တောင်ကိုရီးယားဝန်ကြီးဌာနတွေက DeepSeek အပ်ပ်ကို အသုံးပြုခွင့်ပိတ်ပင်
![](/img/icon_eye.svg)
270
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4485a8693bf4afb5582d4/banner-67a4485a8693bf4afb5582d4-x800.JPG)
Pika (NP News) - ဖေဖော်ဝါရီ ၆
လုံခြုံရေးစိုးရိမ်မှုတွေကြောင့် တောင်ကိုရီးယားစက်မှုဝန်ကြီးဌာနဟာ ၎င်းရဲ့ဝန်ထမ်းတွေကို တရုတ်ထုတ် AI အပ်ပ် DeepSeek ကို အသုံးပြုခွင့် ယာယီပိတ်ဆို့လိုက်တယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
လုပ်ငန်းခွင်အတွင်း DeepSeek နဲ့ ChatGPT အပါအဝင် AI ဝန်ဆောင်မှုတွေကို အသုံးပြုတာနဲ့ပတ်သက်ပြီး သတိထားကြဖို့ ဝန်ကြီးဌာနတွေနဲ့အေဂျင်စီတွေကို တောင်းဆိုတဲ့ သတိပေးချက်တစ်ခုကို တောင်ကိုရီးယားအစိုးရက ဖေဖော်ဝါရီလ(၄)ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားအစိုးရပိုင် Korea Hydro & Nuclear Power က ၎င်းတို့ဟာ DeepSeek အပါအဝင် AI ဝန်ဆောင်မှုတွေကို ယခုလအစောပိုင်းတည်းက ပိတ်ပင်ထားခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ဘက်ဆိုင်ရာအသုံးပြုတဲ့ကွန်ပြူတာတွေမှာ DeepSeek ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြင်ပကွန်ရက်တွေနဲ့ချိတ်ဆက်ထားတဲ့ ကွန်yပျူတာတွေမှာ DeepSeek ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားတယ်လို့ Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို DeepSeek က ချက်ချင်းပြန်လည် မှတ်ချက်ပြုတုံ့ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားဝန်ကြီးဌာနတွေဟာ ChatGPT အပ်ပ်နဲ့ပတ်သက်ပြီး အရေးယူတာမျိုး ရှိ/မရှိ ဆိုတာကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4485a8693bf4afb5582d4/body-image-67a4485a8693bf4afb5582d4-0.JPG)
Zawgyi Version:
ေတာင္ကိုရီးယားဝန္ႀကီးဌာနေတြက DeepSeek အပ္ပ္ကို အသုံးျပဳခြင့္ပိတ္ပင္
Pika (NP News) - ေဖေဖာ္ဝါရီ ၆
လုံၿခဳံေရးစိုးရိမ္မႈေတြေၾကာင့္ ေတာင္ကိုရီးယားစက္မႈဝန္ႀကီးဌာနဟာ ၎ရဲ႕ဝန္ထမ္းေတြကို တ႐ုတ္ထုတ္ AI အပ္ပ္ DeepSeek ကို အသုံးျပဳခြင့္ ယာယီပိတ္ဆို႔လိုက္တယ္လို႔ တာဝန္ရွိသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
လုပ္ငန္းခြင္အတြင္း DeepSeek နဲ႔ ChatGPT အပါအဝင္ AI ဝန္ေဆာင္မႈေတြကို အသုံးျပဳတာနဲ႔ပတ္သက္ၿပီး သတိထားၾကဖို႔ ဝန္ႀကီးဌာနေတြနဲ႔ေအဂ်င္စီေတြကို ေတာင္းဆိုတဲ့ သတိေပးခ်က္တစ္ခုကို ေတာင္ကိုရီးယားအစိုးရက ေဖေဖာ္ဝါရီလ(၄)ရက္မွာ ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားအစိုးရပိုင္ Korea Hydro & Nuclear Power က ၎တို႔ဟာ DeepSeek အပါအဝင္ AI ဝန္ေဆာင္မႈေတြကို ယခုလအေစာပိုင္းတည္းက ပိတ္ပင္ထားခဲ့တာျဖစ္တယ္လို႔လည္း ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနကလည္း စစ္ဘက္ဆိုင္ရာအသုံးျပဳတဲ့ကြန္ျပဴတာေတြမွာ DeepSeek ဝင္ေရာက္ခြင့္ကို ပိတ္ပင္ထားခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာခဲ့ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ျပင္ပကြန္ရက္ေတြနဲ႔ခ်ိတ္ဆက္ထားတဲ့ ကြန္yပ်ဴတာေတြမွာ DeepSeek ဝင္ေရာက္ခြင့္ကို ပိတ္ပင္ထားတယ္လို႔ Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
အဲဒီကိစၥေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို DeepSeek က ခ်က္ခ်င္းျပန္လည္ မွတ္ခ်က္ျပဳတုံ႔ျပန္ေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေတာင္ကိုရီးယားဝန္ႀကီးဌာနေတြဟာ ChatGPT အပ္ပ္နဲ႔ပတ္သက္ၿပီး အေရးယူတာမ်ိဳး ရွိ/မရွိ ဆိုတာကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။