NLD လက်ထက်က စတင်ကျင့်သုံးခဲ့သည့်စနစ်အတိုင်း အ‌ဝေးသင်ကျောင်းအပ်လက်ခံခြင်းကို ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ဆောင်ရွက်နေရာ ကျောင်းသား/သူများအတွက် အဆင်မပြေမှုများရှိနေ

 67

ယွန်း (NP News) - ဖေဖော်ဝါရီ ၈

NLD အစိုးရလက်ထက်က စတင်ကျင့်သုံးခဲ့သည့် အဝေးသင်ကျောင်းအပ်လက်ခံခြင်းကို ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ဆောင်ရွက်သည့်စနစ်အား ပြန်လည်ကျင့်သုံးနေပြီး ကျောင်းသား၊ ‌ကျောင်းသူများအတွက် အဆင်မပြေမှုများရှိနေကြောင်း သိရသည်။
လက်ရှိတွင် တက္ကသိုလ်များ၌ အဝေးသင်ကျောင်းသား၊ ကျောင်းသူများအတွက် အဓိကရည်ရွယ်ကာ ကျောင်းအပ် လက်ခံခြင်းကို အွန်လိုင်းမှ Registration လုပ်ပြီး ငွေသွင်းခြင်းကို UAB Pay ဖြင့် ချိတ်ဆက်ပေးချေခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစနစ်ကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအပြောင်းအလဲများ ကြောင့် ခေတ္တရပ်နားထားခဲ့ရာ လက်ရှိတွင် ပြန်လည်ကျင့်သုံးလာခဲ့ခြင်းဖြစ်ကြောင်း တက္ကသိုလ်ကထိကတစ်ဦးက ဆိုသည်။
"အဲဒါက အဓိကရည်ရွယ်တာတော့ အဝေးသင်ကျောင်းသား/သူတွေအတွက် ရည်ရွယ်တာပေါ့နော်။ ဒီအစီအစဥ်က အွန်လိုင်းကနေ Registration လုပ်တယ်။ ကျောင်းအတွက် သွင်းရမယ့်ငွေကိုလူကိုယ်တိုင်လာမသွင်းနိုင်လို့ရှိရင် အွန်လိုင်းကနေပဲ ငွေသွင်းလို့ရအောင်ဆိုပြီး လုပ်တာပေါ့။ ဒီအစီအစဥ်က NLD အစိုးရလက်ထက်မှာကတည်းက ဒီစီမံကိန်းက စတာ။ အဲဒီတုန်းကလည်း တက္ကသိုလ်တော်တော်များများမှာလည်း စခဲ့တယ်။ အဲဒီတုန်းက ကမ္ဘောဇဘဏ်အဖြစ်များမယ် ထင်တယ်။ နောက်ကြားမှာတော့ နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ခဏရပ်သွားပြီး တော့ အခုတဖြည်းဖြည်းနဲ့ ကလေးတွေကျောင်းကိုအပ်လာကျတော့ အဝေးသင်ကျောင်းသား၊ ကျောင်းသူတွေ အတွက် ရည်ရွယ်ပြီး အွန်လိုင်း Registration ကို ပြန်လုပ်တာပေါ့" ဟု အထက်ပါ တက္ကသိုလ်ကထိကက NP News ကိုပြောသည်။
ကျောင်းသားများအနေဖြင့် ယခင်က မိမိတက်ရောက်မည့်တက္ကသိုလ်သို့ လူကိုယ်တိုင်သွားရောက်၍ ကျောင်းအပ် ကာ ငွေပေးသွင်းခြင်းကို ဆောင်ရွက်ရခြင်းဖြစ်သော်လည်း လက်ရှိတွင် အထက်ပါစနစ်ကို ဆောင်ရွက်လိုက်သည့် အတွက် အခက်အခဲများလည်းရှိနေကြောင်း သိရသည်။
"အရင်နှစ်တွေအတိုင်းထင်လို့ သွားအပ်တာ ဟိုရောက်မှ ကျောင်းသားအားလုံး UAB Pay နဲ့ပိုက်ဆံသွင်းရမယ် ပြောတယ်။ ဒါနဲ့ UAB App ကို ဒေါင်းပြီး Sign Up လုပ်တော့လည်း လိုင်းကမတက်ဘူး။ ပြီးတော့ ကျောင်းသားက တစ်ရက်ထဲကို ၄၀၀၊ ၅၀၀ မက လာကြတာ။ ငွေသွင်းလက်ခံမယ်ဆိုတဲ့ UAB က ဝန်ထမ်းကျတော့ သုံးယောက်၊ လေးယောက်ပဲရှိတယ်။ ဘယ်လိုမှမနိုင်ဘူး။ ကျွန်တော်တို့ပထမနှစ်အောင်ထားတဲ့လူက ဒုတိယနှစ်အပ်ဖို့ UAB စာရင်းထဲမှာကြည့်တော့လည်း မပါတာများတယ်။ ကျောင်းဘက်ကို မေးတော့လည်း စာရင်းအားလုံးကို UAB ဘက်ကိုပေးလိုက်ပြီပြောတယ်။ ဒါပေမယ့် UAB မှာကျတော့ ကျွန်တော်တို့အချက်အလက်တွေမရှိဘူး။ တကူးတကလာအပ်တာတောင် မနက် ၉ နာရီကနေ ညနေ ၃ နာရီကျော်တဲ့အထိ လုပ်တာတောင် အဆင်မပြေလို့ ကျောင်းမအပ်ခဲ့ရဘူး" ဟု အဝေးသင်ကျောင်းသားတစ်ဦးက ပြောသည်။
(၂၀၂၅) ပညာသင်နှစ် အဝေးသင် ပထမနှစ်သင်တန်းအတွက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၂၆)ရက်တွင် စတင်လက်ခံခဲ့ပြီး လာမည့် ဧပြီ(၃၀)ရက်တွင် နောက်ဆုံးထား၍ ကျောင်းအပ်လက်ခံသွား မည်ဖြစ်သည်။
ထို့ပြင် ဒုတိယနှစ်နှင့်အထက် ကျောင်းဝင်မှတ်ပုံတင်ခြင်းကိုလည်း ဖေဖော်ဝါရီ(၅)ရက်မှ စတင်လက်ခံခဲ့ခြင်းဖြစ်ပြီး လာမည့် မေလ(၁၇)ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

"သမီးအတွက် ကျောင်းသွားအပ်ပေးတာ ဟိုရောက်မှ UAB Pay နဲ့ လုပ်ရမယ်ဆိုတော့ သူတို့သက်ဆိုင်တဲ့သူဆီမှာ အချက်အလက်တွေသွားရှာတော့ မပါဘူးဖြစ်နေတာ။ ကျောင်းဘက်ကိုမေးတော့လည်း အကုန်လုံးပေးပြီးပြီလို့ ပြောတယ်။ သမီးက ၂၀၀၀ ခုနှစ်အောင်တာ နိုင်ငံရေးအခြေအနေ၊ ကိုဗစ်အခြေအနေတွေကြောင့် မတက်ဖြစ်ဘဲ နားထားရတာ။ အခု နိုင်ငံရေးလည်းတည်ငြိမ်လာလို့ ‌ကျောင်းပြန်ထားတာ။ ကျောင်းကလည်းလက်ခံတယ်။ စနစ်က လက်မခံဘူးပုံစံဖြစ်နေတယ်။ ကျွန်တော်မြင်တာကတော့ UAB Pay ကို သုံးစေချင်လည်း အခြားနည်းနဲ့ ပရိုမိုးရှင်းလုပ်စေချင်တယ်။ ပညာရေးမှာလာလုပ်မယ်ဆိုရင်တော့ တိကျမှန်ကန်တဲ့စနစ်တစ်ခုနဲ့ အသုံးပြုသင့် တယ်" ဟု ဒေါပုံမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
ယခုနှစ်တွင်အဝေးသင်ကျောင်းသားဦးရေ ပိုမိုများပြားကြောင်းသိရပြီး တက္ကသိုလ်အားလုံး၌ ကျောင်းအပ် လက်ခံခြင်းကို အထက်ပါစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့ပြင် ကျောင်းအပ်ရာ၌ အဆင်မပြေမှုများရှိခဲ့ပါက ပါမောက္ခချုပ်ရုံးသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ သက်ဆိုင်ရာဌာနမှူးနှင့် မော်ကွန်းထိန်းတို့မှဖြစ်စေ အခက်အခဲများကို တင်ပြပြောဆိုနိုင်ကြောင်း အထက်ပါ တက္ကသိုလ်ကထိကက အသိပေးပြောဆိုထားသည်။

Zawgyi Version:
NLD လက္ထက္က စတင္က်င့္သုံးခဲ့သည့္စနစ္အတိုင္း အ‌ေဝးသင္ေက်ာင္းအပ္လက္ခံျခင္းကို ဘဏ္အေကာင့္ျဖင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနရာ ေက်ာင္းသား/သူမ်ားအတြက္ အဆင္မေျပမႈမ်ားရွိေန
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၈

NLD အစိုးရလက္ထက္က စတင္က်င့္သုံးခဲ့သည့္ အေဝးသင္ေက်ာင္းအပ္လက္ခံျခင္းကို ဘဏ္အေကာင့္ျဖင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သည့္စနစ္အား ျပန္လည္က်င့္သုံးေနၿပီး ေက်ာင္းသား၊ ‌ေက်ာင္းသူမ်ားအတြက္ အဆင္မေျပမႈမ်ားရွိေနေၾကာင္း သိရသည္။
လက္ရွိတြင္ တကၠသိုလ္မ်ား၌ အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ အဓိကရည္႐ြယ္ကာ ေက်ာင္းအပ္ လက္ခံျခင္းကို အြန္လိုင္းမွ Registration လုပ္ၿပီး ေငြသြင္းျခင္းကို UAB Pay ျဖင့္ ခ်ိတ္ဆက္ေပးေခ်ျခင္းကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါစနစ္ကို ၿပီးခဲ့သည့္ NLD အစိုးရလက္ထက္တြင္ စတင္က်င့္သုံးခဲ့ျခင္းျဖစ္ၿပီး ႏိုင္ငံေရးအေျပာင္းအလဲမ်ား ေၾကာင့္ ေခတၱရပ္နားထားခဲ့ရာ လက္ရွိတြင္ ျပန္လည္က်င့္သုံးလာခဲ့ျခင္းျဖစ္ေၾကာင္း တကၠသိုလ္ကထိကတစ္ဦးက ဆိုသည္။
"အဲဒါက အဓိကရည္႐ြယ္တာေတာ့ အေဝးသင္ေက်ာင္းသား/သူေတြအတြက္ ရည္႐ြယ္တာေပါ့ေနာ္။ ဒီအစီအစဥ္က အြန္လိုင္းကေန Registration လုပ္တယ္။ ေက်ာင္းအတြက္ သြင္းရမယ့္ေငြကိုလူကိုယ္တိုင္လာမသြင္းႏိုင္လို႔ရွိရင္ အြန္လိုင္းကေနပဲ ေငြသြင္းလို႔ရေအာင္ဆိုၿပီး လုပ္တာေပါ့။ ဒီအစီအစဥ္က NLD အစိုးရလက္ထက္မွာကတည္းက ဒီစီမံကိန္းက စတာ။ အဲဒီတုန္းကလည္း တကၠသိုလ္ေတာ္ေတာ္မ်ားမ်ားမွာလည္း စခဲ့တယ္။ အဲဒီတုန္းက ကေမာၻဇဘဏ္အျဖစ္မ်ားမယ္ ထင္တယ္။ ေနာက္ၾကားမွာေတာ့ ႏိုင္ငံေရးအေျပာင္းအလဲေတြနဲ႔ ခဏရပ္သြားၿပီး ေတာ့ အခုတျဖည္းျဖည္းနဲ႔ ကေလးေတြေက်ာင္းကိုအပ္လာက်ေတာ့ အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူေတြ အတြက္ ရည္႐ြယ္ၿပီး အြန္လိုင္း Registration ကို ျပန္လုပ္တာေပါ့" ဟု အထက္ပါ တကၠသိုလ္ကထိကက NP News ကိုေျပာသည္။
ေက်ာင္းသားမ်ားအေနျဖင့္ ယခင္က မိမိတက္ေရာက္မည့္တကၠသိုလ္သို႔ လူကိုယ္တိုင္သြားေရာက္၍ ေက်ာင္းအပ္ ကာ ေငြေပးသြင္းျခင္းကို ေဆာင္႐ြက္ရျခင္းျဖစ္ေသာ္လည္း လက္ရွိတြင္ အထက္ပါစနစ္ကို ေဆာင္႐ြက္လိုက္သည့္ အတြက္ အခက္အခဲမ်ားလည္းရွိေနေၾကာင္း သိရသည္။
"အရင္ႏွစ္ေတြအတိုင္းထင္လို႔ သြားအပ္တာ ဟိုေရာက္မွ ေက်ာင္းသားအားလုံး UAB Pay နဲ႔ပိုက္ဆံသြင္းရမယ္ ေျပာတယ္။ ဒါနဲ႔ UAB App ကို ေဒါင္းၿပီး Sign Up လုပ္ေတာ့လည္း လိုင္းကမတက္ဘူး။ ၿပီးေတာ့ ေက်ာင္းသားက တစ္ရက္ထဲကို ၄၀၀၊ ၅၀၀ မက လာၾကတာ။ ေငြသြင္းလက္ခံမယ္ဆိုတဲ့ UAB က ဝန္ထမ္းက်ေတာ့ သုံးေယာက္၊ ေလးေယာက္ပဲရွိတယ္။ ဘယ္လိုမွမႏိုင္ဘူး။ ကြၽန္ေတာ္တို႔ပထမႏွစ္ေအာင္ထားတဲ့လူက ဒုတိယႏွစ္အပ္ဖို႔ UAB စာရင္းထဲမွာၾကည့္ေတာ့လည္း မပါတာမ်ားတယ္။ ေက်ာင္းဘက္ကို ေမးေတာ့လည္း စာရင္းအားလုံးကို UAB ဘက္ကိုေပးလိုက္ၿပီေျပာတယ္။ ဒါေပမယ့္ UAB မွာက်ေတာ့ ကြၽန္ေတာ္တို႔အခ်က္အလက္ေတြမရွိဘူး။ တကူးတကလာအပ္တာေတာင္ မနက္ ၉ နာရီကေန ညေန ၃ နာရီေက်ာ္တဲ့အထိ လုပ္တာေတာင္ အဆင္မေျပလို႔ ေက်ာင္းမအပ္ခဲ့ရဘူး" ဟု အေဝးသင္ေက်ာင္းသားတစ္ဦးက ေျပာသည္။
(၂၀၂၅) ပညာသင္ႏွစ္ အေဝးသင္ ပထမႏွစ္သင္တန္းအတြက္ ေက်ာင္းဝင္မွတ္ပုံတင္ျခင္းကို ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာ(၂၆)ရက္တြင္ စတင္လက္ခံခဲ့ၿပီး လာမည့္ ဧၿပီ(၃၀)ရက္တြင္ ေနာက္ဆုံးထား၍ ေက်ာင္းအပ္လက္ခံသြား မည္ျဖစ္သည္။
ထို႔ျပင္ ဒုတိယႏွစ္ႏွင့္အထက္ ေက်ာင္းဝင္မွတ္ပုံတင္ျခင္းကိုလည္း ေဖေဖာ္ဝါရီ(၅)ရက္မွ စတင္လက္ခံခဲ့ျခင္းျဖစ္ၿပီး လာမည့္ ေမလ(၁၇)ရက္အထိ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

"သမီးအတြက္ ေက်ာင္းသြားအပ္ေပးတာ ဟိုေရာက္မွ UAB Pay နဲ႔ လုပ္ရမယ္ဆိုေတာ့ သူတို႔သက္ဆိုင္တဲ့သူဆီမွာ အခ်က္အလက္ေတြသြားရွာေတာ့ မပါဘူးျဖစ္ေနတာ။ ေက်ာင္းဘက္ကိုေမးေတာ့လည္း အကုန္လုံးေပးၿပီးၿပီလို႔ ေျပာတယ္။ သမီးက ၂၀၀၀ ခုႏွစ္ေအာင္တာ ႏိုင္ငံေရးအေျခအေန၊ ကိုဗစ္အေျခအေနေတြေၾကာင့္ မတက္ျဖစ္ဘဲ နားထားရတာ။ အခု ႏိုင္ငံေရးလည္းတည္ၿငိမ္လာလို႔ ‌ေက်ာင္းျပန္ထားတာ။ ေက်ာင္းကလည္းလက္ခံတယ္။ စနစ္က လက္မခံဘူးပုံစံျဖစ္ေနတယ္။ ကြၽန္ေတာ္ျမင္တာကေတာ့ UAB Pay ကို သုံးေစခ်င္လည္း အျခားနည္းနဲ႔ ပ႐ိုမိုးရွင္းလုပ္ေစခ်င္တယ္။ ပညာေရးမွာလာလုပ္မယ္ဆိုရင္ေတာ့ တိက်မွန္ကန္တဲ့စနစ္တစ္ခုနဲ႔ အသုံးျပဳသင့္ တယ္" ဟု ေဒါပုံၿမိဳ႕နယ္ရွိ ေက်ာင္းသားမိဘတစ္ဦးက ဆိုသည္။
ယခုႏွစ္တြင္အေဝးသင္ေက်ာင္းသားဦးေရ ပိုမိုမ်ားျပားေၾကာင္းသိရၿပီး တကၠသိုလ္အားလုံး၌ ေက်ာင္းအပ္ လက္ခံျခင္းကို အထက္ပါစနစ္ျဖင့္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။
ထို႔ျပင္ ေက်ာင္းအပ္ရာ၌ အဆင္မေျပမႈမ်ားရွိခဲ့ပါက ပါေမာကၡခ်ဳပ္႐ုံးသို႔ ကိုယ္တိုင္လာေရာက္၍ျဖစ္ေစ၊ သက္ဆိုင္ရာဌာနမႉးႏွင့္ ေမာ္ကြန္းထိန္းတို႔မွျဖစ္ေစ အခက္အခဲမ်ားကို တင္ျပေျပာဆိုႏိုင္ေၾကာင္း အထက္ပါ တကၠသိုလ္ကထိကက အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.