မြန်မာ့မြေကို ထိုးမွှေနေတဲ့ ကျားဖျန့် မြစ်ပွားနာ

517

သုတကျော်
ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်တွင် ကျားဖျန့်၊ လူမှောင်ခိုနှင့်ပတ်သက်၍ ဖမ်းဆီး၊ ပြန်ပို့သည့်လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ယင်းဇာတ်လမ်းများ၏ အစကား တရုတ်သရုပ်ဆောင် ဝမ်ရှင်းဖြစ်သည်။
ဝမ်းရှင်း၏ဖြစ်စဉ်အပြီးတွင် ကျားဖျန့်များကို ဖမ်းဆီးရန် တရုတ်အစိုးရဘက်မှ ပြင်းပြင်းထန်ထန် အာရုံစိုက် လာခြင်းနှင့်အတူ ပထမဆုံးပစ်မှတ်ဖြစ်သွားသူမှာ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ခေါ် BGF ဖြစ်သည်။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကိုပင် ထိုင်းဘက်က ဝရမ်းထုတ်မည်ဟု ဆိုလာခဲ့သည်။
ယင်းမတိုင်မီကပင် တရုတ်အစိုးရဘက်မှ စေလွှတ်ထားသော ထောက်လှမ်းရေးများမှာ ထိုင်း -မြန်မာ နယ်စပ် တစ်လျှောက်တွင်ရှိနေခဲ့ပြီး အချို့ဆိုလျှင် အသွင်ယူကာ ကျားဖျန့်လုပ်ငန်းများကိုပင် ပါဝင်ဆောင်ရွက်နေသူများရှိ ကြောင်း သိရသည်။ မြန်မာအစိုးရနှင့်လည်း တရုတ်က အဆက်အသွယ် အဆက်မပြတ်ရယူကာ ကျားဖျန့်အရေးကို လောက်ကိုင်ဖြစ်စဉ်အပြီး ဆက်လက်၍ မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယခင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတွင် ပါဝင်လုပ်ဆောင်ခဲ့ဖူးသူ ဦးညိုအုန်းမြင့်က ၎င်း၏လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ပို့စ်တစ်ခု ရေးသားခဲ့သည်။
“ကိုချစ်သူကိုရွေးပြီး မီဒီယာပေါ်မှာရော၊ ထိုင်းဘက်ကပါ (ဦး)အံ့ကျော်ကြီးဇာတ်ရုပ်သွင်းလိုက်တာ။ ကျွန်တော် ပထမထင်ထားတဲ့ကျန်တဲ့ ချီဘူးတို့၊ လူကြမ်းတချို့မပါလာတော့ ဟာခနဲမဖြစ်ပါဘူး။ ရုပ်ရှင်ရိုက်ပါတယ်ဆိုမှ သတင်းမှတ်တမ်းမှမဟုတ်တာ။ producer ရော၊ ငွေထုတ်ပြီးရုပ်ရှင်ရိုက်ဖို့လူတွေပါ ကိုယ်ကြိုက်တဲ့ဇာတ်လမ်းကို ရွေးရိုက်မှာ ပေါ့” ဟု ၎င်းက ရေးသားသည်။
ဝမ်းရှင်း ဖြစ်စဉ်ပြီးနောက် ဖြစ်စဉ်များက အလျင်အမြန်ပင် ဖြစ်ပျက်သွားသည်ဟု ပြောရမည်။ လောက်ကိုင်တွင် ကျားဖျန့်အရေးနှင့်အတူ MNDAA ၏ နေရာလုတိုက်ပွဲ ပေါ်ပေါက်ခြင်းကို နမူနာယူဟန်တူသော BGF ကလည်း ကျားဖျန့်၊ လူမှောင်ခိုအရေးနှင့်ပတ်သက်၍ တိုက်ဖျက်ရန် စာထုတ်သည်။ ထို့ပြင် မြေရာငှားရမ်းခြင်းသာဖြစ်ကြောင်းနှင့် မူလကပင် လူမှောင်ခိုကူးခံရသူများကို ပြန်လည်ပေးပို့ခဲ့ခြင်းများရှိကြောင်း ပြောကြားသည်။ ထို့ပြင် KNA ခေါ် Karen National Army ယောင်ယောင် BGF ယောင်ယောင်ဖြစ်နေသော အနှီတပ်ဖွဲ့များ လေသံပြောင်းလာသည်။ ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်ခဲ့သော BGF ဗိုလ်မှူးကြီးစောချစ်သူ၏ အင်တာဗျူးတွင် ကျားဖျန့်၊ လူမှောင်ခိုနှင့် ပတ်သက်၍ အထူးအဖွဲ့ကို ဖွဲစည်းကာ တစ်ယောက်မကျန်ဖမ်းပြီးပြန်ပို့မည်ဖြစ်ကြောင်းနှင့် ထိုသို့ဖွဲစည်းကာ ဖမ်းမည်ဖြစ်ကြောင်းကို တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကိုလည်း တင်ပြခိုင်းပြီးဖြစ်ကြောင်း ပြောသည်။
ထို့သို့ပြောနေစဉ် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း BGF ဘက်က ကျားဖျန့်အလုပ်ရုံများမှ လူကုန်ကူးခံရသူများကို ပြန်ပို့ခြင်းများရှိခဲ့သကဲ့သို့ BGF ကလည်း အလားတူလုပ်လာခဲ့သည်။ ထို့ပြင် DKBA ဘက်ကလည်း ၎င်းတို့တာဝန် ခံဖွင့်ထားသော မြဝတီမြို့နှင့်အနီးတစ်ဝိုက်မှ ဂိမ်းဆိုင်များနှင့် အာဝါဒေး (Our Days) အားလုံး အပြီးပိတ်သိမ်းရန် စာထုတ်သည်။ များမကြာမီ ဗိုလ်မှူးကြီးလေးဦး ခေါင်းဆောင်ပါဝင်သော ကျားဖျန့်၊ လူမှောင်ခို ပပျောက်နှိမ်နင်းရေး အတွက် အထူးအဖွဲ့ကို BGF က ပြီးခဲ့သည့် ရက်ပိုင်းတွင် စတင်ဖွဲ့စည်းကာ ဖေဖော်ဝါရီလ (၁၄) ရက်တွင် ရွှေကုက္ကိုနှင့် မြဝတီမြို့တို့တွင် လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ (၁၄)ရက် နေ့စွဲဖြင့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးထံ လိပ်မူရေး သားထားသော ဗိုလ်မှူးကြီး စောချစ်သူ၏ စာထွက်ပေါ်ရာ ယင်းစာအတွင်း ကျားဖျန့်တိုက်ဖျက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ခေါင်းစဉ်တပ်ထားသည်။ ဒုစရိုက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ၊ လူကုန်ကူးမှုနှင့် လိမ်လည် လှည့် ဖြားမှု လုပ်ဆောင်သူများကို ထိုင်းနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ ပူးပေါင်း၍ လျင်မြန်စွာ ပြန်လည်ပို့ ဆောင် မည်ဖြစ်ပြီး ပိုမိုမြန်ဆန်ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒုတိယဝန်ကြီးချုပ်မှ လိုအပ်သကဲ့သို့ လမ်း òန်ကူညီမှုပြုနိုင်ရန် တင်ပြသည်ဟု ဖော်ပြထားသည်။ ယင်းက လက်ရှိအခြေအနေ ဖြစ်သည်။
ကျားဖျန့်ဇာတ်လမ်း၏အစကိုပြန်သွားရန် အတွက် လောက်ကိုင်အရေးကို အနည်းငယ်တို့ထိ ရန်လိုအပ်သည်။ လောက်ကိုင်တွင် တိုက်ပွဲများ ဖြစ်ပြီးနောက် ယင်းဒေသမှကျားဖျန့်များသည် ၎င်းတို့၏ လုပ်ငန်းတူ ကျားဖျန့်သမား များရှိရာ ထိုင်း-မြန်မာ နယ်စပ်သို့ သုတ်ခြေတင်ခဲ့ကြသည်။ ယင်းနေရာမှ ပြောင်းရွှေ့လာကြသူများက ဘုရားသုံး ဆူဘက်နှင့် ကျောက်ခတ် ရွာဘက်သို့ ရောက်ရှိသွားခဲ့ကြောင်း DKBA နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ရွှေကုက္ကိုမှာ စည်းနဲ့ကမ်းနဲ့ မနေနိုင်တဲ့သူတွေက ကျောက်ခတ်ကို သွားတယ်။ ဘုရားသုံးဆူကို သွားတယ်။ (၁၁) လပိုင်းမှာ (DKBA) က သတင်းထုတ်ပြန်တယ်လေ။ ဘုရားသုံးဆူဘက်က DKBA က ကားတွေနဲ့ လာသယ်နေတာ။ ဘုရားသုံး ဆူဘက် သွားတယ်၊ ကျောက်ခတ်ဘက်သွားတယ်။ တကယ်တမ်း အဆိုးဆုံးအချက်က လူမှောင်ခို ကိစ္စကို ကိုင်တွယ်နေတာက ကျောက်ခတ်က လုပ်နေတာ။ မင်းသား ဝမ်းရှင်းကို တွေ့ခဲ့တာက DKBA ထိန်း ချုပ်နေတဲ့ ဝေါလေက တရုတ်ဆိုက်မှာ တွေ့ခဲ့တာ” ဟု ယင်းက ဆိုသည်။
ကျောက်ခတ်ကျေးရွာသည် ကျားဖျန့် လုပ်ငန်းများအတွက် နာမည်ကျော် နေရာတစ်ခုအဖြစ် ယခု အခါရောက်ရှိ သွားပြီဖြစ်သည်။ ယင်းကျေးရွာ၏ မြေပြင်အခြေအနေများ လေ့လာကြည့်ရှုခဲ့ရာတွင်လည်း တည်ဆောက်ဆဲ အဆောက် အအုံများစွာကို မြင်တွေ့ရသည်။ ယခင်က ရွာငယ်ဟုပင် မခေါ်နိုင်သော အနေအထားမှသည် ယခုအခါ မြို့ငယ်တစ်ခု အသွင်တဖြည်းဖြည်းပြောင်းလဲလာနေခြင်းဖြစ်သည်။
အဆိုပါကျေးရွာ၏ မလှမ်းမကမ်းတွင်လည်း ကျားဖျန့်များနှင့် ပတ်သက်ဖွယ်ရှိသော အဆောက်အအုံများကို တွေ့မြင်ရသည်။ ထူးခြားသည်မှာ အဆောက်အအုံအားလုံးသည် ရှည်မျောမျောပုံစံရှိပြီး အသစ်များဖြစ်သည့်အပြင် ဆောက်လက်စ အဆောက်အအုံများလည်း များပြားသည်။ DKBA က လူမှောင်ခိုကူးခံရသူများကို ယင်းရွာဂိတ်မှတစ်ဆင့် ထိုင်း ဘက်သို့ ပြန်လည် လွှဲပြောင်းပေးနေခြင်းလည်း ဖြစ်သည်။
ကျားဖျန့်များ၏အရေးနှင့်ပတ်သက်၍ မြန်မာ-ထိုင်းနယ်စပ်တွင် အလုပ်များနေသောကာလက အားလုံးမေ့နေ သောတစ်ချက်မှာ KNU ဖြစ်သည်။ မြန်မာ-ထိုင်းနယ်စပ်မှ ကျားဖျန့်များအရေးတွင် အကျိုးစီးပွားအလို့ငှာ ပါဝင်ခဲ့ဖူးသော KNU ဘက်မှ မည်သည့်အသံမှ ထွက်မလာသေးသည်မှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။ ယခင်က ကျားဖျန့်များကို ဖမ်းဆီးရေးနှင့်ပတ်သက်၍ အသံကောင်းဟစ်ခဲ့ဖူး သော KNU သည် ယခု အမှန်တကယ် ဖမ်းဆီးမှုများ ရှိလာသောအခါ အသံတိတ်နေသည်။ နောက်ဆုံး သိရသော အခြေအနေများအရ ကျားဖျန့်လုပ်သူများကို DKBA က နေရာရွှေ့ရန် ပြင်ဆင်လာသည်။
“ဘုရားသုံးဆူကနေ (ကျားဖျန့်လုပ်တဲ့) တရုတ် တွေကို ထီလောင်စူး ရေတံခွန်ဆီ ရွှေ့ထားတယ်” ဟု ယင်းက နောက်ဆုံးအခြေအနေကို ပြောသည်။ ထီလောင်စူး ရေတံခွန်သည်လည်း ကျားဖျန့်များ၏ နောက်ဆုံး ခိုနားရာတစ်ခု မဟုတ်သေးပေ။ ယင်းဒေသမှ ထွက်ခွာတိမ်းရှောင်လာမည့် ကျားဖျန့်များအတွက် အခြားနေရာများလည်း လတ်တလောတွင် ရှိနေသည်။ ‘‘ DKBA က ဗိုလ်အေဝမ်းရွာကိုလည်း ပို့ထားတာ ရှိတယ်” ဟု အခြားဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ဆိုသည်။ ကျားဖျန့်များအရေးနှင့် ပတ်သက်၍ အားလုံးမေ့နေသော အချက်တစ်ချက်မှာ နောက်ဆက်တွဲ အရေးယူမည့်အခြေအနေဖြစ်ကြောင်း ကျားဖျန့်တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေသူ ကိုဝေယံက ဆိုသည်။ “ကျားဖျန့် လူကုန်ကူး ခံရတဲ့သူတွေကို ကယ်ထုတ်တယ်တဲ့။ လူကုန်ကူးခံရ တဲ့သူတွေကို ဘာကြောင့်မဖမ်းလဲဆိုတာ မေးခွန်း ထုတ်ချင်တာ။ လူကုန်ကူးဖြစ်စဉ်ကြီးတစ်ခုမှာပါတဲ့ သူတွေကို လူကုန်ကူးခံရတဲ့သူ မေးလိုက်တာနဲ့ပေါ် မှာလေ။ အဲဒါကို ဘာကြောင့်မဖမ်းတာလဲ” ဟု ၎င်းက မေးခွန်းထုတ်ပြောကြားသည်။ အထက်ပါ ကျားဖျန့်များကို ရွှေ့ပြောင်းသည့် အခြေအနေနှင့်ပတ်သက်၍ ကိုဝေယံက ရယ်စရာတစ်ခုဟု ဆိုသည်။ ‘‘သာ ကေတ-ဒေါပုံ ကနေ သခင်မြပန်းခြံကို ရွှေ့တယ်လို့ ပြောသလိုပဲ။ ဒါက ရယ်စရာကောင်းတယ်။ ဟိုဘက် နိုင်ငံကိုကူးသွားတယ်ဆို နားထောင်လို့ ကောင်းတယ်” ဟု ၎င်းကဆိုသည်။ ကျားဖျန့်ကို နှိမ်နင်းရန်အတွက် ထိုင်းဘက်က ခြစားမှုမရှိရန်လည်းလိုအပ်ကြောင်း ဦးညိုအုန်း မြင့်ကဆိုသည်။
“ထိုင်း အတိုက်အခံလွှတ်တော်အမတ် ထောက်ပြတာရှင်းတယ်။ ထိုင်းအစိုးရက ဆီဖြတ်၊ မီးဖြတ်၊ အင်တာနက် ဖြတ်ပေမယ့် တရားမဝင် သောင်ရင်းမြစ်ကို နေရာအသီးသီးဖြတ်ဖို့ ကူးတို့ဆိပ် (၅၉) ဆိပ်က ကျားဖျန့်လိုအပ်ချက်ကို ရပါတယ်လို့ပြောတာ တွေ့လိုက်ပါတယ်။ ထိုင်းဘက်က ခြစားမှုရှိနေသ၍ ကျားဖျန့်ငွေလိမ်ဂိုဏ်းတွေ အလုပ်လုပ်နေဦး မှာ။ တရုတ်၊ ထိုင်းမြန်မာပေါင်းစပ်ညှိနှိုင်းမှု တိတိကျကျ မရှိသေးရင် လှေဝမ်းပေါက်ကရေကို နို့ဆီခွက်နဲ့ခပ် ထုတ်တာနဲ့တူပြီး ကုန်မယ်မထင်ပါ” ဟု ဦးညို အုန်းမြင့်က ရေးသားထားသည်။
မည်သို့ပင်ဆိုစေကာမူ ကျားဖျန့်များသည် လောက်ကိုင်အပြီးတွင် ပျံ့သွားသည်က သေချာသည်။ သို့သော် ယင်းကတွေးဆချက်တစ်ခုသာ ဖြစ်ပါလိမ့်မည်။ ယင်းမတိုင်မီကပင် အခြားနေရာ များတွင် ရောက်ရှိအခြေပြုခြင်း များလည်း ရှိနိုင်သည်။ နိုင်ငံတော်အစိုးရကလည်း ကျားဖျန့်များကို ဖမ်းဆီးရေး အတွက် အရှိန်မြှင့် ဆောင်ရွက်နေသည်။ အနီးစပ်ဆုံးဖြစ်စဉ်အနေဖြင့် ယခုလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်အတွင်းရှိ မိုင်းဟဒေသတွင် ကျားဖျန့်လုပ်ဆောင်နေသူများကို ဖမ်းဆီးရမိသေးသည်။
ယင်းကား မြန်မာနိုင်ငံက ကျားဖျန့်များအနက် တစ်ဖွဲ့သာ ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်တွင် ဖင်ပူလာ ပြီဖြစ်သော ကျားဖျန့်များသည် ယခုအခါ ၎င်းတို့အတွက် အသက်ရှူပေါက်နေရာများကို ထပ်မံ ရှာဖွေနေလေပြီ။ အချို့က အသက်ရှူပေါက်နေရာများ ကို တွေ့ပင် တွေ့သွားကြသွားကြလေသည်။ ‘‘တ ချို့လူတွေက ရန်ကုန်ထဲကိုရွှေ့လာတယ်။ ရန် ကုန်ထဲက တချို့ဟိုတယ်တွေကို အလုံးလိုက် ငှားပြီး တော့တောင် ကျားဖျန့်လုပ်နေတာ။ ရန်ကုန်ထဲမှာ ကျားဖျန့်ရှိ နေပြီ။ ဟိုတယ်နာမည်ကတော့ ပြောဖို့ မသင့်လို့ မပြောတော့တာပါ၊ လှိုင်သာယာ ၤြှု တို့ ဘာတို့မှာလည်း သတိထားသင့်တယ်” ဟု ကျားဖျန့်များအရေးနှင့် ပတ်သက်၍ သိရှိသူတစ်ဦးကဆိုသည်။ လောက်ကိုင်ဖြစ်စဉ် အပြီးတွင်လည်း မျက်နှာစိမ်း တရုတ်များစွာ ရန်ကုန်မြို့သို့ ရောက်လာခဲ့ကြသည်။ ငွေကြေးအကုန်အကျများခြင်းကို မမှုကြ သူများလည်း ဖြစ်သည်။ အိမ်များဝယ်သည်။ အချို့ ရပ်ကွက်များတွင် နေ့ချင်းညချင်းပင် မျက်နှာစိမ်း များစွာ ရောက်ရှိလာကြသည်။ ‘‘ကိုယ့်အိမ်နားမှာ တရုတ်တွေ ရောက်နေတော့သွားပြီး ရောဖို့ကလည်း စကားမှမတတ်တာ။ သူတို့ကတောင် ကိုယ့်ကို ထူးဆန်းသလို လာကြည့်နေသေးတာ” ဟု ရန်ကုန် တိုင်းဒေသကြီး ပုလဲမြို့သစ်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ ရန်ကုန်ပင်မဟုတ်သေးပါ။ ကျားဖျန့်များ သည် မန္တလေးမြို့တွင် လည်းရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ တအိအိဖြင့် စိမ့်ဝင်နေခြင်းလည်း ဖြစ်သည်။ မကြာမီတွင် ကျားဖျန့်နှင့်ပတ်သက်၍ သတင်းများ ထွက်ပေါ်လာ နိုင်ဖွယ်ရှိသည်။ ကျားဖျန့် လုပ်သူ တရုတ်များကား မြန်မာနိုင်ငံသားများကို ပြန်လိမ်လည်ခြင်းနည်းပါးသော်လည်း မြန်မာ့မြေပေါ် သို့ လာရောက်ကာ ခုတုံးလုပ် အသုံးချနေခြင်းအတွက် ဆိုးကျိုးကိုခံရသူများကား မြန်မာနိုင်ငံပင်။ မြန်မာ နိုင်ငံသို့ ခရီးသွားရန်အတွက် ကြောက်သွားသည်။ အခြားဆိုးကျိုးများမှာလည်း မနည်းမနောပင်။
ကျားဖျန့် မြစ်ပွားနာများသည်ကာ ဟိုရွေ့ သည်ရွေ့ဖြင့် မြန်မာမြေပေါ်တွင် ခြေကုပ်ရခြင်းကို ဆက်လက် ခွင့်ပြုမည်လား ဆိုခြင်းကလည်း မေးခွန်း တစ်ခုပင်ဖြစ်သည်။ ယင်းမေးခွန်းကို အားလုံးကပင် ဖြေဆိုကြရပေလိမ့်မည်။
Zawgyi Version:
ျမန္မာ့ေျမကို ထိုးေမႊေနတဲ့ က်ားဖ်န႔္ ျမစ္ပြားနာ
သုတေက်ာ္
ၿပီးခဲ့သည့္ရက္ပိုင္းက ထိုင္း-ျမန္မာ နယ္စပ္တစ္ေလွ်ာက္တြင္ က်ားဖ်န႔္၊ လူေမွာင္ခိုႏွင့္ပတ္သက္၍ ဖမ္းဆီး၊ ျပန္ပို႔သည့္လုပ္ငန္းမ်ား အရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့သည္။ ယင္းဇာတ္လမ္းမ်ား၏ အစကား တ႐ုတ္သ႐ုပ္ေဆာင္ ဝမ္ရွင္းျဖစ္သည္။
ဝမ္းရွင္း၏ျဖစ္စဥ္အၿပီးတြင္ က်ားဖ်န႔္မ်ားကို ဖမ္းဆီးရန္ တ႐ုတ္အစိုးရဘက္မွ ျပင္းျပင္းထန္ထန္ အာ႐ုံစိုက္ လာျခင္းႏွင့္အတူ ပထမဆုံးပစ္မွတ္ျဖစ္သြားသူမွာ နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္) ေခၚ BGF ျဖစ္သည္။ BGF ေခါင္းေဆာင္ ဗိုလ္မႉးႀကီးေစာခ်စ္သူကိုပင္ ထိုင္းဘက္က ဝရမ္းထုတ္မည္ဟု ဆိုလာခဲ့သည္။
ယင္းမတိုင္မီကပင္ တ႐ုတ္အစိုးရဘက္မွ ေစလႊတ္ထားေသာ ေထာက္လွမ္းေရးမ်ားမွာ ထိုင္း -ျမန္မာ နယ္စပ္ တစ္ေလွ်ာက္တြင္ရွိေနခဲ့ၿပီး အခ်ိဳ႕ဆိုလွ်င္ အသြင္ယူကာ က်ားဖ်န႔္လုပ္ငန္းမ်ားကိုပင္ ပါဝင္ေဆာင္႐ြက္ေနသူမ်ားရွိ ေၾကာင္း သိရသည္။ ျမန္မာအစိုးရႏွင့္လည္း တ႐ုတ္က အဆက္အသြယ္ အဆက္မျပတ္ရယူကာ က်ားဖ်န႔္အေရးကို ေလာက္ကိုင္ျဖစ္စဥ္အၿပီး ဆက္လက္၍ မ်က္စိေဒါက္ေထာက္ၾကည့္ေနခဲ့သည္။
အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ယခင္က ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးတြင္ ပါဝင္လုပ္ေဆာင္ခဲ့ဖူးသူ ဦးညိဳအုန္းျမင့္က ၎၏လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ပို႔စ္တစ္ခု ေရးသားခဲ့သည္။
“ကိုခ်စ္သူကိုေ႐ြးၿပီး မီဒီယာေပၚမွာေရာ၊ ထိုင္းဘက္ကပါ (ဦး)အံ့ေက်ာ္ႀကီးဇာတ္႐ုပ္သြင္းလိုက္တာ။ ကြၽန္ေတာ္ ပထမထင္ထားတဲ့က်န္တဲ့ ခ်ီဘူးတို႔၊ လူၾကမ္းတခ်ိဳ႕မပါလာေတာ့ ဟာခနဲမျဖစ္ပါဘူး။ ႐ုပ္ရွင္႐ိုက္ပါတယ္ဆိုမွ သတင္းမွတ္တမ္းမွမဟုတ္တာ။ producer ေရာ၊ ေငြထုတ္ၿပီး႐ုပ္ရွင္႐ိုက္ဖို႔လူေတြပါ ကိုယ္ႀကိဳက္တဲ့ဇာတ္လမ္းကို ေ႐ြး႐ိုက္မွာ ေပါ့” ဟု ၎က ေရးသားသည္။
ဝမ္းရွင္း ျဖစ္စဥ္ၿပီးေနာက္ ျဖစ္စဥ္မ်ားက အလ်င္အျမန္ပင္ ျဖစ္ပ်က္သြားသည္ဟု ေျပာရမည္။ ေလာက္ကိုင္တြင္ က်ားဖ်န႔္အေရးႏွင့္အတူ MNDAA ၏ ေနရာလုတိုက္ပြဲ ေပၚေပါက္ျခင္းကို နမူနာယူဟန္တူေသာ BGF ကလည္း က်ားဖ်န႔္၊ လူေမွာင္ခိုအေရးႏွင့္ပတ္သက္၍ တိုက္ဖ်က္ရန္ စာထုတ္သည္။ ထို႔ျပင္ ေျမရာငွားရမ္းျခင္းသာျဖစ္ေၾကာင္းႏွင့္ မူလကပင္ လူေမွာင္ခိုကူးခံရသူမ်ားကို ျပန္လည္ေပးပို႔ခဲ့ျခင္းမ်ားရွိေၾကာင္း ေျပာၾကားသည္။ ထို႔ျပင္ KNA ေခၚ Karen National Army ေယာင္ေယာင္ BGF ေယာင္ေယာင္ျဖစ္ေနေသာ အႏွီတပ္ဖြဲ႕မ်ား ေလသံေျပာင္းလာသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းက ထြက္ေပၚခဲ့ေသာ BGF ဗိုလ္မႉးႀကီးေစာခ်စ္သူ၏ အင္တာဗ်ဴးတြင္ က်ားဖ်န႔္၊ လူေမွာင္ခိုႏွင့္ ပတ္သက္၍ အထူးအဖြဲ႕ကို ဖြဲစည္းကာ တစ္ေယာက္မက်န္ဖမ္းၿပီးျပန္ပို႔မည္ျဖစ္ေၾကာင္းႏွင့္ ထိုသို႔ဖြဲစည္းကာ ဖမ္းမည္ျဖစ္ေၾကာင္းကို တပ္မေတာ္စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ကိုလည္း တင္ျပခိုင္းၿပီးျဖစ္ေၾကာင္း ေျပာသည္။
ထို႔သို႔ေျပာေနစဥ္ ၿပီးခဲ့သည့္ ရက္ပိုင္းမ်ားအတြင္း BGF ဘက္က က်ားဖ်န႔္အလုပ္႐ုံမ်ားမွ လူကုန္ကူးခံရသူမ်ားကို ျပန္ပို႔ျခင္းမ်ားရွိခဲ့သကဲ့သို႔ BGF ကလည္း အလားတူလုပ္လာခဲ့သည္။ ထို႔ျပင္ DKBA ဘက္ကလည္း ၎တို႔တာဝန္ ခံဖြင့္ထားေသာ ျမဝတီၿမိဳ႕ႏွင့္အနီးတစ္ဝိုက္မွ ဂိမ္းဆိုင္မ်ားႏွင့္ အာဝါေဒး (Our Days) အားလုံး အၿပီးပိတ္သိမ္းရန္ စာထုတ္သည္။ မ်ားမၾကာမီ ဗိုလ္မႉးႀကီးေလးဦး ေခါင္းေဆာင္ပါဝင္ေသာ က်ားဖ်န႔္၊ လူေမွာင္ခို ပေပ်ာက္ႏွိမ္နင္းေရး အတြက္ အထူးအဖြဲ႕ကို BGF က ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ စတင္ဖြဲ႕စည္းကာ ေဖေဖာ္ဝါရီလ (၁၄) ရက္တြင္ ေ႐ႊကုကၠိဳႏွင့္ ျမဝတီၿမိဳ႕တို႔တြင္ လုံၿခဳံေရးတိုးျမႇင့္ကာ စစ္ေဆးမႈမ်ားကို တင္းတင္းၾကပ္ၾကပ္ေဆာင္႐ြက္ခဲ့သည္။
ထို႔ျပင္ ေဖေဖာ္ဝါရီလ (၁၄)ရက္ ေန႔စြဲျဖင့္ ထိုင္းဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီးထံ လိပ္မူေရး သားထားေသာ ဗိုလ္မႉးႀကီး ေစာခ်စ္သူ၏ စာထြက္ေပၚရာ ယင္းစာအတြင္း က်ားဖ်န႔္တိုက္ဖ်က္ေရးအတြက္ ပူးေပါင္း ေဆာင္႐ြက္ႏိုင္ရန္ ေခါင္းစဥ္တပ္ထားသည္။ ဒုစ႐ိုက္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ား၊ လူကုန္ကူးမႈႏွင့္ လိမ္လည္ လွည့္ ျဖားမႈ လုပ္ေဆာင္သူမ်ားကို ထိုင္းႏိုင္ငံအစိုးရႏွင့္ ျမန္မာႏိုင္ငံအစိုးရတို႔ ပူးေပါင္း၍ လ်င္ျမန္စြာ ျပန္လည္ပို႔ ေဆာင္ မည္ျဖစ္ၿပီး ပိုမိုျမန္ဆန္ေခ်ာေမြ႕စြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ဒုတိယဝန္ႀကီးခ်ဳပ္မွ လိုအပ္သကဲ့သို႔ လမ္း òန္ကူညီမႈျပဳႏိုင္ရန္ တင္ျပသည္ဟု ေဖာ္ျပထားသည္။ ယင္းက လက္ရွိအေျခအေန ျဖစ္သည္။
က်ားဖ်န႔္ဇာတ္လမ္း၏အစကိုျပန္သြားရန္ အတြက္ ေလာက္ကိုင္အေရးကို အနည္းငယ္တို႔ထိ ရန္လိုအပ္သည္။ ေလာက္ကိုင္တြင္ တိုက္ပြဲမ်ား ျဖစ္ၿပီးေနာက္ ယင္းေဒသမွက်ားဖ်န႔္မ်ားသည္ ၎တို႔၏ လုပ္ငန္းတူ က်ားဖ်န႔္သမား မ်ားရွိရာ ထိုင္း-ျမန္မာ နယ္စပ္သို႔ သုတ္ေျခတင္ခဲ့ၾကသည္။ ယင္းေနရာမွ ေျပာင္းေ႐ႊ႕လာၾကသူမ်ားက ဘုရားသုံး ဆူဘက္ႏွင့္ ေက်ာက္ခတ္ ႐ြာဘက္သို႔ ေရာက္ရွိသြားခဲ့ေၾကာင္း DKBA ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
“ေ႐ႊကုကၠိဳမွာ စည္းနဲ႔ကမ္းနဲ႔ မေနႏိုင္တဲ့သူေတြက ေက်ာက္ခတ္ကို သြားတယ္။ ဘုရားသုံးဆူကို သြားတယ္။ (၁၁) လပိုင္းမွာ (DKBA) က သတင္းထုတ္ျပန္တယ္ေလ။ ဘုရားသုံးဆူဘက္က DKBA က ကားေတြနဲ႔ လာသယ္ေနတာ။ ဘုရားသုံး ဆူဘက္ သြားတယ္၊ ေက်ာက္ခတ္ဘက္သြားတယ္။ တကယ္တမ္း အဆိုးဆုံးအခ်က္က လူေမွာင္ခို ကိစၥကို ကိုင္တြယ္ေနတာက ေက်ာက္ခတ္က လုပ္ေနတာ။ မင္းသား ဝမ္းရွင္းကို ေတြ႕ခဲ့တာက DKBA ထိန္း ခ်ဳပ္ေနတဲ့ ေဝါေလက တ႐ုတ္ဆိုက္မွာ ေတြ႕ခဲ့တာ” ဟု ယင္းက ဆိုသည္။
ေက်ာက္ခတ္ေက်း႐ြာသည္ က်ားဖ်န႔္ လုပ္ငန္းမ်ားအတြက္ နာမည္ေက်ာ္ ေနရာတစ္ခုအျဖစ္ ယခု အခါေရာက္ရွိ သြားၿပီျဖစ္သည္။ ယင္းေက်း႐ြာ၏ ေျမျပင္အေျခအေနမ်ား ေလ့လာၾကည့္ရႈခဲ့ရာတြင္လည္း တည္ေဆာက္ဆဲ အေဆာက္ အအုံမ်ားစြာကို ျမင္ေတြ႕ရသည္။ ယခင္က ႐ြာငယ္ဟုပင္ မေခၚႏိုင္ေသာ အေနအထားမွသည္ ယခုအခါ ၿမိဳ႕ငယ္တစ္ခု အသြင္တျဖည္းျဖည္းေျပာင္းလဲလာေနျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာ၏ မလွမ္းမကမ္းတြင္လည္း က်ားဖ်န႔္မ်ားႏွင့္ ပတ္သက္ဖြယ္ရွိေသာ အေဆာက္အအုံမ်ားကို ေတြ႕ျမင္ရသည္။ ထူးျခားသည္မွာ အေဆာက္အအုံအားလုံးသည္ ရွည္ေမ်ာေမ်ာပုံစံရွိၿပီး အသစ္မ်ားျဖစ္သည့္အျပင္ ေဆာက္လက္စ အေဆာက္အအုံမ်ားလည္း မ်ားျပားသည္။ DKBA က လူေမွာင္ခိုကူးခံရသူမ်ားကို ယင္း႐ြာဂိတ္မွတစ္ဆင့္ ထိုင္း ဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးေနျခင္းလည္း ျဖစ္သည္။
က်ားဖ်န႔္မ်ား၏အေရးႏွင့္ပတ္သက္၍ ျမန္မာ-ထိုင္းနယ္စပ္တြင္ အလုပ္မ်ားေနေသာကာလက အားလုံးေမ့ေန ေသာတစ္ခ်က္မွာ KNU ျဖစ္သည္။ ျမန္မာ-ထိုင္းနယ္စပ္မွ က်ားဖ်န႔္မ်ားအေရးတြင္ အက်ိဳးစီးပြားအလို႔ငွာ ပါဝင္ခဲ့ဖူးေသာ KNU ဘက္မွ မည္သည့္အသံမွ ထြက္မလာေသးသည္မွာလည္း စိတ္ဝင္စားဖြယ္ ျဖစ္သည္။ ယခင္က က်ားဖ်န႔္မ်ားကို ဖမ္းဆီးေရးႏွင့္ပတ္သက္၍ အသံေကာင္းဟစ္ခဲ့ဖူး ေသာ KNU သည္ ယခု အမွန္တကယ္ ဖမ္းဆီးမႈမ်ား ရွိလာေသာအခါ အသံတိတ္ေနသည္။ ေနာက္ဆုံး သိရေသာ အေျခအေနမ်ားအရ က်ားဖ်န႔္လုပ္သူမ်ားကို DKBA က ေနရာေ႐ႊ႕ရန္ ျပင္ဆင္လာသည္။
“ဘုရားသုံးဆူကေန (က်ားဖ်န႔္လုပ္တဲ့) တ႐ုတ္ ေတြကို ထီေလာင္စူး ေရတံခြန္ဆီ ေ႐ႊ႕ထားတယ္” ဟု ယင္းက ေနာက္ဆုံးအေျခအေနကို ေျပာသည္။ ထီေလာင္စူး ေရတံခြန္သည္လည္း က်ားဖ်န႔္မ်ား၏ ေနာက္ဆုံး ခိုနားရာတစ္ခု မဟုတ္ေသးေပ။ ယင္းေဒသမွ ထြက္ခြာတိမ္းေရွာင္လာမည့္ က်ားဖ်န႔္မ်ားအတြက္ အျခားေနရာမ်ားလည္း လတ္တေလာတြင္ ရွိေနသည္။ ‘‘ DKBA က ဗိုလ္ေအဝမ္း႐ြာကိုလည္း ပို႔ထားတာ ရွိတယ္” ဟု အျခားျဖစ္စဥ္ကို သိရွိသူ တစ္ဦးက ဆိုသည္။ က်ားဖ်န႔္မ်ားအေရးႏွင့္ ပတ္သက္၍ အားလုံးေမ့ေနေသာ အခ်က္တစ္ခ်က္မွာ ေနာက္ဆက္တြဲ အေရးယူမည့္အေျခအေနျဖစ္ေၾကာင္း က်ားဖ်န႔္တိုက္ဖ်က္ေရးအတြက္ ေဆာင္႐ြက္ေနသူ ကိုေဝယံက ဆိုသည္။ “က်ားဖ်န႔္ လူကုန္ကူး ခံရတဲ့သူေတြကို ကယ္ထုတ္တယ္တဲ့။ လူကုန္ကူးခံရ တဲ့သူေတြကို ဘာေၾကာင့္မဖမ္းလဲဆိုတာ ေမးခြန္း ထုတ္ခ်င္တာ။ လူကုန္ကူးျဖစ္စဥ္ႀကီးတစ္ခုမွာပါတဲ့ သူေတြကို လူကုန္ကူးခံရတဲ့သူ ေမးလိုက္တာနဲ႔ေပၚ မွာေလ။ အဲဒါကို ဘာေၾကာင့္မဖမ္းတာလဲ” ဟု ၎က ေမးခြန္းထုတ္ေျပာၾကားသည္။ အထက္ပါ က်ားဖ်န႔္မ်ားကို ေ႐ႊ႕ေျပာင္းသည့္ အေျခအေနႏွင့္ပတ္သက္၍ ကိုေဝယံက ရယ္စရာတစ္ခုဟု ဆိုသည္။ ‘‘သာ ေကတ-ေဒါပုံ ကေန သခင္ျမပန္းၿခံကို ေ႐ႊ႕တယ္လို႔ ေျပာသလိုပဲ။ ဒါက ရယ္စရာေကာင္းတယ္။ ဟိုဘက္ ႏိုင္ငံကိုကူးသြားတယ္ဆို နားေထာင္လို႔ ေကာင္းတယ္” ဟု ၎ကဆိုသည္။ က်ားဖ်န႔္ကို ႏွိမ္နင္းရန္အတြက္ ထိုင္းဘက္က ျခစားမႈမရွိရန္လည္းလိုအပ္ေၾကာင္း ဦးညိဳအုန္း ျမင့္ကဆိုသည္။
“ထိုင္း အတိုက္အခံလႊတ္ေတာ္အမတ္ ေထာက္ျပတာရွင္းတယ္။ ထိုင္းအစိုးရက ဆီျဖတ္၊ မီးျဖတ္၊ အင္တာနက္ ျဖတ္ေပမယ့္ တရားမဝင္ ေသာင္ရင္းျမစ္ကို ေနရာအသီးသီးျဖတ္ဖို႔ ကူးတို႔ဆိပ္ (၅၉) ဆိပ္က က်ားဖ်န႔္လိုအပ္ခ်က္ကို ရပါတယ္လို႔ေျပာတာ ေတြ႕လိုက္ပါတယ္။ ထိုင္းဘက္က ျခစားမႈရွိေနသ၍ က်ားဖ်န႔္ေငြလိမ္ဂိုဏ္းေတြ အလုပ္လုပ္ေနဦး မွာ။ တ႐ုတ္၊ ထိုင္းျမန္မာေပါင္းစပ္ညႇိႏႈိင္းမႈ တိတိက်က် မရွိေသးရင္ ေလွဝမ္းေပါက္ကေရကို ႏို႔ဆီခြက္နဲ႔ခပ္ ထုတ္တာနဲ႔တူၿပီး ကုန္မယ္မထင္ပါ” ဟု ဦးညိဳ အုန္းျမင့္က ေရးသားထားသည္။
မည္သို႔ပင္ဆိုေစကာမူ က်ားဖ်န႔္မ်ားသည္ ေလာက္ကိုင္အၿပီးတြင္ ပ်ံ႕သြားသည္က ေသခ်ာသည္။ သို႔ေသာ္ ယင္းကေတြးဆခ်က္တစ္ခုသာ ျဖစ္ပါလိမ့္မည္။ ယင္းမတိုင္မီကပင္ အျခားေနရာ မ်ားတြင္ ေရာက္ရွိအေျချပဳျခင္း မ်ားလည္း ရွိႏိုင္သည္။ ႏိုင္ငံေတာ္အစိုးရကလည္း က်ားဖ်န႔္မ်ားကို ဖမ္းဆီးေရး အတြက္ အရွိန္ျမႇင့္ ေဆာင္႐ြက္ေနသည္။ အနီးစပ္ဆုံးျဖစ္စဥ္အေနျဖင့္ ယခုလအတြင္း ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ မိုင္းရယ္ၿမိဳ႕နယ္အတြင္းရွိ မိုင္းဟေဒသတြင္ က်ားဖ်န႔္လုပ္ေဆာင္ေနသူမ်ားကို ဖမ္းဆီးရမိေသးသည္။
ယင္းကား ျမန္မာႏိုင္ငံက က်ားဖ်န႔္မ်ားအနက္ တစ္ဖြဲ႕သာ ျဖစ္သည္။ ျမန္မာ-ထိုင္း နယ္စပ္တြင္ ဖင္ပူလာ ၿပီျဖစ္ေသာ က်ားဖ်န႔္မ်ားသည္ ယခုအခါ ၎တို႔အတြက္ အသက္ရႉေပါက္ေနရာမ်ားကို ထပ္မံ ရွာေဖြေနေလၿပီ။ အခ်ိဳ႕က အသက္ရႉေပါက္ေနရာမ်ား ကို ေတြ႕ပင္ ေတြ႕သြားၾကသြားၾကေလသည္။ ‘‘တ ခ်ိဳ႕လူေတြက ရန္ကုန္ထဲကိုေ႐ႊ႕လာတယ္။ ရန္ ကုန္ထဲက တခ်ိဳ႕ဟိုတယ္ေတြကို အလုံးလိုက္ ငွားၿပီး ေတာ့ေတာင္ က်ားဖ်န႔္လုပ္ေနတာ။ ရန္ကုန္ထဲမွာ က်ားဖ်န႔္ရွိ ေနၿပီ။ ဟိုတယ္နာမည္ကေတာ့ ေျပာဖို႔ မသင့္လို႔ မေျပာေတာ့တာပါ၊ လႈိင္သာယာ ၤျႇု တို႔ ဘာတို႔မွာလည္း သတိထားသင့္တယ္” ဟု က်ားဖ်န႔္မ်ားအေရးႏွင့္ ပတ္သက္၍ သိရွိသူတစ္ဦးကဆိုသည္။ ေလာက္ကိုင္ျဖစ္စဥ္ အၿပီးတြင္လည္း မ်က္ႏွာစိမ္း တ႐ုတ္မ်ားစြာ ရန္ကုန္ၿမိဳ႕သို႔ ေရာက္လာခဲ့ၾကသည္။ ေငြေၾကးအကုန္အက်မ်ားျခင္းကို မမႈၾက သူမ်ားလည္း ျဖစ္သည္။ အိမ္မ်ားဝယ္သည္။ အခ်ိဳ႕ ရပ္ကြက္မ်ားတြင္ ေန႔ခ်င္းညခ်င္းပင္ မ်က္ႏွာစိမ္း မ်ားစြာ ေရာက္ရွိလာၾကသည္။ ‘‘ကိုယ့္အိမ္နားမွာ တ႐ုတ္ေတြ ေရာက္ေနေတာ့သြားၿပီး ေရာဖို႔ကလည္း စကားမွမတတ္တာ။ သူတို႔ကေတာင္ ကိုယ့္ကို ထူးဆန္းသလို လာၾကည့္ေနေသးတာ” ဟု ရန္ကုန္ တိုင္းေဒသႀကီး ပုလဲၿမိဳ႕သစ္တြင္ ေနထိုင္သူ တစ္ဦးက ဆိုသည္။ ရန္ကုန္ပင္မဟုတ္ေသးပါ။ က်ားဖ်န႔္မ်ား သည္ မႏၲေလးၿမိဳ႕တြင္ လည္းေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ တအိအိျဖင့္ စိမ့္ဝင္ေနျခင္းလည္း ျဖစ္သည္။ မၾကာမီတြင္ က်ားဖ်န႔္ႏွင့္ပတ္သက္၍ သတင္းမ်ား ထြက္ေပၚလာ ႏိုင္ဖြယ္ရွိသည္။ က်ားဖ်န႔္ လုပ္သူ တ႐ုတ္မ်ားကား ျမန္မာႏိုင္ငံသားမ်ားကို ျပန္လိမ္လည္ျခင္းနည္းပါးေသာ္လည္း ျမန္မာ့ေျမေပၚ သို႔ လာေရာက္ကာ ခုတုံးလုပ္ အသုံးခ်ေနျခင္းအတြက္ ဆိုးက်ိဳးကိုခံရသူမ်ားကား ျမန္မာႏိုင္ငံပင္။ ျမန္မာ ႏိုင္ငံသို႔ ခရီးသြားရန္အတြက္ ေၾကာက္သြားသည္။ အျခားဆိုးက်ိဳးမ်ားမွာလည္း မနည္းမေနာပင္။
က်ားဖ်န႔္ ျမစ္ပြားနာမ်ားသည္ကာ ဟိုေ႐ြ႕ သည္ေ႐ြ႕ျဖင့္ ျမန္မာေျမေပၚတြင္ ေျခကုပ္ရျခင္းကို ဆက္လက္ ခြင့္ျပဳမည္လား ဆိုျခင္းကလည္း ေမးခြန္း တစ္ခုပင္ျဖစ္သည္။ ယင္းေမးခြန္းကို အားလုံးကပင္ ေျဖဆိုၾကရေပလိမ့္မည္။