မြန်မာ့ဆေးဝါးဈေးကွက်၏ (၆ဝ)ရာခိုင်နှုန်းကျော်ကို အိန္ဒိယက ထောက်ပံ့ထားဟုဆို

317

စော (NP News) - ဇူလိုင် ၂၆
မြန်မာ့ဆေးဝါးဈေးကွက်၏ (၆၀)ရာခိုင်နှုန်းကျော်ကို အိန္ဒိယက ထောက်ပံ့ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ (ဇူလိုင် ၂၅ရက်)က ရန်ကုန်မြို့၊ Pan Pacific Hotel တွင် ကျင်းပသော "Pharma Connect 2025" အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ဝဝ မှ ၅ဝဝ မီလီယံဒေါ်လာတန်ဖိုးရှိ ဆေးဝါးပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းလျက်ရှိပြီး အမေရိကန်ဒေါ်လာ (၁၇၀) မီလီယံခန့် တင်သွင်းနေရကြောင်း ပြောကြားခဲ့ သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွက် စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် အရေးပါသောမိတ်ဖက်နိုင်ငံ ကောင်းဖြစ်ကြောင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နှစ်နိင်ငံအကြား ကုန်သွယ်မှုအနေဖြင့် (၂.၁) ဘီလီယံဒေါ်လာ ရှိကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ဆိုသည်။
အဆိုပါကုန်သွယ်မှုတွင် ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ အဓိကပါဝင်ပြီး အိန္ဒိယနိုင်ငံ ထုတ်ဆေးဝါးများ၏ အရည်အသွေးကောင်းမွန်မှုနှင့် ဈေးနှုန်းသက်သာမှုတို့ကြောင့် မြန်မာနိုင်ငံ၌ တွင်တွင် ကျယ်ကျယ်သုံးကြကြောင်း ပြောကြားခဲ့သေးသည်။
သို့သော် အိန္ဒိယနိုင်ငံ၏ ဆေးဝါးစက်ရုံ (၂ ) ရုံသာရှိသေးသောကြောင့် မြန်မာနိုင်ငံတွင် အိန္ဒိယအနေဖြင့် ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးရန် ဖိတ်ခေါ်လိုကြောင်း နှင့် ပို့ကုန်များကိုလည်း ယခုထက်တင်ပို့ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက် ချဲ့ထွင်နိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့် အသင်းချုပ်မှ ကိုယ်စားလှယ်များက ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

Zawgyi Version:
ျမန္မာ့ေဆးဝါးေဈးကြက္၏ (၆ဝ)ရာခိုင္ႏႈန္းေက်ာ္ကို အိႏၵိယက ေထာက္ပံ့ထားဟုဆို
ေစာ (NP News) - ဇူလိုင္ ၂၆
ျမန္မာ့ေဆးဝါးေဈးကြက္၏ (၆၀)ရာခိုင္ႏႈန္းေက်ာ္ကို အိႏၵိယက ေထာက္ပံ့ထားေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ယမန္ေန႔ (ဇူလိုင္ ၂၅ရက္)က ရန္ကုန္ၿမိဳ႕၊ Pan Pacific Hotel တြင္ က်င္းပေသာ "Pharma Connect 2025" အခမ္းအနားတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၄ဝဝ မွ ၅ဝဝ မီလီယံေဒၚလာတန္ဖိုးရွိ ေဆးဝါးပစၥည္းမ်ားႏွင့္ ေဆးဝါးမ်ားကို တင္သြင္းလ်က္ရွိၿပီး အေမရိကန္ေဒၚလာ (၁၇၀) မီလီယံခန႔္ တင္သြင္းေနရေၾကာင္း ေျပာၾကားခဲ့ သည္။
အိႏၵိယႏိုင္ငံသည္ ျမန္မာႏိုင္ငံအတြက္ စီးပြားေရးႏွင့္ က်န္းမာေရးက႑မ်ားတြင္ အေရးပါေသာမိတ္ဖက္ႏိုင္ငံ ေကာင္းျဖစ္ေၾကာင္းႏွင့္ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္တြင္ ႏွစ္နိင္ငံအၾကား ကုန္သြယ္မႈအေနျဖင့္ (၂.၁) ဘီလီယံေဒၚလာ ရွိေၾကာင္း ေဒါက္တာသက္ခိုင္ဝင္းက ဆိုသည္။
အဆိုပါကုန္သြယ္မႈတြင္ ေဆးဝါးမ်ားႏွင့္ က်န္းမာေရးအေထာက္အကူျပဳပစၥည္းမ်ား အဓိကပါဝင္ၿပီး အိႏၵိယႏိုင္ငံ ထုတ္ေဆးဝါးမ်ား၏ အရည္အေသြးေကာင္းမြန္မႈႏွင့္ ေဈးႏႈန္းသက္သာမႈတို႔ေၾကာင့္ ျမန္မာႏိုင္ငံ၌ တြင္တြင္ က်ယ္က်ယ္သုံးၾကေၾကာင္း ေျပာၾကားခဲ့ေသးသည္။
သို႔ေသာ္ အိႏၵိယႏိုင္ငံ၏ ေဆးဝါးစက္႐ုံ (၂ ) ႐ုံသာရွိေသးေသာေၾကာင့္ ျမန္မာႏိုင္ငံတြင္ အိႏၵိယအေနျဖင့္ ယခုထက္ ပိုမိုရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳလုပ္ေပးရန္ ဖိတ္ေခၚလိုေၾကာင္း ႏွင့္ ပို႔ကုန္မ်ားကိုလည္း ယခုထက္တင္ပို႔ျခင္းအားျဖင့္ ျမန္မာႏိုင္ငံတြင္ ေဈးကြက္ ခ်ဲ႕ထြင္ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ကုန္သြယ္ေရးဦးစီး ဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္မွ ကိုယ္စားလွယ္မ်ား၊ ျမန္မာႏိုင္ငံ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား ႏွင့္ အသင္းခ်ဳပ္မွ ကိုယ္စားလွယ္မ်ားက ျပည္တြင္းေဆးဝါးထုတ္လုပ္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။