မိုးကုတ်မြို့တွင် ကုန်စည်နှင့် ဆေးဝါးပြတ်လပ်ခြင်းများနှင့်ကြုံနေရ

614

သန့်ဇင်(NP News)-ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် ကုန်စည်နှင့် ဆေးဝါးပြတ်လပ်ခြင်းများနှင့်ကြုံနေရကြောင်း ဒေသခံတစ်ဦးထံ The Statesmanဂျာနယ်က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် မိုးကုတ်မြို့ကို TNLAက ကုန်ကားများဖြတ်သန်းခွင့်ကို ပိတ်ပင်ထားပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်းမြင့် တက်နေကြောင်း သိရသည်။
“မိုးကုတ်ကို ကုန်ကားတွေက အောက်လမ်းကသွားလို့လည်းမရဘူး။ ပြင်ဦးလွင်လမ်းကလည်း ဘာမှပေးမသယ်ဘူး။ ကားသမားတွေ ကလည်း မသယ်ရဲဘူး။ ကုန်ဖိုးပေးတာတောင်မယူရဲဘူး။ ဆေးလည်းမရှိဘူး။ ဈေးတွေလည်းတက်နေတယ်။ ဘာမှပေးမသယ်ဘူးလေ။ ပြီးရင် မိုးမိတ်မှာလည်း ဆေးတွေပြတ်နေတယ်ပြောတယ်။ လားရှိုးကနေ မိုးမိတ်ကိုသယ်ရင် မိုးကုတ်ကနေသယ်ရတယ်။ အခုက လမ်းပိတ်ထားတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
မိုးကုတ်မြို့သို့ ဖြတ်သန်းသွားသော ကားများသည်လည်း လူသာအဝင်အထွက်လက်ခံပြီး ကုန်စည်များ သယ်ဆောင်ခွင့်ကို TNLAက ပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြောင်း ၎င်းကဆက်ပြောသည်။
“ပစ္စည်းသယ်တာကိုလက်မခံဘူး။ မန္တလေးကကားတွေကလည်း မိုးကုတ်ကိုသွားရင် လမ်းတွေတအားပျက်တော့ ကွင်းလမ်းတွေကနေ သွားနေရတယ်။ လမ်းတစ်တွေတော်တော်ဆိုးတယ်”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် မိုးကုတ်မြို့ပတ်ပတ်လည်ကျေးရွာများအတွင်း TNLAတို့ ဝင်ရောက်နေရာယူထားပြီး ခံစစ်ပြင်ရန် ပြင်ဆင်ထားခြင်းဖြစ် နိုင်ကြောင်း အထက်ပါဒေသခံက သုံးသပ်ထားသည်။
“မိုးကုတ်မြို့အပြင် ကျောက်တလုံးရွာမှာ TNLAတွေရောက်နေတာ တော်တော်များတယ်။ နောင်ချို၊ ကျောက်မဲဘက်ကလာမှာကို ခံစစ်ပြင်ထားတာရှိတယ်ထင်တယ်။ အရင်နေ့ကလည်း ဒဏ်ရာရတဲ့ TNLAတွေကို မိုးကုတ်ကိုသယ်လာတာတော်တော်များတယ်။ မိုးကုတ်မှာ သူတို့ကိုယ်ပိုင်ဆေးရုံရှိတယ်လေ”ဟု ၎င်းကဆက်ပြောသည်။

Zawgyi Version:
မိုးကုတ္ၿမိဳ႕တြင္ ကုန္စည္ႏွင့္ ေဆးဝါးျပတ္လပ္ျခင္းမ်ားႏွင့္ႀကဳံေနရ
သန႔္ဇင္(NP News)-ဇူလိုင္ ၂၅
မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕တြင္ ကုန္စည္ႏွင့္ ေဆးဝါးျပတ္လပ္ျခင္းမ်ားႏွင့္ႀကဳံေနရေၾကာင္း ေဒသခံတစ္ဦးထံ The Statesmanဂ်ာနယ္က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ မိုးကုတ္ၿမိဳ႕ကို TNLAက ကုန္ကားမ်ားျဖတ္သန္းခြင့္ကို ပိတ္ပင္ထားၿပီး အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားလည္းျမင့္ တက္ေနေၾကာင္း သိရသည္။
“မိုးကုတ္ကို ကုန္ကားေတြက ေအာက္လမ္းကသြားလို႔လည္းမရဘူး။ ျပင္ဦးလြင္လမ္းကလည္း ဘာမွေပးမသယ္ဘူး။ ကားသမားေတြ ကလည္း မသယ္ရဲဘူး။ ကုန္ဖိုးေပးတာေတာင္မယူရဲဘူး။ ေဆးလည္းမရွိဘူး။ ေဈးေတြလည္းတက္ေနတယ္။ ဘာမွေပးမသယ္ဘူးေလ။ ၿပီးရင္ မိုးမိတ္မွာလည္း ေဆးေတြျပတ္ေနတယ္ေျပာတယ္။ လားရႈိးကေန မိုးမိတ္ကိုသယ္ရင္ မိုးကုတ္ကေနသယ္ရတယ္။ အခုက လမ္းပိတ္ထားတယ္”ဟု ေဒသခံအမ်ိဳးသမီးတစ္ဦးက ဆိုသည္။
မိုးကုတ္ၿမိဳ႕သို႔ ျဖတ္သန္းသြားေသာ ကားမ်ားသည္လည္း လူသာအဝင္အထြက္လက္ခံၿပီး ကုန္စည္မ်ား သယ္ေဆာင္ခြင့္ကို TNLAက ျပင္းျပင္းထန္ထန္ကန႔္ကြက္ထားေၾကာင္း ၎ကဆက္ေျပာသည္။
“ပစၥည္းသယ္တာကိုလက္မခံဘူး။ မႏၲေလးကကားေတြကလည္း မိုးကုတ္ကိုသြားရင္ လမ္းေတြတအားပ်က္ေတာ့ ကြင္းလမ္းေတြကေန သြားေနရတယ္။ လမ္းတစ္ေတြေတာ္ေတာ္ဆိုးတယ္”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ မိုးကုတ္ၿမိဳ႕ပတ္ပတ္လည္ေက်း႐ြာမ်ားအတြင္း TNLAတို႔ ဝင္ေရာက္ေနရာယူထားၿပီး ခံစစ္ျပင္ရန္ ျပင္ဆင္ထားျခင္းျဖစ္ ႏိုင္ေၾကာင္း အထက္ပါေဒသခံက သုံးသပ္ထားသည္။
“မိုးကုတ္ၿမိဳ႕အျပင္ ေက်ာက္တလုံး႐ြာမွာ TNLAေတြေရာက္ေနတာ ေတာ္ေတာ္မ်ားတယ္။ ေနာင္ခ်ိဳ၊ ေက်ာက္မဲဘက္ကလာမွာကို ခံစစ္ျပင္ထားတာရွိတယ္ထင္တယ္။ အရင္ေန႔ကလည္း ဒဏ္ရာရတဲ့ TNLAေတြကို မိုးကုတ္ကိုသယ္လာတာေတာ္ေတာ္မ်ားတယ္။ မိုးကုတ္မွာ သူတို႔ကိုယ္ပိုင္ေဆး႐ုံရွိတယ္ေလ”ဟု ၎ကဆက္ေျပာသည္။