ကလေးဝ-မော်လိုက်လမ်းပေါ်ရှိ တံတား(၅)စင်းကို PDF အဖွဲ့က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

589

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝ-မော်လိုက်လမ်းပေါ်ရှိ တံတား(၅)စင်းကို PDF အဖွဲ့က ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက် ၄ နာရီချိန်ခန့်က ကလေးခရိုင်နှင့် မော်လိုက်ခရိုင် ဆက်သွယ် ထားသော ကလေးဝ-မော်လိုက်လမ်းရှိ တံတားများအား PDFအဖွဲ့ အင်အား(၂၀၀)ခန့် လာရောက်မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ကလေးဝ-မော်လိုက် လမ်းမှ မိုင်တိုင်အမှတ် (၁၉/၀) နှင့် (၁၉/၁)ကြားရှိ ပေ (၃၀၀) အရှည် တံတားအမှတ် (၄/၃၁)၊ မိုင်တိုင်အမှတ် (၁၇/၆) နှင့် (၁၇/၇)ကြားရှိ ပေ (၈၀)အရှည် တံတားအမှတ် (၅/၂၉)၊ မိုင်တိုင်အမှတ် (၂၀/၃) နှင့် (၂၀/၄)ကြားရှိ ပေ (၇၀)အရှည် တံတားအမှတ် (၅/၃၃)တို့ အပါအဝင် စုစုပေါင်းတံတား (၅) စင်းတို့မှာ ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
"လမ်းတံတား ဖျက်လို့ အစိုးရမပျက်ပါဘူး။ ဒေသခံပြည်သူပဲ ဒုက္ခရောက်ရတာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။
အထက်ပါတံတားများအား၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ကလည်း PDF အဖွဲ့၏ ပထမအကြိမ် ဖျက်ဆီး ခြင်းခံခဲ့ရပြီး ကလေးဝနှင့် မော်လိုက် ဆက်သွယ်မှုပြတ်တောက်သွားခဲ့ရဖူးကြေင်း သိရသည်။
ထို့နောက် ဒေသခံသွားလာမှု အဆင်ပြေစေရန် တံတားအထူးအဖွဲ့(၂)မှ ပြန်လည်ပြင်ဆင်ပေးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ပြင်ဆင်ပြီးစီးခဲ့ပြီး ကလေးဝ နှင့် မော်လိုက်ယာဉ်များ ပြန်လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တံတားများ ပျက်စီးနေ၍ ကလေးဝ-မော်လိုက်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်လျှက်ရှိရာ မော်လိုက်ခရိုင်အတွင်း ကုန်ပစ္စည်းများ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်လာနိုင်သဖြင့် ဒေသခံ များ စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။
Zawgyi Version:
ကေလးဝ-ေမာ္လိုက္လမ္းေပၚရွိ တံတား(၅)စင္းကို PDF အဖြဲ႕က ဒုတိယအႀကိမ္ မီးရႈိ႕ဖ်က္ဆီး
သန္႔ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂ဝ
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးဝ-ေမာ္လိုက္လမ္းေပၚရွိ တံတား(၅)စင္းကို PDF အဖြဲ႕က ဒုတိယအႀကိမ္ မီးရႈိ႕ ဖ်က္ဆီးခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁၇ ရက္၊ နံနက္ ၄ နာရီခ်ိန္ခန္႔က ကေလးခ႐ိုင္ႏွင့္ ေမာ္လိုက္ခ႐ိုင္ ဆက္သြယ္ ထားေသာ ကေလးဝ-ေမာ္လိုက္လမ္းရွိ တံတားမ်ားအား PDFအဖြဲ႕ အင္အား(၂၀၀)ခန္႔ လာေရာက္မီးရႈိ႕ဖ်က္ဆီးခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ ကေလးဝ-ေမာ္လိုက္ လမ္းမွ မိုင္တိုင္အမွတ္ (၁၉/၀) ႏွင့္ (၁၉/၁)ၾကားရွိ ေပ (၃၀၀) အရွည္ တံတားအမွတ္ (၄/၃၁)၊ မိုင္တိုင္အမွတ္ (၁၇/၆) ႏွင့္ (၁၇/၇)ၾကားရွိ ေပ (၈၀)အရွည္ တံတားအမွတ္ (၅/၂၉)၊ မိုင္တိုင္အမွတ္ (၂၀/၃) ႏွင့္ (၂၀/၄)ၾကားရွိ ေပ (၇၀)အရွည္ တံတားအမွတ္ (၅/၃၃)တို႔ အပါအဝင္ စုစုေပါင္းတံတား (၅) စင္းတို႔မွာ ပ်က္စီးသြားခဲ့ရေၾကာင္း သိရသည္။
"လမ္းတံတား ဖ်က္လို႔ အစိုးရမပ်က္ပါဘူး။ ေဒသခံျပည္သူပဲ ဒုကၡေရာက္ရတာပါ" ဟု ေဒသခံတစ္ဦးက ေျပာသည္။
အထက္ပါတံတားမ်ားအား၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၀ ရက္ကလည္း PDF အဖြဲ႕၏ ပထမအႀကိမ္ ဖ်က္ဆီး ျခင္းခံခဲ့ရၿပီး ကေလးဝႏွင့္ ေမာ္လိုက္ ဆက္သြယ္မႈျပတ္ေတာက္သြားခဲ့ရဖူးေၾကင္း သိရသည္။
ထို႔ေနာက္ ေဒသခံသြားလာမႈ အဆင္ေျပေစရန္ တံတားအထူးအဖြဲ႕(၂)မွ ျပန္လည္ျပင္ဆင္ေပးခဲ့ရာ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္တြင္ ျပင္ဆင္ၿပီးစီးခဲ့ၿပီး ကေလးဝ ႏွင့္ ေမာ္လိုက္ယာဥ္မ်ား ျပန္လည္သြားလာႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တံတားမ်ား ပ်က္စီးေန၍ ကေလးဝ-ေမာ္လိုက္လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္လွ်က္ရွိရာ ေမာ္လိုက္ခ႐ိုင္အတြင္း ကုန္ပစၥည္းမ်ား ျပတ္လပ္ၿပီး ကုန္ေဈးႏႈန္းမ်ား အဆမတန္ႀကီးျမင့္လာႏိုင္သျဖင့္ ေဒသခံ မ်ား စိုးရိမ္ေနလ်က္ရွိေၾကာင္း သိရသည္။