တရုတ်မယားကိစ္စ ပြည်သူတွေဘာလုပ်သင့်လဲ

 3267

Pearl (NP News) - ဖေဖော်ဝါရီ ၁၈

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်တိုင်း ဒလမြို့နယ်၌ တရုတ်အမျိုးသားအပါအဝင် လူ(၄)ဦးက အမျိုးသမီးငယ်များရှိရာနေအိမ်သို့သွားပြီး တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ်ခေါ်ယူရန်အလို့ငှာ ရည်ရွယ်၍ ဗီဒီယိုရိုက်ကူးကာ အွန်လိုင်းတွင်တင်ခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဥပဒေ ကြောင်းအရ အရေးယူခြင်းများကိုလည်း မြန်မာအစိုးရတာဝန်ရှိသူများက ဆောင်ရွက်ထားကြောင်း သိရ သည်။ သို့သော် ယင်းဖြစ်စဉ်မှာ တရုတ်မယားခေါ်ယူသော ဖြစ်စဉ်အားလုံးအနက်တစ်ခုသာဖြစ်ပြီး တရားမဝင်ခေါ်ယူခြင်းများလည်းရှိနေသည့်အပြင် နောက်ဆက်တွဲအဖြစ် လူကုန်ကူးမှုအထိပါ ဖြစ်ပွား နေကြောင်းသိရသည်။ ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွင် အဆင့်မြင့် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားရဲမှူးကြီးတစ်ဦးထံ NP News မှ မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - တရုတ်မယားအဖြစ်ရောင်းစားတဲ့ ဖြစ်စဉ်တွေက ဘယ်အချိန်လောက်ကတည်းက ပေါ်ပေါက်ခဲ့ တာလဲရှင့်။
ဖြေ - လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကစပြီးတော့ အထူးအဖွဲ့လေး တစ်ခုစဖွဲ့တာက (၂၀ဝ၄)ပေါ့နော်။ (၂၀ဝ၄) မှာ ဖွဲ့ပြီး (၂၀ဝ၅)မှာ ဥပဒေပြဋ္ဌာန်းတယ်။ (၂၀ဝ၅) ဥပဒေ မပေါ်ခင် စစဖွဲ့ပြီးချိန်မှာပဲ မူဆယ်ဘက်မှာ အဲဒီလိုတစ်ဖက်နိုင်ငံမှာ တရုတ်ဇနီးမယားအဖြစ် ရောင်းစား တဲ့ ပြဿနာတွေ အမှုတွေထပ်ပေါ်လာလို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအထူးအဖွဲ့သည် ရန်ကုန် ကနေ သွားပြီးတော့ ကယ်တင်ရတာတွေ၊ သွားပြီးတော့ ပြန်လည်ခေါ်ယူရတာတွေ စလုပ်ခဲ့တာ။ အဲဒီ တော့ ဥပဒေမတိုင်ခင်ကတည်းကကို တရုတ် ဘက်မှာ ဗမာမိန်းကလေးတွေ ရောင်းစားတဲ့အလေ့အထက ရှိနေပြီလို့ပြောလို့ရတယ်။ (၂၀၂၄) မတိုင်ခင်ကတည်းကပေါ့။

မေး - ဟုတ်ကဲ့ရှင့်။ ကြားထဲမှာကော ဖြစ်စဉ်တွေ နည်းသွားတာတွေကော ရှိသွားလား။
ဖြေ - နည်းလည်း မနည်းသွားဘူး။ Data တွေ ရှိတယ်။ နှစ်အလိုက်ကြည့်ရင် ဒီဟာတွေက နည်းသွား တယ်လို့မရှိဘူး။ မရှိဘဲနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ လူကုန်ကူးမှုပုံစံထဲမှာ တရုတ်နိုင်ငံသို့ တရုတ်ဇနီး မယားအဖြစ် ရောင်းစားခံရတဲ့ အမှုအရေအတွက်ဟာ အမြဲတမ်း Top မှာရှိတယ်။ ရာခိုင်နှုန်းနဲ့ ပြောရင် (၂၀၁၃) မတိုင်ခင်အထိ လူကုန်ကူးမှု (၁၀ဝ) ဖြစ်ရင် (၇၀)က တရုတ်ပြည်ကိုပဲ လူကုန်ကူးတဲ့ ၊ တရုတ် ဇနီးမယားအဖြစ် ရောင်းစားတဲ့၊ ပို့တဲ့ လူကုန်ကူးမှုတွေပဲ ဖြစ်နေတာကိုတွေ့ရတယ်။ အဲဒီတော့ ကျသွားတယ်လို့ ပြောလို့မရဘူးပေါ့နော်။

မေး - ဟုတ်ကဲ့ အန်ကယ်။ အခုနောက်ပိုင်း Tit Tok တွေ Facebook တွေမှာ တရုတ်မယားအဖြစ် ပေါ် ပေါ်တင်တင် ခေါ်နေတာတွေ တွေ့ရတယ်။ ပြီးခဲ့တဲ့ ဒလဖြစ်စဉ်ကိုကြည့်ရင်လည်း အတင့်ရဲလာတာမျိုး တွေ တွေ့ရတယ်။ ဒါတွေက ဘာကြောင့်လို့ ထင်လဲ။
ဖြေ - ဟိုးတုန်းကတော့ မူဆယ်မှာ အလုပ်ရမယ်။ ရွှေလီမှာအလုပ်ရမယ်ဆိုပြီးတော့ လိမ်လည်လှည့်ဖြား ပြီးတော့ ခေါ်သွားတာမျိုးရှိတယ်။ တချို့ကသမီး ရည်းစားအဖြစ်ဟန်ဆောင်ပြီးခေါ်သွားတာ တွေရှိ တယ်။ အဲဒီနည်းနဲ့ လူကုန်ကူးတာပေါ့နော်။ အဲဒီကနေ ဘာဖြစ်လာလဲဆိုတော့ (၂၀၁၀)ပတ်ချာလည် လောက်ကျတော့ ဘာတွေဖြစ်လာလဲဆိုတော့ တရုတ် တွေနဲ့လက်ထပ်ရင် မိဘကို၊ သက်ဆိုင်ရာ မိန်းက လေးရဲ့မိဘကို ဒေသအခေါ်တော့ နို့ဖိုးလို့ခေါ်တာပေါ့။ တင်တောင်းတဲ့ ငွေပေါ့နော်။ တင်တောင်းတဲ့ငွေ ပထမက သိန်းဆယ်ဂဏန်း ၊ နောက်ပိုင်းမှာဆိုရင် သိန်းဆယ်ဂဏန်းမကဘူး။ (၁၀ဝ)လောက်ပေါ့။ အပျို အစစ်ဖြစ်တယ်တို့၊ အသက်ငယ်ရွယ်လှပတယ်တို့ဆို သိန်း(၁၀ဝ)ဝန်းကျင်လောက်ကို တင်တောင်း ပြီး တော့ တင်တောင်းတဲ့အလေ့အထတွေ အဲဒီလောက်ထိ ဖြစ်လာတာပေါ့နော်။ ဖြစ်လာတော့ တချို့မိဘ တွေ၊ တရုတ်နယ်စပ်နဲ့နီးစပ်တဲ့ဒေသတွေက မိဘတွေက တင်တောင်းတဲ့ငွေယူပြီးတော့ လက်ထပ်တဲ့ အဆင့်အထိအောင် ပြောင်းလဲလာတာ ပေါ့နော်။ တဖြည်းဖြည်းနဲ့ နည်းပညာပြောင်းလာတယ်။ ပြောင်း လာတဲ့အခါကျတော့ နည်းပညာနဲ့တစ်ဆင့် တရုတ်ပြည်မှာအလုပ်ရမယ်ပဲဖြစ်ဖြစ် အဲဒီလိုခေါ်တာမျိုး လေးတွေလည်းရှိနေသလို တရုတ်အမျိုးသားနဲ့လက်ထပ်ရမယ်၊ တစ်နှစ်ပေါင်းရမယ်။ ကလေး တစ် ယောက်ယူရမယ်။ ပြီးရင် ပြန်လာပြီးရင် ကိုယ့်မိဘဆီ ပြန်လာလို့ရတယ်။ အဲဒီလိုမျိုးတွေ အွန်လိုင်း ကနေတစ်ဆင့်ဖြစ်ဖြစ် သူတို့သုံးတဲ့ We chat တို့ Facebook တို့ဖြစ်ဖြစ် အဲဒီကနေတစ်ဆင့် စည်းရုံး ပြီးတော့မှ လုပ်တာတွေ၊ လူကုန်ကူးတာတွေပေါ်လာတယ်။ နောက်ကျတော့ ဒီကအမျိုးသမီးဓာတ်ပုံ လေးတွေ တင်ပြီးတော့ကို ဒီကောင်မလေးကိုယူရင်တော့ ဘယ်လောက်နဲ့ရမယ်၊ ဒီကောင်မလေးကို က ဘယ်လောက်နဲ့ရမယ်ဆိုပြီးတော့ ဟိုဘက်က တရုတ်အမျိုးသားတွေကို ပြပြီးတော့မှလာပြီးရွေးချယ်တာ မျိုးတွေပေါ်လာတယ်။ နောက်တစ်ခါ ရန်ကုန်မှာ တချို့ဆိုရင်တခြား ဥပမာ-အကျိုးဆောင် လုပ်ငန်း တစ် ခုခု ရုံးခန်းလာဖွင့်တဲ့တရုတ်နိုင်ငံသားတွေရှိတယ်။ သူတို့ကိုယ်တိုင်ကကို ရန်ကုန်က ကလေးမလေး တွေကို အိမ်ထောင်ပြုရမယ်၊ ပုံမှန်ဆိုရင် ရပ်တည်ဖို့ခက်ခဲတာတွေ ၊ ဆင်းရဲတဲ့မိသားစုတွေကို Target ထားပြီးတော့မှ ပွဲစားတွေက လိုက်ပြီးတော့ ငွေကြေးနဲ့ စည်းရုံးပြီးတော့ တရုတ်နိုင်ငံမှာ တရုတ် အမျိုး သားနဲ့လက်ထပ်ရင် ဘယ်လောက်ကြာကြာနေရင်၊ နောက်တစ်ခါ ကလေးတစ်ယောက်ယူမယ်။ ပြီးရင် အိမ်ပြန်လာလို့ရမယ်ဆိုပြီး စည်းရုံးတာပေါ့နော်။ တဖြည်းဖြည်း ကျယ်ပြန့်လာတာပေါ့နော်။ နောက်တခါ အွန်လိုင်းကတစ်ဆင့်လုပ်တာ တွေကနောက်ပိုင်းမှာ ပိုများလာတာပေါ့နော် ။ အဲဒီလို ပြောလို့ရတာပေါ့နော်။

မေး - ဘယ်ဒေသက ဘယ်လိုလူမျိုးတွေကို ပိုပစ်မှတ်ထားလဲ။ ပြီးရင် ရောင်းစားခံရတဲ့ အမျိုးသမီးတွေ ကကော ဘယ်လိုအခက်အခဲမျိုးတွေရှိနိုင်မလဲ။ ဟိုဘက်မှာ ဘာတွေနဲ့ကြုံနေရတယ်လို့ အန်ကယ့်အနေ နဲ့မြင်လဲ။
ဖြေ - အန်ကယ်က အငြိမ်းစားယူတာကြာပြီဆိုတော့ ဒီဘက်နောက်ပိုင်းဖြစ်စဉ်တွေတော့ သိပ်တော့ မဆက်စပ်တော့ဘူးနော်။ သို့သော်လည်း တရုတ်အမျိုးသားနဲ့ ယူတိုင်းရောင်းစားခံရတာမျိုး ဖြစ်လားဆို တော့လည်း မဟုတ်ဘူး။ အဆင်ပြေတဲ့ ဇနီးအဖြစ်ရပ်တည်နေတဲ့လူတွေလည်းရှိတယ်။ အန်ကယ်တို့ရှိတုန်းက တရုတ်ပြည်မှာရှိတဲ့ အမျိုးသမီးတချို့နဲ့ အင်တာဗျူးကြည့်တဲ့အခါမှာ တချို့ ရွာလေး၊ တချို့မြို့လေးတွေမှာ မြန်မာ အမျိုးသမီးတွေ (၃၀)၊ (၄၀)ယောက်လောက် အိမ်ထောင်ကျ နေတဲ့ မြန်မာအမျိုးသမီးတွေရှိတယ်လို့ သိရတယ်။ တချို့ကျတော့လည်း အဲဒီလိုအဆင်ပြေတာ ရှိ ကောင်းရှိနိုင်တာပေါ့။ သို့သော် Percentage တော်တော်များများက တရုတ်နိုင်ငံက ရှင်းရှင်းပြောရရင် အခုမှသာဘာသာတရားဆိုတာ ဖြစ်လာတာ။ တရုတ်နိုင်ငံရဲ့ အဓိကကကွန်မြူနစ်ဝါဒဆိုတော့ သူတို့က ဘာသာမဲ့လေ။ ဒါကြောင့် ဒီအမျိုးသမီးနဲ့ အမျိုးသားကြားမှာထားတဲ့ ယဉ်ကျေးမှုချင်း သ‌ဘော သဘာဝ ချင်း မတူဘူးထင်တယ်။ သူတို့က ဒီမိန်းမကို ယူမယ်။ ကလေးမွေးမယ်။ ပြီးရင် နောက်တစ်ယောက်ပေါ့။ သူတို့က သားသမီးရဖို့က အဓိကဆိုတော့ သားသမီးရရင် နောက်တစ်ယောက်ကို ပြန်ရောင်းမယ်။ အဲဒါ မျိုးလေးတွေ ရှိတာပေါ့နော်။ အဲဒါမျိုးတွေကိုလည်း တွေ့ရတာပေါ့နော်။ အန်ကယ်တို့ တာဝန်ရှိစဉ်တုန်း ကတော့ ဗမာအမျိုးသမီးတစ်ယောက်ကို ယူထားပြီးတော့ အဖေရော၊ သားရော ပေါင်းနေတာမျိုးတွေ လည်း ကြားဖူးခဲ့တယ်။ ကြုံဖူးခဲ့တယ်။ တချို့လည်းပဲ လိင်ပိုင်းဆိုင်ရာ မတရားစော်ကားခံရတာတွေ၊ အဲဒါမျိုးလေးတွေလည်း ကြုံခဲ့တယ်။ အဲဒီတော့ ဖြစ်နိုင်ခြေကိုပြောရင်တော့ သူများနိုင်ငံမှာ ဘာသာ စကားလည်း မတတ်ဘဲသွားတယ်၊ ပြီးရင် ဘာသာစကားမတတ်ဘဲ ယောကျာ်းယူရတယ်၊ အဲဒီ ယောကျာ်းနဲ့ပေါင်းရတယ်ဆိုတာ တော်တော်တော့ မလွယ်ကူတဲ့ကိစ္စလေနော်။ သို့သော်လည်းပဲ အဲဒါ ကိုပဲ စွန့်စွန့်စားစား သွားပြီးတော့လုပ်တဲ့လူတွေ၊ ငွေကြေးအခက်အခဲကြောင့်၊ မိသားစုစီးပွားရေးကြောင့် စွန့်စားပြီးတော့ပဲ သွားကြတာမျိုးတွေရှိတယ်။ ဒါပေမဲ့ စောစောပိုင်းတွေမှာကျတော့ ပွဲစားတွေက ဘာ တွေကိုပစ်မှတ်ထားတာလဲဆိုတော့ အနှိပ်ခန်းတို့၊ ပြည့်တန်ဆာတို့၊ ကာရာအိုကေတို့က အဲဒီက ဈေး ကွက်ကျလာတဲ့ကလေးမတွေကိုပစ်မှတ်ထားပြီးတော့ စည်းရုံးတာမျိုးတွေ တွေ့ရတယ်။ တရုတ် ပြည် ရောက်တိုင်းကောင်းတယ်၊ မကောင်းဘူးဆိုတာတော့ ခန့်မှန်းရတာခက်ခဲတယ်။ ဒါပေမဲ့ တရုတ် အာဏာ ပိုင်တွေဘက်က တစ်ခါတစ်ခါမှာ၊ အန်ကယ်အရင်က ဆောင်းပါးတစ်ခုရေးဖူးတယ်။ အဲဒီထဲမှာ တရုတ် ပြည်က လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အရာရှိတစ်ယောက်ကို မီဒီယာတစ်ခုက အင်တာဗျူးထားတာရှိ တယ်။ အဲဒီအခါမှာ ဗဟိုအဆင့် လယ်ဗယ်ရှိတဲ့အရာရှိတစ်ယောက်က ဘာပြောသွားလဲဆိုတော့ သူက မဟုတ်ပါဘူးတဲ့။ တရုတ်အမျိုးသားတွေကို လက်ထပ်တယ်ဆိုတာ လူကုန်ကူးတယ်လည်း မဖြစ်ဘူးလို့ မပြောဘူး။ အဓိကကတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ စားဝတ်နေရေးအရ စီးပွားရေး ပြေလည် အောင်လာပြီးလက်ထပ်တာမျိုးက ပိုများပါတယ်။ အဲဒီလိုပြောတာတွေရှိတယ်။ အဲဒီတော့ ရှင်းရှင်းပြော ရရင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တဲ့လုပ်ငန်းတွေရှိသော်လည်းပဲ အဲဒီဟာလေးတွေကျတော့ အမြင်လေး တွေက အဲဒီလိုရှိနေပြန်ရော။ အဲဒီတော့ ဟိုရောက်တိုင်း အဆင်ပြေမယ်၊ မပြေဘူးဆိုတာကတော့ မှန်းရ ခက်တယ်။ သို့သော် အန္တရာယ်ကတော့များတယ်။ အခုပဲ ဒီကလေးမလေးဆိုရင်လည်း နောက်ထပ် တက် တဲ့ ဖိုင်တွေမှာ တရုတ်ပြည်မှာ တရုတ်တွေနဲ့ အိမ်ထောင်ကျနေတဲ့အမျိုးသမီးတွေက မကျေမနပ်နဲ့ ထပြီး ပြောထားတာတွေရှိတယ်မလား။ ဒီကလေးမကို (၁)သောင်းနဲ့ ဝယ်မယ်ဆိုတာတွေ။ အဲဒီလိုဖြစ်နေတယ် တဲ့ ဓာတ်ပုံတွေတင်ပြီးတော့။

မေး - ဟုတ်ကဲ့ ။ နောက်ထပ် အဲဒီလိုဖြစ်စဉ်တွေ လျော့နည်းသွားအောင်၊ လုံးဝပပျောက်သွားအောင် ပေါ့နော်။ ဘယ်လိုမျိုးတွေ တင်းတင်းကြပ်ကြပ် ဆောင်ရွက်သင့်တယ်လို့ အန်ကယ်ထင်လဲ။ ဒီဖြစ်စဉ် တွေကို လူကုန်တားအဖွဲ့အပြင် တခြားအရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ‌ဆောင်ရွက်နေတာမျိုးတွေ ရှိလား။ တကယ်လို့ မရှိရင်ကောရှိသင့်တယ်လို့ထင်လား။ ဖွဲ့စည်းသင့်တယ်လို့ထင်လားရှင့်။
ဖြေ - ဒါရှိသင့်လားဆိုတော့ ဒါမြန်မာနိုင်ငံက လူကုန်ကူးတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ကွန်ဗန်းရှင်းဖြစ်တဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗန်းရှင်းမှာလည်းပဲ အဖွဲ့ဝင်ပေါ့နော်။ ရှိခဲ့ လုပ်ခဲ့ပြီးသား။ နောက်တစ်ခါ အာဆီယံ သဘောတူညီချက် မှာလည်း လက်မှတ်ထိုးပြီးထားတာရှိတယ်။ ပြီးရင် မဲခေါင်ဒေသ လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်မှာလည်းပဲ မြန်မာနိုင်ငံကအဖွဲ့ဝင်ဖြစ်တယ်။ ပြီးရင် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်ရေး လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ ရှိတယ်။ မြန်မာ-ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာတွေရှိ တယ်။ အဲဒါတွေက သူ့ကဏ္ဍနဲ့သူရှိနေပြီးသား။ အခုဆိုရင် ချုပ်ဆိုပြီးတာကြာပြီဖြစ်တော့ Upgrade ပေါ့ နော်၊ ပြင်ဆင်မှုတွေတောင် လုပ်ထားပြီးပြီနဲ့တူပါတယ်။ အန်ကယ်ထင်တာပေါ့နော်။ အဲဒါတွေကလုပ်နေ ကြတာပေါ့နော်။ သို့သော် ဒီဖြစ်စဉ်တွေက ဖြစ်စဉ်လေးတစ်ခုတည်းကြည့်ရင်တော့ ဘာသွားတွေ့ရလဲဆို တော့ ဒီမိသားစုမှာရော ပွဲစားလုပ်တဲ့လူမှာရော လူကုန်ကူးမှု အသိပညာပေါ့နော်၊ ဘယ်ဟာက လူကုန် ကူးမှုဖြစ်နိုင်တယ်ဆိုတဲ့ အသိပညာဗဟုသုတ မရှိတာကို သွားတွေ့ရတယ်။ အဲဒါကဘာဖြစ်လဲဆိုတော့ ကလေးမိဘတွေရော၊ ပွဲစားရောပေါ့။ ပွဲစားကလည်း ဒီငွေလေးတစ်ခုရလိုမှုနဲ့ တရုတ်စကားတတ်တာနဲ့ လိုက်လာတာပေါ့။ အဲဒီတော့ Awareness ပေါ့။သူတို့မှာ အသိပညာဗဟုသုတက နည်းတယ်ဆိုတာ သွား တွေ့ရတယ်။ အဲဒီတော့ အသိပညာ နည်းရခြင်းအကြောင်းကို ပြန်ကြည့်တော့လည်း အရင်တုန်းက အသိ ပညာ ပေးလုပ်ငန်းတွေ လုပ်ကြတယ်။ ရပ်ကွက် တွေ၊ မြို့နယ်တွေ ၊ ကျောင်းတွေမှာလုပ်ကြတယ်။ အဲဒါ တွေလည်း နည်းနည်း နည်းလာပုံရတယ်။ အသိပညာပေးတွေလုပ်မယ်ဆိုရင်တော့ ကွန်မြူနတီပေါ့၊ ရပ် ကွက်တွေမှာ ရပ်ကွက် အဆင့်လုပ်ရတာတွေရှိတယ်။ အစိုးရပိုင်းက လုပ်ရတာတွေရှိတယ်။ အဲဒီတော့ ရပ်ကွက်တိုင်းမှာ အခြေခံအကျဆုံးကတော့ ရပ်မိရပ်ဖတွေ နောက်လူငယ်အသင်းအဖွဲ့တွေ၊ လူမှုကယ် ဆယ်ရေးအသင်းတွေ အဲဒီအဖွဲ့တွေကို ဦးဆောင်တဲ့လူတွေမှာလည်းပဲ လူကုန်ကူးမှုဆိုင်ရာ Aware ဖြစ်ဖို့ လိုတယ်။ ဘယ်လိုဟာက လူကုန်ကူးမှု ဖြစ်နိုင်တယ်။ လူကုန်ကူးမှု‌ မြောက်သွားနိုင်တယ်။ လူကုန်ကူးမှု လမ်းကြောင်းဖြစ်နိုင်တယ်ဆိုတဲ့ အသိပညာရှိသင့်တယ်။ ဒီကလေးမလေးကိုလာပြီး ကြည့်ကတည်း ကို က ရှင်းရှင်းပြောရရင် ဆင်းရဲနေလား၊ စားဝတ်နေရေး မပြေလည်လား၊ အရွယ်ရောက်တဲ့ ကလေးတွေရှိ နေတာ ၊ အဲဒီကလေးတွေက ရုပ်ရည်သနားကမားရှိတာ အဲဒီလိုဟာလေးတွေ သူတို့ရဲ့ ဈေးကွက်မှာရ မယ်ထင်တာတွေက သူတို့ရဲ့ ပွဲစားတွေက သိပြီးသားဖြစ်မှာပေါ့နော်။ အဲဒီမိသားစုတွေဆိုရင် Aware ဖြစ်ဖို့လိုတယ်။ နောက်တစ်ခါ သူနေတဲ့ကျောင်းတွေမှာ ပညာပေးဖို့၊ အသိပညာ ပေးဖို့လုပ်ရမယ်။ နောက် တစ်ခါ အခုထက်ထိ နှစ်ပေါင်းများစွာဖွဲ့စည်းထားတဲ့ အမျိုးသမီးရေးရာအဖွဲ့တို့ မိခင်နှင့် ကလေးအဖွဲ့ တွေဆိုတာ မြို့နယ်အဆင့်တွေက ရှိတာပဲ။ ဒီအဖွဲ့အစည်းတွေက အစိုးရ မဟုတ်သော အဖွဲ့အစည်း တွေက ရပ်ကွက်တွေ ထဲက မဖြစ်မနေလုပ်ရမယ့် အသိပညာပေးမှုပေါ့နော်။ နောက်တစ်ခါ အစိုးရပိုင်း ပေါ့နော် ၊ အစိုးရပိုင်းကတော့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဆိုတာ ရှိမယ်။ သူကလည်း သက် ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမှရမယ်။ လက်ရှိအနေအထားအရ အသိ ပညာပေးဆွေးနွေးပွဲကြီး တွေ၊ ရပ်ကျေးအဆင့် ၊ မြို့နယ်အဆင့်တွေမှာ လုပ်ဖို့ကျတော့ ဒီအဖွဲ့အစည်း တွေရဲ့လုပ်နိုင်စွမ်းအားနဲ့ လုပ်ဖို့အခြေအနေပေး၊ မပေးဆိုတာရှိသေးတယ်။ အဲဒီအဖွဲ့တွေလုပ်ပေးဖို့ တစ်ပိုင်းက လိုမှာပေါ့နော်။ နောက်တစ်ခုကတော့ ဒီလိုသံသယဖြစ်ဖွယ် လူကုန် ကူးမှုတဲ့ပတ်သက်တဲ့ အသိပညာသာ ရှိထားမယ်ဆိုရင် ရဲတပ်ဖွဲ့က အရေးယူတယ်ဆိုတာ ရဲကသတင်းရမှ အရေးယူလို့ရတာ။ မြန်မာပြည်မှာ လူ (၈၀ဝဝ၊ ၇၀ဝဝ)မှာမှ တစ်ယောက်ပဲရှိတာလေ။ သဘောပြောပြတာ။ အဲဒီတော့ ရဲက သတင်းရဖို့လိုတယ်။ ရဲက သတင်းရအတွက်ဖို့က ဘယ်သူကအရင်လဲဆိုတော့ Public ပေါ့နော်။ ပြည်သူ တွေက သံသယဖြစ်ရင် သတင်းပို့တဲ့ စနစ်၊ အဲဒီလို သံသယဖြစ်ဖွယ်တွေကို သတင်းပို့လာရင်တော့ ရဲက အရေးယူမှာပေါ့နော်။ နောက်တစ်ခါ ဟိုတုန်းကတော့ INGO က တော်တော်များများသည် လူကုန်ကူး တိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက်တဲ့ အဖွဲ့တွေရှိတယ်။ အဲဒါတွေလည်း ဒီ (၂၀၂၁)နောက်ပိုင်းမှာ နည်းနည်းနားသွားပုံရတယ်။ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တုန်းကတော့ အဲဒီအဖွဲ့တွေက နည်း ပညာတွေရော ပစ္စည်းတွေ ထောက်ပံ့တာရှိတယ်။ (၂၀၁၃) ထိတော့ ကောင်းကောင်းလုပ်ခဲ့တယ် ပေါ့ နော်။ နောက်ပိုင်းတော့ အဲဒါတွေ နည်းသွားတဲ့အပိုင်းတွေ၊ ပညာပေးလုပ်ငန်းတွေ လူထုထဲမှာ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် သိအောင်လုပ်တာတွေကနည်းနည်း နည်းသွားသလား မသိဘူးလို့ ထင်ရတာပေါ့ နော်။ နောက်တစ်ခါ နည်းပညာအရ ထိုးဖောက်လာတာပေါ့နော်။ Tiktok တွေကနေ တစ်ဆင့်။ နောက် တစ်ခါ အတင့်ရဲလာတာပေါ့နော်။ အတင့်ရဲလာတာရယ်။ နောက်တစ်ခါ (၂၀၁၂) ခုနှစ်က ခွင့်ပြုလိုက်တဲ့ နိုင်ငံခြားသားနဲ့လက်ထပ်တာကို ကျမ်းကျိန်တာကို တရားရုံးက ခွင့်ပြုလိုက်တာလေ။ ခွင့်ပြုလိုက်တဲ့အခါ ကျတော့လေ နောက်ပိုင်းဖြစ်စဉ်တွေမှာ တရုတ်တွေက အဲဒီဥပဒေကို အသုံးချတယ်။ တရားဝင်လက် ထပ်တယ်။ လက်ထပ်ပြီး ကျမ်းကျိန်တယ်။ ပြီတော့ ပတ်စပို့လျှောက်တယ်။ ပြီးတော့မှ တရုတ်ပြည်ကို လေယာဉ်နဲ့‌ခေါ်တယ်ဆိုတော့ မိဘတွေက တကယ်ထင်ရတာပေါ့နော်။ ဟိုကျမှ ကလေးမလေးက ကိုယ့်ကိုရောင်းစားလိုက်မှန်းတွေ တခြားထပ်ပြောင်းရောင်းလိုက်မှန်းတွေ ဟိုကျမှ သိတာဖြစ်တဲ့ ဖြစ်စဉ် တွေဖြစ်တာကိုး။ အဲဒါမျိုးတွေ ဖြစ်နေတာကိုး၊ အဲဒီတော့ အဲဒီအပိုင်းကလည်း နည်းနည်း ကြပ်မတ်ဖို့လို မယ်လို့ထင်တယ်။ တရုတ်တစ်ယောက်နဲ့ တရားရုံးမှာလက်ထပ်တဲ့အခါမှာ တရားသူကြီးက နှစ်ဦး သ‌ဘောတူ လက်ထပ်ခြင်းဟုတ်မဟုတ်၊ နှစ်ယောက်စလုံးက ဗုဒ္ဓဘာသာဝင် ဟုတ်မဟုတ် မေးတဲ့ မေးခွန်းတွေ ရှိရမှာပေါ့နော်။ အဲဒီတရုတ်က ဗုဒ္ဓဘာသာဝင် ဟုတ်၊ မဟုတ်က ဘယ်လိုလုပ်သိမှာလဲ။ တရုတ်အများစုက ကွန်မြူနစ်တွေလေ။ အဲဒါကို တရားရုံးက လက်ထပ်ပေးနေတာတွေကလည်း နည်း နည်း စဉ်းစားစရာကြီးပဲနော်။ နောက်တစ်ခါ ပတ်စပို့ လျှောက်မယ်။ ပြီးရင် သံရုံးကတော့ ဗီဇာကို အလည်ဗီဇာပေးတယ်နဲ့တူတယ်။ တရုတ်ပြည်ထဲကို ပါမစ်နစ် နေခွင့်တို့ နောက်တစ်ခါ မှီခိုခွင့်တို့က တော်တော် Try ယူမှ ရမယ်ထင်တယ်။ အန်ကယ် သိသလောက်ဆိုရင် (၃၊ ၄)နှစ်စောင့်ရတယ်။ တရုတ် ပြည်ထဲမှာ အိမ်ထောင်စုဇယားဝင်ဖို့ ဘာညာဆိုရင်လေ။ အဲဒီတော့ အဲဒီအပိုင်းတွေ ထိအောင်စဉ်းစားရ မှာပေါ့နော်။ ကြို တင်ကာကွယ်ရေးနဲ့ တားဆီးရေးလုပ်မယ်ဆိုရင်။ ရဲကတော့ သံသယဖြစ်ဖွယ်ရှိတဲ့ သတင်းရှိရင် ဖော်ထုတ်မယ်။ အခုဆိုလည်း ပြစ်မှုမြောက်သွားပြီ။ ဘာမြောက်သွားပြီလဲဆိုတော့ လူကုန် ကူးရန် ရည်ရွယ်ချက်နဲ့ ဒီကလေးမလေးကို လာရောက်ပြီးတော့ စည်းရုံးတယ်။ ဘာဖြစ်လို့လဲဆိုရင် လူကုန်ကူးဥပဒေ အရ ပြစ်မှုမြောက်ဖို့အတွက် အင်္ဂါရပ်(၃)ခုမှာ အားထုတ်တာ၊ စီစဉ်တာ၊ နောက် ကြိုးပမ်းတာ နောက်တစ်ခါ စကားပြန်တွေက ပူးပေါင်းဆောင်ရွက်တာ အားလုံးအကျုံးဝင်သွားတော့ အဲဒီပုဒ်မတွေနဲ့အမှုက ဖွင့်ထားပြီးပြီ။ တရုတ်ပြည်ကိုခေါ်လာမယ့်အကြောင်း ဓာတ်ပုံတွေနဲ့တင်တယ်။ ဟိုတရုတ်မက သူ့ယောကျာ်းအတွက် တစ်သောင်းပေးပြီးဝယ်မယ်လို့ ပြောတာတွေ အဲဒါတွေပါ ပါနေပြီ ဆိုတော့ သူတို့က လူကုန်ကူးရန် ရည်ရွယ်ချက်ရှိတယ်ဆိုတာပေါ်နေပြီ။ အင်္ဂါ(၃)ရပ်နဲ့ လူကုန်ကူးမှုက မြောက်နေပြီ။ အဲဒီ တော့ အဓိကကတော့ ခုနကပြည်တွင်းအဆင့်လုပ်မယ့်အပိုင်းတွေမှာ ဒါကဒီလောက် အဆင့်မှာပဲ မိလိုက်လို့လေ ဖော်ထုတ်ဖမ်းဆီးနိုင်တဲ့ ရဲတပ်ဖွဲ့တွေကိုလည်း ချီးကျူးဖို့ကောင်းတယ်။ ဒါတွေကို ချက်ချင်းသိပြီးတော့ ဖော်ထုတ်ဖို့အတွက် တာဝန်သိသိနဲ့ ဖမ်းဆီးအရေးယူကြတဲ့ ရဲတပ်ဖွဲ့တွေ ကိုရော ၊ အပြင်က အဖွဲ့အစည်းတွေရောကြောင့် ဒီအမှုမှန်ပေါ်ပေါက်တာလေ။ ဒီအဆင့်ကနေ ကျော်သွား ပြီးတော့မှ တရားရုံးမှာလက်ထပ်မယ်။ ပတ်စပို့လျှောက်မယ်။ နောက်တစ်ခါ ပြည်ပကိုထွက်မယ်ဆိုရင် တော့ အဲဒီမှာလည်း နည်းနည်းစိစစ်ဖို့တော့လိုမယ်။ စိစစ်ဖို့ လိုမယ်ဆိုတာ နည်းနည်းကြပ်ကြပ်မတ်မတ် ရှိဖို့လိုမယ်။ အထူးသဖြင့် တရားရုံးပေါ့နော်။ တရားရုံးကလွယ်လွယ်ကူကူပဲ ကျမ်းကျိန်နေတာ လုပ်ပေး နေတာတွေ၊ လုပ်ပေးနေမယ်ဆိုရင် မလွယ်ဘူး။ တချို့ဆိုရင် စင်ကာပူမှာတွေ့ပြီး ဒီမှာလာလက်ထပ်တာ တောင် ရှိသေးတယ်။ တရုတ်ပြည်က တရုတ်နဲ့ ဗမာပြည်က ကောင်မလေးနဲ့တွေ့တယ် ပြီးတော့ ကြိုက် ကြတယ်။ ပြီးတော့ လက်ထပ်တယ်။ အဲဒီလိုကောင်မလေးတွေလည်း လူကုန်ကူးခံရလား၊ မခံရလားဆို တာစောင့် ကြည့်ရဦးမှာပေါ့။

မေး - တရုတ်အပြင် ဘယ်နိုင်ငံတွေကို ရောင်းစား တာမျိုးတွေ၊ ဖြစ်စဉ်တွေ ရှိခဲ့ဖူးလဲ ။ တရုတ်ပြီးရင် ဘယ်နိုင်ငံတွေ များလဲ။
ဖြေ - ဇနီးမယားအဖြစ် ရောင်းစားခံရတာတော့ တရုတ်ပြည်မှာပဲ ဖြစ်တာများပါတယ်။ ကျန်တာတွေ ကတော့ Sex Industry ပေါ့နော်၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကတော့ ထိုင်းတို့ မလေးတို့ မှာ ရှိတယ်။ ဒီလောက်ပါပဲ ။ ကျန်တာတွေကတော့ မတွေ့သေးဘူး။ အန်ကယ် ပင်စင်ယူပြီးနောက်ပိုင်း ဒီဘက်ပိုင်းတော့ သိပ်မသိဘူး။

မေး - ဟုတ်ကဲ့ပါ အန်ကယ်။ အန်ကယ့်အနေနဲ့ကော မြန်မာအမျိုးသမီးတွေကို ဘယ်လိုမျိုး Message ပေးချင်လဲ။
ဖြေ - အဓိကကတော့ ဗမာစကားပုံ ရှိတယ်မလား။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး ဆိုပြီး ။ အိမ်ထောင်ပြုတယ်ဆိုတာတော်တော်လေး စဉ်းစားရတဲ့ အလုပ်လေ။ မိမိဘဝတစ်ခုလုံးကို အပ်ရမှာ။ အဲဒါက ပြည်တွင်းမှာတောင် အခုလို စကားပုံမျိုးနဲ့ စဉ်းစားရတာဆိုရင် ကိုယ့်စကားလည်း မပေါက် ကိုယ်လည်းမသိတဲ့နိုင်ငံ တစ်ခုကိုလိုက်သွားပြီး အဲဒီကယောကျာ်းရဲ့ ဇနီး မယားအဖြစ်နေဖို့ကိစ္စ ကတော့ မိန်းကလေးတွေ စဉ်းစားသင့်တာပေါ့။ သို့သော်လည်းပဲ ဆင်းရဲမွဲတေမှု၊ ကိုယ့်မိသားစုရဲ့ ပြဿနာတွေကိုပြေလည်အောင် ဒီ နည်းနဲ့ဖြေရှင်းမှရမယ်ဆိုပြီး ငွေရရေး တစ်ခုပေါ့နော်။ အဲဒီလိုနည်းနဲ့ လုပ်မယ်ဆိုပြီး စွန့်စားကြတာပေါ့နော်။ စဉ်းစဉ်းစားစားတော့ လုပ်ဖို့လိုတယ်။ အဓိကကတော့ လူကုန်ကူး မှုနဲ့ ပတ်သက်တဲ့ Aware ဖြစ်ဖို့လိုတယ်။ အသိပညာတွေ ဗဟုသုတတွေရှိဖို့လိုတယ်။ တရုတ်ပြည်မှာ တရုတ်ဇနီးမယားအဖြစ်နဲ့ အဆင်ပြေနေတဲ့ လူတွေမရှိဘူးလားဆိုတော့ ရှိကောင်းရှိနိုင်တယ်။ သို့ သော် သူတို့အဆင်ပြေသလို ကိုယ်ပြေချင်မှပြေမှာလေ။ အဲဒါကြောင့် စဉ်းစားပြီးမှ လုပ်ကြပါ။ နောက် ဒါတွေကို အလွယ်တကူ မဆုံးဖြတ်ပါနဲ့လို့။ မိဘတွေကလည်းပဲ ဒီကိစ္စတွေဖြစ်တိုင်းမှာ ကိုယ့်ရဲ့ လတ်တလော အခက်အခဲကို ပြေလည်ဖို့အတွက် လူတစ်ယောက်လုံးကို ရင်းပြီးတော့မှရမယ့်အဖြစ်မျိုးကိုအင်မတန် စဉ်းစားပြီးမှ လုပ်သင့်တယ်လို့ပြောချင်ပါတယ်။

မေး - ဟုတ်ကဲ့ပါ အန်ကယ်။ အန်ကယ့်အနေနဲ့ ဘာများ ဖြည့်စွက်ပြီးတော့ ပြောချင်သေးလဲရှင့်။
ဖြေ - ဒီဖြစ်စဉ် ဖြစ်ရပ်မျိုးဆိုရင် Workshop ပေါ့နော်၊ ဖြစ်စဉ်ကြီးကို ချပြပြီးတော့ Concern ဖြစ်တဲ့ ဌာနတွေထိုင်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီး ဖော်ထုတ်ရရှိချက်တွေကို ထုတ်ပြီးတောင် လုပ်သင့် တာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အခုက တရုတ်တွေ ပြည်တွင်းကိုလာပြီးတော့ မိန်းမယူတဲ့ကိစ္စ၊ မိန်းမ တောင်းတဲ့ကိစ္စ ၊ မိန်းမဝယ်တဲ့ကိစ္စတွေက တော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပြီဆိုတော့လုပ်သင့် တယ်။

zawgyi version
တ႐ုတ္မယား ကိစၥ ျပည္သူေတြဘာလုပ္သင့္လဲ
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၈

ၿပီးခဲ့သည့္ရက္ပိုင္းက ရန္ကုန္တိုင္း ဒလၿမိဳ႕နယ္၌ တ႐ုတ္အမ်ိဳးသားအပါအဝင္ လူ(၄)ဦးက အမ်ိဳးသမီးငယ္မ်ားရွိရာေနအိမ္သို႔သြားၿပီး တ႐ုတ္ႏိုင္ငံသို႔ ဇနီးမယားအျဖစ္ေခၚယူရန္အလို႔ငွာ ရည္႐ြယ္၍ ဗီဒီယို႐ိုက္ကူးကာ အြန္လိုင္းတြင္တင္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ ဥပေဒ ေၾကာင္းအရ အေရးယူျခင္းမ်ားကိုလည္း ျမန္မာအစိုးရတာဝန္ရွိသူမ်ားက ေဆာင္႐ြက္ထားေၾကာင္း သိရ သည္။ သို႔ေသာ္ ယင္းျဖစ္စဥ္မွာ တ႐ုတ္မယားေခၚယူေသာ ျဖစ္စဥ္အားလုံးအနက္တစ္ခုသာျဖစ္ၿပီး တရားမဝင္ေခၚယူျခင္းမ်ားလည္းရွိေနသည့္အျပင္ ေနာက္ဆက္တြဲအျဖစ္ လူကုန္ကူးမႈအထိပါ ျဖစ္ပြား ေနေၾကာင္းသိရသည္။ ယင္းျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕တြင္ အဆင့္ျမင့္ တာဝန္ထမ္းေဆာင္ခဲ့ေသာ အၿငိမ္းစားရဲမႉးႀကီးတစ္ဦးထံ NP News မွ ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - တ႐ုတ္မယားအျဖစ္ေရာင္းစားတဲ့ ျဖစ္စဥ္ေတြက ဘယ္အခ်ိန္ေလာက္ကတည္းက ေပၚေပါက္ခဲ့ တာလဲရွင့္။
ေျဖ - လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကစၿပီးေတာ့ အထူးအဖြဲ႕ေလး တစ္ခုစဖြဲ႕တာက (၂၀ဝ၄)ေပါ့ေနာ္။ (၂၀ဝ၄) မွာ ဖြဲ႕ၿပီး (၂၀ဝ၅)မွာ ဥပေဒျပ႒ာန္းတယ္။ (၂၀ဝ၅) ဥပေဒ မေပၚခင္ စစဖြဲ႕ၿပီးခ်ိန္မွာပဲ မူဆယ္ဘက္မွာ အဲဒီလိုတစ္ဖက္ႏိုင္ငံမွာ တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစား တဲ့ ျပႆနာေတြ အမႈေတြထပ္ေပၚလာလို႔ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးအထူးအဖြဲ႕သည္ ရန္ကုန္ ကေန သြားၿပီးေတာ့ ကယ္တင္ရတာေတြ၊ သြားၿပီးေတာ့ ျပန္လည္ေခၚယူရတာေတြ စလုပ္ခဲ့တာ။ အဲဒီ ေတာ့ ဥပေဒမတိုင္ခင္ကတည္းကကို တ႐ုတ္ ဘက္မွာ ဗမာမိန္းကေလးေတြ ေရာင္းစားတဲ့အေလ့အထက ရွိေနၿပီလို႔ေျပာလို႔ရတယ္။ (၂၀၂၄) မတိုင္ခင္ကတည္းကေပါ့။

ေမး - ဟုတ္ကဲ့ရွင့္။ ၾကားထဲမွာေကာ ျဖစ္စဥ္ေတြ နည္းသြားတာေတြေကာ ရွိသြားလား။
ေျဖ - နည္းလည္း မနည္းသြားဘူး။ Data ေတြ ရွိတယ္။ ႏွစ္အလိုက္ၾကည့္ရင္ ဒီဟာေတြက နည္းသြား တယ္လို႔မရွိဘူး။ မရွိဘဲနဲ႔ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားတဲ့ လူကုန္ကူးမႈပုံစံထဲမွာ တ႐ုတ္ႏိုင္ငံသို႔ တ႐ုတ္ဇနီး မယားအျဖစ္ ေရာင္းစားခံရတဲ့ အမႈအေရအတြက္ဟာ အၿမဲတမ္း Top မွာရွိတယ္။ ရာခိုင္ႏႈန္းနဲ႔ ေျပာရင္ (၂၀၁၃) မတိုင္ခင္အထိ လူကုန္ကူးမႈ (၁၀ဝ) ျဖစ္ရင္ (၇၀)က တ႐ုတ္ျပည္ကိုပဲ လူကုန္ကူးတဲ့ ၊ တ႐ုတ္ ဇနီးမယားအျဖစ္ ေရာင္းစားတဲ့၊ ပို႔တဲ့ လူကုန္ကူးမႈေတြပဲ ျဖစ္ေနတာကိုေတြ႕ရတယ္။ အဲဒီေတာ့ က်သြားတယ္လို႔ ေျပာလို႔မရဘူးေပါ့ေနာ္။

ေမး - ဟုတ္ကဲ့ အန္ကယ္။ အခုေနာက္ပိုင္း Tit Tok ေတြ Facebook ေတြမွာ တ႐ုတ္မယားအျဖစ္ ေပၚ ေပၚတင္တင္ ေခၚေနတာေတြ ေတြ႕ရတယ္။ ၿပီးခဲ့တဲ့ ဒလျဖစ္စဥ္ကိုၾကည့္ရင္လည္း အတင့္ရဲလာတာမ်ိဳး ေတြ ေတြ႕ရတယ္။ ဒါေတြက ဘာေၾကာင့္လို႔ ထင္လဲ။
ေျဖ - ဟိုးတုန္းကေတာ့ မူဆယ္မွာ အလုပ္ရမယ္။ ေ႐ႊလီမွာအလုပ္ရမယ္ဆိုၿပီးေတာ့ လိမ္လည္လွည့္ျဖား ၿပီးေတာ့ ေခၚသြားတာမ်ိဳးရွိတယ္။ တခ်ိဳ႕ကသမီး ရည္းစားအျဖစ္ဟန္ေဆာင္ၿပီးေခၚသြားတာ ေတြရွိ တယ္။ အဲဒီနည္းနဲ႔ လူကုန္ကူးတာေပါ့ေနာ္။ အဲဒီကေန ဘာျဖစ္လာလဲဆိုေတာ့ (၂၀၁၀)ပတ္ခ်ာလည္ ေလာက္က်ေတာ့ ဘာေတြျဖစ္လာလဲဆိုေတာ့ တ႐ုတ္ ေတြနဲ႔လက္ထပ္ရင္ မိဘကို၊ သက္ဆိုင္ရာ မိန္းက ေလးရဲ႕မိဘကို ေဒသအေခၚေတာ့ ႏို႔ဖိုးလို႔ေခၚတာေပါ့။ တင္ေတာင္းတဲ့ ေငြေပါ့ေနာ္။ တင္ေတာင္းတဲ့ေငြ ပထမက သိန္းဆယ္ဂဏန္း ၊ ေနာက္ပိုင္းမွာဆိုရင္ သိန္းဆယ္ဂဏန္းမကဘူး။ (၁၀ဝ)ေလာက္ေပါ့။ အပ်ိဳ အစစ္ျဖစ္တယ္တို႔၊ အသက္ငယ္႐ြယ္လွပတယ္တို႔ဆို သိန္း(၁၀ဝ)ဝန္းက်င္ေလာက္ကို တင္ေတာင္း ၿပီး ေတာ့ တင္ေတာင္းတဲ့အေလ့အထေတြ အဲဒီေလာက္ထိ ျဖစ္လာတာေပါ့ေနာ္။ ျဖစ္လာေတာ့ တခ်ိဳ႕မိဘ ေတြ၊ တ႐ုတ္နယ္စပ္နဲ႔နီးစပ္တဲ့ေဒသေတြက မိဘေတြက တင္ေတာင္းတဲ့ေငြယူၿပီးေတာ့ လက္ထပ္တဲ့ အဆင့္အထိေအာင္ ေျပာင္းလဲလာတာ ေပါ့ေနာ္။ တျဖည္းျဖည္းနဲ႔ နည္းပညာေျပာင္းလာတယ္။ ေျပာင္း လာတဲ့အခါက်ေတာ့ နည္းပညာနဲ႔တစ္ဆင့္ တ႐ုတ္ျပည္မွာအလုပ္ရမယ္ပဲျဖစ္ျဖစ္ အဲဒီလိုေခၚတာမ်ိဳး ေလးေတြလည္းရွိေနသလို တ႐ုတ္အမ်ိဳးသားနဲ႔လက္ထပ္ရမယ္၊ တစ္ႏွစ္ေပါင္းရမယ္။ ကေလး တစ္ ေယာက္ယူရမယ္။ ၿပီးရင္ ျပန္လာၿပီးရင္ ကိုယ့္မိဘဆီ ျပန္လာလို႔ရတယ္။ အဲဒီလိုမ်ိဳးေတြ အြန္လိုင္း ကေနတစ္ဆင့္ျဖစ္ျဖစ္ သူတို႔သုံးတဲ့ We chat တို႔ Facebook တို႔ျဖစ္ျဖစ္ အဲဒီကေနတစ္ဆင့္ စည္း႐ုံး ၿပီးေတာ့မွ လုပ္တာေတြ၊ လူကုန္ကူးတာေတြေပၚလာတယ္။ ေနာက္က်ေတာ့ ဒီကအမ်ိဳးသမီးဓာတ္ပုံ ေလးေတြ တင္ၿပီးေတာ့ကို ဒီေကာင္မေလးကိုယူရင္ေတာ့ ဘယ္ေလာက္နဲ႔ရမယ္၊ ဒီေကာင္မေလးကို က ဘယ္ေလာက္နဲ႔ရမယ္ဆိုၿပီးေတာ့ ဟိုဘက္က တ႐ုတ္အမ်ိဳးသားေတြကို ျပၿပီးေတာ့မွလာၿပီးေ႐ြးခ်ယ္တာ မ်ိဳးေတြေပၚလာတယ္။ ေနာက္တစ္ခါ ရန္ကုန္မွာ တခ်ိဳ႕ဆိုရင္တျခား ဥပမာ-အက်ိဳးေဆာင္ လုပ္ငန္း တစ္ ခုခု ႐ုံးခန္းလာဖြင့္တဲ့တ႐ုတ္ႏိုင္ငံသားေတြရွိတယ္။ သူတို႔ကိုယ္တိုင္ကကို ရန္ကုန္က ကေလးမေလး ေတြကို အိမ္ေထာင္ျပဳရမယ္၊ ပုံမွန္ဆိုရင္ ရပ္တည္ဖို႔ခက္ခဲတာေတြ ၊ ဆင္းရဲတဲ့မိသားစုေတြကို Target ထားၿပီးေတာ့မွ ပြဲစားေတြက လိုက္ၿပီးေတာ့ ေငြေၾကးနဲ႔ စည္း႐ုံးၿပီးေတာ့ တ႐ုတ္ႏိုင္ငံမွာ တ႐ုတ္ အမ်ိဳး သားနဲ႔လက္ထပ္ရင္ ဘယ္ေလာက္ၾကာၾကာေနရင္၊ ေနာက္တစ္ခါ ကေလးတစ္ေယာက္ယူမယ္။ ၿပီးရင္ အိမ္ျပန္လာလို႔ရမယ္ဆိုၿပီး စည္း႐ုံးတာေပါ့ေနာ္။ တျဖည္းျဖည္း က်ယ္ျပန႔္လာတာေပါ့ေနာ္။ ေနာက္တခါ အြန္လိုင္းကတစ္ဆင့္လုပ္တာ ေတြကေနာက္ပိုင္းမွာ ပိုမ်ားလာတာေပါ့ေနာ္ ။ အဲဒီလို ေျပာလို႔ရတာေပါ့ေနာ္။

ေမး - ဘယ္ေဒသက ဘယ္လိုလူမ်ိဳးေတြကို ပိုပစ္မွတ္ထားလဲ။ ၿပီးရင္ ေရာင္းစားခံရတဲ့ အမ်ိဳးသမီးေတြ ကေကာ ဘယ္လိုအခက္အခဲမ်ိဳးေတြရွိႏိုင္မလဲ။ ဟိုဘက္မွာ ဘာေတြနဲ႔ႀကဳံေနရတယ္လို႔ အန္ကယ့္အေန နဲ႔ျမင္လဲ။
ေျဖ - အန္ကယ္က အၿငိမ္းစားယူတာၾကာၿပီဆိုေတာ့ ဒီဘက္ေနာက္ပိုင္းျဖစ္စဥ္ေတြေတာ့ သိပ္ေတာ့ မဆက္စပ္ေတာ့ဘူးေနာ္။ သို႔ေသာ္လည္း တ႐ုတ္အမ်ိဳးသားနဲ႔ ယူတိုင္းေရာင္းစားခံရတာမ်ိဳး ျဖစ္လားဆို ေတာ့လည္း မဟုတ္ဘူး။ အဆင္ေျပတဲ့ ဇနီးအျဖစ္ရပ္တည္ေနတဲ့လူေတြလည္းရွိတယ္။ အန္ကယ္တို႔ရွိတုန္းက တ႐ုတ္ျပည္မွာရွိတဲ့ အမ်ိဳးသမီးတခ်ိဳ႕နဲ႔ အင္တာဗ်ဴးၾကည့္တဲ့အခါမွာ တခ်ိဳ႕ ႐ြာေလး၊ တခ်ိဳ႕ၿမိဳ႕ေလးေတြမွာ ျမန္မာ အမ်ိဳးသမီးေတြ (၃၀)၊ (၄၀)ေယာက္ေလာက္ အိမ္ေထာင္က် ေနတဲ့ ျမန္မာအမ်ိဳးသမီးေတြရွိတယ္လို႔ သိရတယ္။ တခ်ိဳ႕က်ေတာ့လည္း အဲဒီလိုအဆင္ေျပတာ ရွိ ေကာင္းရွိႏိုင္တာေပါ့။ သို႔ေသာ္ Percentage ေတာ္ေတာ္မ်ားမ်ားက တ႐ုတ္ႏိုင္ငံက ရွင္းရွင္းေျပာရရင္ အခုမွသာဘာသာတရားဆိုတာ ျဖစ္လာတာ။ တ႐ုတ္ႏိုင္ငံရဲ႕ အဓိကကကြန္ျမဴနစ္ဝါဒဆိုေတာ့ သူတို႔က ဘာသာမဲ့ေလ။ ဒါေၾကာင့္ ဒီအမ်ိဳးသမီးနဲ႔ အမ်ိဳးသားၾကားမွာထားတဲ့ ယဥ္ေက်းမႈခ်င္း သ‌ေဘာ သဘာဝ ခ်င္း မတူဘူးထင္တယ္။ သူတို႔က ဒီမိန္းမကို ယူမယ္။ ကေလးေမြးမယ္။ ၿပီးရင္ ေနာက္တစ္ေယာက္ေပါ့။ သူတို႔က သားသမီးရဖို႔က အဓိကဆိုေတာ့ သားသမီးရရင္ ေနာက္တစ္ေယာက္ကို ျပန္ေရာင္းမယ္။ အဲဒါ မ်ိဳးေလးေတြ ရွိတာေပါ့ေနာ္။ အဲဒါမ်ိဳးေတြကိုလည္း ေတြ႕ရတာေပါ့ေနာ္။ အန္ကယ္တို႔ တာဝန္ရွိစဥ္တုန္း ကေတာ့ ဗမာအမ်ိဳးသမီးတစ္ေယာက္ကို ယူထားၿပီးေတာ့ အေဖေရာ၊ သားေရာ ေပါင္းေနတာမ်ိဳးေတြ လည္း ၾကားဖူးခဲ့တယ္။ ႀကဳံဖူးခဲ့တယ္။ တခ်ိဳ႕လည္းပဲ လိင္ပိုင္းဆိုင္ရာ မတရားေစာ္ကားခံရတာေတြ၊ အဲဒါမ်ိဳးေလးေတြလည္း ႀကဳံခဲ့တယ္။ အဲဒီေတာ့ ျဖစ္ႏိုင္ေျခကိုေျပာရင္ေတာ့ သူမ်ားႏိုင္ငံမွာ ဘာသာ စကားလည္း မတတ္ဘဲသြားတယ္၊ ၿပီးရင္ ဘာသာစကားမတတ္ဘဲ ေယာက်ာ္းယူရတယ္၊ အဲဒီ ေယာက်ာ္းနဲ႔ေပါင္းရတယ္ဆိုတာ ေတာ္ေတာ္ေတာ့ မလြယ္ကူတဲ့ကိစၥေလေနာ္။ သို႔ေသာ္လည္းပဲ အဲဒါ ကိုပဲ စြန႔္စြန႔္စားစား သြားၿပီးေတာ့လုပ္တဲ့လူေတြ၊ ေငြေၾကးအခက္အခဲေၾကာင့္၊ မိသားစုစီးပြားေရးေၾကာင့္ စြန႔္စားၿပီးေတာ့ပဲ သြားၾကတာမ်ိဳးေတြရွိတယ္။ ဒါေပမဲ့ ေစာေစာပိုင္းေတြမွာက်ေတာ့ ပြဲစားေတြက ဘာ ေတြကိုပစ္မွတ္ထားတာလဲဆိုေတာ့ အႏွိပ္ခန္းတို႔၊ ျပည့္တန္ဆာတို႔၊ ကာရာအိုေကတို႔က အဲဒီက ေဈး ကြက္က်လာတဲ့ကေလးမေတြကိုပစ္မွတ္ထားၿပီးေတာ့ စည္း႐ုံးတာမ်ိဳးေတြ ေတြ႕ရတယ္။ တ႐ုတ္ ျပည္ ေရာက္တိုင္းေကာင္းတယ္၊ မေကာင္းဘူးဆိုတာေတာ့ ခန႔္မွန္းရတာခက္ခဲတယ္။ ဒါေပမဲ့ တ႐ုတ္ အာဏာ ပိုင္ေတြဘက္က တစ္ခါတစ္ခါမွာ၊ အန္ကယ္အရင္က ေဆာင္းပါးတစ္ခုေရးဖူးတယ္။ အဲဒီထဲမွာ တ႐ုတ္ ျပည္က လူကုန္ကူးမႈနဲ႔ ပတ္သက္တဲ့ အရာရွိတစ္ေယာက္ကို မီဒီယာတစ္ခုက အင္တာဗ်ဴးထားတာရွိ တယ္။ အဲဒီအခါမွာ ဗဟိုအဆင့္ လယ္ဗယ္ရွိတဲ့အရာရွိတစ္ေယာက္က ဘာေျပာသြားလဲဆိုေတာ့ သူက မဟုတ္ပါဘူးတဲ့။ တ႐ုတ္အမ်ိဳးသားေတြကို လက္ထပ္တယ္ဆိုတာ လူကုန္ကူးတယ္လည္း မျဖစ္ဘူးလို႔ မေျပာဘူး။ အဓိကကေတာ့ ျမန္မာအမ်ိဳးသမီးေတြအေနနဲ႔ စားဝတ္ေနေရးအရ စီးပြားေရး ေျပလည္ ေအာင္လာၿပီးလက္ထပ္တာမ်ိဳးက ပိုမ်ားပါတယ္။ အဲဒီလိုေျပာတာေတြရွိတယ္။ အဲဒီေတာ့ ရွင္းရွင္းေျပာ ရရင္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္တဲ့လုပ္ငန္းေတြရွိေသာ္လည္းပဲ အဲဒီဟာေလးေတြက်ေတာ့ အျမင္ေလး ေတြက အဲဒီလိုရွိေနျပန္ေရာ။ အဲဒီေတာ့ ဟိုေရာက္တိုင္း အဆင္ေျပမယ္၊ မေျပဘူးဆိုတာကေတာ့ မွန္းရ ခက္တယ္။ သို႔ေသာ္ အႏၲရာယ္ကေတာ့မ်ားတယ္။ အခုပဲ ဒီကေလးမေလးဆိုရင္လည္း ေနာက္ထပ္ တက္ တဲ့ ဖိုင္ေတြမွာ တ႐ုတ္ျပည္မွာ တ႐ုတ္ေတြနဲ႔ အိမ္ေထာင္က်ေနတဲ့အမ်ိဳးသမီးေတြက မေက်မနပ္နဲ႔ ထၿပီး ေျပာထားတာေတြရွိတယ္မလား။ ဒီကေလးမကို (၁)ေသာင္းနဲ႔ ဝယ္မယ္ဆိုတာေတြ။ အဲဒီလိုျဖစ္ေနတယ္ တဲ့ ဓာတ္ပုံေတြတင္ၿပီးေတာ့။

ေမး - ဟုတ္ကဲ့ ။ ေနာက္ထပ္ အဲဒီလိုျဖစ္စဥ္ေတြ ေလ်ာ့နည္းသြားေအာင္၊ လုံးဝပေပ်ာက္သြားေအာင္ ေပါ့ေနာ္။ ဘယ္လိုမ်ိဳးေတြ တင္းတင္းၾကပ္ၾကပ္ ေဆာင္႐ြက္သင့္တယ္လို႔ အန္ကယ္ထင္လဲ။ ဒီျဖစ္စဥ္ ေတြကို လူကုန္တားအဖြဲ႕အျပင္ တျခားအရပ္ဘက္ အဖြဲ႕အစည္းေတြအေနနဲ႔ ‌ေဆာင္႐ြက္ေနတာမ်ိဳးေတြ ရွိလား။ တကယ္လို႔ မရွိရင္ေကာရွိသင့္တယ္လို႔ထင္လား။ ဖြဲ႕စည္းသင့္တယ္လို႔ထင္လားရွင့္။
ေျဖ - ဒါရွိသင့္လားဆိုေတာ့ ဒါျမန္မာႏိုင္ငံက လူကုန္ကူးတိုက္ဖ်က္ေရးနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ ကြန္ဗန္းရွင္းျဖစ္တဲ့လူကုန္ကူးမႈ တိုက္ဖ်က္ေရးဆိုင္ရာ ကြန္ဗန္းရွင္းမွာလည္းပဲ အဖြဲ႕ဝင္ေပါ့ေနာ္။ ရွိခဲ့ လုပ္ခဲ့ၿပီးသား။ ေနာက္တစ္ခါ အာဆီယံ သေဘာတူညီခ်က္ မွာလည္း လက္မွတ္ထိုးၿပီးထားတာရွိတယ္။ ၿပီးရင္ မဲေခါင္ေဒသ လူကုန္ကူးမႈတိုက္ဖ်က္ေရးစီမံခ်က္မွာလည္းပဲ ျမန္မာႏိုင္ငံကအဖြဲ႕ဝင္ျဖစ္တယ္။ ၿပီးရင္ ျမန္မာ-တ႐ုတ္ပူးေပါင္းေဆာင္႐ြက္ေရး လူကုန္ကူးမႈ တားဆီးတိုက္ဖ်က္ေရး နားလည္မႈစာခြၽန္လႊာ ရွိတယ္။ ျမန္မာ-ထိုင္း လူကုန္ကူးမႈတိုက္ဖ်က္ေရးပူးေပါင္းေဆာင္႐ြက္မႈနားလည္မႈစာခြၽန္လႊာေတြရွိ တယ္။ အဲဒါေတြက သူ႔က႑နဲ႔သူရွိေနၿပီးသား။ အခုဆိုရင္ ခ်ဳပ္ဆိုၿပီးတာၾကာၿပီျဖစ္ေတာ့ Upgrade ေပါ့ ေနာ္၊ ျပင္ဆင္မႈေတြေတာင္ လုပ္ထားၿပီးၿပီနဲ႔တူပါတယ္။ အန္ကယ္ထင္တာေပါ့ေနာ္။ အဲဒါေတြကလုပ္ေန ၾကတာေပါ့ေနာ္။ သို႔ေသာ္ ဒီျဖစ္စဥ္ေတြက ျဖစ္စဥ္ေလးတစ္ခုတည္းၾကည့္ရင္ေတာ့ ဘာသြားေတြ႕ရလဲဆို ေတာ့ ဒီမိသားစုမွာေရာ ပြဲစားလုပ္တဲ့လူမွာေရာ လူကုန္ကူးမႈ အသိပညာေပါ့ေနာ္၊ ဘယ္ဟာက လူကုန္ ကူးမႈျဖစ္ႏိုင္တယ္ဆိုတဲ့ အသိပညာဗဟုသုတ မရွိတာကို သြားေတြ႕ရတယ္။ အဲဒါကဘာျဖစ္လဲဆိုေတာ့ ကေလးမိဘေတြေရာ၊ ပြဲစားေရာေပါ့။ ပြဲစားကလည္း ဒီေငြေလးတစ္ခုရလိုမႈနဲ႔ တ႐ုတ္စကားတတ္တာနဲ႔ လိုက္လာတာေပါ့။ အဲဒီေတာ့ Awareness ေပါ့။သူတို႔မွာ အသိပညာဗဟုသုတက နည္းတယ္ဆိုတာ သြား ေတြ႕ရတယ္။ အဲဒီေတာ့ အသိပညာ နည္းရျခင္းအေၾကာင္းကို ျပန္ၾကည့္ေတာ့လည္း အရင္တုန္းက အသိ ပညာ ေပးလုပ္ငန္းေတြ လုပ္ၾကတယ္။ ရပ္ကြက္ ေတြ၊ ၿမိဳ႕နယ္ေတြ ၊ ေက်ာင္းေတြမွာလုပ္ၾကတယ္။ အဲဒါ ေတြလည္း နည္းနည္း နည္းလာပုံရတယ္။ အသိပညာေပးေတြလုပ္မယ္ဆိုရင္ေတာ့ ကြန္ျမဴနတီေပါ့၊ ရပ္ ကြက္ေတြမွာ ရပ္ကြက္ အဆင့္လုပ္ရတာေတြရွိတယ္။ အစိုးရပိုင္းက လုပ္ရတာေတြရွိတယ္။ အဲဒီေတာ့ ရပ္ကြက္တိုင္းမွာ အေျခခံအက်ဆုံးကေတာ့ ရပ္မိရပ္ဖေတြ ေနာက္လူငယ္အသင္းအဖြဲ႕ေတြ၊ လူမႈကယ္ ဆယ္ေရးအသင္းေတြ အဲဒီအဖြဲ႕ေတြကို ဦးေဆာင္တဲ့လူေတြမွာလည္းပဲ လူကုန္ကူးမႈဆိုင္ရာ Aware ျဖစ္ဖို႔ လိုတယ္။ ဘယ္လိုဟာက လူကုန္ကူးမႈ ျဖစ္ႏိုင္တယ္။ လူကုန္ကူးမႈ‌ ေျမာက္သြားႏိုင္တယ္။ လူကုန္ကူးမႈ လမ္းေၾကာင္းျဖစ္ႏိုင္တယ္ဆိုတဲ့ အသိပညာရွိသင့္တယ္။ ဒီကေလးမေလးကိုလာၿပီး ၾကည့္ကတည္း ကို က ရွင္းရွင္းေျပာရရင္ ဆင္းရဲေနလား၊ စားဝတ္ေနေရး မေျပလည္လား၊ အ႐ြယ္ေရာက္တဲ့ ကေလးေတြရွိ ေနတာ ၊ အဲဒီကေလးေတြက ႐ုပ္ရည္သနားကမားရွိတာ အဲဒီလိုဟာေလးေတြ သူတို႔ရဲ႕ ေဈးကြက္မွာရ မယ္ထင္တာေတြက သူတို႔ရဲ႕ ပြဲစားေတြက သိၿပီးသားျဖစ္မွာေပါ့ေနာ္။ အဲဒီမိသားစုေတြဆိုရင္ Aware ျဖစ္ဖို႔လိုတယ္။ ေနာက္တစ္ခါ သူေနတဲ့ေက်ာင္းေတြမွာ ပညာေပးဖို႔၊ အသိပညာ ေပးဖို႔လုပ္ရမယ္။ ေနာက္ တစ္ခါ အခုထက္ထိ ႏွစ္ေပါင္းမ်ားစြာဖြဲ႕စည္းထားတဲ့ အမ်ိဳးသမီးေရးရာအဖြဲ႕တို႔ မိခင္ႏွင့္ ကေလးအဖြဲ႕ ေတြဆိုတာ ၿမိဳ႕နယ္အဆင့္ေတြက ရွိတာပဲ။ ဒီအဖြဲ႕အစည္းေတြက အစိုးရ မဟုတ္ေသာ အဖြဲ႕အစည္း ေတြက ရပ္ကြက္ေတြ ထဲက မျဖစ္မေနလုပ္ရမယ့္ အသိပညာေပးမႈေပါ့ေနာ္။ ေနာက္တစ္ခါ အစိုးရပိုင္း ေပါ့ေနာ္ ၊ အစိုးရပိုင္းကေတာ့ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဆိုတာ ရွိမယ္။ သူကလည္း သက္ ဆိုင္ရာေဒသအလိုက္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းမွရမယ္။ လက္ရွိအေနအထားအရ အသိ ပညာေပးေဆြးေႏြးပြဲႀကီး ေတြ၊ ရပ္ေက်းအဆင့္ ၊ ၿမိဳ႕နယ္အဆင့္ေတြမွာ လုပ္ဖို႔က်ေတာ့ ဒီအဖြဲ႕အစည္း ေတြရဲ႕လုပ္ႏိုင္စြမ္းအားနဲ႔ လုပ္ဖို႔အေျခအေနေပး၊ မေပးဆိုတာရွိေသးတယ္။ အဲဒီအဖြဲ႕ေတြလုပ္ေပးဖို႔ တစ္ပိုင္းက လိုမွာေပါ့ေနာ္။ ေနာက္တစ္ခုကေတာ့ ဒီလိုသံသယျဖစ္ဖြယ္ လူကုန္ ကူးမႈတဲ့ပတ္သက္တဲ့ အသိပညာသာ ရွိထားမယ္ဆိုရင္ ရဲတပ္ဖြဲ႕က အေရးယူတယ္ဆိုတာ ရဲကသတင္းရမွ အေရးယူလို႔ရတာ။ ျမန္မာျပည္မွာ လူ (၈၀ဝဝ၊ ၇၀ဝဝ)မွာမွ တစ္ေယာက္ပဲရွိတာေလ။ သေဘာေျပာျပတာ။ အဲဒီေတာ့ ရဲက သတင္းရဖို႔လိုတယ္။ ရဲက သတင္းရအတြက္ဖို႔က ဘယ္သူကအရင္လဲဆိုေတာ့ Public ေပါ့ေနာ္။ ျပည္သူ ေတြက သံသယျဖစ္ရင္ သတင္းပို႔တဲ့ စနစ္၊ အဲဒီလို သံသယျဖစ္ဖြယ္ေတြကို သတင္းပို႔လာရင္ေတာ့ ရဲက အေရးယူမွာေပါ့ေနာ္။ ေနာက္တစ္ခါ ဟိုတုန္းကေတာ့ INGO က ေတာ္ေတာ္မ်ားမ်ားသည္ လူကုန္ကူး တိုက္ဖ်က္ေရးမွာ ပူးေပါင္း ေဆာင္႐ြက္တဲ့ အဖြဲ႕ေတြရွိတယ္။ အဲဒါေတြလည္း ဒီ (၂၀၂၁)ေနာက္ပိုင္းမွာ နည္းနည္းနားသြားပုံရတယ္။ အဲဒီအဖြဲ႕ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တုန္းကေတာ့ အဲဒီအဖြဲ႕ေတြက နည္း ပညာေတြေရာ ပစၥည္းေတြ ေထာက္ပံ့တာရွိတယ္။ (၂၀၁၃) ထိေတာ့ ေကာင္းေကာင္းလုပ္ခဲ့တယ္ ေပါ့ ေနာ္။ ေနာက္ပိုင္းေတာ့ အဲဒါေတြ နည္းသြားတဲ့အပိုင္းေတြ၊ ပညာေပးလုပ္ငန္းေတြ လူထုထဲမွာ ဒါေတြကို က်ယ္က်ယ္ျပန႔္ျပန႔္ သိေအာင္လုပ္တာေတြကနည္းနည္း နည္းသြားသလား မသိဘူးလို႔ ထင္ရတာေပါ့ ေနာ္။ ေနာက္တစ္ခါ နည္းပညာအရ ထိုးေဖာက္လာတာေပါ့ေနာ္။ Tiktok ေတြကေန တစ္ဆင့္။ ေနာက္ တစ္ခါ အတင့္ရဲလာတာေပါ့ေနာ္။ အတင့္ရဲလာတာရယ္။ ေနာက္တစ္ခါ (၂၀၁၂) ခုႏွစ္က ခြင့္ျပဳလိုက္တဲ့ ႏိုင္ငံျခားသားနဲ႔လက္ထပ္တာကို က်မ္းက်ိန္တာကို တရား႐ုံးက ခြင့္ျပဳလိုက္တာေလ။ ခြင့္ျပဳလိုက္တဲ့အခါ က်ေတာ့ေလ ေနာက္ပိုင္းျဖစ္စဥ္ေတြမွာ တ႐ုတ္ေတြက အဲဒီဥပေဒကို အသုံးခ်တယ္။ တရားဝင္လက္ ထပ္တယ္။ လက္ထပ္ၿပီး က်မ္းက်ိန္တယ္။ ၿပီေတာ့ ပတ္စပို႔ေလွ်ာက္တယ္။ ၿပီးေတာ့မွ တ႐ုတ္ျပည္ကို ေလယာဥ္နဲ႔‌ေခၚတယ္ဆိုေတာ့ မိဘေတြက တကယ္ထင္ရတာေပါ့ေနာ္။ ဟိုက်မွ ကေလးမေလးက ကိုယ့္ကိုေရာင္းစားလိုက္မွန္းေတြ တျခားထပ္ေျပာင္းေရာင္းလိုက္မွန္းေတြ ဟိုက်မွ သိတာျဖစ္တဲ့ ျဖစ္စဥ္ ေတြျဖစ္တာကိုး။ အဲဒါမ်ိဳးေတြ ျဖစ္ေနတာကိုး၊ အဲဒီေတာ့ အဲဒီအပိုင္းကလည္း နည္းနည္း ၾကပ္မတ္ဖို႔လို မယ္လို႔ထင္တယ္။ တ႐ုတ္တစ္ေယာက္နဲ႔ တရား႐ုံးမွာလက္ထပ္တဲ့အခါမွာ တရားသူႀကီးက ႏွစ္ဦး သ‌ေဘာတူ လက္ထပ္ျခင္းဟုတ္မဟုတ္၊ ႏွစ္ေယာက္စလုံးက ဗုဒၶဘာသာဝင္ ဟုတ္မဟုတ္ ေမးတဲ့ ေမးခြန္းေတြ ရွိရမွာေပါ့ေနာ္။ အဲဒီတ႐ုတ္က ဗုဒၶဘာသာဝင္ ဟုတ္၊ မဟုတ္က ဘယ္လိုလုပ္သိမွာလဲ။ တ႐ုတ္အမ်ားစုက ကြန္ျမဴနစ္ေတြေလ။ အဲဒါကို တရား႐ုံးက လက္ထပ္ေပးေနတာေတြကလည္း နည္း နည္း စဥ္းစားစရာႀကီးပဲေနာ္။ ေနာက္တစ္ခါ ပတ္စပို႔ ေလွ်ာက္မယ္။ ၿပီးရင္ သံ႐ုံးကေတာ့ ဗီဇာကို အလည္ဗီဇာေပးတယ္နဲ႔တူတယ္။ တ႐ုတ္ျပည္ထဲကို ပါမစ္နစ္ ေနခြင့္တို႔ ေနာက္တစ္ခါ မွီခိုခြင့္တို႔က ေတာ္ေတာ္ Try ယူမွ ရမယ္ထင္တယ္။ အန္ကယ္ သိသေလာက္ဆိုရင္ (၃၊ ၄)ႏွစ္ေစာင့္ရတယ္။ တ႐ုတ္ ျပည္ထဲမွာ အိမ္ေထာင္စုဇယားဝင္ဖို႔ ဘာညာဆိုရင္ေလ။ အဲဒီေတာ့ အဲဒီအပိုင္းေတြ ထိေအာင္စဥ္းစားရ မွာေပါ့ေနာ္။ ႀကိဳ တင္ကာကြယ္ေရးနဲ႔ တားဆီးေရးလုပ္မယ္ဆိုရင္။ ရဲကေတာ့ သံသယျဖစ္ဖြယ္ရွိတဲ့ သတင္းရွိရင္ ေဖာ္ထုတ္မယ္။ အခုဆိုလည္း ျပစ္မႈေျမာက္သြားၿပီ။ ဘာေျမာက္သြားၿပီလဲဆိုေတာ့ လူကုန္ ကူးရန္ ရည္႐ြယ္ခ်က္နဲ႔ ဒီကေလးမေလးကို လာေရာက္ၿပီးေတာ့ စည္း႐ုံးတယ္။ ဘာျဖစ္လို႔လဲဆိုရင္ လူကုန္ကူးဥပေဒ အရ ျပစ္မႈေျမာက္ဖို႔အတြက္ အဂၤါရပ္(၃)ခုမွာ အားထုတ္တာ၊ စီစဥ္တာ၊ ေနာက္ ႀကိဳးပမ္းတာ ေနာက္တစ္ခါ စကားျပန္ေတြက ပူးေပါင္းေဆာင္႐ြက္တာ အားလုံးအက်ဳံးဝင္သြားေတာ့ အဲဒီပုဒ္မေတြနဲ႔အမႈက ဖြင့္ထားၿပီးၿပီ။ တ႐ုတ္ျပည္ကိုေခၚလာမယ့္အေၾကာင္း ဓာတ္ပုံေတြနဲ႔တင္တယ္။ ဟိုတ႐ုတ္မက သူ႔ေယာက်ာ္းအတြက္ တစ္ေသာင္းေပးၿပီးဝယ္မယ္လို႔ ေျပာတာေတြ အဲဒါေတြပါ ပါေနၿပီ ဆိုေတာ့ သူတို႔က လူကုန္ကူးရန္ ရည္႐ြယ္ခ်က္ရွိတယ္ဆိုတာေပၚေနၿပီ။ အဂၤါ(၃)ရပ္နဲ႔ လူကုန္ကူးမႈက ေျမာက္ေနၿပီ။ အဲဒီ ေတာ့ အဓိကကေတာ့ ခုနကျပည္တြင္းအဆင့္လုပ္မယ့္အပိုင္းေတြမွာ ဒါကဒီေလာက္ အဆင့္မွာပဲ မိလိုက္လို႔ေလ ေဖာ္ထုတ္ဖမ္းဆီးႏိုင္တဲ့ ရဲတပ္ဖြဲ႕ေတြကိုလည္း ခ်ီးက်ဴးဖို႔ေကာင္းတယ္။ ဒါေတြကို ခ်က္ခ်င္းသိၿပီးေတာ့ ေဖာ္ထုတ္ဖို႔အတြက္ တာဝန္သိသိနဲ႔ ဖမ္းဆီးအေရးယူၾကတဲ့ ရဲတပ္ဖြဲ႕ေတြ ကိုေရာ ၊ အျပင္က အဖြဲ႕အစည္းေတြေရာေၾကာင့္ ဒီအမႈမွန္ေပၚေပါက္တာေလ။ ဒီအဆင့္ကေန ေက်ာ္သြား ၿပီးေတာ့မွ တရား႐ုံးမွာလက္ထပ္မယ္။ ပတ္စပို႔ေလွ်ာက္မယ္။ ေနာက္တစ္ခါ ျပည္ပကိုထြက္မယ္ဆိုရင္ ေတာ့ အဲဒီမွာလည္း နည္းနည္းစိစစ္ဖို႔ေတာ့လိုမယ္။ စိစစ္ဖို႔ လိုမယ္ဆိုတာ နည္းနည္းၾကပ္ၾကပ္မတ္မတ္ ရွိဖို႔လိုမယ္။ အထူးသျဖင့္ တရား႐ုံးေပါ့ေနာ္။ တရား႐ုံးကလြယ္လြယ္ကူကူပဲ က်မ္းက်ိန္ေနတာ လုပ္ေပး ေနတာေတြ၊ လုပ္ေပးေနမယ္ဆိုရင္ မလြယ္ဘူး။ တခ်ိဳ႕ဆိုရင္ စင္ကာပူမွာေတြ႕ၿပီး ဒီမွာလာလက္ထပ္တာ ေတာင္ ရွိေသးတယ္။ တ႐ုတ္ျပည္က တ႐ုတ္နဲ႔ ဗမာျပည္က ေကာင္မေလးနဲ႔ေတြ႕တယ္ ၿပီးေတာ့ ႀကိဳက္ ၾကတယ္။ ၿပီးေတာ့ လက္ထပ္တယ္။ အဲဒီလိုေကာင္မေလးေတြလည္း လူကုန္ကူးခံရလား၊ မခံရလားဆို တာေစာင့္ ၾကည့္ရဦးမွာေပါ့။

ေမး - တ႐ုတ္အျပင္ ဘယ္ႏိုင္ငံေတြကို ေရာင္းစား တာမ်ိဳးေတြ၊ ျဖစ္စဥ္ေတြ ရွိခဲ့ဖူးလဲ ။ တ႐ုတ္ၿပီးရင္ ဘယ္ႏိုင္ငံေတြ မ်ားလဲ။
ေျဖ - ဇနီးမယားအျဖစ္ ေရာင္းစားခံရတာေတာ့ တ႐ုတ္ျပည္မွာပဲ ျဖစ္တာမ်ားပါတယ္။ က်န္တာေတြ ကေတာ့ Sex Industry ေပါ့ေနာ္၊ လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္ခံရတာေတြကေတာ့ ထိုင္းတို႔ မေလးတို႔ မွာ ရွိတယ္။ ဒီေလာက္ပါပဲ ။ က်န္တာေတြကေတာ့ မေတြ႕ေသးဘူး။ အန္ကယ္ ပင္စင္ယူၿပီးေနာက္ပိုင္း ဒီဘက္ပိုင္းေတာ့ သိပ္မသိဘူး။

ေမး - ဟုတ္ကဲ့ပါ အန္ကယ္။ အန္ကယ့္အေနနဲ႔ေကာ ျမန္မာအမ်ိဳးသမီးေတြကို ဘယ္လိုမ်ိဳး Message ေပးခ်င္လဲ။
ေျဖ - အဓိကကေတာ့ ဗမာစကားပုံ ရွိတယ္မလား။ အိမ္ေထာင္မႈ၊ ဘုရားတည္၊ ေဆးမင္ရည္စုတ္ထိုး ဆိုၿပီး ။ အိမ္ေထာင္ျပဳတယ္ဆိုတာေတာ္ေတာ္ေလး စဥ္းစားရတဲ့ အလုပ္ေလ။ မိမိဘဝတစ္ခုလုံးကို အပ္ရမွာ။ အဲဒါက ျပည္တြင္းမွာေတာင္ အခုလို စကားပုံမ်ိဳးနဲ႔ စဥ္းစားရတာဆိုရင္ ကိုယ့္စကားလည္း မေပါက္ ကိုယ္လည္းမသိတဲ့ႏိုင္ငံ တစ္ခုကိုလိုက္သြားၿပီး အဲဒီကေယာက်ာ္းရဲ႕ ဇနီး မယားအျဖစ္ေနဖို႔ကိစၥ ကေတာ့ မိန္းကေလးေတြ စဥ္းစားသင့္တာေပါ့။ သို႔ေသာ္လည္းပဲ ဆင္းရဲမြဲေတမႈ၊ ကိုယ့္မိသားစုရဲ႕ ျပႆနာေတြကိုေျပလည္ေအာင္ ဒီ နည္းနဲ႔ေျဖရွင္းမွရမယ္ဆိုၿပီး ေငြရေရး တစ္ခုေပါ့ေနာ္။ အဲဒီလိုနည္းနဲ႔ လုပ္မယ္ဆိုၿပီး စြန႔္စားၾကတာေပါ့ေနာ္။ စဥ္းစဥ္းစားစားေတာ့ လုပ္ဖို႔လိုတယ္။ အဓိကကေတာ့ လူကုန္ကူး မႈနဲ႔ ပတ္သက္တဲ့ Aware ျဖစ္ဖို႔လိုတယ္။ အသိပညာေတြ ဗဟုသုတေတြရွိဖို႔လိုတယ္။ တ႐ုတ္ျပည္မွာ တ႐ုတ္ဇနီးမယားအျဖစ္နဲ႔ အဆင္ေျပေနတဲ့ လူေတြမရွိဘူးလားဆိုေတာ့ ရွိေကာင္းရွိႏိုင္တယ္။ သို႔ ေသာ္ သူတို႔အဆင္ေျပသလို ကိုယ္ေျပခ်င္မွေျပမွာေလ။ အဲဒါေၾကာင့္ စဥ္းစားၿပီးမွ လုပ္ၾကပါ။ ေနာက္ ဒါေတြကို အလြယ္တကူ မဆုံးျဖတ္ပါနဲ႔လို႔။ မိဘေတြကလည္းပဲ ဒီကိစၥေတြျဖစ္တိုင္းမွာ ကိုယ့္ရဲ႕ လတ္တေလာ အခက္အခဲကို ေျပလည္ဖို႔အတြက္ လူတစ္ေယာက္လုံးကို ရင္းၿပီးေတာ့မွရမယ့္အျဖစ္မ်ိဳးကိုအင္မတန္ စဥ္းစားၿပီးမွ လုပ္သင့္တယ္လို႔ေျပာခ်င္ပါတယ္။

ေမး - ဟုတ္ကဲ့ပါ အန္ကယ္။ အန္ကယ့္အေနနဲ႔ ဘာမ်ား ျဖည့္စြက္ၿပီးေတာ့ ေျပာခ်င္ေသးလဲရွင့္။
ေျဖ - ဒီျဖစ္စဥ္ ျဖစ္ရပ္မ်ိဳးဆိုရင္ Workshop ေပါ့ေနာ္၊ ျဖစ္စဥ္ႀကီးကို ခ်ျပၿပီးေတာ့ Concern ျဖစ္တဲ့ ဌာနေတြထိုင္ၿပီးေတာ့ အလုပ္႐ုံေဆြးေႏြးပြဲလုပ္ၿပီး ေဖာ္ထုတ္ရရွိခ်က္ေတြကို ထုတ္ၿပီးေတာင္ လုပ္သင့္ တာေပါ့။ ဘာျဖစ္လို႔လဲဆိုရင္ အခုက တ႐ုတ္ေတြ ျပည္တြင္းကိုလာၿပီးေတာ့ မိန္းမယူတဲ့ကိစၥ၊ မိန္းမ ေတာင္းတဲ့ကိစၥ ၊ မိန္းမဝယ္တဲ့ကိစၥေတြက ေတာ္ေတာ္က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္လာၿပီဆိုေတာ့လုပ္သင့္ တယ္။

Related news

© 2021. All rights reserved.