ဆီးရီးယားကနေ အမေရိကန်တပ်ဖွဲ့တွေ ရုတ်သိမ်းဖို့ ဒေါ်နယ်ထရမ့်စီစဉ်နေ

 83

Pika (NP News) - ဖေဖော်ဝါရီ ၆

အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ဟာ အမေရိကန်တပ်ဖွဲ့တွေကို ဆီးရီးယားနိုင်ငံတွင်းကနေ အပြည့်အဝရုတ်သိမ်းဖို့အတွက် အစီအစဉ်တွေကို ရေးဆွဲနေတယ်လို့ အမည်မသိကာကွယ်ရေးအရာရှိနှစ်ဦးရဲ့ပြောကြားချက်ကို ကိုးကား ပြီး NBC သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမှာ စစ်ရေးအရ ပါဝင်ပတ်သက်မှုတွေဟာ အမေရိကန်အတွက် ဘယ်လိုနည်းနဲ့မှ အကျိုးဖြစ်ထွန်းစေမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတသစ်‌ ဒေါ်နယ်ထရမ့်က အကြံပြုပြောဆိုခဲ့ပြီးနောက် မကြာခင်မှာပဲ အဲဒီအစီရင်ခံစာထွက်ပေါ်လာတာဖြစ်ပါတယ်။ ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်တွေနဲ့အတူ (၂၀၁၄)ခုနှစ်မှာ အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံအတွင်းမှာ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်တည်းက လက်ရှိအချိန်အထိ ဆီးရီးယားနိုင်ငံအတွင်းမှာ တပ်စွဲထားခဲ့တာလည်းဖြစ်ပါတယ်။

NBC သတင်းဌာနရဲ့ဖော်ပြချက်အရ အမေရိကန်ကာကွယ်ရေးအရာရှိတွေဟာ ရက်‌ပေါင်း(၃၀)ကနေ (၉၀)ရက် အတွင်း တပ်ဖွဲ့တွေအပြည့်အဝရုတ်သိမ်းရေးအစီအစဉ်တွေကို စတင်ပြင်ဆင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးအသစ် မိုက်ခ်ဝေါ့လ်ဇ်ဟာ အကြီးတန်းစစ်ဘက်အရာရှိတွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆုံးဖြတ်သွားမှာပါ။ ဆီးရီးယားကိစ္စတွေမှာ ကျွန်တော်တို့ ပါဝင်မှာ မဟုတ်ပါဘူး။ ဆီးရီးယားမှာ ဖြစ်ပျက်သမျှကိစ္စတွေအားလုံးက သူတို့ရဲ့ကိုယ်ပိုင်ပြဿနာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ပါဝင်ပတ်သက်ဖို့ မလိုအပ်ပါဘူး” လို့ပြောခဲ့ပါတယ်။

Zawgyi Version:
ဆီးရီးယားကေန အေမရိကန္တပ္ဖြဲ႕ေတြ ႐ုတ္သိမ္းဖို႔ ေဒၚနယ္ထရမ့္စီစဥ္ေန
Pika (NP News) - ေဖေဖာ္ဝါရီ ၆

အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ဟာ အေမရိကန္တပ္ဖြဲ႕ေတြကို ဆီးရီးယားႏိုင္ငံတြင္းကေန အျပည့္အဝ႐ုတ္သိမ္းဖို႔အတြက္ အစီအစဥ္ေတြကို ေရးဆြဲေနတယ္လို႔ အမည္မသိကာကြယ္ေရးအရာရွိႏွစ္ဦးရဲ႕ေျပာၾကားခ်က္ကို ကိုးကား ၿပီး NBC သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။

ဆီးရီးယားႏိုင္ငံမွာ စစ္ေရးအရ ပါဝင္ပတ္သက္မႈေတြဟာ အေမရိကန္အတြက္ ဘယ္လိုနည္းနဲ႔မွ အက်ိဳးျဖစ္ထြန္းေစမွာ မဟုတ္ဘူးလို႔ အေမရိကန္သမၼတသစ္‌ ေဒၚနယ္ထရမ့္က အႀကံျပဳေျပာဆိုခဲ့ၿပီးေနာက္ မၾကာခင္မွာပဲ အဲဒီအစီရင္ခံစာထြက္ေပၚလာတာျဖစ္ပါတယ္။ ISIS အၾကမ္းဖက္အဖြဲ႕ကို တိုက္ခိုက္ဖို႔ အေၾကာင္းျပခ်က္ေတြနဲ႔အတူ (၂၀၁၄)ခုႏွစ္မွာ အေမရိကန္တပ္ဖြဲ႕ေတြဟာ ဆီးရီးယားႏိုင္ငံအတြင္းမွာ စတင္ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္တည္းက လက္ရွိအခ်ိန္အထိ ဆီးရီးယားႏိုင္ငံအတြင္းမွာ တပ္စြဲထားခဲ့တာလည္းျဖစ္ပါတယ္။

NBC သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ အေမရိကန္ကာကြယ္ေရးအရာရွိေတြဟာ ရက္‌ေပါင္း(၃၀)ကေန (၉၀)ရက္ အတြင္း တပ္ဖြဲ႕ေတြအျပည့္အဝ႐ုတ္သိမ္းေရးအစီအစဥ္ေတြကို စတင္ျပင္ဆင္ေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေဒၚနယ္ထရမ့္ရဲ႕အမ်ိဳးသားလုံၿခဳံေရးအႀကံေပးအသစ္ မိုက္ခ္ေဝါ့လ္ဇ္ဟာ အႀကီးတန္းစစ္ဘက္အရာရွိေတြနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေတြ႕ဆုံခဲ့ၿပီး အေရွ႕အလယ္ပိုင္းေဒသအေျခအေနေတြကို ရွင္းလင္းေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ဆုံးျဖတ္သြားမွာပါ။ ဆီးရီးယားကိစၥေတြမွာ ကြၽန္ေတာ္တို႔ ပါဝင္မွာ မဟုတ္ပါဘူး။ ဆီးရီးယားမွာ ျဖစ္ပ်က္သမွ်ကိစၥေတြအားလုံးက သူတို႔ရဲ႕ကိုယ္ပိုင္ျပႆနာပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ပါဝင္ပတ္သက္ဖို႔ မလိုအပ္ပါဘူး” လို႔ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.