တရုတ်နှင့်အနီးဆုံးပြည်နယ်၏ တစ်ခုတည်းသောလေဆိပ်ကို လေတပ်အခြေစိုက်စခန်းမဖြစ်ရေး ကန့်ကွက်သွားမည်ဟု မီဇိုတပ်ဦးပါတီပြော
529
Htay Oung (NP News) - ဖေဖော်ဝါရီ ၁၂
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ရဲ့ တစ်ခုတည်းသော လေယာဉ်ကွင်းကို အိန္ဒိယလေတပ် IAF ထံ လွှဲပြောင်းပေးဖို့ “ဇိုရမ်ပြည်သူ့လှုပ်ရှားမှုပါတီ” ZPM ဦးဆောင် ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။ ပြည် နယ်မှာ အဓိက ဖြစ်တဲ့ “လိန်ပူရီလေဆိပ်” ကို အိန္ဒိယစစ်တပ်လက် မရောက်ရှိရေး အစွမ်းကန့်ကွက်သွားမှာ ဖြစ်ကြောင်း အတိုက်အခံ “မီဇို အမျိုးသားတပ်ဦး” MNF က ကတိပြုလိုက်တယ်လို့ “တိုင်းမ်အော့ဖ်အင်ဒီယား”က ဖေဖော်ဝါရီလ ၁ဝ ရက်မှာ ရေးပါတယ်။
ပြည်နယ်အစိုးရရဲ့ လေဆိပ်လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်မှာ အချေအတင်ပြောဆိုနေကြ စဉ် စနေနေ့မှာ MNF ပါတီခေါင်းဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များက လေဆိပ်ကို သွားရောက်ကြည့်ရှု ကြပါတယ်။ လေဆိပ်ဖြစ်ပေါ်လာအောင် MNF နဲ့ ကွန်ဂရက်ပါတီအစိုးရတို့ လက်ထက်မှာ ကြိူးစားခဲ့ကြရပြီး နောက်ပိုင်းအစိုးရတို့ကလည်း ငွေကြေးအခက်အခဲရှိတဲ့ကြားက လေဆိပ်ကို အောင်မြင်စွာ လည်ပတ်နိုင်စေခဲ့ ကြောင်း၊ ၂၀၂၃-ခုနှစ် ဒီဇင်ဘာလမှာ ZPM ပါတီအာဏာရလာပြီး လယ်ဒူဟိုးမား ဝန်ကြီးချုပ်ဖြစ်မှပဲ လေဆိပ် တစ်ခုလုံး အိန္ဒိယစစ်တပ်လက် လွှဲပြောင်းပေးရတယ်ဆိုတာ အတော်ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်တယ်လို့ MNF ပါတီခေါင်းဆောင် လယ်ချယ်ဟန်ဒါမာ ရော်တီ (၅၂-နှစ်) က သတင်းထောက်များ မေးခွန်းကို ပြန်လည် ဖြေဆိုပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးမှာ IAF က ထိန်းချုပ်ထားတဲ့ လေဆိပ် ၂၇-ခုရှိပြီး အဲ့ဒီမှာ အရပ်သားများအတွက် တစ် သီးတစ်ခြားလိုဖြစ်နေကြောင်း၊ စစ်ရေးလုပ်ငန်းများကိုသာ ဦးစားပေးလုပ်ဆောင်လေ့ရှိပြီး တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေးများ လုပ်ဆောင်နေပုံကို ဥပမာတွေ့မြင်နိုင်ကြောင်း၊ မီဇိုရမ်ပြည်နယ်ရဲ့ မဟာဗျူဟာ မြောက် ပထဝီအနေအထားက တရုတ်နိုင်ငံနဲ့လည်း နီးကပ်ကြောင်း၊၊ လိန်ပူရီလေဆိပ်ကို တိုက်ခိုက်ရေး လေ တပ်အခြေစိုက်စခန်းတစ်ခုအဖြစ် တိုးချဲ့တည်ဆောက်ဖွယ်ရှိကြောင်း၊ စစ်လေယာဉ်များရဲ့ စဉ်ဆက်မပြတ်ပျံသန်းမှုနဲ့ ကန့်သတ်မှုများကြောင့် အရပ်ဘက် လေကြောင်း လုပ်ငန်းများ မှာ ကန့်သတ်ခံရနိုင်ပြီး၊ လေယာဉ်ခရီးစဉ်များ လျော့ကျခြင်းဖြင့် ပြည်နယ်စီးပွားရေး တိုးတက်မှုကို ထိခိုက်စေ နိုင်ကြောင်း၊ စစ်ဘက်လေယာဉ်များရဲ့ အသံဆူညံမှုကလည်း အိုင်ဇောလ်မြို့အပါအဝင် ဒေသများကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း။ ဒါ့အပြင် လိန်ပူရီနဲ့ အနီးဆုံးဖြစ်တဲ့ အိုင်ဇောလ်ဒေသတစ်ခုလုံးဟာ စစ် ရေးအရ အရေးပါ စခန်းတစ်ခုသဖွယ် ဖြစ်လာပြီး ပဋိပက္ခများဖြစ်ပွားပါက အဓိကပစ်မှတ်များဖြစ်လာနိုင်တယ်လို့ MNF ပါတီခေါင်းဆောင်က ပြောပါ တယ်။
(ယခုသတင်းပါ မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း “ညီအမ ခုနစ်ဖော်” ခေါ် ကုန်းတွင်းပိတ် ပြည်နယ် ၇-ခုမှာ ပါဝင်ပါတယ်။ အိန္ဒိယဟာ တရားဝင် လူမျိုးစုပေါင်း ၂၀၀၀ ကျော်၊ ဘာသာစကားပေါင်း ၄၂၄ မျိုးနဲ့ မတူကွဲလွဲတဲ့ ယုံကြည်ကိုးကွယ်မှု သောင်းချီ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဟိန္ဒူအများစုဖြစ်ပေမယ့် “နိုင်ငံတော် ဘာသာပြဌာန်းခြင်း မရှိ” တိုင်းပြည်စုဖွဲ့တည်ရှိမှုမှာ ဘာသာရေးကို အခြေခံခြင်း မပါဝင်တဲ့ ကမ္ဘာ့လူဦးရေ အများဆုံး ဒီမိုကရေစီတိုင်းပြည်ကြီးဖြစ်ပါတယ်။ မတူကွဲပြားမှုများနဲ့ အိန္ဒိယမှာ အရှေ့မြောက်ဖျားပြည်နယ် ၇-ခုဟာ ဘာသာရေးနဲ့ လူမျိုးနွယ်ကွဲပြားမှု အများ ဆုံးဒေသကြီးဖြစ်ပြီး သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်လှုပ်ရှားမှုများ ရှိနေပါတယ်။ နီပေါ-ဘူတန်-ဘင်္ဂလားဒေ့ရှ် နိုင်ငံ များကြားမှာ တည်ရှိနေတဲ့အပြင် နယ်ခြားအငြင်းပွားမှုကြောင့် တရားဝင်စစ်ခင်းခဲ့ရဖူးတဲ့ တရုတ်နိုင်ငံနဲ့လည်း မကွာဝေးလှပါ။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပထဝီနိုင်ငံရေး မဟာဗျူဟာမြောက် မီဇိုရမ်ပြည်နယ်ဟာ ဗြိတိသျှကိုလိုနီလက် အောက်မှ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရရှိစဉ် အာသံပြည်နယ်ရဲ့ “လူရှိုင်းတောင်တန်းခရိုင်” ဖြစ်ခဲ့ပြီး ခရစ်ယာန် ဘာသာဝင် ဇိုလူမျိုးတို့ရဲ့ တောင်းဆိုချက်အရ ၁၉၈၇ -ခုနှစ်မှာ ပြည်နယ်သစ်တစ်ခုအဖြစ် သီးခြားခွဲထုတ်ခဲ့ပါ တယ်။ “မီဇို” ဆိုတာ “ဇို လူမျိုး” လို့ အဓိပ္ပါယ်ရပါတယ်။ မြန်မာနိုင်ငံ မကွေးတိုင်းရဲ့ ထက်ဝက်ခန့်သာ ကျယ် ဝန်းတဲ့ ပြည်နယ်တစ်ဝှိုက်ဟာ အိန္ဒိယနိုင်ငံအတွက်လည်း ဇိုမျိုးနွယ်တူ အုပ်စုကွဲ ၆၀ ထက်မနည်း နေထိုင်ရာ ဒေသဖြစ်နေပြီး အဲ့ဒီအနက် မြန်မာဘက်မှာလည်း ၅၀ ခန့် ရောက်ရှိနေပါတယ်။ ပြည်နယ် လက်ရှိဝန်ကြီးချုပ် “လယ်ဒူဟိုးမား” ဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာနိုင်ငံရှိ ဇိုလူမျိုးများကို မီဇိုရမ်မှာ စုစည်းပြီး သီးခြားနယ်မြေသတ်မှတ်ရန် ရည်ရွယ်သူ ဖြစ်ကြောင်း၊ အမေရိကန်ရောက် ဇိုလူမျိုးများ ဖိတ်ကြားချက်အရ လွန်ခဲ့တဲ့နှစ် စက်တင်ဘာ ၂-ရက် မေရီလန်းပြည်နယ်မှာ ရောက်ရှိနေစဉ် အဲ့ဒီအ ကြောင်း ကို ဟောပြောခဲ့ကြောင်း၊ (ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပလက်ဝကို AA က သိမ်းယူပြီး စစ်ကိုင်းတိုင်းနဲ့ ချင်း ပြည်နယ်မှာ နစကနဲ့ ဒေသတွင်း တော်လှန်ရေးတပ်များအကြား တိုက်ပွဲ ပြင်းထန်နေချိန်) ယနေ့ခေတ်ရဲ့ ပထဝီ နိုင်ငံရေး အခင်းအကျင်းအရ မဝေးတဲ့ တစ်နေ့မှာ ဖြစ်နိုင်ချေရှိတယ်လို့ ထင်မှတ်ကြောင်း၊ အဲ့ဒီလို ပေါင်း စည်းကြဖို့ ကံကြမ္မာက ဖန်တီးနေကြောင်း ပြောဆိုတယ်လို့ နယူးဒေလီအခြေစိုက် NDTV ( 5 November 2024) က ရေးသားပါတယ်။
လယ်ဒူဟိုးမား (၇၅-နှစ်) ဟာ ZPM ပါတီထူထောင်ပြီး MNF ပါတီကို အနိုင်မရမီ ပါတီသာကူးမှုဥပဒေအရ ပြည် နယ် လွှတ်တော်အမတ်အဖြစ်မှာ ထုတ်ပယ်ခံခဲ့ရဖူးပြီး ယခုသတင်းပါ MNF ပါတီဟာ မျက်မှောက်ခေတ် အိန္ဒိ ယရဲ့ နိုင်ငံရေး-လုံခြုံရေးမှာ ထူးခြားတဲ့ အစဉ်အလာရှိပါတယ်။ ၁၉၅၉-၁၉၆၀ ခုနှစ် အငတ်ဘေးကျရောက်စဉ် နယူးဒေလီရဲ့ စီမံကိုင်တွယ်ပုံကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံမှ သီးခြားခွဲထွက်ရေး “မီဇိုအမျိုးသားတပ်ဦး” MNF ရဲ့ လက်နက်ကိုင် ပုန်ကန်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ‘ဒါပေမယ့် ၁၉၇၁-ခု နှစ်မှာ အစိုးရနဲ့ MNF အကြား ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့ပြီး မီဇိုဒေသကို သီးခြားပြည်နယ်အဖြစ် အာသံမှ ခွဲထုတ်ခဲ့ကြပါတယ်။
မီဇိုရမ်ပြည်နယ်ရဲ့ ပထဝီနိုင်ငံရေးတည်ရှိမှုဟာ ဘင်္ဂလားဒေ့ရှ်နဲ့လည်း ဆက်နွယ်နေပါတယ်။ ၂၀၂၄-ခုနှစ် ဇန်နဝါရီလတုန်းက ရွေးကောက်ပွဲကို အနှောက်အယှက်ကင်းစွာ ကျင်းပလိုလျှင် နိုင်ငံအတွင်း (စိန့်မာတင် ကျွန်းပေါ်) မှာ လေတပ်အခြေစိုက်စခန်းဖွင့်လှစ်ခွင့်ပြုဖို့ နိုင်ငံခြားတိုင်းပြည်တစ်ခုက ကမ်းလှမ်းဖူးကြောင်း အဲ့ဒီအချိန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူ ရှိတ်ဟာစီနာက ပြောခဲ့ပါတယ်။
ကမ်းလှမ်းတယ်ဆိုတဲ့ ပြည်ပနိုင်ငံရဲ့ အမည်ဖော်ပြခြင်း မရှိပဲ "လူဖြူ" လို့သာ ရည်ညွှန်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အကြားမှာ သီးခြားခရစ်ယာန်နိုင်ငံထူထောင်ရန် ရည်ရွယ်ချက်ရှိကြောင်း ဟာစီနာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်သတင်းစာများနဲ့ NDTV (27 May 2024) က ရေးသားခဲ့ဖူးပါတယ်။
ဘင်္ဂလားပင်လယ်အော်ဒေသမှာ သူတို့အကျိုးစီးပွားတည်ဆောက်လိုတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်က ပြည်တွင်း ရေးမှာ ဝင်ရောက်စွက်ဖက်လျှက်ရှိပြီး အဝါမီလိဂ်အစိုးရကို မတည်မငြိမ်ဖြစ်စေရန် နည်းအမျိုးမျိုးနဲ့ ဆက်လက် ကြိုးပမ်းနေတယ်လို့ သတိပေးခဲ့တဲ့ ဟာစီနာဟာ ၂၀၂၄-ခုနှစ် ကျောင်းသားများ ဦးဆောင်တဲ့ အကြမ်းဖက် ဆန္ဒ ပြမှုများကြောင့် သြဂုတ်လ ၅-ရက်နေ့မှာ တိုင်းပြည်မှ ထွက်ခွာသွားရပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ မီဇိုတို့အပေါ် လွှမ်းမိုးမှု မရှိပေမယ့် မီဇိုရမ်ပြည်နယ်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ယခု နောက်ပိုင်း မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင် ဒုက္ခသည်များလှိုင်းဂယက်ဟာ နှစ်နိုင်ငံစလုံးအပေါ် ဂယက်ရိုက် ခတ်နေတယ်လို့ ဆိုရပါလိမ့်မယ်။ တိုက်ပွဲများဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရခိုင်လက်နက် ကိုင်တိုက သိမ်းယူခြင်း၊ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အိန္ဒိယနယ်စပ်မှာ ဘိန်းစိုက်ပျိုးမှု ကြီးထွားလာခြင်း၊ စိတ်ကြွဆေး လက်နက်နဲ့ လူကုန်ကူးမှုများ ဖြစ်ပွားနေပါတယ်။
အရှေ့တောင်အာရှမှာ လာအို-ထိုင်း-မြန်မာ ၃-နိုင်ငံဆုံရာ “ရွှေတြိဂံဒေသ” ဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော် ကြားပါတယ်။ အလားတူ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံဆုံရာ နယ်မြေကလည်း “ဒုတိယမြောက် ရွှေ တြိဂံ” ဖြစ်လာနေပြီလို့ နိုင်ငံတကာ စစ်ရေးနိုင်ငံရေး လေ့လာသူများက မှတ်ချက်ပေးပါတယ်။
zawgyi version
တ႐ုတ္ႏွင့္အနီးဆုံးျပည္နယ္၏ တစ္ခုတည္းေသာေလဆိပ္ကို ေလတပ္အေျခစိုက္စခန္းမျဖစ္ေရး ကန႔္ကြက္သြားမည္ဟု မီဇိုတပ္ဦးပါတီေျပာ
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၂
အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း မီဇိုရမ္ျပည္နယ္ရဲ႕ တစ္ခုတည္းေသာ ေလယာဥ္ကြင္းကို အိႏၵိယေလတပ္ IAF ထံ လႊဲေျပာင္းေပးဖို႔ “ဇိုရမ္ျပည္သူ႔လႈပ္ရွားမႈပါတီ” ZPM ဦးေဆာင္ ျပည္နယ္အစိုးရက စီစဥ္ေနပါတယ္။ ျပည္ နယ္မွာ အဓိက ျဖစ္တဲ့ “လိန္ပူရီေလဆိပ္” ကို အိႏၵိယစစ္တပ္လက္ မေရာက္ရွိေရး အစြမ္းကန႔္ကြက္သြားမွာ ျဖစ္ေၾကာင္း အတိုက္အခံ “မီဇို အမ်ိဳးသားတပ္ဦး” MNF က ကတိျပဳလိုက္တယ္လို႔ “တိုင္းမ္ေအာ့ဖ္အင္ဒီယား”က ေဖေဖာ္ဝါရီလ ၁ဝ ရက္မွာ ေရးပါတယ္။
ျပည္နယ္အစိုးရရဲ႕ ေလဆိပ္လႊဲေျပာင္းေရးနဲ႔ ပတ္သက္ၿပီး ျပည္နယ္လႊတ္ေတာ္မွာ အေခ်အတင္ေျပာဆိုေနၾက စဥ္ စေနေန႔မွာ MNF ပါတီေခါင္းေဆာင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေလဆိပ္ကို သြားေရာက္ၾကည့္ရႈ ၾကပါတယ္။ ေလဆိပ္ျဖစ္ေပၚလာေအာင္ MNF နဲ႔ ကြန္ဂရက္ပါတီအစိုးရတို႔ လက္ထက္မွာ ႀကိဴးစားခဲ့ၾကရၿပီး ေနာက္ပိုင္းအစိုးရတို႔ကလည္း ေငြေၾကးအခက္အခဲရွိတဲ့ၾကားက ေလဆိပ္ကို ေအာင္ျမင္စြာ လည္ပတ္ႏိုင္ေစခဲ့ ေၾကာင္း၊ ၂၀၂၃-ခုႏွစ္ ဒီဇင္ဘာလမွာ ZPM ပါတီအာဏာရလာၿပီး လယ္ဒူဟိုးမား ဝန္ႀကီးခ်ဳပ္ျဖစ္မွပဲ ေလဆိပ္ တစ္ခုလုံး အိႏၵိယစစ္တပ္လက္ လႊဲေျပာင္းေပးရတယ္ဆိုတာ အေတာ္ရွက္စရာေကာင္းတဲ့ ကိစၥျဖစ္တယ္လို႔ MNF ပါတီေခါင္းေဆာင္ လယ္ခ်ယ္ဟန္ဒါမာ ေရာ္တီ (၅၂-ႏွစ္) က သတင္းေထာက္မ်ား ေမးခြန္းကို ျပန္လည္ ေျဖဆိုပါတယ္။
အိႏၵိယႏိုင္ငံတစ္ဝွမ္းလုံးမွာ IAF က ထိန္းခ်ဳပ္ထားတဲ့ ေလဆိပ္ ၂၇-ခုရွိၿပီး အဲ့ဒီမွာ အရပ္သားမ်ားအတြက္ တစ္ သီးတစ္ျခားလိုျဖစ္ေနေၾကာင္း၊ စစ္ေရးလုပ္ငန္းမ်ားကိုသာ ဦးစားေပးလုပ္ေဆာင္ေလ့ရွိၿပီး တိုက္ခိုက္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရးမ်ား လုပ္ေဆာင္ေနပုံကို ဥပမာေတြ႕ျမင္ႏိုင္ေၾကာင္း၊ မီဇိုရမ္ျပည္နယ္ရဲ႕ မဟာဗ်ဴဟာ ေျမာက္ ပထဝီအေနအထားက တ႐ုတ္ႏိုင္ငံနဲ႔လည္း နီးကပ္ေၾကာင္း၊၊ လိန္ပူရီေလဆိပ္ကို တိုက္ခိုက္ေရး ေလ တပ္အေျခစိုက္စခန္းတစ္ခုအျဖစ္ တိုးခ်ဲ႕တည္ေဆာက္ဖြယ္ရွိေၾကာင္း၊ စစ္ေလယာဥ္မ်ားရဲ႕ စဥ္ဆက္မျပတ္ပ်ံသန္းမႈနဲ႔ ကန႔္သတ္မႈမ်ားေၾကာင့္ အရပ္ဘက္ ေလေၾကာင္း လုပ္ငန္းမ်ား မွာ ကန႔္သတ္ခံရႏိုင္ၿပီး၊ ေလယာဥ္ခရီးစဥ္မ်ား ေလ်ာ့က်ျခင္းျဖင့္ ျပည္နယ္စီးပြားေရး တိုးတက္မႈကို ထိခိုက္ေစ ႏိုင္ေၾကာင္း၊ စစ္ဘက္ေလယာဥ္မ်ားရဲ႕ အသံဆူညံမႈကလည္း အိုင္ေဇာလ္ၿမိဳ႕အပါအဝင္ ေဒသမ်ားကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္ေၾကာင္း။ ဒါ့အျပင္ လိန္ပူရီနဲ႔ အနီးဆုံးျဖစ္တဲ့ အိုင္ေဇာလ္ေဒသတစ္ခုလုံးဟာ စစ္ ေရးအရ အေရးပါ စခန္းတစ္ခုသဖြယ္ ျဖစ္လာၿပီး ပဋိပကၡမ်ားျဖစ္ပြားပါက အဓိကပစ္မွတ္မ်ားျဖစ္လာႏိုင္တယ္လို႔ MNF ပါတီေခါင္းေဆာင္က ေျပာပါ တယ္။
(ယခုသတင္းပါ မီဇိုရမ္ျပည္နယ္ဟာ အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ပိုင္း “ညီအမ ခုနစ္ေဖာ္” ေခၚ ကုန္းတြင္းပိတ္ ျပည္နယ္ ၇-ခုမွာ ပါဝင္ပါတယ္။ အိႏၵိယဟာ တရားဝင္ လူမ်ိဳးစုေပါင္း ၂၀၀၀ ေက်ာ္၊ ဘာသာစကားေပါင္း ၄၂၄ မ်ိဳးနဲ႔ မတူကြဲလြဲတဲ့ ယုံၾကည္ကိုးကြယ္မႈ ေသာင္းခ်ီ ရွိတဲ့ ႏိုင္ငံျဖစ္ပါတယ္။ ဟိႏၵဴအမ်ားစုျဖစ္ေပမယ့္ “ႏိုင္ငံေတာ္ ဘာသာျပဌာန္းျခင္း မရွိ” တိုင္းျပည္စုဖြဲ႕တည္ရွိမႈမွာ ဘာသာေရးကို အေျခခံျခင္း မပါဝင္တဲ့ ကမာၻ႔လူဦးေရ အမ်ားဆုံး ဒီမိုကေရစီတိုင္းျပည္ႀကီးျဖစ္ပါတယ္။ မတူကြဲျပားမႈမ်ားနဲ႔ အိႏၵိယမွာ အေရွ႕ေျမာက္ဖ်ားျပည္နယ္ ၇-ခုဟာ ဘာသာေရးနဲ႔ လူမ်ိဳးႏြယ္ကြဲျပားမႈ အမ်ား ဆုံးေဒသႀကီးျဖစ္ၿပီး သီးျခားကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္လႈပ္ရွားမႈမ်ား ရွိေနပါတယ္။ နီေပါ-ဘူတန္-ဘဂၤလားေဒ့ရွ္ ႏိုင္ငံ မ်ားၾကားမွာ တည္ရွိေနတဲ့အျပင္ နယ္ျခားအျငင္းပြားမႈေၾကာင့္ တရားဝင္စစ္ခင္းခဲ့ရဖူးတဲ့ တ႐ုတ္ႏိုင္ငံနဲ႔လည္း မကြာေဝးလွပါ။
ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အၾကား ပထဝီႏိုင္ငံေရး မဟာဗ်ဴဟာေျမာက္ မီဇိုရမ္ျပည္နယ္ဟာ ၿဗိတိသွ်ကိုလိုနီလက္ ေအာက္မွ အိႏၵိယႏိုင္ငံလြတ္လပ္ေရးရရွိစဥ္ အာသံျပည္နယ္ရဲ႕ “လူရႈိင္းေတာင္တန္းခ႐ိုင္” ျဖစ္ခဲ့ၿပီး ခရစ္ယာန္ ဘာသာဝင္ ဇိုလူမ်ိဳးတို႔ရဲ႕ ေတာင္းဆိုခ်က္အရ ၁၉၈၇ -ခုႏွစ္မွာ ျပည္နယ္သစ္တစ္ခုအျဖစ္ သီးျခားခြဲထုတ္ခဲ့ပါ တယ္။ “မီဇို” ဆိုတာ “ဇို လူမ်ိဳး” လို႔ အဓိပၸါယ္ရပါတယ္။ ျမန္မာႏိုင္ငံ မေကြးတိုင္းရဲ႕ ထက္ဝက္ခန႔္သာ က်ယ္ ဝန္းတဲ့ ျပည္နယ္တစ္ဝႈိက္ဟာ အိႏၵိယႏိုင္ငံအတြက္လည္း ဇိုမ်ိဳးႏြယ္တူ အုပ္စုကြဲ ၆၀ ထက္မနည္း ေနထိုင္ရာ ေဒသျဖစ္ေနၿပီး အဲ့ဒီအနက္ ျမန္မာဘက္မွာလည္း ၅၀ ခန႔္ ေရာက္ရွိေနပါတယ္။ ျပည္နယ္ လက္ရွိဝန္ႀကီးခ်ဳပ္ “လယ္ဒူဟိုးမား” ဟာ အိႏၵိယ-ဘဂၤလားေဒ့ရွ္-ျမန္မာႏိုင္ငံရွိ ဇိုလူမ်ိဳးမ်ားကို မီဇိုရမ္မွာ စုစည္းၿပီး သီးျခားနယ္ေျမသတ္မွတ္ရန္ ရည္႐ြယ္သူ ျဖစ္ေၾကာင္း၊ အေမရိကန္ေရာက္ ဇိုလူမ်ိဳးမ်ား ဖိတ္ၾကားခ်က္အရ လြန္ခဲ့တဲ့ႏွစ္ စက္တင္ဘာ ၂-ရက္ ေမရီလန္းျပည္နယ္မွာ ေရာက္ရွိေနစဥ္ အဲ့ဒီအ ေၾကာင္း ကို ေဟာေျပာခဲ့ေၾကာင္း၊ (ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ပလက္ဝကို AA က သိမ္းယူၿပီး စစ္ကိုင္းတိုင္းနဲ႔ ခ်င္း ျပည္နယ္မွာ နစကနဲ႔ ေဒသတြင္း ေတာ္လွန္ေရးတပ္မ်ားအၾကား တိုက္ပြဲ ျပင္းထန္ေနခ်ိန္) ယေန႔ေခတ္ရဲ႕ ပထဝီ ႏိုင္ငံေရး အခင္းအက်င္းအရ မေဝးတဲ့ တစ္ေန႔မွာ ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ထင္မွတ္ေၾကာင္း၊ အဲ့ဒီလို ေပါင္း စည္းၾကဖို႔ ကံၾကမၼာက ဖန္တီးေနေၾကာင္း ေျပာဆိုတယ္လို႔ နယူးေဒလီအေျခစိုက္ NDTV ( 5 November 2024) က ေရးသားပါတယ္။
လယ္ဒူဟိုးမား (၇၅-ႏွစ္) ဟာ ZPM ပါတီထူေထာင္ၿပီး MNF ပါတီကို အႏိုင္မရမီ ပါတီသာကူးမႈဥပေဒအရ ျပည္ နယ္ လႊတ္ေတာ္အမတ္အျဖစ္မွာ ထုတ္ပယ္ခံခဲ့ရဖူးၿပီး ယခုသတင္းပါ MNF ပါတီဟာ မ်က္ေမွာက္ေခတ္ အိႏၵိ ယရဲ႕ ႏိုင္ငံေရး-လုံၿခဳံေရးမွာ ထူးျခားတဲ့ အစဥ္အလာရွိပါတယ္။ ၁၉၅၉-၁၉၆၀ ခုႏွစ္ အငတ္ေဘးက်ေရာက္စဥ္ နယူးေဒလီရဲ႕ စီမံကိုင္တြယ္ပုံကို မေက်နပ္တဲ့ ဆႏၵျပပြဲေတြဟာ ေနာက္ပိုင္းမွာ အိႏၵိယႏိုင္ငံမွ သီးျခားခြဲထြက္ေရး “မီဇိုအမ်ိဳးသားတပ္ဦး” MNF ရဲ႕ လက္နက္ကိုင္ ပုန္ကန္မႈအျဖစ္ေျပာင္းလဲသြားခဲ့ပါတယ္။ ‘ဒါေပမယ့္ ၁၉၇၁-ခု ႏွစ္မွာ အစိုးရနဲ႔ MNF အၾကား ၿငိမ္းခ်မ္းေရး စတင္ေဆြးေႏြးခဲ့ၿပီး မီဇိုေဒသကို သီးျခားျပည္နယ္အျဖစ္ အာသံမွ ခြဲထုတ္ခဲ့ၾကပါတယ္။
မီဇိုရမ္ျပည္နယ္ရဲ႕ ပထဝီႏိုင္ငံေရးတည္ရွိမႈဟာ ဘဂၤလားေဒ့ရွ္နဲ႔လည္း ဆက္ႏြယ္ေနပါတယ္။ ၂၀၂၄-ခုႏွစ္ ဇန္နဝါရီလတုန္းက ေ႐ြးေကာက္ပြဲကို အေႏွာက္အယွက္ကင္းစြာ က်င္းပလိုလွ်င္ ႏိုင္ငံအတြင္း (စိန႔္မာတင္ ကြၽန္းေပၚ) မွာ ေလတပ္အေျခစိုက္စခန္းဖြင့္လွစ္ခြင့္ျပဳဖို႔ ႏိုင္ငံျခားတိုင္းျပည္တစ္ခုက ကမ္းလွမ္းဖူးေၾကာင္း အဲ့ဒီအခ်ိန္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ထမ္းေဆာင္ေနသူ ရွိတ္ဟာစီနာက ေျပာခဲ့ပါတယ္။
ကမ္းလွမ္းတယ္ဆိုတဲ့ ျပည္ပႏိုင္ငံရဲ႕ အမည္ေဖာ္ျပျခင္း မရွိပဲ "လူျဖဴ" လို႔သာ ရည္ၫႊန္းခဲ့ၿပီး ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏိုင္ငံတို႔အၾကားမွာ သီးျခားခရစ္ယာန္ႏိုင္ငံထူေထာင္ရန္ ရည္႐ြယ္ခ်က္ရွိေၾကာင္း ဟာစီနာကို ကိုးကားၿပီး ဘဂၤလားေဒ့ရွ္သတင္းစာမ်ားနဲ႔ NDTV (27 May 2024) က ေရးသားခဲ့ဖူးပါတယ္။
ဘဂၤလားပင္လယ္ေအာ္ေဒသမွာ သူတို႔အက်ိဳးစီးပြားတည္ေဆာက္လိုတဲ့ ႏိုင္ငံရပ္ျခား တိုင္းျပည္က ျပည္တြင္း ေရးမွာ ဝင္ေရာက္စြက္ဖက္လွ်က္ရွိၿပီး အဝါမီလိဂ္အစိုးရကို မတည္မၿငိမ္ျဖစ္ေစရန္ နည္းအမ်ိဳးမ်ိဳးနဲ႔ ဆက္လက္ ႀကိဳးပမ္းေနတယ္လို႔ သတိေပးခဲ့တဲ့ ဟာစီနာဟာ ၂၀၂၄-ခုႏွစ္ ေက်ာင္းသားမ်ား ဦးေဆာင္တဲ့ အၾကမ္းဖက္ ဆႏၵ ျပမႈမ်ားေၾကာင့္ ၾသဂုတ္လ ၅-ရက္ေန႔မွာ တိုင္းျပည္မွ ထြက္ခြာသြားရပါတယ္။ ျမန္မာ့ယဥ္ေက်းမႈဟာ မီဇိုတို႔အေပၚ လႊမ္းမိုးမႈ မရွိေပမယ့္ မီဇိုရမ္ျပည္နယ္ရဲ႕ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြနဲ႔ ယခု ေနာက္ပိုင္း ျမန္မာႏိုင္ငံဘက္မွ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားလႈိင္းဂယက္ဟာ ႏွစ္ႏိုင္ငံစလုံးအေပၚ ဂယက္႐ိုက္ ခတ္ေနတယ္လို႔ ဆိုရပါလိမ့္မယ္။ တိုက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းကို ရခိုင္လက္နက္ ကိုင္တိုက သိမ္းယူျခင္း၊ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနတဲ့ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္ အိႏၵိယနယ္စပ္မွာ ဘိန္းစိုက္ပ်ိဳးမႈ ႀကီးထြားလာျခင္း၊ စိတ္ႂကြေဆး လက္နက္နဲ႔ လူကုန္ကူးမႈမ်ား ျဖစ္ပြားေနပါတယ္။
အေရွ႕ေတာင္အာရွမွာ လာအို-ထိုင္း-ျမန္မာ ၃-ႏိုင္ငံဆုံရာ “ေ႐ႊႀတိဂံေဒသ” ဟာ ကမာၻမွာ နာမည္ဆိုးနဲ႔ ေက်ာ္ ၾကားပါတယ္။ အလားတူ အိႏၵိယ-ျမန္မာ-ဘဂၤလားေဒ့ရွ္ သုံးႏိုင္ငံဆုံရာ နယ္ေျမကလည္း “ဒုတိယေျမာက္ ေ႐ႊ ႀတိဂံ” ျဖစ္လာေနၿပီလို႔ ႏိုင္ငံတကာ စစ္ေရးႏိုင္ငံေရး ေလ့လာသူမ်ားက မွတ္ခ်က္ေပးပါတယ္။