ကံကြမ္မာတူ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်တို့အပေါ် အမေရိကန်၏လိုတစ်မျိုး မလိုတစ်မျိုး မူဝါဒကျင့်သုံးပုံကို ဆန်းစစ်ကြည့်ခြင်း
![](/img/icon_eye.svg)
45
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4be1b755de932ce7164d3/banner-67a4be1b755de932ce7164d3-x800.jpeg)
တင်ဇာ (NP News) - ဖေဖော်ဝါရီ ၆
ဒေါ်နယ်ထရမ့်အစိုးရက ဒုတိယအကြိမ် မြောက်တာဝန်ယူလာချိန်တွင် အမေရိကန်သည် တောင်အာရှနှင့်ဆ က်ဆံရေးအပေါ် အထူးအာရုံစိုက်လာနိုင်သည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် ထရမ့်အစိုးရသည် ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ်တို့၏ ယခင်အစိုးရလက်ထက်က အမေရိကန်နှင့် သဟဇာတညီညွတ်ခြင်း မရှိသော မူဝါဒများအပေါ် အလေးထားအာရုံစိုက်လာနိုင်သည်။ နှစ်နိုင်ငံစလုံး၏ (၂၀၂၄) အထွေထွေ ရွေးကောက်ပွဲများသည် မသမာမှုများရှိခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းများကို ကြုံတွေ့စေခဲ့ရာ ထရမ့် လက်ထက်တွင် ထိုအခြေအနေများကို ပြောင်းလဲဖန်တီးနိုင်မည်လားကို စောင့်ကြည့်ရမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးသည် (၂၀၂၄) ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် အထွေထွေရွေးကောက်ပွဲများကို အသီး သီးကျင်းပခဲ့ကြပြီး ရွေးကောက်ပွဲများသည် ဒီမိုကရေ စီစံနှုန်းများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာသည်။ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအတွင်း အစိုးရ က အတိုက်အခံပါတီဝင်များ၊ သတင်းထောက် များနှင့် ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ခြင်းက ထူးခြားချက် ဖြစ်သည်။ ထို့ပြင် ရွေးကောက်ပွဲမကျင်းပမီကတည်းက ဆိုက်ဘာလုံခြုံရေးဥပဒေသစ်ကို အတည်ပြုခဲ့ သည်။ ယင်းဥပဒေသစ်သည် (၂၀၁၈) ဒီဂျစ်တယ်လုံခြုံရေးအက်ဥပဒေကို ပြန်လည်အသက်သွင်းခြင်း သာဖြစ်နေသည်။ ယင်းအက်ဥပဒေနှစ်ခုစလုံး တွင် အမျိုးသားဆိုက်ဘာလုံခြုံရေးအေဂျင်စီ၏ ညွှန်ကြား ရေးမှူးချုပ်က ဘင်္ဂလားဒေ့ရှ်အစိုးရကို ဝေဖန် တိုက်ခိုက်သည့် အွန်လိုင်းအကြောင်းအရာများကို ဖယ် ရှားခြင်း၊ “နိုင်ငံတော်ဆန့်ကျင်ရေး” အသွင်ဆောင်နေသည့် အချို့သောကိစ္စရပ်များတွင် ပါဝင်ပတ်သက် သူများကို ဒဏ်ငွေနှင့်ထောင်ဒဏ် နှစ်ရပ်စလုံးကိုချ မှတ်ခြင်း စသည့်အခွင့်အာဏာများရှိနေသည်။ (၂၀၁၈) ခုနှစ်မှစ၍ ဒီဂျစ်တယ်လုံခြုံရေးအက်ဥပဒေ အရ ဖမ်းဆီးခံရသူ (၄၀) ရာခိုင်နှုန်းခန့်သည် BNP ပါတီမှအဖွဲ့ဝင်များ၊ BNP ပါတီကို ထောက်ခံသူများနှင့် အဝါမီလိဂ်ပါတီကိုဆန့်ကျင်သူများ ဖြစ်နေတတ် သည်။ ထို့ကြောင့် BNP ပါတီက (၂၀၂၄)ရွေးကောက်ပွဲကို အတုအယောင်ဟုဆိုကာ သပိတ်မှောက်ခဲ့ခြင်း ဖြစ်သည်။
နောက်တစ်လအကြာတွင် ပါကစ္စတန်၌လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် အလားတူ စွပ်စွဲ မှုများ ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်က ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရမ်ခန်းသည် အကျင့်ပျက် ခြစားမှုစွဲချက်များဖြင့် ထောင်ကျနေသော် လည်း ၎င်း၏ပါတီ PTI က ပါကစ္စတန်၏ လူကြိုက် အများဆုံး ပါတီအဖြစ်ရှိနေဆဲဖြစ်သည်။ သို့သော် ယင်းပါတီသည် ရွေးကောက်ပွဲကာလအတွင်း ၎င်း၏ အမှတ် သင်္ကေတကို အသုံးပြုခွင့်မရခဲ့ပေ။ ပါတီတစ်ခု၏အမှတ်သင်္ကေတသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ရေးကာလအတွင်း ပြည်သူများသတိထားမိစေသော ပြယုဂ်တစ်ခုဖြစ်သည့်အတွက် အရေးပါသော အခန်းကဏ္ဍမှပါဝင်နေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးမှ အာဏာပိုင်များသည် တစ်ပါတီစနစ်ဖြင့် သွားသောနိုင်ငံများအဖြစ် စွပ်စွဲခံရခြင်းကို ရှောင်ရှားရန် အတိုက်အခံပါတီများဖြစ်သည့် BNP နှင့် PTI တို့ကို ရွေးကောက်ပွဲတွင် လုံးဝပါဝင်ခွင့်မရအောင်တော့ မပြုလုပ်ခဲ့ပေ။ PTI ကိုယ်စားလှယ်လောင်းများ သည် တစ်သီးပုဂ္ဂလများအဖြစ်အရွေးခံရန်လိုအပ်ပြီး ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရနှစ်ရပ် စလုံး သည် အတိုက်အခံပါတီများ၏ ရွေးကောက်ပွဲအောင်မြင်မှုအခွင့်အလမ်းကို လျော့ပါးစေရန်ရည်ရွယ် သည့်အစီအမံများကို အကောင်အထည်ဖော်ခဲ့သည်။
ပါကစ္စတန်ကိစ္စတွင် အရပ်သားများရိုက်ကူးထားသော ဗီဒီယိုနှင့် ဓာတ်ပုံများအရ ရွေးကောက် ပွဲနေ့တွင် ရလဒ်များကို ပြောင်ပြောင်တင်းတင်း လှည့်ဖြားရန်ရည်ရွယ်ထားသောလုပ်ရပ်များကို တွေ့မြင် နေရသည်။ ရွေးကောက်ပွဲကော်မရှင်ပုံစံ၏ မူရင်း ဓာတ်ပုံတစ်ပုံတွင် မဲဆန္ဒနယ်တစ်ခု၌ တစ်သီးပုဂ္ဂလ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သော PTI ကိုယ်စားလှယ်လောင်းသည် (၅၈၄) မဲရရှိထားကြောင်း ပြသထား သည်။ သို့သော် ဆိုရှယ်မီဒီယာတွင်တင်လာသော ပုံစံတူဗားရှင်း၌ အရှေ့တွင် ဂဏန်း “ ၅ ” ကို ဖျက် ထားသောကြောင့် အနိုင်ရသည့်မဲအရေအတွက်မှာ (၈၄) မဲသာရှိနေသည်။ ထို့ကြောင့် နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသည်ဟုဆိုသော်လည်း ထိုကဲ့သို့ ဒီမိုကရေစီစံနှုန်း များနှင့် သွေဖည်နေသည့်လုပ်ရပ်များကြောင့် ၎င်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ဖွယ်ရာများရှိလာသည်။
ထို့ပြင် (၂၀၂၄) ရွေးကောက်ပွဲကာလတွင် နှစ်နိုင်ငံစလုံး၌ အင်တာနက်ပိတ်ပင်မှုများ ဖြစ်ပွား ခဲ့ကြောင်း တွေ့ရှိရသည်။ အထွေထွေရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ပါကစ္စတန်အရပ်သားများသည် ၎င်းတို့၏ အနီးဆုံးမဲရုံတည်နေရာကိုသိရှိရန်အတွက် မိုဘိုင်းဖုန်းမှတစ်ဆင့် နံပါတ်တစ်ခုကို စာတိုများ ပေးပို့စုံစမ်းနိုင်သည်။ သို့သော် ဖုန်းလိုင်းများမကောင်းသဖြင့် မဲရုံတည်နေရာများကိုစုံစမ်းရန် အခက်အခဲ ရှိလာပြီး အချို့သောအခြေအနေများတွင် မိသားစုဝင်တစ်ခုတည်းကိုပင် တစ်ဦးနှင့်တစ်ဦး မဲရုံနေရာများ က ကွဲပြားနေသည်။
နှစ်နိုင်ငံစလုံး၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် တူညီသောအားနည်းချက်များရှိကြသော် လည်း အမေရိကန်၏သိသာကွဲပြားသော တုံ့ပြန်မှုများကြောင့် နိုင်ငံတကာမီဒီယာများ၏ သိသိသာသာ အာရုံစိုက်မှုများရရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် “နိုင်ငံရေးအတိုက်အခံ ပါတီဝင် ထောင်ပေါင်းများစွာ ဖမ်း ဆီးခံရမှုနှင့် ရွေးကောက်ပွဲနေ့တွင်ထုတ်ပြန်ခဲ့သော မမှန်မကန် အစီရင်ခံစာများ” နှင့်ပတ်သက်၍ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စိုးရိမ်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အခြားနိုင်ငံအများ အပြားတွင် ရွေးကောက်ပွဲအတွင်း မသမာမှုများနှင့် ပတ်သက်၍ အလားတူ ထုတ်ပြန်ချက်များက အမေရိ ကန်၏သဘောထားကို ထင်ဟပ်စေသည်။ ဥပမာ အနေဖြင့် (၂၀၁၇)ခုနှစ်တွင်ကျင်းပခဲ့သော ဗင်နီဇွဲလား နှင့် ဘယ်လာရုစ်ရွေးကောက်ပွဲများ၌ အမေရိကန်၏ ထုတ်ပြန်ချက်များက မီးမောင်းထိုးပြနေသည်။
သို့သော် ပါကစ္စတန်တွင်မူ ရွေးကောက်ပွဲ လိမ်လည်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ အမေရိကန် ဘက်က အလားတူကြေညာချက်မျိုး ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ယင်းအစား နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ Jen Psaki က “ဝန်ကြီးချုပ် Nawaz Sharif အား မေလ ၁၁ ရက်ရွေးကောက်ပွဲတွင် ယင်း ပါတီ၏အောင်မြင်မှုအတွက်ဂုဏ်ပြုကြောင်းနှင့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် ပါကစ္စတန်အစိုးရသစ်နှင့် အနာဂတ်တွင် လက်တွဲလုပ်ဆောင်လိုကြောင်း” ထုတ်ပြန်ထားသည်။ ဤ ထုတ်ပြန်ချက်အရ မဲမသမာမှုများရှိနေသည့် ရွေးကောက်ပွဲနှစ်ခုကို အမေရိကန်၏တုံ့ပြန်ပုံက ပုံစံနှစ် မျိုးကွဲပြားနေကြောင်း တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထိခိုက်စေသော မည်သည့်နိုင်ငံမှ အရာရှိကိုမဆို ဗီဇာ ပိတ်ပင်မည်ဟုခြိမ်းခြောက်ခဲ့ပြီး အပြစ်ရှိသော အရာရှိများနှင့် ၎င်းတို့၏မိသားစုဝင်များထံမှ အမေရိကန် ဗီဇာကိုသိမ်းယူနိုင်ကြောင်း သတိပေးခဲ့သည်။ သို့သော် ပါကစ္စတန်တွင် ပို၍ပြောင်ပြောင်တင်းတင်း ချိုး ဖောက်မှုများနှင့်ပတ်သက်၍မူ အမေရိကန်၏ တုံ့ပြန်ပုံက လုံးဝကွဲထွက်နေခဲ့သည်။
အမေရိကန်သည်(၂၀၂၁)ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး တွင် ဘင်္ဂလားဒေ့ရှ်ကိုဖယ်ထုတ်ထားသော်လည်း ပါကစ္စတန်ကိုမူ အထူးဖိတ်ကြားခဲ့သည်။ အလားတူ ဖြစ်ရပ်များရှိနေသည့် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တွင် အမေရိကန်၏တုံ့ပြန်ပုံ ကွဲလွဲနေမှုများက အမေ ရိကန်-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးကို ယိုယွင်းသွားစေသည်ဟု ရှိတ်ဟာစီနာက လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့သည်။ ဟာစီနာ၏ သတိပေးချက်ကို အမေရိကန်၏ပြိုင်ဘက်များ အထူးသဖြင့် တရုတ်က သံယောင်လိုက်ထောက်ခံခဲ့သည်။ ထိုသတိပေးချက်များအပြင် ရှိတ်ဟာစီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး တွင် အမေရိကန်က တိုက်ရိုက်ဝင်ရောက်စွက်ဖက်သည်ဟုလည်း စွပ်စွဲခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အမေရိကန် လေတပ်စခန်းတည်ဆောက်ရန် သဘောတူပါက ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်အောင် အာမခံချက်ပေးမည်ဟု အမေရိကန်ဘက်ကကမ်းလှမ်းခဲ့ကြောင်း ဟာစီနာက ထုတ် ဖော်ပြောကြားခဲ့သည်။ သို့သော် အမေရိကန်ကတော့ ယင်းစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆို ထားသည်။
အမေရိကန်-ပါကစ္စတန် စစ်ဘက်ဆက်ဆံရေးကြောင့် အမေရိကန်က ပါကစ္စတန်နှင့် ဘင်္ဂလား ဒေ့ရှ်တို့၏ ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ကွဲပြားစွာတုံ့ပြန်ခဲ့ခြင်းဖြစ်နိုင်သည်။ ပါကစ္စတန် စစ်တပ်က စစ်အေးတိုက်ပွဲ၊ အာဖဂန်နစ္စတန်ကို ဆိုဗီယက် ကျူးကျော်မှု၊ အမေရိကန်၏ အကြမ်းဖက်နှိမ်နင်းရေး စစ်ပွဲတို့တွင် အမေရိကန်နှင့်အတူ ရပ်တည်ခဲ့သည့်အတွက် တောင်အာရှတွင် ပါကစ္စတန်သည် အမေရိ ကန်၏အရှည်ကြာဆုံးမိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်နေခြင်းဖြစ်သည်။ သို့သော် အီမရမ်ခန်းလက် ထက်တွင်မူ အမေရိကန်၏စစ်ပွဲများ အထူးသဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ကြားနေအဖြစ်သာရပ် တည်ခဲ့ခြင်းကြောင့် အမေရိကန်နှင့် ပါကစ္စတန် အစိုးရကြား ခွာပြဲလာခြင်းဖြစ်သည်။
အမေရိကန်၏ ရှေ့နောက်မညီညွတ်သော မူဝါဒများသည် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ မဟာဗျူဟာကျ သည့်နိုင်ငံများနှင့် မဟာမိတ်ဆက်ဆံရေးကို ပျက်ပြားစေခဲ့ရသည်။ သို့သော် ထိုကဲ့သို့ဖြစ်ပေါ်နေသော အမေရိကန်-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေး လက်ရှိလမ်းကြောင်းကို ထရမ့်ဦးဆောင်သောအစိုးရက ပြောင်း လဲနိုင်မည်လားကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။
![](https://cdn-image.npnewsmm.com/applications/npnews-mm/news_articles/67a4be1b755de932ce7164d3/body-image-67a4be1b755de932ce7164d3-0.jpg)
Zawgyi Version:
ကံၾကမၼာတူ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္တို႔အေပၚ အေမရိကန္၏လိုတစ္မ်ိဳး မလိုတစ္မ်ိဳး မူဝါဒက်င့္သုံးပုံကို ဆန္းစစ္ၾကည့္ျခင္း
တင္ဇာ (NP News) - ေဖေဖာ္ဝါရီ ၆
ေဒၚနယ္ထရမ့္အစိုးရက ဒုတိယအႀကိမ္ ေျမာက္တာဝန္ယူလာခ်ိန္တြင္ အေမရိကန္သည္ ေတာင္အာရွႏွင့္ဆ က္ဆံေရးအေပၚ အထူးအာ႐ုံစိုက္လာႏိုင္သည္ဟု ေမွ်ာ္လင့္ရသည္။ အထူးသျဖင့္ ထရမ့္အစိုးရသည္ ပါကစၥတန္ႏွင့္ဘဂၤလားေဒ့ရွ္တို႔၏ ယခင္အစိုးရလက္ထက္က အေမရိကန္ႏွင့္ သဟဇာတညီၫြတ္ျခင္း မရွိေသာ မူဝါဒမ်ားအေပၚ အေလးထားအာ႐ုံစိုက္လာႏိုင္သည္။ ႏွစ္ႏိုင္ငံစလုံး၏ (၂၀၂၄) အေထြေထြ ေ႐ြးေကာက္ပြဲမ်ားသည္ မသမာမႈမ်ားရွိခဲ့ၿပီး ႏိုင္ငံေရးအက်ပ္အတည္းမ်ားကို ႀကဳံေတြ႕ေစခဲ့ရာ ထရမ့္ လက္ထက္တြင္ ထိုအေျခအေနမ်ားကို ေျပာင္းလဲဖန္တီးႏိုင္မည္လားကို ေစာင့္ၾကည့္ရမည္ျဖစ္သည္။
ဘဂၤလားေဒ့ရွ္ႏွင့္ ပါကစၥတန္ႏွစ္ႏိုင္ငံစလုံးသည္ (၂၀၂၄) ခုႏွစ္ ဇန္နဝါရီလႏွင့္ ေဖေဖာ္ဝါရီလ တို႔တြင္ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို အသီး သီးက်င္းပခဲ့ၾကၿပီး ေ႐ြးေကာက္ပြဲမ်ားသည္ ဒီမိုကေရ စီစံႏႈန္းမ်ားႏွင့္ပတ္သက္၍ ေမးခြန္းထုတ္စရာျဖစ္လာသည္။ ဘဂၤလားေဒ့ရွ္ ေ႐ြးေကာက္ပြဲအတြင္း အစိုးရ က အတိုက္အခံပါတီဝင္မ်ား၊ သတင္းေထာက္ မ်ားႏွင့္ ဆႏၵျပသူမ်ားကို ၿဖိဳခြင္းခဲ့ျခင္းက ထူးျခားခ်က္ ျဖစ္သည္။ ထို႔ျပင္ ေ႐ြးေကာက္ပြဲမက်င္းပမီကတည္းက ဆိုက္ဘာလုံၿခဳံေရးဥပေဒသစ္ကို အတည္ျပဳခဲ့ သည္။ ယင္းဥပေဒသစ္သည္ (၂၀၁၈) ဒီဂ်စ္တယ္လုံၿခဳံေရးအက္ဥပေဒကို ျပန္လည္အသက္သြင္းျခင္း သာျဖစ္ေနသည္။ ယင္းအက္ဥပေဒႏွစ္ခုစလုံး တြင္ အမ်ိဳးသားဆိုက္ဘာလုံၿခဳံေရးေအဂ်င္စီ၏ ၫႊန္ၾကား ေရးမႉးခ်ဳပ္က ဘဂၤလားေဒ့ရွ္အစိုးရကို ေဝဖန္ တိုက္ခိုက္သည့္ အြန္လိုင္းအေၾကာင္းအရာမ်ားကို ဖယ္ ရွားျခင္း၊ “ႏိုင္ငံေတာ္ဆန႔္က်င္ေရး” အသြင္ေဆာင္ေနသည့္ အခ်ိဳ႕ေသာကိစၥရပ္မ်ားတြင္ ပါဝင္ပတ္သက္ သူမ်ားကို ဒဏ္ေငြႏွင့္ေထာင္ဒဏ္ ႏွစ္ရပ္စလုံးကိုခ် မွတ္ျခင္း စသည့္အခြင့္အာဏာမ်ားရွိေနသည္။ (၂၀၁၈) ခုႏွစ္မွစ၍ ဒီဂ်စ္တယ္လုံၿခဳံေရးအက္ဥပေဒ အရ ဖမ္းဆီးခံရသူ (၄၀) ရာခိုင္ႏႈန္းခန႔္သည္ BNP ပါတီမွအဖြဲ႕ဝင္မ်ား၊ BNP ပါတီကို ေထာက္ခံသူမ်ားႏွင့္ အဝါမီလိဂ္ပါတီကိုဆန႔္က်င္သူမ်ား ျဖစ္ေနတတ္ သည္။ ထို႔ေၾကာင့္ BNP ပါတီက (၂၀၂၄)ေ႐ြးေကာက္ပြဲကို အတုအေယာင္ဟုဆိုကာ သပိတ္ေမွာက္ခဲ့ျခင္း ျဖစ္သည္။
ေနာက္တစ္လအၾကာတြင္ ပါကစၥတန္၌လည္း ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္အေပၚ အလားတူ စြပ္စြဲ မႈမ်ား ေပၚေပါက္လာခဲ့သည္။ ထိုအခ်ိန္က ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း အီမရမ္ခန္းသည္ အက်င့္ပ်က္ ျခစားမႈစြဲခ်က္မ်ားျဖင့္ ေထာင္က်ေနေသာ္ လည္း ၎၏ပါတီ PTI က ပါကစၥတန္၏ လူႀကိဳက္ အမ်ားဆုံး ပါတီအျဖစ္ရွိေနဆဲျဖစ္သည္။ သို႔ေသာ္ ယင္းပါတီသည္ ေ႐ြးေကာက္ပြဲကာလအတြင္း ၎၏ အမွတ္ သေကၤတကို အသုံးျပဳခြင့္မရခဲ့ေပ။ ပါတီတစ္ခု၏အမွတ္သေကၤတသည္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံး ေရးကာလအတြင္း ျပည္သူမ်ားသတိထားမိေစေသာ ျပယုဂ္တစ္ခုျဖစ္သည့္အတြက္ အေရးပါေသာ အခန္းက႑မွပါဝင္ေနသည္။
သို႔ေသာ္ ဘဂၤလားေဒ့ရွ္ႏွင့္ ပါကစၥတန္ႏွစ္ႏိုင္ငံစလုံးမွ အာဏာပိုင္မ်ားသည္ တစ္ပါတီစနစ္ျဖင့္ သြားေသာႏိုင္ငံမ်ားအျဖစ္ စြပ္စြဲခံရျခင္းကို ေရွာင္ရွားရန္ အတိုက္အခံပါတီမ်ားျဖစ္သည့္ BNP ႏွင့္ PTI တို႔ကို ေ႐ြးေကာက္ပြဲတြင္ လုံးဝပါဝင္ခြင့္မရေအာင္ေတာ့ မျပဳလုပ္ခဲ့ေပ။ PTI ကိုယ္စားလွယ္ေလာင္းမ်ား သည္ တစ္သီးပုဂၢလမ်ားအျဖစ္အေ႐ြးခံရန္လိုအပ္ၿပီး ပါကစၥတန္ႏွင့္ ဘဂၤလားေဒ့ရွ္ အစိုးရႏွစ္ရပ္ စလုံး သည္ အတိုက္အခံပါတီမ်ား၏ ေ႐ြးေကာက္ပြဲေအာင္ျမင္မႈအခြင့္အလမ္းကို ေလ်ာ့ပါးေစရန္ရည္႐ြယ္ သည့္အစီအမံမ်ားကို အေကာင္အထည္ေဖာ္ခဲ့သည္။
ပါကစၥတန္ကိစၥတြင္ အရပ္သားမ်ား႐ိုက္ကူးထားေသာ ဗီဒီယိုႏွင့္ ဓာတ္ပုံမ်ားအရ ေ႐ြးေကာက္ ပြဲေန႔တြင္ ရလဒ္မ်ားကို ေျပာင္ေျပာင္တင္းတင္း လွည့္ျဖားရန္ရည္႐ြယ္ထားေသာလုပ္ရပ္မ်ားကို ေတြ႕ျမင္ ေနရသည္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ပုံစံ၏ မူရင္း ဓာတ္ပုံတစ္ပုံတြင္ မဲဆႏၵနယ္တစ္ခု၌ တစ္သီးပုဂၢလ အျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ေသာ PTI ကိုယ္စားလွယ္ေလာင္းသည္ (၅၈၄) မဲရရွိထားေၾကာင္း ျပသထား သည္။ သို႔ေသာ္ ဆိုရွယ္မီဒီယာတြင္တင္လာေသာ ပုံစံတူဗားရွင္း၌ အေရွ႕တြင္ ဂဏန္း “ ၅ ” ကို ဖ်က္ ထားေသာေၾကာင့္ အႏိုင္ရသည့္မဲအေရအတြက္မွာ (၈၄) မဲသာရွိေနသည္။ ထို႔ေၾကာင့္ ႏိုင္ငံအေနျဖင့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚသို႔ ေလွ်ာက္လွမ္းေနသည္ဟုဆိုေသာ္လည္း ထိုကဲ့သို႔ ဒီမိုကေရစီစံႏႈန္း မ်ားႏွင့္ ေသြဖည္ေနသည့္လုပ္ရပ္မ်ားေၾကာင့္ ၎ႏွင့္ပတ္သက္၍ ေမးခြန္းထုတ္ဖြယ္ရာမ်ားရွိလာသည္။
ထို႔ျပင္ (၂၀၂၄) ေ႐ြးေကာက္ပြဲကာလတြင္ ႏွစ္ႏိုင္ငံစလုံး၌ အင္တာနက္ပိတ္ပင္မႈမ်ား ျဖစ္ပြား ခဲ့ေၾကာင္း ေတြ႕ရွိရသည္။ အေထြေထြေ႐ြးေကာက္ပြဲက်င္းပသည့္ေန႔တြင္ ပါကစၥတန္အရပ္သားမ်ားသည္ ၎တို႔၏ အနီးဆုံးမဲ႐ုံတည္ေနရာကိုသိရွိရန္အတြက္ မိုဘိုင္းဖုန္းမွတစ္ဆင့္ နံပါတ္တစ္ခုကို စာတိုမ်ား ေပးပို႔စုံစမ္းႏိုင္သည္။ သို႔ေသာ္ ဖုန္းလိုင္းမ်ားမေကာင္းသျဖင့္ မဲ႐ုံတည္ေနရာမ်ားကိုစုံစမ္းရန္ အခက္အခဲ ရွိလာၿပီး အခ်ိဳ႕ေသာအေျခအေနမ်ားတြင္ မိသားစုဝင္တစ္ခုတည္းကိုပင္ တစ္ဦးႏွင့္တစ္ဦး မဲ႐ုံေနရာမ်ား က ကြဲျပားေနသည္။
ႏွစ္ႏိုင္ငံစလုံး၏ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ားတြင္ တူညီေသာအားနည္းခ်က္မ်ားရွိၾကေသာ္ လည္း အေမရိကန္၏သိသာကြဲျပားေသာ တုံ႔ျပန္မႈမ်ားေၾကာင့္ ႏိုင္ငံတကာမီဒီယာမ်ား၏ သိသိသာသာ အာ႐ုံစိုက္မႈမ်ားရရွိခဲ့သည္။ ဘဂၤလားေဒ့ရွ္တြင္ “ႏိုင္ငံေရးအတိုက္အခံ ပါတီဝင္ ေထာင္ေပါင္းမ်ားစြာ ဖမ္း ဆီးခံရမႈႏွင့္ ေ႐ြးေကာက္ပြဲေန႔တြင္ထုတ္ျပန္ခဲ့ေသာ မမွန္မကန္ အစီရင္ခံစာမ်ား” ႏွင့္ပတ္သက္၍ အေမ ရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စိုးရိမ္ေနေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။ အျခားႏိုင္ငံအမ်ား အျပားတြင္ ေ႐ြးေကာက္ပြဲအတြင္း မသမာမႈမ်ားႏွင့္ ပတ္သက္၍ အလားတူ ထုတ္ျပန္ခ်က္မ်ားက အေမရိ ကန္၏သေဘာထားကို ထင္ဟပ္ေစသည္။ ဥပမာ အေနျဖင့္ (၂၀၁၇)ခုႏွစ္တြင္က်င္းပခဲ့ေသာ ဗင္နီဇြဲလား ႏွင့္ ဘယ္လာ႐ုစ္ေ႐ြးေကာက္ပြဲမ်ား၌ အေမရိကန္၏ ထုတ္ျပန္ခ်က္မ်ားက မီးေမာင္းထိုးျပေနသည္။
သို႔ေသာ္ ပါကစၥတန္တြင္မူ ေ႐ြးေကာက္ပြဲ လိမ္လည္မႈစြပ္စြဲခ်က္မ်ားႏွင့္ပတ္သက္၍ အေမရိကန္ ဘက္က အလားတူေၾကညာခ်က္မ်ိဳး ထုတ္ျပန္ခဲ့ျခင္းမရွိေပ။ ယင္းအစား ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အရာရွိ Jen Psaki က “ဝန္ႀကီးခ်ဳပ္ Nawaz Sharif အား ေမလ ၁၁ ရက္ေ႐ြးေကာက္ပြဲတြင္ ယင္း ပါတီ၏ေအာင္ျမင္မႈအတြက္ဂုဏ္ျပဳေၾကာင္းႏွင့္ ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္တင္ေျမႇာက္ထားသည့္ ပါကစၥတန္အစိုးရသစ္ႏွင့္ အနာဂတ္တြင္ လက္တြဲလုပ္ေဆာင္လိုေၾကာင္း” ထုတ္ျပန္ထားသည္။ ဤ ထုတ္ျပန္ခ်က္အရ မဲမသမာမႈမ်ားရွိေနသည့္ ေ႐ြးေကာက္ပြဲႏွစ္ခုကို အေမရိကန္၏တုံ႔ျပန္ပုံက ပုံစံႏွစ္ မ်ိဳးကြဲျပားေနေၾကာင္း ေတြ႕ရသည္။
ဘဂၤလားေဒ့ရွ္ အေထြေထြေ႐ြးေကာက္ပြဲ မတိုင္မီ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က လြတ္လပ္၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ကို ထိခိုက္ေစေသာ မည္သည့္ႏိုင္ငံမွ အရာရွိကိုမဆို ဗီဇာ ပိတ္ပင္မည္ဟုၿခိမ္းေျခာက္ခဲ့ၿပီး အျပစ္ရွိေသာ အရာရွိမ်ားႏွင့္ ၎တို႔၏မိသားစုဝင္မ်ားထံမွ အေမရိကန္ ဗီဇာကိုသိမ္းယူႏိုင္ေၾကာင္း သတိေပးခဲ့သည္။ သို႔ေသာ္ ပါကစၥတန္တြင္ ပို၍ေျပာင္ေျပာင္တင္းတင္း ခ်ိဳး ေဖာက္မႈမ်ားႏွင့္ပတ္သက္၍မူ အေမရိကန္၏ တုံ႔ျပန္ပုံက လုံးဝကြဲထြက္ေနခဲ့သည္။
အေမရိကန္သည္(၂၀၂၁)ခုႏွစ္ ဒီဇင္ဘာလတြင္ က်င္းပခဲ့သည့္ ဒီမိုကေရစီ ထိပ္သီးအစည္းအေဝး တြင္ ဘဂၤလားေဒ့ရွ္ကိုဖယ္ထုတ္ထားေသာ္လည္း ပါကစၥတန္ကိုမူ အထူးဖိတ္ၾကားခဲ့သည္။ အလားတူ ျဖစ္ရပ္မ်ားရွိေနသည့္ ဘဂၤလားေဒ့ရွ္ႏွင့္ ပါကစၥတန္တြင္ အေမရိကန္၏တုံ႔ျပန္ပုံ ကြဲလြဲေနမႈမ်ားက အေမ ရိကန္-ဘဂၤလားေဒ့ရွ္ဆက္ဆံေရးကို ယိုယြင္းသြားေစသည္ဟု ရွိတ္ဟာစီနာက လူသိရွင္ၾကား ထုတ္ျပန္ ေၾကညာခဲ့သည္။ ဟာစီနာ၏ သတိေပးခ်က္ကို အေမရိကန္၏ၿပိဳင္ဘက္မ်ား အထူးသျဖင့္ တ႐ုတ္က သံေယာင္လိုက္ေထာက္ခံခဲ့သည္။ ထိုသတိေပးခ်က္မ်ားအျပင္ ရွိတ္ဟာစီနာက ဘဂၤလားေဒ့ရွ္ႏိုင္ငံေရး တြင္ အေမရိကန္က တိုက္႐ိုက္ဝင္ေရာက္စြက္ဖက္သည္ဟုလည္း စြပ္စြဲခဲ့သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၌ အေမရိကန္ ေလတပ္စခန္းတည္ေဆာက္ရန္ သေဘာတူပါက ေ႐ြးေကာက္ပြဲ အဆင္ေျပေခ်ာေမြ႕စြာ က်င္းပႏိုင္ေအာင္ အာမခံခ်က္ေပးမည္ဟု အေမရိကန္ဘက္ကကမ္းလွမ္းခဲ့ေၾကာင္း ဟာစီနာက ထုတ္ ေဖာ္ေျပာၾကားခဲ့သည္။ သို႔ေသာ္ အေမရိကန္ကေတာ့ ယင္းစြပ္စြဲခ်က္မ်ားကို ျပင္းျပင္းထန္ထန္ ျငင္းဆို ထားသည္။
အေမရိကန္-ပါကစၥတန္ စစ္ဘက္ဆက္ဆံေရးေၾကာင့္ အေမရိကန္က ပါကစၥတန္ႏွင့္ ဘဂၤလား ေဒ့ရွ္တို႔၏ ဒီမိုကေရစီအေရးႏွင့္ပတ္သက္၍ ကြဲျပားစြာတုံ႔ျပန္ခဲ့ျခင္းျဖစ္ႏိုင္သည္။ ပါကစၥတန္ စစ္တပ္က စစ္ေအးတိုက္ပြဲ၊ အာဖဂန္နစၥတန္ကို ဆိုဗီယက္ က်ဴးေက်ာ္မႈ၊ အေမရိကန္၏ အၾကမ္းဖက္ႏွိမ္နင္းေရး စစ္ပြဲတို႔တြင္ အေမရိကန္ႏွင့္အတူ ရပ္တည္ခဲ့သည့္အတြက္ ေတာင္အာရွတြင္ ပါကစၥတန္သည္ အေမရိ ကန္၏အရွည္ၾကာဆုံးမိတ္ဖက္အျဖစ္ ဆက္လက္ရပ္တည္ေနျခင္းျဖစ္သည္။ သို႔ေသာ္ အီမရမ္ခန္းလက္ ထက္တြင္မူ အေမရိကန္၏စစ္ပြဲမ်ား အထူးသျဖင့္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္၍ ၾကားေနအျဖစ္သာရပ္ တည္ခဲ့ျခင္းေၾကာင့္ အေမရိကန္ႏွင့္ ပါကစၥတန္ အစိုးရၾကား ခြာၿပဲလာျခင္းျဖစ္သည္။
အေမရိကန္၏ ေရွ႕ေနာက္မညီၫြတ္ေသာ မူဝါဒမ်ားသည္ ဘဂၤလားေဒ့ရွ္ကဲ့သို႔ မဟာဗ်ဴဟာက် သည့္ႏိုင္ငံမ်ားႏွင့္ မဟာမိတ္ဆက္ဆံေရးကို ပ်က္ျပားေစခဲ့ရသည္။ သို႔ေသာ္ ထိုကဲ့သို႔ျဖစ္ေပၚေနေသာ အေမရိကန္-ဘဂၤလားေဒ့ရွ္ဆက္ဆံေရး လက္ရွိလမ္းေၾကာင္းကို ထရမ့္ဦးေဆာင္ေသာအစိုးရက ေျပာင္း လဲႏိုင္မည္လားကို စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရဦးမည္ျဖစ္ပါသည္။