ့က်င့္ေရးအစီအစဥ္ေတြ၊ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီေတြ လက္ခံရရွိထားေၾကာင္း သိရသည္။ ယူကရိန္းသမၼတက "အတိအက် ေျပာရမယ္ဆိုရင္ ယူကရိန္းဟာ အေမရိကန္ႏိုင္ငံကေန အေမရိကန္ေဒၚလာ ၇၀ ဘီလ်ံေက်ာ္သာလက္ခံရရွိထားတယ္။ ေဒၚလာ ၂၀၀ ဘီလ်ံအထိ လက္ခံရရွိထားတာမ်ိဳးမရွိေသးဘူး"ဟုေျပာသည္။
ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္သည္ ႐ုရွားကို ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ခဲ့ၿပီး ယူကရိန္းကို စစ္ေရးအကူညီမ်ားေပးခဲ့ေၾကာင္း သိရသည္။ လက္ရွိအေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ယူကရိန္းကို စစ္ေရးအကူညီေပးရန္လိုလားျခင္းမရွိသလို ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနေသာစစ္ပြဲအဆုံးသတ္ရန္ တြန္းအားေပးေနေၾကာင္းသိရသည္။