သမ္မတဒေါ်နယ်ထရမ့်၏အစီအစဉ်က သမိုင်းကိုအပြောင်းအလဲဖြစ်စေမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော

 70

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာဒေသနှင့်ပတ်သက်သော အစီအစဉ်များက သမိုင်းကို အပြောင်းအလဲဖြစ်စေမည်ဖြစ်ပြီး ဂါဇာဒေသကို လွှဲပြောင်းရယူမည်ဆိုသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အဆိုပြုချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောသည်။

ဒေါ်နယ်ထရမ့်သည် ဂါဇာစစ်ပွဲကြောင့် ထိခိုက်ပျက်စီးရသောအဆောက်အအုံများကို ပြန်လည်ရှင်းလင်း ပြင်ဆင်ရန်အတွက် ဂါဇာဒေသကို ထိန်းချုပ်ခွင့်ရရန် ကြိုးပမ်းမည်ဟု မကြာသေးမီက ပြောဆိုခဲ့သည်။ ဂါဇာဒေသကို ပြင်ဆင်နေချိန်အတွင်း ပါလက်စတိုင်းလူမျိုးများသည် ဂါဇာဒေသအပြင်ဘက်တွင် အခြေချနေထိုင်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက " ဒေါ်နယ်ထရမ့်ရဲ့လုပ်ရပ်ဟာ သမိုင်းဝင်လုပ်ရပ်ဖြစ်တယ်။ သူရဲ့အကြံဉာဏ်အယူဆတွေ တစ်မူကွဲပြားခြားနားတယ်"ဟု ပြောသည်။

ဂါဇာစစ်ပွဲသည် (၁၅)လကြာဖြစ်ပွားခဲ့ပြီး အစ္စရေးနိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆိုးရွားစွာပျက်စီးခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၏ ဖိအားများကြောင့် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ နှင့် အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများကိုအပြန်အလှန်ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတသည် ဂါဇာဒေသတွင်နေထိုင်သည့် ပါလက်စတိုင်းလူမျိုးများကို လက်ခံပေးရန် အိမ်နီးချင်းနိုင်ငံများကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်က " (၁၅)လ ကြာဖြစ်ပွားတဲ့ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံရဲ့ရည်ရွယ်ချက်တွေတစ်ခုက အစ္စရေး နိုင်ငံကိုနောက်ထပ် ခြိမ်းခြောက်မှုမရှိစေဖို့ဖြစ်တယ်"ဟု ပြောသည်။

zawgyi version
သမၼတေဒၚနယ္ထရမ့္၏အစီအစဥ္က သမိုင္းကိုအေျပာင္းအလဲျဖစ္ေစမည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၅

အေမရိကန္သမၼတေဒၚနယ္ထရမ့္၏ ဂါဇာေဒသႏွင့္ပတ္သက္ေသာ အစီအစဥ္မ်ားက သမိုင္းကိုအေျပာင္းအလဲျဖစ္ေစမည္ျဖစ္ၿပီး ဂါဇာေဒသကို လႊဲေျပာင္းရယူမည္ဆိုေသာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္၏အဆိုျပဳခ်က္ကို ထည့္သြင္းစဥ္းစားရမည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ေျပာသည္။

ေဒၚနယ္ထရမ့္သည္ ဂါဇာစစ္ပြဲေၾကာင့္ ထိခိုက္ပ်က္စီးရေသာအေဆာက္အအုံမ်ားကို ျပန္လည္ရွင္းလင္း ျပင္ဆင္ရန္အတြက္ ဂါဇာေဒသကို ထိန္းခ်ဳပ္ခြင့္ရရန္ ႀကိဳးပမ္းမည္ဟု မၾကာေသးမီက ေျပာဆိုခဲ့သည္။ ဂါဇာေဒသကို ျပင္ဆင္ေနခ်ိန္အတြင္း ပါလက္စတိုင္းလူမ်ိဳးမ်ားသည္ ဂါဇာေဒသအျပင္ဘက္တြင္ အေျခခ်ေနထိုင္ရမည္ျဖစ္ေၾကာင္း အေမရိကန္သမၼတက ေျပာသည္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက " ေဒၚနယ္ထရမ့္ရဲ႕လုပ္ရပ္ဟာ သမိုင္းဝင္လုပ္ရပ္ျဖစ္တယ္။ သူရဲ႕အႀကံဉာဏ္အယူဆေတြ တစ္မူကြဲျပားျခားနားတယ္"ဟု ေျပာသည္။

ဂါဇာစစ္ပြဲသည္ (၁၅)လၾကာျဖစ္ပြားခဲ့ၿပီး အစၥေရးႏိုင္ငံ၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ ဆိုး႐ြားစြာပ်က္စီးခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ အေမရိကန္ႏိုင္ငံ၏ ဖိအားမ်ားေၾကာင့္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ ႏွင့္ အစၥေရးႏိုင္ငံၾကား ယာယီအပစ္ခတ္ရပ္စဲေရးရယူႏိုင္ခဲ့ၿပီး ဖမ္းဆီးထားသူမ်ားကိုအျပန္အလွန္ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတသည္ ဂါဇာေဒသတြင္ေနထိုင္သည့္ ပါလက္စတိုင္းလူမ်ိဳးမ်ားကို လက္ခံေပးရန္ အိမ္နီးခ်င္းႏိုင္ငံမ်ားကို တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္း သိရသည္။ အစၥေရးဝန္ႀကီးခ်ဳပ္က " (၁၅)လ ၾကာျဖစ္ပြားတဲ့ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး အစၥေရးႏိုင္ငံရဲ႕ရည္႐ြယ္ခ်က္ေတြတစ္ခုက အစၥေရး ႏိုင္ငံကိုေနာက္ထပ္ ၿခိမ္းေျခာက္မႈမရွိေစဖို႔ျဖစ္တယ္"ဟု ေျပာသည္။

Related news

© 2021. All rights reserved.