မြန်မာ့ဖရဲသီး နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့်ပြည်တွင်းဈေးကွက်ကိုအားပြုနေရ

202

NP News ဖေဖေါ်ဝါရီ (၂၃) ရက်
နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် မြန်မာ့ဖရဲသီးများသည် ပြည်ပဈေးကွက်မရှိတော့၍ ပြည်တွင်းဈေးကွက်ကိုသာ အဓိကအားထားရောင်းချနေရကြောင်း ဖရဲစိုက်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။
"တရုတ်ကိုက မတင်ပို့နိုင်တော့ဘူး။ ကုန်ကျစရိတ်အရမ်းများလို့။ ပြည်တွင်းဈေးကွက်ကိုပဲ ရောင်းနေရတယ်။ အခု ရောင်းနေတဲ့အသီးတွေက မိုးတွင်းတုန်းကစိုက်ထားတဲ့အသီးတွေပေါ့။ ဒီနှစ်မှာလုံးဝရှုံးတယ်။ ရေကြီးတုန်းကလည်း စိုက်ခင်းတွေပျက်ကုန်တာ။ အသီးထွက်ပြန်တော့လည်း ဈေးကွက်ကမရှိတော့ဘူး။" ဟု မကွေးမြို့မှ ဖရဲစိုက်တောင်သူတစ်ဦးက NP News သို့ ပြောသည်။
ယခုထွက်ရှိနေသည့် ဖရဲသီးအားလုံးကို ရန်ကုန်သီရိမင်္ဂလာစျေးနှင့် တညင်းကုန်းစျေးကိုသာ အဓိကတင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့ဖရဲသီးကို တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ ယခင်လမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားတာလော့ဂိတ်မှ ကုန်သွယ်ခွင့်ခက်ခဲသည့်အခြေအနေများကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။
ဖရဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အပြင် ဒေသအသီးသီးရှိ မြေလွတ်မြေရိုင်းများ ဖော်ထုတ်စိုက်ပျိုးလျက်ရှိသလို ခရမ်း၊ သုံးခွ၊ လှည်းကူး၊ ပဲခူးတိုင်း၊ ဟင်္သာတ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ သာစည်၊ မြစ်သား၊ မြင်းခြံ၊ ကျောက်ဆည်၊ တံတားဦး၊ စစ်ကိုင်း၊ ကသာ၊ ထီးချိုင့်ဒေသများတွင် အများအပြားစိုက်ပျိုးကြောင်း သိရသည်။
Zawgyi Version :
ျမန္မာ့ဖရဲသီး နယ္စပ္ကုန္သြယ္ေရး အခက္အခဲမ်ားေၾကာင့္ျပည္တြင္းေဈးကြက္ကိုအားျပဳေနရ
NP News ေဖေဖၚဝါရီ (၂၃) ရက္
နယ္စပ္ကုန္သြယ္ေရး အခက္အခဲမ်ားေၾကာင့္ ျမန္မာ့ဖရဲသီးမ်ားသည္ ျပည္ပေဈးကြက္မရွိေတာ့၍ ျပည္တြင္းေဈးကြက္ကိုသာ အဓိကအားထားေရာင္းခ်ေနရေၾကာင္း ဖရဲစိုက္ေတာင္သူမ်ား၏ ေျပာျပခ်က္အရ သိရ သည္။
"တ႐ုတ္ကိုက မတင္ပို႔ႏိုင္ေတာ့ဘူး။ ကုန္က်စရိတ္အရမ္းမ်ားလို႔။ ျပည္တြင္းေဈးကြက္ကိုပဲ ေရာင္းေနရတယ္။ အခု ေရာင္းေနတဲ့အသီးေတြက မိုးတြင္းတုန္းကစိုက္ထားတဲ့အသီးေတြေပါ့။ ဒီႏွစ္မွာလုံးဝရႈံးတယ္။ ေရႀကီးတုန္းကလည္း စိုက္ခင္းေတြပ်က္ကုန္တာ။ အသီးထြက္ျပန္ေတာ့လည္း ေဈးကြက္ကမရွိေတာ့ဘူး။" ဟု မေကြးၿမိဳ႕မွ ဖရဲစိုက္ေတာင္သူတစ္ဦးက NP News သို႔ ေျပာသည္။
ယခုထြက္ရွိေနသည့္ ဖရဲသီးအားလုံးကို ရန္ကုန္သီရိမဂၤလာေစ်းႏွင့္ တညင္းကုန္းေစ်းကိုသာ အဓိကတင္ပို႔ေရာင္းခ်ေနရျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့ဖရဲသီးကို တ႐ုတ္သို႔ အဓိကတင္ပို႔ေနျခင္းျဖစ္ကာ ယခင္လမ္းေၾကာင္းျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ မိုင္းလားတာေလာ့ဂိတ္မွ ကုန္သြယ္ခြင့္ခက္ခဲသည့္အေျခအေနမ်ားေၾကာင့္ တင္ပို႔ႏိုင္ျခင္းမရွိေၾကာင္း သိရသည္။
ဖရဲကို မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္အျပင္ ေဒသအသီးသီးရွိ ေျမလြတ္ေျမ႐ိုင္းမ်ား ေဖာ္ထုတ္စိုက္ပ်ိဳးလ်က္ရွိသလို ခရမ္း၊ သုံးခြ၊ လွည္းကူး၊ ပဲခူးတိုင္း၊ ဟသၤာတ၊ ပ်ဥ္းမနား၊ မိတၳီလာ၊ သာစည္၊ ျမစ္သား၊ ျမင္းၿခံ၊ ေက်ာက္ဆည္၊ တံတားဦး၊ စစ္ကိုင္း၊ ကသာ၊ ထီးခ်ိဳင့္ေဒသမ်ားတြင္ အမ်ားအျပားစိုက္ပ်ိဳးေၾကာင္း သိရသည္။