ဆက်ဆံရေးတွေကို တိုးမြှင့်ဖို့အတွက် အမေရိကန်ဘက်က ပထမဆုံးခြေလှမ်းကို စတင်လှမ်းရမယ်လို့ ရုရှားအစိုးရပြော
![](/img/icon_eye.svg)
184
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a466dd355a38758f489365/banner-67a466dd355a38758f489365-x800.JPG)
Pika (NP News) - ဖေဖော်ဝါရီ ၆
ရုရှားနဲ့အမေရိကန်ကြား ဆက်ဆံရေးတွေ တိုးမြှင့်နိုင်ဖို့အတွက် အမေရိကန်ဘက်က ပထမဆုံးခြေလှမ်းကို စတင် လှမ်းရမယ်လို့ အကြီးတန်းရုရှားသံတမန်တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရနဲ့ သဘောတူညီချက်တစ်ခုရရှိဖို့အတွက် နိုင်ငံခြားရေးမူဝါဒကို အခြေခံတာက မှားယွင်းတယ်လို့လည်း ရုရှား နိုင်ငံခြားရေးဒုဝန်ကြီး ဆာဂေးရိုက်ယက်ကော့ဗ်က ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့မှုနဲ့အတူ အမေရိကန် နဲ့ ရုရှားကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း (၂၀၂၄)ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ရုရှားအစိုးရဟာ အမေရိကန်အစိုးရအသစ်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်လိုတယ်ဆိုတာကို မီးစိမ်းပြခဲ့တယ်လို့ လည်း သိရပါတယ်။
ဒါ့ပြင် ရုရှားအစိုးရဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံဖြစ်ဖို့ ကာလရှည်ကြာ ကြိုးပမ်းခဲ့ပေမယ့်လည်း ဘယ်နိုင်ငံကမှ အာရုံစိုက်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ ဆာဂေးရိုက်ယက်ကော့ဗ်က ပြောကြားခဲ့ပါတယ်။ ဆာဂေးရိုက်ယက်ကော့ဗ်က “အနောက်အုပ်စုနိုင်ငံတွေနဲ့မိတ်ဖက်လုပ်ဖို့ ကျွန်တော်တို့ဖက်က ကာလရှည်ကြာ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်က ကြိုးပမ်းမှုတွေကို ဘယ်နိုင်ငံကမှ အာရုံစိုက် အလေးထားခဲ့တာမျိုး မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a466dd355a38758f489365/body-image-67a466dd355a38758f489365-0.JPG)
Zawgyi Version:
ဆက္ဆံေရးေတြကို တိုးျမႇင့္ဖို႔အတြက္ အေမရိကန္ဘက္က ပထမဆုံးေျခလွမ္းကို စတင္လွမ္းရမယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၆
႐ုရွားနဲ႔အေမရိကန္ၾကား ဆက္ဆံေရးေတြ တိုးျမႇင့္ႏိုင္ဖို႔အတြက္ အေမရိကန္ဘက္က ပထမဆုံးေျခလွမ္းကို စတင္ လွမ္းရမယ္လို႔ အႀကီးတန္း႐ုရွားသံတမန္တစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္အစိုးရနဲ႔ သေဘာတူညီခ်က္တစ္ခုရရွိဖို႔အတြက္ ႏိုင္ငံျခားေရးမူဝါဒကို အေျခခံတာက မွားယြင္းတယ္လို႔လည္း ႐ုရွား ႏိုင္ငံျခားေရးဒုဝန္ႀကီး ဆာေဂး႐ိုက္ယက္ေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။
၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႐ုရွားက ယူကရိန္းကို စတင္က်ဴးေက်ာ္တိုက္ခိုက္ခဲ့မႈနဲ႔အတူ အေမရိကန္ နဲ႔ ႐ုရွားၾကား ဆက္ဆံေရးဟာ ဆယ္စုႏွစ္မ်ားစြာအတြင္း အနိမ့္ဆုံးအဆင့္ကို က်ဆင္းသြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း (၂၀၂၄)ခုႏွစ္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္က အႏိုင္ရရွိခဲ့ၿပီးေနာက္ပိုင္း ႐ုရွားအစိုးရဟာ အေမရိကန္အစိုးရအသစ္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္လိုတယ္ဆိုတာကို မီးစိမ္းျပခဲ့တယ္လို႔ လည္း သိရပါတယ္။
ဒါ့ျပင္ ႐ုရွားအစိုးရဟာ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ မိတ္ဖက္ႏိုင္ငံျဖစ္ဖို႔ ကာလရွည္ၾကာ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဘယ္ႏိုင္ငံကမွ အာ႐ုံစိုက္ခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ ဆာေဂး႐ိုက္ယက္ေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။ ဆာေဂး႐ိုက္ယက္ေကာ့ဗ္က “အေနာက္အုပ္စုႏိုင္ငံေတြနဲ႔မိတ္ဖက္လုပ္ဖို႔ ကြၽန္ေတာ္တို႔ဖက္က ကာလရွည္ၾကာ ႀကိဳးပမ္းမႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ဘက္က ႀကိဳးပမ္းမႈေတြကို ဘယ္ႏိုင္ငံကမွ အာ႐ုံစိုက္ အေလးထားခဲ့တာမ်ိဳး မရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။