ဒေါပုံမြို့မရဲစခန်းတွင် အချုပ်သားများ သော့ဖျက်ကာ အချုပ်ဖောက်ပြေးမှုဖြစ်ပွား

2772
(NP News)- ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့မရဲစခန်းတွင် အချုပ်သားများ သော့ဖျက်ကာ အချုပ်ဖောက်ပြေးသည့်ဖြစ်စဉ် ယနေ့ (ဖေဖော်ဝါရီလ ၉ရက်)က ဖြစ်ပွားခဲ့ကြောင်း ကနဦးသိရှိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၉ရက်)၊နံနက် (၂)နာရီခန့်က အချုပ်သားလေးဦးခန့်သည် အချုပ်ခန်းကို သော့ဖျက်ကာ အချုပ်ဖောက်ပြေးသွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး (၁၂)နာရီဝန်းကျင်ကြာမြင့်သည့်အချိန်ထိ ဖမ်းမိခြင်းမရှိသေးကြောင်း လုံခြုံရေးနှင့်နီးစပ်သူတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းသို့ စုံစမ်းမေးမြန်ရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်းမရှိခဲ့ပေ။
zawgyi version:
(NP News)- ဖေဖော်ဝါရီ ၉