မြန်မာ့ထောပတ်သီး တရုတ်ပြည်သို့တင်ပို့ရန် ပိုးမွှား (၆)မျိုး စစ်ဆေးမည်

 304

NP News - ဇူလိုင် ၂၆
မြန်မာ့ဒေသထွက် ထောပတ်သီးကို တရုတ်နိုင်ငံသို့ လာမည့် အောက်တိုဘာလအတွင်း တင်ပို့ခွင့်ရရှိနိုင်ရန် ပိုးမွှား (၆)မျိုး စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) မှ သိသည်။
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)မှ ပိုးမွှား (၆)မျိုး စစ်ဆေးရန်အတွက် ခြံပိုင်ရှင်များမှ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း (MAVO) နှင့် ခြံစိုက်လုပ်ငန်းရှင်များ၊ တောင်သူများ တွေ့ဆုံဆွေးနွေးမှုကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်နယ်ဦးစီးမှူးရုံးခန်းမ၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ ထောပတ်သီးများကို နှစ်အလိုက်တင်ပို့ဖို့ အလားအလာရှိသည့် တရုတ်၊ အိန္ဒိယ၊ ရုရှား နှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများ၏ တင်သွင်းမှုဈေးကွက်အခြေအနေများရှိကြောင်းနှင့် ၎င်းအပြင် ယခုရာသီ၌ စင်္ကာပူ၊ မလေးရှား နှင့် ထိုင်းနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရန်လျာထားကြောင်း သိရသည်။
ထို့ကြောင့် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်မှုအတွက် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး များ အား အသင်းဝင်တောင်သူများထံသို့ အကျိုးတူပူးပေါင်း၍ ဆောင်ရွက်ပေးမှာဖြစ်ကြောင်းနှင့် ဈေးကွက်ရရှိရန် အရည်အသွေးကောင်း စံချိန်မီအသီးများ ထုတ်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်နယ် ဦးစီးမှူး ရုံး တာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ထောပတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်များ၌ ယခင်ဒေသမျိုးများအပြင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ တင်သွင်းခဲ့သည့် နိုင်ငံတကာဈေးကွက်ဝင် မျိုးများဖြစ်သည့် Hass, Bacon, Fuerte, Lamb Hass, Reed, Zutano စသည့်မျိုးများကို ၂၀၁၈ ခုနှစ်တွင် ကိုင်းဆက်၍ စတင်စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးမှုဧက အနေဖြင့် (၁၀,၀၀၀ မှ ၁၅,၀၀၀)ခန့် စိုက်ပျိုးထားကာ နှစ်စဉ် တန်(၅၀၀ မှ ၁၀၀၀) ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထောပတ်သီးနှင့်ဆက်စပ်သည့် တန်ဖိုးမြင့် စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ လက်ရှိတွင် ထောပတ်သီးစိမ်းကို လတ်ဆတ်သော သစ်သီးဝလံအဖြစ် တင်ပို့နိုင်ရေးအတွက် အန္တရာယ်ရှိ ဖျက်ပိုးများအတွက် လေ့လာအကဲဖြတ်ခြင်း (Pest Risk Analysis (PRA))ကို အဝေးရောက် စနစ်ဖြင့် လေ့လာအကဲဖြတ်ခြင်း (Remote Video Inspection) ကျင့်သုံးဆောင်ရွက်ရန် နှစ်နိုင်ငံ အကြား သဘောတူပြီးဖြစ်ကြောင်း နှင့် ထောပတ်သီးနှင့် ဆက်စပ်သောတန်ဖိုးမြင့် စားသောက်ကုန်များဖြစ်သည့် ထောပတ်သီးဆီ၊ ဖျော်ရည်များ၊ အေးခဲသစ်သီးများကို တင်ပို့ရန် GACC ၏ CIFER system မှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့ေထာပတ္သီး တ႐ုတ္ျပည္သို႔တင္ပို႔ရန္ ပိုးမႊား (၆)မ်ိဳး စစ္ေဆးမည္
NP News - ဇူလိုင္ ၂၆
ျမန္မာ့ေဒသထြက္ ေထာပတ္သီးကို တ႐ုတ္ႏိုင္ငံသို႔ လာမည့္ ေအာက္တိုဘာလအတြင္း တင္ပို႔ခြင့္ရရွိႏိုင္ရန္ ပိုးမႊား (၆)မ်ိဳး စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေထာပတ္သီး စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း (MAVO) မွ သိသည္။
တ႐ုတ္ႏိုင္ငံ အေကာက္ခြန္ အေထြေထြအုပ္ခ်ဳပ္မႈ အာဏာပိုင္အဖြဲ႕ (GACC)မွ ပိုးမႊား (၆)မ်ိဳး စစ္ေဆးရန္အတြက္ ၿခံပိုင္ရွင္မ်ားမွ ပူးေပါင္းေဆာင္႐ြက္ၾကရန္ ျမန္မာႏိုင္ငံေထာပတ္သီးစိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ား အသင္း (MAVO) ႏွင့္ ၿခံစိုက္လုပ္ငန္းရွင္မ်ား၊ ေတာင္သူမ်ား ေတြ႕ဆုံေဆြးေႏြးမႈကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွိ ျပည္နယ္ဦးစီးမႉး႐ုံးခန္းမ၌ ၿပီးခဲ့သည့္ ဇူလိုင္လ ၁၉ ရက္ေန႔က ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံမွ ေထာပတ္သီးမ်ားကို ႏွစ္အလိုက္တင္ပို႔ဖို႔ အလားအလာရွိသည့္ တ႐ုတ္၊ အိႏၵိယ၊ ႐ုရွား ႏွင့္ အေရွ႕ အလယ္ပိုင္းႏိုင္ငံမ်ား၏ တင္သြင္းမႈေဈးကြက္အေျခအေနမ်ားရွိေၾကာင္းႏွင့္ ၎အျပင္ ယခုရာသီ၌ စကၤာပူ၊ မေလးရွား ႏွင့္ ထိုင္းႏိုင္ငံ ေဈးကြက္မ်ားသို႔ တင္ပို႔ရန္လ်ာထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေထာပတ္သီး စိုက္ပ်ိဳးထုတ္လုပ္မႈအတြက္ သြင္းအားစုမ်ားျဖစ္သည့္ ဓာတ္ေျမဩဇာႏွင့္ ပိုးသတ္ေဆး မ်ား အား အသင္းဝင္ေတာင္သူမ်ားထံသို႔ အက်ိဳးတူပူးေပါင္း၍ ေဆာင္႐ြက္ေပးမွာျဖစ္ေၾကာင္းႏွင့္ ေဈးကြက္ရရွိရန္ အရည္အေသြးေကာင္း စံခ်ိန္မီအသီးမ်ား ထုတ္လုပ္ႏိုင္ရန္အတြက္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ရွိ ျပည္နယ္ ဦးစီးမႉး ႐ုံး တာဝန္ရွိသူမ်ားကလည္း ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္သည္။
ေထာပတ္သီးမ်ားကို ရွမ္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္မ်ား၌ ယခင္ေဒသမ်ိဳးမ်ားအျပင္ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားမွ တင္သြင္းခဲ့သည့္ ႏိုင္ငံတကာေဈးကြက္ဝင္ မ်ိဳးမ်ားျဖစ္သည့္ Hass, Bacon, Fuerte, Lamb Hass, Reed, Zutano စသည့္မ်ိဳးမ်ားကို ၂၀၁၈ ခုႏွစ္တြင္ ကိုင္းဆက္၍ စတင္စိုက္ပ်ိဳးခဲ့ၾကၿပီး စိုက္ပ်ိဳးမႈဧက အေနျဖင့္ (၁၀,၀၀၀ မွ ၁၅,၀၀၀)ခန႔္ စိုက္ပ်ိဳးထားကာ ႏွစ္စဥ္ တန္(၅၀၀ မွ ၁၀၀၀) ခန႔္ ထြက္ရွိႏိုင္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ ေထာပတ္သီးႏွင့္ဆက္စပ္သည့္ တန္ဖိုးျမင့္ စားေသာက္ကုန္၊ လူသုံးကုန္ ပစၥည္းမ်ား တင္ပို႔ႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ လက္ရွိတြင္ ေထာပတ္သီးစိမ္းကို လတ္ဆတ္ေသာ သစ္သီးဝလံအျဖစ္ တင္ပို႔ႏိုင္ေရးအတြက္ အႏၲရာယ္ရွိ ဖ်က္ပိုးမ်ားအတြက္ ေလ့လာအကဲျဖတ္ျခင္း (Pest Risk Analysis (PRA))ကို အေဝးေရာက္ စနစ္ျဖင့္ ေလ့လာအကဲျဖတ္ျခင္း (Remote Video Inspection) က်င့္သုံးေဆာင္႐ြက္ရန္ ႏွစ္ႏိုင္ငံ အၾကား သေဘာတူၿပီးျဖစ္ေၾကာင္း ႏွင့္ ေထာပတ္သီးႏွင့္ ဆက္စပ္ေသာတန္ဖိုးျမင့္ စားေသာက္ကုန္မ်ားျဖစ္သည့္ ေထာပတ္သီးဆီ၊ ေဖ်ာ္ရည္မ်ား၊ ေအးခဲသစ္သီးမ်ားကို တင္ပို႔ရန္ GACC ၏ CIFER system မွတစ္ဆင့္ ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.