ပြည်ခိုင်ဖြိုးပါတီလွှတ်တော်အမတ်ဟောင်း၏ဇနီး စလင်းဈေးထဲရှိ သူမ၏ဆန်ဆိုင်တွင်ပစ်ခတ်လုပ်ကြံခံရ

 2092

NP News- ဖေဖော်ဝါရီ ၉

ပြည်ခိုင်ဖြိုးပါတီလွှတ်တော်အမတ်ဟောင်း၏ ဇနီးဖြစ်သူ စလင်းဈေးထဲရှိ သူမ၏ဆန်ဆိုင်တွင်ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း စလင်းမြို့ရှိ ဒေသခံသတင်းရင်းမြစ်တစ်ဦး ထံမှသိရသည်။

အဆိုပါဖြစ်စဥ်မှာ ယနေ့(ဖေဖော်ဝါရီ ၉ ရက်) နံနက်(၁၁)နာရီအချိန်၌ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ရှိ စလင်းဈေးထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စလင်းဈေးထဲတွင် "ရွှေလင်းယုန်"ဆန်ဆိုင်ဖွင့်ထားသည့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်အမတ်ဟောင်း၏ ဇနီးသည် ဆိုင်ထဲတွင်ရှိနေစဥ် PDF အဖွဲ့က ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အရင်ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်‌ဟောင်းရဲ့ မိန်းမကို ဆိုင်ထဲမှာတင်သေနတ်နဲ့ပစ်ပြီးလုပ်ကြံသွားတယ်။ သူ့ဆိုင်ကဝန်ထမ်းပြောတာတော့ ကားနဲ့လာပြီးပစ်တာလို့ပြော တယ်။ ခေါင်းကိုပစ်သွားတာ။ ပွဲချင်းပြီးဆုံးသွားတယ်" ဟု အထက်ပါ ဒေသခံသတင်းရင်းမြစ်က NP News ကိုပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အသက်(၄၀)ဝန်းကျင်အရွယ်ရှိသည့် အဆိုပါအမျိုးသမီးမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ျပည္ခိုင္ၿဖိဳးပါတီလႊတ္ေတာ္အမတ္ေဟာင္း၏ဇနီး စလင္းေဈးထဲရွိ သူမ၏ဆန္ဆိုင္တြင္ပစ္ခတ္လုပ္ႀကံခံရ

NP News- ေဖေဖာ္ဝါရီ ၉

ျပည္ခိုင္ၿဖိဳးပါတီလႊတ္ေတာ္အမတ္ေဟာင္း၏ ဇနီးျဖစ္သူ စလင္းေဈးထဲရွိ သူမ၏ဆန္ဆိုင္တြင္ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း စလင္းၿမိဳ႕ရွိ ေဒသခံသတင္းရင္းျမစ္တစ္ဦး ထံမွသိရသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီ ၉ ရက္) နံနက္(၁၁)နာရီအခ်ိန္၌ မေကြးတိုင္းေဒသႀကီး၊ စလင္းၿမိဳ႕ရွိ စလင္းေဈးထဲတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

စလင္းေဈးထဲတြင္ "ေ႐ႊလင္းယုန္"ဆန္ဆိုင္ဖြင့္ထားသည့္ ျပည္ခိုင္ၿဖိဳးပါတီလႊတ္ေတာ္အမတ္ေဟာင္း၏ ဇနီးသည္ ဆိုင္ထဲတြင္ရွိေနစဥ္ PDF အဖြဲ႕က ကားျဖင့္ေရာက္လာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အရင္ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္အမတ္‌ေဟာင္းရဲ႕ မိန္းမကို ဆိုင္ထဲမွာတင္ေသနတ္နဲ႔ပစ္ၿပီးလုပ္ႀကံသြားတယ္။ သူ႔ဆိုင္ကဝန္ထမ္းေျပာတာေတာ့ ကားနဲ႔လာၿပီးပစ္တာလို႔ေျပာ တယ္။ ေခါင္းကိုပစ္သြားတာ။ ပြဲခ်င္းၿပီးဆုံးသြားတယ္" ဟု အထက္ပါ ေဒသခံသတင္းရင္းျမစ္က NP News ကိုေျပာသည္။

ပစ္ခတ္ခံရမႈေၾကာင့္ အသက္(၄၀)ဝန္းက်င္အ႐ြယ္ရွိသည့္ အဆိုပါအမ်ိဳးသမီးမွာ ဦးေခါင္းက်ည္ထိမွန္ဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.