အာဂျင်တီးနား ဖမ်းဝရမ်း အမှုကိစ္စကို “ရိုဟင်ဂျာ_ဂျီနိုဆိုက်” မှုဖြစ်ကြောင်းပင် သိရှိကြဟန်မတူပါ (ဘာသာပြန် ဆောင်းပါး)

 174

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၆
မြန်မာကို ဂမ်ဘီယာက စတင်တရားစွဲဆိုတဲ့ ၂ဝ၁၉ ခုနှစ်မှာပဲ “ဂျီနိုဆိုက် ဆိုတာ ဘာလဲ” “ICC, ICJ တို့ အကြောင်း” ပရင့်တက်မီဒီယာများမှာ ကျွန်တော် ရေးသားခဲ့ပါတယ်။
အာဂျင်တီးနားအမှုဟာ နိုင်ငံတစ်နိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တတိယနိုင်ငံတစ်နိုင်ငံက ကြားဝင် ကြားနာ ခြင်းဖြစ်ပါတယ်။ နိုင်ငံအတော်များများမှာ သူတို့နိုင်ငံ ဥပဒေအရ အဲဒီလိုဆောင်ရွက်ခွင့်မရှိကြဘဲ၊ ကြားနာနိုင်တဲ့ တိုင်းပြည်အနည်းငယ်မှာ အာဂျင်တီးနားနိုင်ငံ ပါဝင်နေပါတယ်။

အာဂျင်တီးနားတရားရုံး ရိုဟင်ဂျာ ဂျီနိုဆိုက်မှုကို အဲ့ဒီအချိန် ၂၀၁၉-ခုနှစ်ကတည်းက NLD အစိုးရရော၊ တပ် မတော်ကပါ ကောင်းကောင်း သိပါတယ်။ အသိအမှတ် မပြု (ဂရုမစိုက်ကြောင်း) အဲ့ဒီအချိန် သမ္မတရုံး ပြောခွင့် ရ ဦးဇော်ဌေးက ဆိုခဲ့ပါတယ်။
အဲဒါကြောင့် အာဂျင်တီးနား တရားရုံးက ဘယ်လို ဝရမ်းမျိုး ထုတ်သည်ဖြစ်စေ သူနဲ့ သဘောတူစာချုပ်ချုပ်ဆိုထား တဲ့ နိုင်ငံများသာလျှင် စိတ်ဝင်စားကြပါလိမ့်မယ်။
ဒါပေမယ့် အာဂျင်တီးနားက အခုလိုကြားနာမယ်ဆိုခြင်းဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး OHCHR က မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံတကာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ စစ်ဆေးတွေ့ရှိချက်များအရ ဖြစ်ပါတယ်။
IIMM အကြောင်း၊ အဲဒီအဖွဲ့ရဲ့စစ်ဆေးတွေ့ရှိတယ်ဆိုတဲ့သတင်းများ၊ နောက် အဲဒီအချိန် IIMM အဖွဲဝင် အင်ဒိုနီးရှား ရှေ့နေချုပ် “မာဇူကီ ဒါရူစမန်” ရဲ့ အလွတ်သဘောပြောဆိုချက်များ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်း ဒါရူစမန်နဲ့ မြန်မာတို့ အချစ်တုံးကြီး “ရန်ဟီလီး” တို့ရဲ့ ဘယ်သူ့အထောက် အပံ့နဲ့မှန်းမသိ ဖွဲ့စည်းထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ” SAC-M အကြောင်း သတင်း ပေါင်းများစွာကို ကျွန်တော် မြန်မာဘာသာပြန်ဆို ရေးသားခဲ့ ပြီးပါပြီ
တကယ်တော့ ICC သည်ပင်လျှင် ရောမသဘောတူစာချုပ် အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာလို နိုင်ငံအပေါ် စီရင်ခွင့်မရှိ ကြောင်း လွန်ခဲ့တဲ့ရက် အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဖမ်းဝရမ်းကိစ္စမှာ ဒေါ်နယ်ထရမ့် ပြောပုံကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ ဒေါ်နယ်ထရမ့် မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်တို့သည် အစ္စရေးလို တိုင်းပြည်ရဲ့ ခေါင်းဆောင်များလည်း မဟုတ်ပါ။ ဒါ့ကြောင့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံ-လက်မခံဖြစ်စေ၊ IIMM ကို အခြေခံပြီး အာဂျင်တီးနားက ဝရမ်းထုတ်ခြင်းကြောင့် တရားရုံးချင်း သဘောထားတူညီပုံ အရ ICC ကလည်း အဲဒီအတိုင်းပဲ ဝရမ်းထုတ်ရန် သေချာကြောင်း မျှော်လင့်ထားရပါလိမ်မယ်။
..
#HtayOung, #OungMarine

Zawgyi Version:
အာဂ်င္တီးနား ဖမ္းဝရမ္း အမႈကိစၥကို “႐ိုဟင္ဂ်ာ_ဂ်ီႏိုဆိုက္” မႈျဖစ္ေၾကာင္းပင္ သိရွိၾကဟန္မတူပါ (ဘာသာျပန္ ေဆာင္းပါး)
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၆
ျမန္မာကို ဂမ္ဘီယာက စတင္တရားစြဲဆိုတဲ့ ၂ဝ၁၉ ခုႏွစ္မွာပဲ “ဂ်ီႏိုဆိုက္ ဆိုတာ ဘာလဲ” “ICC, ICJ တို႔ အေၾကာင္း” ပရင့္တက္မီဒီယာမ်ားမွာ ကြၽန္ေတာ္ ေရးသားခဲ့ပါတယ္။
အာဂ်င္တီးနားအမႈဟာ ႏိုင္ငံတစ္ႏိုင္ငံရဲ႕လူ႔အခြင့္အေရးနဲ႔ပတ္သက္ၿပီး တတိယႏိုင္ငံတစ္ႏိုင္ငံက ၾကားဝင္ ၾကားနာ ျခင္းျဖစ္ပါတယ္။ ႏိုင္ငံအေတာ္မ်ားမ်ားမွာ သူတို႔ႏိုင္ငံ ဥပေဒအရ အဲဒီလိုေဆာင္႐ြက္ခြင့္မရွိၾကဘဲ၊ ၾကားနာႏိုင္တဲ့ တိုင္းျပည္အနည္းငယ္မွာ အာဂ်င္တီးနားႏိုင္ငံ ပါဝင္ေနပါတယ္။

အာဂ်င္တီးနားတရား႐ုံး ႐ိုဟင္ဂ်ာ ဂ်ီႏိုဆိုက္မႈကို အဲ့ဒီအခ်ိန္ ၂၀၁၉-ခုႏွစ္ကတည္းက NLD အစိုးရေရာ၊ တပ္ မေတာ္ကပါ ေကာင္းေကာင္း သိပါတယ္။ အသိအမွတ္ မျပဳ (ဂ႐ုမစိုက္ေၾကာင္း) အဲ့ဒီအခ်ိန္ သမၼတ႐ုံး ေျပာခြင့္ ရ ဦးေဇာ္ေဌးက ဆိုခဲ့ပါတယ္။
အဲဒါေၾကာင့္ အာဂ်င္တီးနား တရား႐ုံးက ဘယ္လို ဝရမ္းမ်ိဳး ထုတ္သည္ျဖစ္ေစ သူနဲ႔ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုထား တဲ့ ႏိုင္ငံမ်ားသာလွ်င္ စိတ္ဝင္စားၾကပါလိမ့္မယ္။
ဒါေပမယ့္ အာဂ်င္တီးနားက အခုလိုၾကားနာမယ္ဆိုျခင္းဟာ ကုလသမဂၢ လူ႔အခြင့္အေရး OHCHR က ျမန္မာႏိုင္ငံ ဆိုင္ရာ ႏိုင္ငံတကာလြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရား IIMM ရဲ႕ စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ျဖစ္ပါတယ္။
IIMM အေၾကာင္း၊ အဲဒီအဖြဲ႕ရဲ႕စစ္ေဆးေတြ႕ရွိတယ္ဆိုတဲ့သတင္းမ်ား၊ ေနာက္ အဲဒီအခ်ိန္ IIMM အဖြဲဝင္ အင္ဒိုနီးရွား ေရွ႕ေနခ်ဳပ္ “မာဇူကီ ဒါ႐ူစမန္” ရဲ႕ အလြတ္သေဘာေျပာဆိုခ်က္မ်ား၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ေနာက္ပိုင္း ဒါ႐ူစမန္နဲ႔ ျမန္မာတို႔ အခ်စ္တုံးႀကီး “ရန္ဟီလီး” တို႔ရဲ႕ ဘယ္သူ႔အေထာက္ အပံ့နဲ႔မွန္းမသိ ဖြဲ႕စည္းထားတဲ့ “ျမန္မာႏိုင္ငံဆိုင္ရာ အထူးအႀကံေပးေကာင္စီ” SAC-M အေၾကာင္း သတင္း ေပါင္းမ်ားစြာကို ကြၽန္ေတာ္ ျမန္မာဘာသာျပန္ဆို ေရးသားခဲ့ ၿပီးပါၿပီ
တကယ္ေတာ့ ICC သည္ပင္လွ်င္ ေရာမသေဘာတူစာခ်ဳပ္ အဖြဲ႕ဝင္မဟုတ္တဲ့ ျမန္မာလို ႏိုင္ငံအေပၚ စီရင္ခြင့္မရွိ ေၾကာင္း လြန္ခဲ့တဲ့ရက္ အစၥေရးဝန္ႀကီးခ်ဳပ္နဲ႔ ကာကြယ္ေရးဝန္ႀကီး ဖမ္းဝရမ္းကိစၥမွာ ေဒၚနယ္ထရမ့္ ေျပာပုံကို ၾကည့္ျခင္းျဖင့္ သိႏိုင္ပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ ေဒၚနယ္ထရမ့္ မဟုတ္၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္ခ်ဳပ္တို႔သည္ အစၥေရးလို တိုင္းျပည္ရဲ႕ ေခါင္းေဆာင္မ်ားလည္း မဟုတ္ပါ။ ဒါ့ေၾကာင့္ ႀကိဳက္သည္ျဖစ္ေစ မႀကိဳက္သည္ျဖစ္ေစ၊ လက္ခံ-လက္မခံျဖစ္ေစ၊ IIMM ကို အေျခခံၿပီး အာဂ်င္တီးနားက ဝရမ္းထုတ္ျခင္းေၾကာင့္ တရား႐ုံးခ်င္း သေဘာထားတူညီပုံ အရ ICC ကလည္း အဲဒီအတိုင္းပဲ ဝရမ္းထုတ္ရန္ ေသခ်ာေၾကာင္း ေမွ်ာ္လင့္ထားရပါလိမ္မယ္။
..
#HtayOung, #OungMarine

Related news

© 2021. All rights reserved.